Yes Coffee Shop

Yes Coffee Shop Make it a Yes day

23/09/2026

ဒီဆိုင်ကို အရင်ကရောက်ဖူးတယ်ဆိုရင်…
ဒီတစ်ခါ ပြန်လာကြည့်ပါ။ 👀

ဘယ်အရာတွေ ပြောင်းသွားလဲ?
လာကြည့်မှ သိမယ်။ ☕️🖤

Something feels different. ☕️

#တဥက္ကလာပ

ကိုရီးယားအစားအစာဆိုတာနဲ့ ထမင်းလိပ်ကတော့ မပါမဖြစ်ဘဲ 🥢ကိုရီးယားအစားအစာလေးတွေ ဆိုင်မှာသုံးဆောင်လို့ရတယ်ဆိုတာနဲ့ အဆာပြေအနေနဲ...
21/09/2026

ကိုရီးယားအစားအစာဆိုတာနဲ့ ထမင်းလိပ်ကတော့ မပါမဖြစ်ဘဲ 🥢

ကိုရီးယားအစားအစာလေးတွေ ဆိုင်မှာသုံးဆောင်လို့ရတယ်ဆိုတာနဲ့ အဆာပြေအနေနဲ့စားဖို့ဆို ထမင်းလိပ်လေးကလဲ မေ့ထားလို့မရဘူးနော် ၊

သူငယ်ချင်းတွေတူတူ စကားတွေပြောရင်း အဆာပြေအနေနဲ့စားမလား ၊ ပဲခေါက်ဆွဲတွေ Spicy ခေါက်ဆွဲတွေစားရင်း အစပ်ပြေအနေနဲ့စားမလား !!

နှမ်းဆီနံ့မွှေးမွှေးလေးနဲ့အတူ အဆာပလာစုံစုံလင်လင် ပါဝင်တဲ့အပြင် အပေါ်ကနေ Mayonnaise လေးလဲစမ်းပေးထားတာဆိုတော့ အရသာကလေးက စိမ့်စိမ့်လေး ၊

တစ်ပွဲဆိုတစ်ပွဲ ပါဝင်တဲ့ Potion လေးကလဲများပြီး သူငယ်ချင်းတွေတူတူ Share စားရင်လဲ အဆင်ပြေတာဆိုတော့ ထမင်းလိပ်ကြိုက်တယ်ဆိုရင် ဆိုင်ရောက်တဲ့ခါ အရသာလေးမြည်းစမ်းကြည့်ပါဦးဗျ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

#တဥက္ကလာပ

20/09/2026
12/09/2026

ဝက်ဆလပ် မဟုတ်တဲ့ ကြက်ဆလပ် Chicken Bulgogi 🥗🥢

ကိုရီးယားအစားအစားရောင်းတဲ့ ကော်ဖီဆိုင်လေးမှာ ဝက်ဆလပ် အရမ်းတောင်းဆိုကြလွန်းလို့ ဝက်ဆလပ် မဟုတ်တဲ့ ကြက်ဆလပ်လေး ၊

နာမည်လေးက Chicken Bulgogi

Menu ထဲမှာပါတာက အရသာတွေ သေချာစိမ့်ဝင်နေတဲ့ကြက်သားလေးတွေရယ်, Lettuce , Kimchi , Chili , Korea Sauce , ထမင်း ဆိုပြီးပါဝင်တဲ့အပြင် ၊

ဆလပ်ရွက်လေးကိုဖြန့် အသားနှပ်လေးကိုတင်ပြီး ကင်မ်ချီလေးရယ် Korea Sauce လေးရယ် လိပ်ပြီးစား အရသာကရှယ် ၊

တစ်ပွဲထဲမှာ ပါဝင်တဲ့ Potion ကလဲများပြီး ထမင်းလဲပါသေးတာဆိုတော့ တစ်ပွဲတည်းနဲ့ဗိုက်အဝဘဲ ၊

Signature ice Coffee လေးနဲ့တွဲပြီးသုံးဆောင်မလား အအီပြေအနေနဲ့ဆို Soda လေးနဲ့ဆိုလဲ လိုက်တာဆိုတော့ ဒီပိတ်ရက် Yes ကိုလာပြီး အရသာရှိရှိ သုံးဆောင်လိုက်တော့ဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

#တဥက္ကလာပ

07/09/2026

တောင်ဥက္ကလာထဲမှာ ကော်ဖီဒိတ်ဖို့ ဆိုင်လေးရှာနေတာလား !!

ကော်ဖီတင်မဟုတ် အစားအသောက်ပါ အရသာကောင်းတဲ့ “ Yes Coffee Shop “ ရှိတယ်လေ ၊

ကော်ဖီနဲ့ သိပ်လိုက်တဲ့ ကိတ်လေးတွေစားမလား ၊ ကိုရီးယားအစားအစာလေးတွေစားမလား ?

ကော်ဖီတစ်ခွက်ရဲ့ အရသာကို ထိထိမိမိခံစားရင်း အလုပ်လုပ်မလား ?

ကိုရီးယားဝတ်စုံလေးတွေပါဝတ်ပြီး ဓာတ်ဖမ်းမလား ?

လစာထုတ်ရက်လေးမှာ အရသာရှိရှိစားပြီး ပုံလှလှလေးတွေရိုက်ရင်း Self-care မယ်ဆိုရင်တော့ “ Yes “ ကို လှမ်းလာခဲ့လိုက်နော် ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

ခေါက်ဆွဲမှ ခေါက်ဆွဲဆိုတဲ့ Noodle Lover လေးတွေရှိလား 🥢ဒါဆိုရင်တော့ ဒီ Menu ၃ ခုကတော့ Yes ရောက်တဲ့ခါ Try ကို Try ကြည့်ဗျာ ...
31/08/2026

ခေါက်ဆွဲမှ ခေါက်ဆွဲဆိုတဲ့ Noodle Lover လေးတွေရှိလား 🥢

ဒါဆိုရင်တော့ ဒီ Menu ၃ ခုကတော့ Yes ရောက်တဲ့ခါ Try ကို Try ကြည့်ဗျာ !!

Spicy Noodle
- ဒီ Menu လေးကတော့ အားလုံးရင်းနှီးနေမယ့်အပြင် တစ်နေ့တစ်နေ့ ဆိုင်မှာရောင်းတဲ့ ကိုရီးယား အစားအစာထဲမှာ အရောင်းရဆုံးနဲ့ လူကြိုက်အများဆုံး Menu လို့ပြောရမယ် ခေါက်ဆွဲအိအိလေးရယ် အစိမ့်အရသာလေးလဲပါပြီး ကြက်ဥအနှစ်လေးပါနယ်ပြီးစားရင် အရသာလေးက ပိုပြီးထိမိနေရော ၊

Spicy Carbonara
- စိမ့်စိမ့်လေးကိုမှ စပ်စပ်လေးစားချင်တဲ့ ကာကာလေးတို့အတွက် လုံးဝအကြိုက်တွေ့စေမှာမျိုး ၊ စားလိုက်တိုင်းမှာ စိမ့်နေတဲ့အရသာလေးကို အရင်ဆုံးခံစားမိစေပြီး နောက်မှ အစပ်အရသာလေးက တွဲပြီးလိုက်လာတာ ၊

Jajangcombo
- တစ်ပွဲတည်းနဲ့တင် ပွဲသိမ်းဆိုတာ ဒါမျိုးကိုပြောတာ တွဲဖက်ပေးထားတဲ့ အတွဲအစပ်ကလဲ ကိုရီးယားအစားအစားအစာထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ ပြစ်နှစ်နေတဲ့ ပဲခေါက်ဆွဲနဲ့ ကြွပ်ရွနေတဲ့ ကြက်ကြော်ကို တွဲပေးထားတာမျိုး ၊ ပါဝင်တဲ့ Potion ကလဲများတော့ တစ်ပွဲတည်းနဲ့တင် ဗိုက်ကိုတင်းနေမှာ အသေချာဘဲ ၊

လစာထုတ်ရက် ကော်ဖီဆိုင်ထိုင်ရင်း ခေါက်ဆွဲ Lover လေးတို့ ဘာစားရမလဲ စဉ်းစားရခက်နေရင် Yes Coffee Shop မှာ အရသာရှိရှိ လာရောက်ပြီး သုံးဆောင်လိုက်တော့ဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

တစ်ပွဲတည်းနဲ့ ပွဲသိမ်းဆိုတာ ဒါမျိုး Chicken Cutlets ကိုပြောတာ 💯ကော်ဖီဆိုင်လဲထိုင်မယ် တစ်ခုခုစားဖို့ ဘာမှာရမလဲ စဉ်းစားတို...
24/08/2026

တစ်ပွဲတည်းနဲ့ ပွဲသိမ်းဆိုတာ ဒါမျိုး Chicken Cutlets ကိုပြောတာ 💯

ကော်ဖီဆိုင်လဲထိုင်မယ် တစ်ခုခုစားဖို့ ဘာမှာရမလဲ စဉ်းစားတိုင်း ဗိုက်အပြည့်ဖြည့်မယ်ဆိုရင် ဒီ တစ်ပွဲသာမှာချလိုက် …

နာမည်လေးက Chicken Cutlets တဲ့ တစ်ပွဲတည်းနဲ့ ပွဲသိမ်းမယ့် Potion ဆိုတာ ဒါမျိုးကိုပြောတာ ၊

ကြွပ်ရွနေတဲ့ကြက်ကြော်လေးတွေရယ် စားလိုက်တာနဲ့ စိမ့်စိမ့်လေးဖြစ်စေမယ့် Salad လေးကို တွဲဖက်ပေးထားတာမျိူး ၊

ကြက်ကြော်လေးက တစ်ကိုက်ကိုက်လိုက်တာနဲ့ ကြွပ်ရွပြီး အနံ့မွှေးမွှေးလေးကိုမှ ပူပူလေးစားရင် အရသာပိုကောင်းသောဘဲဗျာ ၊

အထဲမှာပါတဲ့ Salad လေးကလဲ စိမ့်စိမ့်လေးကိုမှ ကြက်ကြော်ကြွပ်ကြွပ်လေးနဲ့ တွဲစားရင် လိုက်ဖက်နေရော ၊

နေ့လည်ဘက် ဗိုက်အပြည့်စားဖို့ စဉ်းစားတဲ့ခါ ဒီ Chicken Cutlets တစ်ပွဲနဲ့တင် ဗိုက်ကိုတင်းနေရောဘဲဆိုတော့ Yes Coffee Shop ရောက်တဲ့ခါ Try ကြည့်လှည့်ပါဦးဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

တောင်းဆိုကြလွန်းလို့ ဝက်ဆလပ်မဟုတ်တဲ့ ကြက်ဆလပ်လေး ရပါပြီ 🥢ဆိုင်စစဖွင့်ချင်း ကော်ဖီဆိုင်မှာ ကိုရီးယားအစားအစာလေးတွေပါရတယ်ပြ...
20/08/2026

တောင်းဆိုကြလွန်းလို့ ဝက်ဆလပ်မဟုတ်တဲ့ ကြက်ဆလပ်လေး ရပါပြီ 🥢

ဆိုင်စစဖွင့်ချင်း ကော်ဖီဆိုင်မှာ ကိုရီးယားအစားအစာလေးတွေပါရတယ်ပြောလိုက်တော့ အများဆုံးမေးကြတာက ဝပ်ဆလပ်ရလားတဲ့ ၊

အစကတော့ ဝက်ဆလပ် မရဘူး မရဘူးဘဲဖြေခဲ့ရာကနေ အခုဆို ကာကာတို့ရဲ့ တောင်းဆိုချက်တွေများလို့ ဝက်စလပ် မဟုတ်တဲ့ ကြက်ဆလပ် Chicken Bulgogi လေး ရနေပါပြီဗျာ ၊

အသားဆိုလဲ အရသာသာသေချာစိမ့်ဝင်နေအောင်နှပ်ထားပြီး Juicy ဖြစ်တဲ့အပြင် ဆလပ်ရွက်လေးထဲမှာကင်မ်ချီလေးထည့် ကိုရီးယား Sauce အနှစ်လေးနဲ့အတူ ငရုတ်သီးလေးထည့်ပြီးလိပ်စား အရသာက ထိမိနေရော 🥵

ကင်မ်ချီကလဲ အချဉ်အရမ်းမစူးတဲ့အပြင် Chicken Bulgogi တစ်ပွဲမှာတာနဲ့ ထမင်းတစ်လုံးလဲပါသေးတာဆိုတော့ ဗိုက်ကိုတင်းနေမှာ ၊

ဒီ Menu လေးက ကော်ဖီထက် Soda တို့လို ပြင်းရှရှ ဖြစ်စေမယ့် Drink Menu လေးတွေနဲ့ဆို ပိုလိုက်တာမို့ Yes Coffee Shop ရောက်တဲ့ခါ Chicken Bulgogi လေး Try ကြည့်လှည့်ပါဦးဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

တစ်ကိုက်ဆိုတစ်ကိုက် အရသာရှိပြီး နူးညံ့တဲ့ကိတ်ဆိုတာ ဒါမျိူးကိုပြောတာ 🍰ကော်ဖီကောင်းကောင်းတစ်ခွက်ကို အရသာရှိရှိ ဇိမ်ခံပြီးသ...
15/08/2026

တစ်ကိုက်ဆိုတစ်ကိုက် အရသာရှိပြီး နူးညံ့တဲ့ကိတ်ဆိုတာ ဒါမျိူးကိုပြောတာ 🍰

ကော်ဖီကောင်းကောင်းတစ်ခွက်ကို အရသာရှိရှိ ဇိမ်ခံပြီးသောက်လိုက်တိုင်း တစ်ခုခုလိုအပ်နေတယ် ခံစားမိရင် ဒီ ကိတ်သာ ရဲရဲကြီး မှာချလိုက် ၊

တစ်ကိုက်ဆိုတစ်ကိုက် နူးညံ့အိစက်ပြီး ကော်ဖီပူပူတစ်ခွက်နဲ့ဆို သိပ်ကိုလိုက်ဖက်နေရော ၊

နူးညံ့တဲ့ကိတ်သားကိုမှ စားလိုက်တဲ့ခါ ကုန်သွားမှာတောင် နှမြောရလောက်တဲ့ထိ အရသာကောင်းတယ်ဆိုတာယုံ ၊

ပါဝင်တဲ့ကုန်ကြမ်းတွေကလဲ ကွာလတီကောင်းတာသုံးပေးထားတာဆိုတော့ ကိတ်ရဲ့အရသာကို အပြည့်အဝခံစားနိုင်မှာနော် ၊

တစ်ဂယ်ပါဆိုင်မှာ ကိတ်မရောင်းခင်ကလဲ ကိတ်လေးတွေရောင်းပါ ရောင်းပါဆိုပြီးတောင်းဆိုကြ ရောင်းပေးတော့လဲ နေ့စဉ်ကျန်တဲ့ လက်ကျန်ကိတ်မရှိလောက်တဲ့ထိ အားပေးကြတဲ့ ကာကာတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

ကြက်ကြော် ကြက်ကြော် ဆိုပြီး မေးမေးနေတဲ့ ကာကာတို့အတွက် Korean Fried Chicken Wings 🍗ကိုရီးယားအစားအစာရောင်းတယ်ဆိုတော့ Chick...
09/08/2026

ကြက်ကြော် ကြက်ကြော် ဆိုပြီး မေးမေးနေတဲ့ ကာကာတို့အတွက် Korean Fried Chicken Wings 🍗

ကိုရီးယားအစားအစာရောင်းတယ်ဆိုတော့ Chicken Wings ရလားမေးရင် အမြဲမရဘူးဆိုပြီး ဖြေဖြေနေရတော့ ကာကာတို့အတွက် Menu အသစ်လေး ထုတ်ပေးထားပြီနော် ၊

Korean Fried Chicken Wings လေးကထုတ်ထားတာကြာပြီဆိုပေမယ့် ပိုင်ရှင်မမအကြိုက် အရသာကိုမရသေးတာနဲ့ ထပ်ခါထပ်ခါစမ်းပြီးမှ နောက်ဆုံးတော့ ဆိုင်ရဲ့ Menu ထဲ ရောက်လာပြီဗျာ ၊

အားသာချက်ကဘာလဲမေးရင် Air fryer နဲ့ကြော်တာဆိုတော့ အဆီလဲမများဘဲ ဝိတ်တက်မှာစိုးရိမ်နေတဲ့သူတွေနဲ့ ဝိတ်လျော့နေတဲ့ကာကာတို့အတွက်ကတော့ လုံးဝ Perfect ဘဲ ၊

အရသာကတော့ Korean Fried Cheese Wings ဆိုတဲ့အတိုင်း ချို စပ် ပုံစံမျိုးလေးကိုမှ အပြင်ဘက်က ကျွတ်ကျွတ်လေးကိုမှ အထဲကအသားက Juicy ဖြစ်တဲ့အနေအထားလေး ၊

ပေါ့ပေါ့ပါးပါးသုံးဆောင်ချင်တဲ့ ကာကာတို့အတွက်လဲအဆင်ပြေသလို Spicy ခေါက်ဆွဲလေးနဲ့တွဲစားမလား ၊ ပဲခေါက်ဆွဲလေးနဲ့တွဲစားမလား ပြီးရင်တော့ Drink ထဲမှာဆို Soda လေးသောက် လိုက်ဖက်နေတာဆိုတော့ Menu အသစ်လေးကို မြန်မြန်လေး လာ Try ကြည့်လိုက်တော့ဗျာ ။

Yes Coffee Shop

☎️ - 09779850134

⏰ - 9 am to 8 pm

📍 - No.970၊သံသုမာလမ်းမပေါ် ၊စီမံကိန်းမှတ်တိုင်အနီး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

Address

No. 970/Thantumar Road , South Okkalapa Tsp
Yangon
11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:15 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959779850134

Alerts

Be the first to know and let us send you an email when Yes Coffee Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share