Classic Tea & Food Center

Classic Tea & Food Center မင်္ဂလာပါ Classic Tea & Foods Center မှကြိုဆိုပါတယ်

၂၀၂၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" မှစတင်ပြီ...
01/08/2023

၂၀၂၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ
"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့"
မှစတင်ပြီး စိတ်နှလုံးအေးချမ်းခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

#ဝါဆိုလပြည့်နေ့

ကောင်းချီး မင်္ဂလာများနှင့် ပြည့်စုံသော (ကုရ်ဘာနီအီးဒ်) အစ်နေ့ ဖြစ်ပါစေမြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်မျ...
29/06/2023

ကောင်းချီး မင်္ဂလာများနှင့် ပြည့်စုံသော (ကုရ်ဘာနီအီးဒ်) အစ်နေ့ ဖြစ်ပါစေ
မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်များအားလုံး ကျန်းမာ ချမ်းသာပြီး ကပ်ရောဂါအန္တရာယ်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

သား၊သမီးတွေအတွက် မဟာတံတိုင်းကြီးလို အမြဲတမ်း ကြိုးစားပြီး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ သူရဲကောင်း ဖေဖေတို့ကို လေးစားစွာ ဂု...
18/06/2023

သား၊သမီးတွေအတွက် မဟာတံတိုင်းကြီးလို အမြဲတမ်း ကြိုးစားပြီး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ သူရဲကောင်း ဖေဖေတို့ကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။ ပျော်ရွှင်ဖွယ် အဖေများနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ 🤍။

အိန္ဒိယစာကောင်းကောင်းကို အိန္ဒိယထိသွားစရာမလိုဘဲ မြောက်ဒဂုံထဲမှာတင် စားလို့ရနေပြီ 😍နေ့တိုင်းဗမာစာတွေပဲစားနေရတာ ငြီးငွေ့နေ...
06/06/2023

အိန္ဒိယစာကောင်းကောင်းကို အိန္ဒိယထိသွားစရာမလိုဘဲ မြောက်ဒဂုံထဲမှာတင် စားလို့ရနေပြီ 😍

နေ့တိုင်းဗမာစာတွေပဲစားနေရတာ ငြီးငွေ့နေလောက်ရောပေါ့ အပြောင်းအလဲလေးဖြစ်သွားအောင် အိန္ဒိယစာလေးတွေ Try ကြည့်ပါလား? 😋

Classic မှာဆိုရင် ပူရီရမယ်၊ ချပါတီရမယ်၊ တိုရှည်ရမယ်၊ ဒါအပြင် တိုရှည်ကိုမှ ကြက်ဥတိုရှည်ထပ်ရမယ်။ ကဲ မမိုက်ဘူးလား? 🍴💦
မနက်ဖက် Breakfast စားမလား၊ နေ့ခင်း ထမင်းလွတ်စားမလား၊ ညနေ အစာပြေလား ညစာလား အကုန်လုံးအတွက် အဆင်ပြေတဲ့ အိန္ဒိယစာကောင်းကောင်စားချင်တယ်ဆိုရင်တော့ Classic Tea & Foods Center ကို သာသတိရလိုက်ပါ။ 🫶

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

ဗိုက်ဆာနေတဲ့အချိန် ဆာဆာနဲ့ အပြေးအလွှားလာပြီးကာမှ ကားပါကင်မရလို့ လှည့်ပြန်ရတာလောက် စိတ်တိုစရာကောင်းတာ ရှိမယ်မထင်ဘူးနော်? ...
31/05/2023

ဗိုက်ဆာနေတဲ့အချိန် ဆာဆာနဲ့ အပြေးအလွှားလာပြီးကာမှ ကားပါကင်မရလို့ လှည့်ပြန်ရတာလောက် စိတ်တိုစရာကောင်းတာ ရှိမယ်မထင်ဘူးနော်? 😤

🚘 ပါကင်တွေရှားလာတဲ့ခေတ်ကြီးထဲ Classic မှာဆိုရင် ဒီလိုစိုးရိမ်စိတ်မျိုးကို မေ့ထားလို့ရပါပြီ။ ကျယ်ဝန်းတဲ့ကားပါကင်ကြောင့် ဘယ်အချိန်လာလာ လူကြီးမင်းအတွက် နေရာတစ်ခုအမြဲရှိနေစေရမယ်လို့ အာမခံပါတယ်။ 😉

ဒါကြောင့် သင့်အတွက်နေရာမရှိတော့တဲ့ Ex ရဲ့ ရင်ခွင်ကိုပဲ ဇွတ်အတင်းဝင်ချင်မနေပါနဲ့တော့ ❤️‍🩹 သင့်ကို ကျယ်ဝန်းတဲ့နေရာထိုင်ခင်းအပြင် အစားအသောက်ကောင်းတွေတည်ခင်းဧည့်ခံဖို့ စောင့်မျှော်နေတဲ့ Classic Tea & Foods Center ကိုပဲ လှမ်းခဲ့လိုက်ပါ။ ❤️

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

ပူတယ်လို့ပြောလိုက်တာနဲ့ နေမင်းကြီးကို သေနတ်နဲ့ပစ်ပေးမယ့် ကိုကိုရှိနေပြီလား 💁🏻‍♀️“ဒီလောက်ကြိုးစားပေးစရာမလိုပါဘူး ကိုကိုရယ...
30/05/2023

ပူတယ်လို့ပြောလိုက်တာနဲ့ နေမင်းကြီးကို သေနတ်နဲ့ပစ်ပေးမယ့် ကိုကိုရှိနေပြီလား 💁🏻‍♀️

“ဒီလောက်ကြိုးစားပေးစရာမလိုပါဘူး ကိုကိုရယ် ချစ်ကို Classic က ရေခဲမုန့်သာဝယ်ကျွေးလိုက်ပါ” 😁

🍧🍨🍦 အရသာစုံ၊ အရောင်အသွေးစုံတဲ့ ရေခဲမုန့် အေးအေးလေးတွေက အပြင်အပူတွေသာမက ရင်ထဲအထိပါ အေးမြစေတာမို့ တစ်ဇွန်းထဲနဲ့တင် ကြွနေတဲ့အပူလုံးတွေအကုန် ငြိမ်းချမ်းသွားစေရမယ်လို့ အာမခံပါတယ်။ 🤤

ရေခဲမုန့်မကြိုက်တဲ့ ချစ်တို့အတွက် ဖာလူဒါနဲ့ ဒိုမီနိုလည်းရှိသေးလို့ ကိုကို့ကို ပိုပူဆာလို့ရသွားတာပေါ့။ 🥤❤️

ကိုကိုမရှိလည်း ကိစ္စမရှိဘူးနော်၊ တစ်ယောက်တည်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အေးဆေးလာစားနိုင်ပါတယ်။ 🫶

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

လူတစ်ယောက်ရဲ့ဘဝမှာ မပြောင်းလဲဘဲရင်ထဲသိမ်းထားတတ်တဲ့ လူတစ်ယောက်ဆိုတာ အမြဲရှိတတ်ကြပါတယ်။ အတူသွား၊ အတူစားခဲ့ဖူးတာတွေက အတူဘေး...
23/05/2023

လူတစ်ယောက်ရဲ့ဘဝမှာ မပြောင်းလဲဘဲရင်ထဲသိမ်းထားတတ်တဲ့ လူတစ်ယောက်ဆိုတာ အမြဲရှိတတ်ကြပါတယ်။ အတူသွား၊ အတူစားခဲ့ဖူးတာတွေက အတူဘေးမှာမရှိတော့ပေမဲ့ အမှတ်တရတွေကတော့ ထင်ကျန်နေခဲ့ဦးမှာပဲလေ။

သင်ရော တစ်စုံတစ်ယောက်ကိုလွမ်းလာရင် ဘာလုပ်တတ်လဲ?

☕ အလွမ်းတံပိုးတွေသိပ်မထန်တဲ့နေ့တွေမှာ 𝗟𝗮𝘁𝘁𝗲 တစ်ခွက်နဲ့ဖြေသိမ့်လိုက်ပါ။

☕ အမှတ်တရခါးခါးတွေအတွက်တော့ 𝗠𝗼𝗰𝗵𝗮 ပြင်းပြင်းလေးတစ်ခွက်ပေါ့။

☕ ချိုမြိန်ခဲ့တဲ့ အတိတ်တွေအတွက်ဆိုရင်တော့ 𝗛𝗼𝘁 𝗖𝗵𝗼𝗰𝗼𝗹𝗮𝘁𝗲 တစ်ခွက်နဲ့ ဂုဏ်ပြုကြတာပေါ့။

☕ 𝗩𝗶𝗲𝗻𝗻𝗮 𝗖𝗼𝗳𝗳𝗲𝗲 တစ်ခွက်က မိုးပြေးလေးရွာတဲ့နေ့တွေအတွက် အသင့်တော်ဆုံးဗျ။

☕ အတူသောက်မှအရသာရှိတာလို့ ထင်ခဲ့ဖူတဲ့ 𝗙𝗹𝗮𝘁 𝗖𝗼𝗳𝗳𝗲𝗲 က တစ်ယောက်တည်းသောက်တော့လည်း အရသာမလျော့ခဲ့ပါဘူး။

☕ Classic ရဲ့ 𝗜𝗰𝗲𝗱 𝗖𝗼𝗳𝗳𝗲𝗲 ကလည်း တစ်စုံတစ်ယောက်လောက်တော့ မအေးစက်နေခဲ့ဘူး။

☕ တစ်ခါတလေ ခံစားချက် အတက်အကျပေါ်လိုက်ပြီး 𝗘𝘀𝗽𝗿𝗲𝘀𝘀𝗼 တစ်ခါ 𝗖𝗮𝗽𝗽𝘂𝗰𝗰𝗶𝗻𝗼 တစ်လှည့် ပြောင်းသောက်ကြတာပေါ့။

☕ ရင်ထဲ ဟင်းလင်းပြင်ဖြစ်နေတဲ့ရက်တွေမှာတော့ 𝗕𝗹𝗮𝗰𝗸 𝗖𝗼𝗳𝗳𝗲𝗲 တစ်ခွက်နဲ့ တိမ်တွေကို ငေးကြည့်နေလိုက်တာ အကောင်းဆုံးပါပဲ။

အထီးကျန်ရတဲ့ရက်တွေဟာ ကော်ဖီကောင်းကောင်းလေးတစ်ခွက်နဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်တာမို့ Classic Tea & Foods Center မှာ ကော်ဖီလာသောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ ❤️

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

ရာသီဥတုက မိုးပြေးလေး ရွာလိုက်၊ နေလေးပူလိုက်နဲ့ အတက်အကျ မြန်နေတဲ့အချိန်မှာ ကိုယ်ကလည်း ရာသီဥတုနဲ့အညီ ပြောင်းလဲစားသောက်ရတော...
22/05/2023

ရာသီဥတုက မိုးပြေးလေး ရွာလိုက်၊ နေလေးပူလိုက်နဲ့ အတက်အကျ မြန်နေတဲ့အချိန်မှာ ကိုယ်ကလည်း ရာသီဥတုနဲ့အညီ ပြောင်းလဲစားသောက်ရတော့မယ်လေ။ ☕

ဒီတစ်ခါမှာတော့ ကော်ရည်ခေါက်ဆွဲဆို အရောင်စိုစို အနံ့သင်းသင်းလေးမှကြိုက်တတ်တဲ့ လူကြီးမင်းတို့အတွက် Classic ရဲ့ စပယ်ရှယ် ကော်ရည်ခေါက်ဆွဲလေး မိတ်ဆက်ပေးလိုက်ရပါတယ်။🤤

နူးညံ့တဲ့ ခေါက်ဆွဲသားနဲ့ ပျစ်နှစ်တဲ့ ကော်ရည်က အသက်ပဲလေ။ ဒါကိုမှ ထူးရှယ် ငပိထောင်းနဲ့ ပေါင်းစပ်လိုက်တော့ တစ်လုတ်ထဲနဲ့ ထိမိဂွိ ဆွေမျိုးပါမေ့သွားမှာနော်။🍜❤️

ဒါကြောင့် သန့်ရှင်းလတ်ဆတ်မှုနဲ့ ထူးခြားတဲ့အရသာကို အမြဲဦးစားပေးတတ်တဲ့ Classic Tea & Foods Center ရဲ့ ကော်ရည်ခေါက်ဆွဲ ပူပူလေးကို မိုးလေးအုံ့လာတာနဲ့ အပြေးလေးလာစားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🌧️😉

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

တစ်နေ့တစ်နေ့ ရိုးအီနေတဲ့ မနက်စာတောကနေ ရုန်းထွက်ချင်နေပြီလား? ပူပူနွေးနွေး စိတ်ကြိုက်ရွေးလို့ရမယ့် ဒင်မ်ဆမ်းပေါင်းလေးတွေ ...
18/05/2023

တစ်နေ့တစ်နေ့ ရိုးအီနေတဲ့ မနက်စာတောကနေ ရုန်းထွက်ချင်နေပြီလား?

ပူပူနွေးနွေး စိတ်ကြိုက်ရွေးလို့ရမယ့် ဒင်မ်ဆမ်းပေါင်းလေးတွေ Classic မှာ ရနေပါပြီ။ 🤤

🍤🥟🍥 မိုးအေးအေးလေးမှာ အရသာရှိတဲ့ ဒင်မ်ဆမ်းပေါင်းနဲ့ လက်ဖက်ရည်ပူပူလေးကို တလုတ်ကယ် ဝဝသာစားလိုက်ရရင် လူကြီးမင်းရဲ့ မနက်ခင်းလေးက ပြီးပြည့်စုံသွားမယ်လို့ အာမခံပါတယ်နော်။ ☕

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

16/05/2023

"မောင်က သာမာန် လက်ဖက်ရည်ဆိုင်တွေဆို မထိုင်တတ်ဘူး"

💁🏻‍♀️ မောင်က ဆူညံနေတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ ကျင့်သားမရဘူး။ လက်ဖက်ရည်ဆိုင်ဆိုတာ အစားအသောက်ကောင်းတွေကို ချစ်ရသူနဲ့ အေးဆေးခံစားရမယ့်နေရာလို့ မောင်ကခံယူထားတယ်လေ။ မိဘကိုလည်းသိပ်ချစ်တတ်သူမို့ လက်ဖက်ရည်ဆိုင်မှာ လူကြီးသူမတွေလည်း ထိုင်လို့ရမယ့် ခုံကောင်းကောင်းတွေရှိသင့်တယ်လို့ မောင်ကယူဆလေရဲ့။

ဒီလောက်ဂျေးများတဲ့မောင့်အတွက် လက်ဖက်ရည်ဆိုင် ရှာရတာခက်ခဲမှာပဲလို့ တွေးမိပေမဲ့ ဒီအတွေးတွေက Classic Tea & Foods Center နဲ့မှပဲ အားလုံးအဆင်ပြေသွားတော့တယ်။🫠

အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကောင်းတွေ ✅ ကျယ်ဝန်းတဲ့နေရာထိုင်ခင်း ✅ စိတ်ပူစရာမလိုတဲ့ ကားပါကင်နေရာ ✅ တွေက မောင့်ကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်ပြီပေါ့။ 😉

ဒါအပြင် အေးအေး ဆေးဆေး သုံးဆောင်နိုင်တဲ့ အအေးခံ Private Room၊ Classic ဆန်ဆန် ပရိဘောဂတွေနဲ့ အပြင်အဆင် Decoration တွေက ဒီကိုရောက်လာတာနဲ့ Upper Class တစ်ခုမှာ လက်ဖက်ရည်သောက်ရသလို Vibe မျိုးကို အပြည့်အဝ ခံစားရစေမှာပါ။ 🫖☕

ဒီလောက်တောင် ညွှန်းထားမှတော့ လူကြီးမင်းတို့လည်း Classic Tea & Foods Center တစ်ခေါက်လောက်တော့ အရောက်လာခဲ့သင့်ပါတယ်နော်။ ဘယ်လိုလာရမလဲမသိရင်လည်း စိတ်မပူပါနဲ့ အောက်မှာ Classic ရဲ့ တည်နေရာလေးကို သွားလာရလွယ်ကူအောင် ဖော်ပြပေးလိုက်ပါတယ်။ 🫶

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

ကမ္ဘာပေါ်ရှိ အမေများအားလုံး Happy Mother's Day ပါလို့ Classic Tea & Foods Center မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ They ...
14/05/2023

ကမ္ဘာပေါ်ရှိ အမေများအားလုံး Happy Mother's Day ပါလို့ Classic Tea & Foods Center မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ They are the reason why this world is so beautiful.


အမေဟာအသက်တွေကြီးလာခဲ့ပြီ၊ စကားများ ရန်တွေဖြစ်ရင်းနဲ့ပဲ အချိန်တွေကိုကုန်ဆုံးစေတော့မှာလား?ငယ်ငယ်က အမေနဲ့ရန်ဖြစ်ရင် ထမင်းစာ...
13/05/2023

အမေဟာအသက်တွေကြီးလာခဲ့ပြီ၊ စကားများ ရန်တွေဖြစ်ရင်းနဲ့ပဲ အချိန်တွေကိုကုန်ဆုံးစေတော့မှာလား?

ငယ်ငယ်က အမေနဲ့ရန်ဖြစ်ရင် ထမင်းစားဖို့ ခေါ်ရင်း ပြန်ချော့တာခံဖူးကြမယ်ထင်ပါတယ်။ ဒီလိုပါပဲ အကယ်၍ ဒီစာဖတ်နေတဲ့ လူကြီးမင်းတွေထဲမှာ မိခင်နဲ့ ကတောက်ကဆ ဖြစ်ထားခဲ့မယ်ဆိုရင် Classic က အစားအသောက်ကောင်းတွေနဲ့ ပြန်ချော့ဖို့ အကြံပြုလိုက်ပါရစေ။ 🥰

ကျန်းမာရေးနဲ့ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ အေးအေးလူလူ သက်သောင့်သက်သာထိုင်လို့ရမယ့် အအေးခန်း Private Room Service အစရှိတဲ့ ဝန်ဆောင်မှုကောင်းတွေက မိသားစု Reunion ပြန်လုပ်ဖို့ အကောင်းဆုံးဖြစ်မှာအသေအချာပါပဲ။

Classic က လက်ဖက်ရည်ပူပူလေးသောက်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အမေများနေ့မှာ လူကြီးမင်းတန်ဖိုးရှိတဲ့အချိန်တွေကို အမေ့ကိုအကုန်ပုံပေးထားလိုက်ပါ။ ⌛⏳❤️

လိပ်စာ - No 284/285, U Wisara Road, 42 Ward, North Dagon Township.
ဆက်သွယ်ရန် - 09 453 906 149

Address

No 284/285, U Wisara Road, 42 Ward, North Dagon Township
Yangon
11421

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959453906149

Website

Alerts

Be the first to know and let us send you an email when Classic Tea & Food Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Classic Tea & Food Center:

Share

Category