13/09/2026
တစ်ခါတစ်လေ နံနက်ခင်းစာ မဟုတ်ဘဲ နေ့လယ်စာအဖြစ်သွားစားဖြစ်ခဲ့တဲ့ ခိုတောင်မုန့်တီပါ အသားမပါပါဘူး ငါးဖယ်လုံးလေးတွေနဲ့ မတ်ပဲလို အကြော်လေးတွေပါပါတယ်
ကိုယ့်အတွက်တော့ အရသာလေးအဆင်ပြေပြီး စားလို့ကောင်းခဲ့ပါတယ်
ဒီဆိုင်လေးကတော့ " စျေးချို ၅၅ " ဆိုတဲ့ဆိုင်လေးပါ ခိုတောင်မုန့်တီ တစ်ပွဲ 6000 Ks ကျသင့်ခဲ့ပါတယ် ဆိုင်လေးကတော့ န၀ဒေးလမ်း နဲ့ ဗိုလ်ရာညွှန့်လမ်းထောင့်မှာပါ