03/09/2026
အိမ်မှာတင် Steak Village ရဲ့ အရသာအတိုင်း အလွယ်တကူ ကင်စားကြစို့! 🥩🔥
Ready-to-Grill Marinated အသားလေးတွေကို အိမ်မှာ ဘယ်လိုကင်စားရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ခဏခဏ မေးကြတဲ့ Customer လေးတွေအတွက် ကင်နည်း (၃) နည်းကို မျှဝေပေးလိုက်ပါတယ်။
💡 မကင်ခင် ရှေ့ပြေးပြင်ဆင်ရန်:
အသားမကင်ခင် အရေးကြီးဆုံးကတော့ ခဲနေတဲ့ အသားတွေကို အခန်းအပူချိန် (Room Temperature) အထိ ရောက်အောင် ရေခဲ အပြည့်အဝ ပျော်အောင် အရင်ထားပေးဖို့ လိုပါတယ်နော်။
၁။ မကပ်အိုးနဲ့ ကင်မလား (Non-Stick Pan) 🍳
အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံး နည်းလမ်းပါ။
မီးဖိုပေါ်မှာ မီးအလယ်အလတ်နဲ့ မကပ်အိုးကို ခပ်ပူပူ အပူပေးပါ။
အိုးပူလာရင် ထောပတ် (သို့) Margarine အနည်းငယ်ထည့်ပြီး ပျော်အောင်ထားပါ။
အသင့်ဖောက်ထားတဲ့ အသားကို ထည့်ပြီး ဇွန်းပြားလေးနဲ့ အသာအယာ ဖိပေးပါ။
အသားထဲက ရေဓာတ်လေး ကုန်သွားရင်တော့ ကျက်ပါပြီ။ ဓားလေးနဲ့ မသိမသာ လှီးကြည့်ပြီး မိမိနှစ်သက်တဲ့ အကျက်ဒီဂရီရရင် ရပါပြီ။
ကြိုက်နှစ်သက်ရာ အသီးအရွက်လေးတွေကိုပါ အိုးထဲ တစ်ပါတည်း ထည့်ကင်လို့ရပါတယ်။
(Note: Beef Steak ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ Rare, Medium, Well-done စသဖြင့် စိတ်ကြိုက်ကင်စားနိုင်ပြီး၊ ကျန်အသားတွေကိုတော့ အကင်ကျက်အောင် ကင်စားပေးပါနော်။)
၂။ မီးသွေး (သို့) လျှပ်စစ်အကင်ဖိုနဲ့ ကင်မလား ♨️
ဆိုင်ရဲ့ မူရင်းအရသာအတိုင်း အနံ့မွှေးမွှေးလေး စားချင်သူတွေအတွက်ပါ။
အသားပေါ်မှာ ထောပတ် (သို့) Margarine အနည်းငယ် သုတ်လိမ်းပေးပါ။
မီးဖိုပေါ်တင်ပြီး ဇွန်းပြားလေးနဲ့ ဖိဖိပေးကာ ကင်ပါ။
အသားထဲက ရေဓာတ်ကုန်ပြီး အရောင်လှလာရင်တော့ သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
၃။ Air Fryer နဲ့ ကင်မလား 🌬️
ဆီထပ်သုံးစရာမလိုဘဲ လွယ်လွယ်ကူကူ ကင်ချင်သူတွေအတွက်ပါ။
အသားအထူအပါးပေါ်မူတည်ပြီး အပူချိန် မှန်းပေးပါ။
(ဥပမာ - ကြက်ရင်ပုံလို ထူတဲ့အသားဆိုရင် အပူချိန် 180°C နဲ့ တစ်ဖက်ကို ၁၀ - ၁၅ မိနစ် ခန့် ကင်ပေးပါ)။
အချိန်အကြာကြီးထားရင် အသားမာသွားတတ်တာမို့ ဓားလေးနဲ့ မသိမသာ စစ်ပေးပါ။
✨ အိမ်မှာနေရင်းနဲ့တင် Steak Village ရဲ့ မူရင်းအရသာအတိုင်း လတ်လတ်ဆတ်ဆတ် သုံးဆောင်နိုင်ပါပြီခင်ဗျာ။
🛒 ဝယ်ယူနိုင်သည့်နေရာများ:
နီးစပ်ရာ Capital ဆိုင်များ
G&G စတိုးဆိုင်ခွဲများ
Steak Village Page Messenger မှလည်း တိုက်ရိုက် မှာယူနိုင်ပါတယ်နော်။
ဖုန်းဆက်မှာယူရန်
09767884017