20/06/2023
Art Therapy For Kids 🎨✨
Sar Lone က Workshop တွေကို မျှော်နေကြသူတွေရှိလား ၊ ဒီတစ်ခါကတော့ လူကြီးတွေအတွက်မဟုတ်ဘူးတဲ့လေ။
ဟုတ်ပါတယ် ဒီတစ်ခေါက် Workshop လေးဟာ ကလေးလေး တွေအတွက်
အမ်တို့ စီစဉ်ဖြစ်ခဲ့တာပါရှင်။ 🍼
ပထမဆုံးအနေနဲ့ Workshop လေးကို အမ်တို့က Package နှစ်ခုနဲ့ လုပ်ထားပါတယ်။
ပထမတစ်ခုကတော့ "Active and Fun" ဖြစ်ပြီး
ဒုတိယတစ်ခုကတော့ "Activate the Artistic Me" ပဲ ဖြစ်ပါတယ်။
ဆိုတော့ ဘယ်လို workshop လေးတွေလဲဆိုတာ အမ်ကရှင်းပြမယ်နော်။
ပထမဆုံး "Active and Fun" ✨
ဒီ Workshop လေးမှာ ပါမယ့်အရာတွေက
🌳 Introduction to Art
အနုပညာကို စတင်မိတ်ဆက်ခြင်းပဲဖြစ်ပါတယ်။ ဒီမှာတော့ Art ရဲ့ အခြေခံတွေနဲ့ Color Theory ကို ကလေးလေးတွေ နားလည်လွယ်အောင် အမ်နဲ့ Helian တို့ကရှင်းပြသွားမှာပါ။
🌳Create Art using your Hands
ကလေးလေးတွေရဲ့ လက်လေးတွေကို အသုံးပြုပြီး ပန်းချီလေးတွေကို အတူတူရေးဆွဲကြမယ့် အပြင် ကိုယ်တိုင်လည်း ဖန်တီးနိုင်အောင် အမ်တို့က Guide လုပ်ပေးသွားမှာပါ။
🌳 Pottery Painting
နောက်ဆုံးအနေနဲ့ကတော့ အမ်တို့ရဲ့ ကလေးလေးတွေ အိမ်အပြန် လက်ဆောင်သယ်သွားလို့ရအောင် အိုးလေးတွေ တူတူဆေးခြယ်ကြမယ့် အစီအစဉ်လေးနဲ့ ပထမဆုံး package လေးကို ပိတ်လိုက်ပါတယ်ရှင်။
ဒုတိယ Package လေးဖြစ်တဲ့ "Activate the Artistic Me " ကတော့ အနုပညာကို ဝါသနာထုံတဲ့ ကလေးလေးတွေအတွက် ကိုယ့်ရဲ့ ပါရမီလေးကို အမ်တို့နဲ့ အတူရှာဖွေနိုင်မှာဖြစ်ပါတယ်။
ပါဝင်မယ့် အစီအစဉ်လေးတွေကတော့
🌳Visualize and awaken your Creativity
ဒီမှာတော့ ကလေးလေးတွေက တရားထိုင်ရင်း Visualize လုပ်ပြီး ကိုယ့်ရဲ့ စိတ်ဝိဉာဉ်အတွင်းမှာရှိနေတဲ့ အနုပညာဆန်တဲ့ စိတ်ကူးတွေကို အမ်တို့နဲ့ အတူဖော်ထုတ်ရမှာဖြစ်ပါတယ်။
🌳Introduction to Art
အပေါ်က ပထမဆုံး Package လေးနဲ့ အတူတူပါပဲရှင်။
🌳Basic Lettering
ကလေးလေးတွေနဲ့ အမ်တို့က ဒီအဆင့်မှာဆိုရင် စာလုံးလှလှတွေကို ဘယ်လိုရေးရလဲ ဆိုတာ အတူတူသင်ယူပြီး မေမေ ၊ ဖေဖေ တို့အတွက် ကဒ်လေးတွေ လုပ်ပြီး မပြောဖြစ်တဲ့ စကားလေးတွေကို ကဒ်လေးထဲရေးခိုင်းမယ့် အစီအစဉ်လေးပါရှင် ။ ဘယ်လောက်တောင် ရင်ခုန်စရာကောင်းလိုက်မလဲနော်။
🌳Pottery Painting
ပြီးရင်တော့ အပေါ်ကလိုပဲ အိုးပန်းချီဆွဲကြမယ်ပေါ့နော် ၊ ဆွဲရင်း Creation with your own hands လေးပါ ထည့်ဆွဲလို့ရအောင် သင်ပေးမှာပါရှင်။
Package နှစ်ခုလုံးမှာ ကလေးတွေကြားထဲ ပိုမိုရင်းနှီးမှုရစေဖို့အတွက် Break The Ice game လေးတွေ ပါဦးမှာပါရှင်။
အဓိကကတော့ ကလေးတွေရဲ့ Team work Skill တွေ ပိုပြီးကောင်းလာစေဖို့ ၊ Art Therapy ကြောင့် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာလေး အဆင်ပြေလာစေဖို့ ၊ နောက်ပြီး ကိုယ်ချင်းစာစိတ်အပြည့်အဝနဲ့ ပိုမိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းဖြစ်လာစေရေးအတွက် အမ်တို့ ဒီလိုလေး စီစဉ်ဖြစ်ပါတယ်ရှင်။
Break Time လေးလည်း ပါဝင်သွားမှာဖြစ်ပြီး
D Space ကလည်း Kiddo Special Menu လေးကို စီစဉ်ပေးထားမှာမလို့ မှာယူစားသုံးလို့ရပါတယ်ရှင်။
Time and Date လေးကတော့
Package 1
24.6.23ရက်နေ့၊
မနက် ၁၁နာရီမှ ညနေ ၄ နာရီ (Break time ပါမည်)
Package 2
25.6.23 ရက်နေ့၊
မနက် ၁၁နာရီမှ ညနေ ၅ နာရီ ( Break Time ပါမည်)
D Space ရဲ့ လိပ်စာလေးကတော့ အမှတ် ၆၈၂ ၊ သစ္စာလမ်းမကြီး ၊
ဝေဇယန္တာ နဲ့ သုမင်္ဂလာကြား ၊
၆ ရပ်ကွက် ၊ တောင်ဥက္ကလာ မြို့နယ် ၊ ရန်ကုန် မှာပဲဖြစ်ပါတယ်ရှင်။
ပုဏ္ဏာမီ ဘတ်စ်ကား မှတ်တိုင် တည့်တည့် ၊
အစားတလိုင်း ဘူဖေး ဟော့ပေါ့ရဲ့ အပေါ်ဆုံးထပ်မှာ မယ်ဒီတို့ ရှိမယ်နော် ။ရှာမတွေ့ရင် 09441165099 ကိုသာ ဟယ်လိုလိုက်ပါ ရှင်။
YBSနဲ့လာမယ်ဆိုရင်တော့ 12, 29, 38, 83, 87 တို့စီးလာပြီး ပုဏ္ဏမီမှတ်တိုင်မှာ ဆင်းလိုက်ရုံပါပဲရှင်🚌🚏
ဈေးနှုန်းလေးကတော့
Package 1 က မြန်မာငွေ တစ်သောင်းနှစ်ထောင်ကျပ် ဖြစ်ပြီး
Package 2 ကတော့ မြန်မာငွေ ၂သောင်းကျပ်ဖြစ်ပါတယ်ရှင်။
🚨ဒီပို့စ်လေးကို မြင်မြင်ချင်း နှစ်ဆယ့်လေးနာရီအတွင်း လာအပ်တဲ့ကလေးလေးတွေ ၊ ဒါမှမဟုတ် Siblings or Friends လေးတွေနဲ့ တူတူလာအပ်ရင် Discount လေးတွေ ပေးသွားမှာပါနော်။
အသက်အရွယ် အကန့်အသတ်ကတော့ ၁၇နှစ်အောက် ဖြစ်ရပါမယ်ရှင်၊ Activity လေးတွေဟာ ကလေးတွေအတွက် အထူးပြုထားတာမလို့ မိဘတွေ ဝင်ရောက် ပါဝင်ခွင့်မရှိပါဘူးရှင်၊ (အမြဲဘေးကနေတော့ ကြည့်ရှုနေလို့ ရပါ့မယ်ရှင့်)
ပွဲလေးအတွက် Register လုပ်ချင်တယ်ဆိုရင်တော့ အခုပဲ Page Messenger ကို လာခဲ့ကြပါနော်။