Phoe Zaw

Phoe Zaw Homemade Healthy Food

09/04/2024

ကိုယ့် ဖူးစာရှင် အမှန်ဟုတ်မဟုတ် တွက်နည်း

ဒီနည်းလေးကတော့ ကိုယ့်ဟာကိုယ် ၊ ဟိုတွက် ဒီတွက် တွက်ရင်းနဲ့ အမှတ်မထင် တွေ့ရှိထားတဲ့ နည်းလေးဖြစ်ပြီး လက်တွေ့ အိမ်ထောင်ကျပြီးသားဇာတာတွေနဲ့ တိုက်ဆိုင်ကြည့်တော့လည်း “အမှန်များလို့” တင်ပေးလိုက်ပါတယ်။ ၁၀၀ % တော့ မှန်ချင်မှ မှန်မယ်ပေါ့။ ၈၀% အထက်မှာတော့ အမှန်ရှိပါတယ်။
ကိုယ့်ချစ်သူ (သို့) ကိုယ် ချစ်နေရတဲ့ သူရဲ့ အင်္ဂလိပ် မွေးရက်နဲ့ ဘာနေ့သားသမီးလဲ ? ဆိုတာ သိရင် ဒီတွက်နည်းလေး တွက်ရပါပြီ။ ရက်က အင်္ဂလိပ်ရက် ဖြစ်ရမယ်။ နေ့က မြန်မာနေ့ဖြစ်ရမယ်။ အင်္ဂလိပ်ရက် နဲ့ မြန်မာနေ့ - ဆိုတော့ တစ်မျိုးကြီးဘဲနော်။ “ကပြား” တွက်နည်းလို့ ဆိုရမှာပေါ့။ သူ့ဟာသူ အစစ်ဖြစ်ဖြစ် ၊ ကပြားဖြစ်ဖြစ် မှန်ဖို့က လိုရင်းဘဲ မဟုတ်လား။ ဒီတော့ ငြင်းမနေနဲ့။ တွက်ကြည့်။
တွက်နည်းက တကယ့်လွယ်လွယ်လေးပါ -
ဆရာကြီး၏ ပညာကိုယခု Post တင်ပြီးဂါရဝပြုအပ်ပါသည် ( ဗေဒင်ဝါသနာအိုး )
(က) ကိုယ့် မွေးရက် နဲ့ သူ့မွေးရက်ကို ပေါင်းပါ။ (အင်္ဂလိပ်ရက်နော်)
(ခ) ကိုယ့် မွေးနေ့ဂဏန်း နဲ့ သူ့မွေးနေ့ဂဏန်းကို ပေါင်းပါ။ (ကိုယ်က တနင်္ဂနွေဆိုရင် (၁) ၊ သူက ကြာသပတေးဆိုရင် (၅) ပေါင်းလိုက်) ။
မွေးနေ့ဂဏန်းရော မသိတဲ့သူက ရှိသေးလို့ ထပ်ရေးပေးလိုက်ဦးမယ်။ တနင်္ဂနွေဆိုရင် (၁) ၊ တနင်္လာ ဆိုရင် (၂) ၊ အင်္ဂါ = (၃) ၊ ဗုဒ္ဓဟူး = (၄) ၊ ကြာသပတေး (၅) ၊ သောကြာ (၆) ၊ စနေ (၇) ၊ ရာဟုဆိုရင် (၄)ဘဲယူ
(ဂ) ပြီးရင် (က) ပေါင်းရကိန်း နဲ့ (ခ) ပေါင်းရကိန်း နှစ်ခုကို ထပ်ပေါင်းပါ။
(ဃ) ရတဲ့ အဖြေကို (၇) နဲ့ ထပ်စားလိုက်ပါ။ အကြွင်း (၁) ကနေ (၀) အတွင်း ရမယ်။ ဒါဆိုပြီးပြီ။
အဲဒီဆိုရင် ထွက်လာတဲ့ အကြွင်းပေါ် မူတည်ပြီး ကိုယ့်ရဲ့ မွေးနေ့ နဲ့ သူ့မွေးနေ့တို့က အောက်က အုပ်စု နှစ်စုအနက် အုပ်စုတစ်စုတည်း တူနေရင် သူနဲ့ ကိုယ် ဖူးစာဖက်ရဖို့ ရှိတယ်။ အုပ်စုမတူရင် ဖူးစာဖက်ရဖို့ မလွယ်ဘူး။ အင်မတန် ခက်ခဲမယ်။
တွေ့ကရာ လူတော့ လျှောက်မတွက်နဲ့ပေါ့ဗျာ။ ဖြစ်နိုင်ချေ ရှိတာကိုတော့ တွက်ရမှာပေါ့။ “သက်မွန်မြင့်” တို့ ၊ “ဖွေးဖွေး” တို့ ၊ “ဝတ်မှုံရွှေရည်” တို့ ၊ “အောင်ရဲလင်း” တို့၊ “ဟိန်းဝေယံ” တို့ မွေးနေ့တွေနဲ့ တွက်ကြည့်ပြီး အုပ်စုတူနေလို့ “ပွပြီဟေ့” လို့တော့ သွားမလုပ်နဲ့ပေါ့ဗျာ။ ဖြစ်နိုင်ချေ ရှိတာကိုဘဲ လုပ်ပါနော်။
ဒီတော့ အထက်က နည်းအတိုင်းတွက်လိုက်လို့ ရလာတဲ့ အကြွင်းတွေက -
= အကြွင်း(၁)ဖြစ်ရင်
အုပ်စု (က) အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စု တူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၂)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၃)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ သောကြာ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၄)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ သောကြာ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၅)ဖြစ်ရင်
အုပ်စု (က) တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ ကြာသပတေး ၊ သောကြာ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၆)ဖြစ်ရင်
အုပ်စု (က) တနင်္ဂနွေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္လာ ၊ သောကြာ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
= အကြွင်း(၀)ဖြစ်ရင်
အုပ်စု (က) တနင်္လာ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်။
အုပ်စု (ခ) တနင်္ဂနွေ ၊ အင်္ဂါ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။
ဟုတ်ပြီနော်။ ဒီတော့ လက်တွေ့ နဲနဲလောက် တွက်ကြည့်ရအောင်။
ဥပမာ(၁)
ယောကျင်္ားလေးက (၁၁)ရက်နေ့ ၊ ဗုဒ္ဓဟူးသား
မိန်းကလေးက (၂၃)ရက်နေ့ ၊ တနင်္လာသမီး . . . တွက်ကြည့်မယ်။
(က) သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့ပေါင်း - ၁၁ + ၂၃ = ၃၄
(ခ) ဗုဒ္ဓဟူး (၄) နဲ့ တနင်္လာ (၂) နဲ့ပေါင်း - ၄ + ၂ = ၆
(ဂ) ပေါင်းရကိန်း နှစ်ခုကို ပြန်ပေါင်း - ၃၄ + ၆ = ၄၀
(ဃ) ပေါင်းရကိန်းကို (၇) နဲ့ စားလိုက် - ၄၀ / ၇ = ၅ ကြွင်းမယ်။
ဒီတော့ အထက်က (၅)ကြွင်းရဲ့ အုပ်စု(က)ကိုကြည့်လိုက်။
“အုပ်စု (က) တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ စနေ နေ့တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ပါနေရင် ဖူးစာရှင် အုပ်စုတူတယ်။ ဖူးစာဆုံဖို့ရှိတယ်” . . လို့တွေ့လိမ့်မယ်။ ဗုဒ္ဓဟူးသား နဲ့ တနင်္လာ သမီးဟာ ဖူးစာစုံဖို့ရှိတယ်လို့ အဖြေထွက်တယ်။ ဖူးစာ ဆုံမဆုံတော့ မသိဘူး။ ကလေးကတော့ (၄)ယောက်ရနေပြီ။ ဆရာနဲ့ ဆရာ့ဇနီးလေ (ငိငိ)
ဥပမာ(၂)
ယောကျင်္ားလေးက (၁၆)ရက်နေ့ ၊ တနင်္လာသား
မိန်းကလေးက (၂၄)ရက်နေ့ ၊ သောကြာသမီး . . . တွက်ကြည့်မယ်။
(က) သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့ပေါင်း - ၁၆ + ၂၄ = ၄၀
(ခ) တနင်္လာ (၂) နဲ့ သောကြာ (၆) နဲ့ပေါင်း - ၂ + ၆ = ၈
(ဂ) ပေါင်းရကိန်း နှစ်ခုကို ပြန်ပေါင်း - ၄၀ + ၈ = ၄၈
(ဃ) ပေါင်းရကိန်းကို (၇) နဲ့ စားလိုက် - ၄၈ / ၇ = ၆ ကြွင်းမယ်။
ဒီတော့ အထက်က (၆)ကြွင်းရဲ့ အုပ်စု(က)ကို ကြည့်လိုက်- မတွေ့ဘူး။ ဒီတော့ အုပ်စု(ခ)ကို ဆက်ကြည့်လိုက်။
“အုပ်စု (ခ) တနင်္လာ ၊ သောကြာ ၊ စနေ တွေထဲမှာ သူ့မွေးနေ့ နဲ့ ကိုယ့်မွေးနေ့ ပါနေရင်လည်း ဖူးစာရှင် အုပ်စုတူလို့ ဖူးစာဆုံဖို့ ရှိပါတယ်။” . . လို့တွေ့လိမ့်မယ်။ ဟုတ်ပြီနော်။ တနင်္လာ နဲ့ သောကြာ တစ်အုပ်စုတည်း ဖြစ်နေတယ်။ ဒီတော့ ဖူးစာဆုံလိမ့်မယ်။
ဥပမာ(၃)
ယောကျင်္ားလေးက (၁)ရက်နေ့ ၊ စနေသား
မိန်းကလေးက (၁၂)ရက်နေ့ ၊ တနင်္လာသမီး . . . တွက်ကြည့်မယ်။
(က) သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့ပေါင်း - ၁ + ၁၂ = ၁၃
(ခ) စနေ (၇) နဲ့ တနင်္လာ (၂) နဲ့ပေါင်း - ၇ + ၂ = ၉
(ဂ) ပေါင်းရကိန်း နှစ်ခုကို ပြန်ပေါင်း - ၁၃ + ၉ = ၂၂
(ဃ) ပေါင်းရကိန်းကို (၇) နဲ့ စားလိုက် - ၂၂ / ၇ = ၁ ကြွင်းမယ်။
ဒီတော့ အထက်က (၁)ကြွင်းရဲ့ အုပ်စု(က)(ခ) ကို ကြည့်လိုက်- ယောကျင်္ားလေးရဲ့ မွေးနံစနေက အုပ်စု (က) ထဲမှာ ဖြစ်နေပြီး မိန်းကလေးရဲ့ မွေးနံ တနင်္လာ အုပ်စု (ခ)ထဲမှာ ဖြစ်နေတယ်။ ဒါကြောင့် စနေသား နဲ့ တနင်္လာသမီး ဖူးစာဆုံဖို့ မလွယ်လှဘူး ပြောရမယ်။
ဒီလို အကြွင်းတစ်ခုထဲမှာ တစ်ယောက်က အုပ်စု(က) ဖြစ်နေပြီး တစ်ယောက်က အုပ်စု(ခ) ဖြစ်နေရင် – “ချွင်းချက်” တစ်ခုတော့ ရှိတယ်။ တကယ်လို့ ဒီလို ယောကျင်္ားလေး နဲ့ မိန်းကလေး အုပ်စုခြင်း မတူခဲ့လို့ရှိရင် “တစ်ယောက်ယောက်” က အိမ်ထောင်ပျက်ဘူးသူ (တခုလပ်၊ မုဆိုးဖို/မ) ဆိုရင်တော့ ဖူးစာဆုံတတ်ပြန်တယ်။ (လက်ရှိအိမ်ထောင်ရှိနေသူလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့၊ ဒါဆိုကိုယ်က ဒုတိယ အိမ်ထောင်ဖြစ်သွားမယ်)။
ဒါဆို တွက်နည်းလေးကတော့ ပြီးပါပြီ။ လက်တွေ့တွက်ကြည့် ၊ စိတ်ကူးယဉ် ကြည့်ကြပေတော့။ တစ်ခုတော့ ပြောရဦမယ်။ တွက်နည်းရှုတ်သွားမှာစိုးလို့။
ဒီနည်းက (၁)ကြွင်း (၂)ကြွင်းတွေ ပါနေပြီဆိုတော့ မဟာဘုတ် တွက်နည်းဆိုတာ ဗေဒင်မတောက်တစ်ခေါက်တတ်သူတွေတောင် နားလည်လောက်ပါတယ်။ မဟာဘုတ်ခွင်တွေ ချမပြတာ ရှုတ်ကုန်မှာ စိုးလို့။ ဒါကြောင့် နေ့နံတွေဘဲ ရေးချလိုက်ရတာဖြစ်တယ်။ မဟာဘုတ်ပါလာရင် “ပက္ခတ်” ဆိုတာလည်း ပါပြီပေါ့။
ဒါကြောင့် အုပ်စုခြင်း တူပေမယ့် “ပက္ခတ်” မိနေရင် ဘယ်လို အဓိပ္ပါယ် ကောက်မလဲ ? ။ အုပ်စုခြင်း တူပြီး ပက္ခတ်မိနေရင် နဖူးစာ မင်ရေကျဲတတ်ပါတယ်။ ဖူးစာစုံရင်တောင် ခက်ခက်ခဲခဲ ပေါင်းသင်းယူရတတ်ပါတယ်။ မိဘဆွေမျိုးသဘောမတူလို့ ခိုးပြေးရ ၊ မိဘတွေက အမွေပြတ်စွန့် . . စတဲ့ ရှုတ်ရှုတ်ထွေးထွေးတွေ ဖြစ်တတ်တယ်။ ဒါလေး ကြိုသတိပေးရမယ်။ တစ်ချို့ဆို လက်ထပ်ဖို့ အထိကြံရွယ်ပြီးမှ ကွဲကွာသွားတာမျိုးလည်း ရှိတတ်တယ်။ ဖြစ်နိုင်ချေလေး ကြိုပြောထားတာပါ။ ရာနှုံးတော့ နည်းပါတယ်။
အဲဒါတွေက -
အကြွင်း(၁) – အုပ်စု (က)မှာ အင်္ဂါ နဲ့ သောကြာ ၊ အုပ်စု(ခ)မှာ တနင်္ဂနွေ သားသမီး အခြင်းခြင်း။
အကြွင်း(၂) – အုပ်စု (က)မှာ ဗုဒ္ဓဟူး နဲ့ စနေ ၊ အုပ်စု(ခ)မှာ တနင်္လာ သားသမီး အခြင်းခြင်း။
အကြွင်း(၃) – အုပ်စု (က)မှာ တနင်္ဂနွေ နဲ့ ကြာသပတေး ၊ အုပ်စု(ခ)မှာ အင်္ဂါ သားသမီး အခြင်းခြင်း။
အကြွင်း(၄) – အုပ်စု (က)မှာ တနင်္လာ နဲ့ သောကြာ ၊ အုပ်စု(ခ)မှာ ဗုဒ္ဓဟူး(ရာဟု) သားသမီး အခြင်းခြင်း။
အကြွင်း(၅) – အုပ်စု (က)မှာ အင်္ဂါ နဲ့ စနေ ၊ အုပ်စု(ခ)မှာ ကြာသပတေး သားသမီး အခြင်းခြင်း။
အကြွင်း(၆) – အုပ်စု (က)မှာ တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး ၊ အုပ်စု(ခ)မှာ သောကြာ သားသမီး အခြင်းခြင်း။
အကြွင်း(၀) – အုပ်စု (က)မှာ တနင်္လာ နဲ့ ကြာသပတေး ၊ အုပ်စု(ခ)မှာ စနေ သားသမီး အခြင်းခြင်း။
အဲဒီလို ဖြစ်နေရင်တော့ အခက်အခဲ ပြဿနာလေးတွေ ရှိမယ် . . အဆင်မသင့်ရင် ချစ်သူတွေ ဖြစ်ပြီးမှ ပြန်လမ်းခွဲရတတ်တယ်။ ဒါပေမယ့် ရာနှုံးနည်းလို့ သိပ်တော့လည်း စိတ်မပူပါနဲ့။
ဖြည့်စွက်ချက်။ ။ ယောကျင်္ားလေး နှင့် မိန်းကလေး နေ့နံခြင်းတူလျှင် မည်သည့်အကြွင်းဖြစ်ဖြစ် အုပ်စုတူနေမည် ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ဖူးစာရှင်ဖြစ်ရန် အခွင့်အလမ်း ( နေ့နံမတူသော သူများထက်) ပိုမို များပြားပါသည်။ သို့သော် “အစာမကြေ” ဖြစ်နေလျှင် နည်းလမ်းတစ်ခု ထပ်တိုးပေးပါမည်။
ထိုသို့ နေ့နံခြင်း တူနေလျှင် မွေးနံ ဂဏန်းကို မယူတော့ဘဲ အင်္ဂလိပ်ရက် သက်သက်ပေါင်းကိန်း ကိုသာယူပြီး (၇)ဖြင့်စားပါ။ ရလာသော အကြွင်းတွင် - ယောကျင်္ားလေး နာမည်၏ “ဒုတိယစာလုံးနေ့နံ” နှင့် မိန်းကလေးနာမည်၏ “ဒုတိယစာလုံး နေ့နံ” များကို ကြည့်ပါ။ ထို့နေ့နံများသည် အုပ်စုတစ်ခုအတွင်း ကျနေပါက ဖူးစာရှင်ဖြစ်ရန် သေချာသလောက် ရှိပါမည်။ အုပ်စုမတူလျှင် ဖူးစာရှင်ဖြစ်ခွင့် အားနည်း သွားပါမည်။ သို့သော် နေ့နံတူခြင်းကြောင့် လုံးဝမဖြစ်နိုင်ဟုလည်း မဆိုနိုင်ပါ။
ဥပမာ - ၁၀ ရက်ဖွား ကြာသပတေးသား နှင့် ၁၇ ရက်ဖွား ကြာသပတေး သမီးဟု ဆိုပါစို့။ မွေးရက်နှစ်ခုပေါင်းလိုက်လျှင် (၂၇) ရပါမည်။ ၎င်းကို (၇)ဖြင့်စားလျှင် (၆)ကြွင်းပါမည်။ ယောကျင်္ားလေးအမည်မှာ “မင်းအောင်ဇော်” ၊ မိန်းကလေးနာမည်မှာ “ဖြူစင်မိုး” ဆိုပါစို့။ ဒုတိယစာလုံးများဖြစ်သော “အောင်” တနင်္ဂနွေ နှင့် “စင်” အင်္ဂါ တို့မှာ (၆)ကြွင်းအတွက် တစ်အုပ်စုတည်း ကျနေခြင်းကြောင့် ဖူးစာဖက် ဖြစ်ဖို့ သေချာပါမည်။ ထိုသို့ယူပါ။
မှတ်ချက်။ ။ နာမည် (၂)လုံးသမားများအတွက် ဒုတိယစာလုံးသည် နောက်ဆုံးနေ့နံပင် ဖြစ်ပါမည်။ ယောကျင်္ားလေး၏ “မင်းအောင်ဇော်” မဟုတ်ဘဲ “မင်းဇော်” ဖြစ်နေလျှင် ဒုတိယစာလုံးအဖြစ် “ဇော်” အင်္ဂါနံကို ယူရပါမည်။
အချစ်ရေးနဲ့ မကင်းနိုင်ကြသူများ အားလုံး ကံကောင်းအဆင်ပြေကြပါစေ။
Credit
ဒေါက်တာတင်ဗိုလ်ဗိုလ်

ပဲခူး ဆယ်မိုင်ကုန်း မဟာဝိဟာရ ကျောင်းတိုက် ရှိ သံ ဃာအပါး 150 အား နေ့ဆွမ်းသွားရောက် လှူဒါန်း ဆက်ကပ်ခဲ့စဉ် အမှတ်တရမိသားစု ဓ...
24/08/2023

ပဲခူး ဆယ်မိုင်ကုန်း မဟာဝိဟာရ ကျောင်းတိုက် ရှိ သံ ဃာအပါး 150 အား နေ့ဆွမ်းသွားရောက် လှူဒါန်း ဆက်ကပ်ခဲ့စဉ် အမှတ်တရမိသားစု ဓါတ်ပုံရိုက်ယူခဲ့သည်

15/07/2022
🤔🤔🤔 ဘာဟင်းချက်ရင်ကောင်းမလဲ ???      ဆိုတဲ့အ‌တွေးကတော့ မီးဖို‌ချောင်ကိုတာဝန်ယူထားရတဲ့အိမ်ရှင်မတွေအတွက် အမြဲလိုလို စိတ်ရှု...
09/07/2022

🤔🤔🤔 ဘာဟင်းချက်ရင်ကောင်းမလဲ ???

ဆိုတဲ့အ‌တွေးကတော့ မီးဖို‌ချောင်ကိုတာဝန်ယူထားရတဲ့အိမ်ရှင်မတွေအတွက် အမြဲလိုလို စိတ်ရှုပ်စေတဲ့ ကိစ္စတစ်ခုပါ။အခုလို အစစအရာရာ ဈေးကြီးနေတဲ့အချိန်မှာတော့ ပိုပြီးစိတ်ရှုပ်ရပါတယ် 😓😓😓

ဒီတစ်ပါတ် Weekend မှာတော့ မင်မင်က အိမ်ရှင်မတွေအတွက် စိတ်ချမ်းသာစေမယ့်အပြင်၊ စားရမယ့်သူတွေအတွက်လည်း ခံတွင်းတွေ့စေမယ့် ဟင်းချက်နည်းလေးတစ်မျိုး ပြောပြပေးသွားပါမယ်နော် 😊😊😊

ဒီဟင်းလေးကတော့ ချက်ရတာ အရမ်းလွယ်ကူတဲ့အပြင် အကုန်အကျလဲသက်သာပါတယ်။လိုအပ်တဲ့ ပါဝင်ပစ္စည်းလေးတွေကတော့ .....

- မျှစ် (၂၅)ကျပ်သား (ပြုပ်ပြီးသားလေးတွေဈေးမှာရပါတယ်)
- သကြား ( ထမင်းစားဇွန်း ၁ဇွန်း )
- ငံပြာရည် ( ထမင်းစားဇွန်း ၁ဇွန်း )
** အရသာလေးလေးစားတတ်ပါက မိမိစိတ်ကြိုက်ထပ်ထည့်လို့ရပါတယ်နော် **
- ကြက်သွန်ဖြူ ( ၅ မွှာ ပါးပါးလှီးထားပါ )
- မဆလာ ( အထုပ်သေး ၁ ထုပ်စာ )
- ဆီ ( ထမင်းစားဇွန်း ၁ဇွန်း )
- သံပုရာသီး ( အသေးတစ်‌လုံး )
** အချဉ်သိပ်မကြိုက်လျှင် လျှော့ထည့်လို့ရပါတယ် **

ပါဝင်ပစ္စည်း‌လေးတွေ အကုန်ထည့်ပြီး တစ်ခါထဲ လုံးချက်လို့ရပါပြီရှင့်။ မျှစ်ကလေးကို အနည်းငယ်နူးချင်ရင်တော့ ရေလေးနည်းနည်းထည့်ပြီး ခနစောင့်ပေးပါ။ မျှစ်လေးတွေနူးလာပြီဆိုရင် ငရုပ်သီးစိမ်း (၅) တောင့်ကို ထက်ခြမ်းခွဲပြီးထည့်ပါ။ ဆီပြန်လာပြီဆိုရင်တော့ ချက်ရတာအလွန်လွယ်ကူပြီး အကုန်အကျသက်သာတဲ့အပြင် အလွန်ထမင်းစားမြိန်စေမယ့် " မျှစ်ဘိကစပ် " ဟင်းလေးတစ်ခွက်ရပါပြီနော် 🤤🤤🤤

အခုပြောပြပေးခဲ့တဲ့နည်းလေးက ထားဝယ်နည်းလေးဖြစ်တာမို့ အချဉ်အတွက် ပအုန်းရည်ကိုသုံးရပါတယ်။ ဒါပေမယ့် ပအုန်းရည် အစစ်ဟာ ရဖို့ မလွယ်တာကြောင့် သံပုရာသီးနဲ့ချက်နည်းလေးပဲပြောပြပေးလိုက်ပါတယ်‌ရှင့် 😊😊

ချစ်ရတဲ့ အသဲတို့အားလုံး အဆင်ပြေကြပါစေရှင့် 🥰🥰🥰

📌ငါးပိရေကျို ပါမှ ထမင်းစားမြိန်တဲ့သူတွေ၊📌 ထမင်းစားမကောင်းလို့ ငါးပိရေကျိုမွှေးမွှေးလေးနဲ့စားချင်တဲ့သူတွေ📌 သွေးတိုးရှိလို...
08/07/2022

📌ငါးပိရေကျို ပါမှ ထမင်းစားမြိန်တဲ့သူတွေ၊

📌 ထမင်းစားမကောင်းလို့ ငါးပိရေကျိုမွှေးမွှေးလေးနဲ့စားချင်တဲ့သူတွေ

📌 သွေးတိုးရှိလို့ ငါးပိရေကျို ကြိုက်ရဲ့သားနဲ့ မစားရဲတဲ့သူတွေအတွက်

#အိမ်ရှင်မငါးပိရေကျိုလေးရှိပါတယ်☺

✅ သဘာဝအတိုင်း အနည်းဆုံး ခြောက်လနှပ်ထားတဲ့ ရေချိုငါးလေးတွေနဲ့သာ သီးသန့်လုပ်ထားတဲ့
ဓာတုဆေးလုံးဝမပါတဲ့

#နတ်တလင်းမြို့ကနေ
ထုတ်လုပ်ထားတဲ့အိမ်စားငါးပိရေကျိုစစ်စစ်ပါ
ဆားမငန်ပဲ ရေချိုငါးရဲ့အချိုအရသာနဲ့ ထမင်းမြိန်ပြီး ဗီတာမင်အပြည့်ပါတဲ့ ငါးပိရေကျိုပါ

❌ ❌❌ ငါးပိအများစုမှာတွေ့ရတတ်တဲ့ ထမင်းအစိလိုက်(ထမနဲ) တွေလုံးဝမပါပါဘူးနော်။ ❌❌❌

💯💯 ငါးဇင်ရိုင်း၊ ငါးနှပ်၊ ငါးဖျင်းစလပ် အစရှိတဲ့ရေချိုငါးလေးတွေနဲ့ လုပ်ထားတာပါနော် 💯💯
စားတဲ့သူတိုင်းကြိုက်ကြတဲ့သဘာဝငါးပိရေကျိုလေးပါ

မင်မင်ကိုယ်တိုင်ကလည်း ငါးပိရည်ကြိုက်နှစ်သက်သူတစ်ယောက်အနေနဲ့ နတ်တလင်းဒေသထွက် အရည်သွေးကောင်းမွန်တဲ့ ရေချိုငါးပိကောင်းလေးတွေကို ​ အသဲတို့အားလုံး စား​စေချင်လို့ ရောင်း​ပေးမယ်နော်။ ✅✅ အရည်အသွေးကတော့ ရှယ်ကောင်းပဲရှင့်။ ✅✅

#အိမ်ရှင်မငါးရံ့ငါးပိရေကျို
၃၀သားဘူး ၄၅၀၀ကျပ်
၅၀သားဘူး ၇၀၀၀ကျပ်
(🔺🔺🔺ငါးရံ့ငါးပိလေးက တန်ချိန်လေးနည်းလို့ အကန့်အသန့်ရှိတာမို့ ဦးရာလူယူပါနော်)

#အိမ်ရှင်မရဲ့သုံးမျိုးစပ်ငါးပိရည်
၁ပိဿဘူး ၆၀၀၀ကျပ်
၅၀သားဘူး ၃၅၀၀ကျပ်
၂၅သားဘူး ၂၀၀၀ကျပ်

#ဘိတ်မျှင်ငါးပိ ၂၅သားဘူး ၃၅၀၀ကျပ်
#ဘိတ်မျှင်ငါးပိ ၅၀သားဘူး ၆၅၀၀ကျပ်
#ဘိတ်မျှင်ငါးပိ ၁ပိဿာဘူး ၁၂၀၀၀ကျပ်

#အိုးတတ်ငံပြာရည် တစ်ဗူး ၂၀၀၀ကျပ်

🔴သာကေတဒေါပုံပို့ခပေးစရာမလိုပါ
ဗိုလ်တထောင်,ကျောက်တံတား,လသာ,မင်္ဂလာတောင်ညွှန့်,ရေကျော် ပို့ခ-၁၀၀၀ကျပ်ပါ
ကျန်မြို့နယ်များပို့ခ-၁၅၀၀,၂၀၀၀ကျပ်ပါရှင်

🛑 ရန်ကုန်မြို့တွင်း အိမ်အရောက် ငွေချေ စနစ်/
ဖြင့် ချိုသာသောပို့ခ နှုန်းထားများဖြင့် ပို့ဆောင်ပေးနေပါပြီရှင်..

🛑 နယ်မှ မှာယူလိုသူများအတွက်လဲ ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်တင်ပေးပါတယ်။

လူကြီးမင်းတို့ အနေဖြင့် စိတ်၀င်စားလို့မှာယူချင် တယ်ဆိုရင်တော့ Ph (or) Chat Box သို့ အမည် ဖုန်းနံပါတ် နေရပ်လိပ်စာ ပစ္စည်းတို့ကို ပေးပို့ပြီး မှာယူနိုင်ပါတယ်။

📱📱📱 09- 971814252/09- 43094206

🙏🙏🙏 မှာယူအားပေးကြသော မိတ်ဟောင်း မိတ်သစ်များအားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာကြပါစေ...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အားလုံးပဲ မင်္ဂလာပါရှင့်။😊😊😊 ဒီတစ်ပတ် Weekend လေးမှာတော့ မင်မင်က ထမင်းစားဖို့အချိန်ရောက်တိုင်း ပတ်ပြေးတတ်လွန်းလို့နောက်က...
02/07/2022

အားလုံးပဲ မင်္ဂလာပါရှင့်။😊😊😊 ဒီတစ်ပတ် Weekend လေးမှာတော့ မင်မင်က ထမင်းစားဖို့အချိန်ရောက်တိုင်း ပတ်ပြေးတတ်လွန်းလို့နောက်ကနေတကောက်ကောက် ထမင်းလိုက်ခွံ့ရ‌နေတဲ့ ဖေဖေ၊မေမေ တို့ရဲ့ အသည်းကျော် သားသား၊မီးမီးလေးတွေ အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီးအရသာလည်းရှိစေမယ့် ဟင်းလျှာလေးတွေ ချက်ပြုတ်နည်းနဲ့ ideas လေးတွေ ပြောပြပေးသွားပါမယ်နော်။ဒီဟင်းလေးတွေနဲ့ဆိုရင်တော့ သားသား၊မီးမီးတို့က ဗိုက်ဆာပီ ဖေဖေနဲ့မေမေရေ လို့လာပြောမှာ‌‌ စောင့်နေယုံပါပဲရှင့် 🥰🥰🥰
ဟုတ်ကဲ့ပါ ဒီတစ်ပတ်တော့ ဟင်းလေးတစ်မျိုးနဲ့စလိုက်ရအောင်နော် 🤤🤤🤤

Honey Garlic Shrimp

ဒီ Honey Garlic Shrimp လေးပြုလုပ်ဖို့ပါဝင်ပစ္စည်း 6 မျိုး နှင့် အချိန် 15 မိနစ်‌လောက်သာလိုပါတယ်‌နော်။ ပါဝင်ပစ္စည်းလေးတွေနဲ့ ဟင်းချက်နည်းကို ပုံလေးတွေအောက်မှာကြည့်ပေးပါရှင့်။

😃😃😃 တစ်ပတ်လုံး စိတ်ရှုပ်ခဲ့၊ ပင်ပန်းခဲ့ ရသမျှ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်လေးနှစ်ရက်မှာ အပီနှပ်ချင်ပေမယ့် ကိုယ့်ရဲ့အနားယူရမ...
21/05/2022

😃😃😃 တစ်ပတ်လုံး စိတ်ရှုပ်ခဲ့၊ ပင်ပန်းခဲ့ ရသမျှ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်လေးနှစ်ရက်မှာ အပီနှပ်ချင်ပေမယ့် ကိုယ့်ရဲ့အနားယူရမယ့်အချိန်လေးတွေအကုန်ခံပြီး ဟင်းချက်ရဦးမှာမို့ စိတ်ညစ်နေပြီလား ...
အဲ့ အတွက်တော့ ဘာမှစိတ်ညစ်မနေပါနဲ့။မင်မင်တို့ရဲ့ Post လေးကိုအချိန်ခနလေးပေးပြီးသာကြည့်လိုက်ပါ။
💯💯 မင်မင်တို့ရဲ့ ဟင်းလျာလေးတွေကို အော်ဒါရမှ ချက်ပြုတ်ပေးတာဖြစ်တဲ့အတွက် သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အပြင် ဒီနေ့မှာ မနက်ဖြန်ရ ဆိုတော့ အသဲတို့အတွက် အဆင်ပြေပီပေါ့။
👍👍 ပို့ဆောင်ခလေးတွေကလည်း အသက်သာဆုံးနှုန်းထားလေးတွေဖြစ် တဲ့အပြင် KBZ Pay/Wave Money တို့မှလည်း (%) လုံးဝပေးစရာမလိုပဲ ငွေရှင်းနိုင်တာဖြစ်လို့ အခုပဲ ရရှိနိုင်တဲ့ Menu လေးတွေကိုကြည့်လိုက်တော့နော် 🤤🤤🤤

Korean Spicy Fried Chicken ( Drumsticks ) (၂)ပွဲ၊ ကြက်သားအာလူးကတ်တလိတ် (၁)ပွဲ၊ ပုဇွန်ချဉ်‌ပေါင်ကြော် (၁)ပွဲ မှာယူအားပေးတ...
14/05/2022

Korean Spicy Fried Chicken ( Drumsticks ) (၂)ပွဲ၊ ကြက်သားအာလူးကတ်တလိတ် (၁)ပွဲ၊ ပုဇွန်ချဉ်‌ပေါင်ကြော် (၁)ပွဲ မှာယူအားပေးတဲ့ ကာကာ့ ကို အထူးကျေးဇူးတင်ပါတယ်ရှင့် 🥰🥰🥰

🥰🥰🥰 မင်္ဂလာပါ သဲ‌လေးတို့ရေ။မင်မင်တို့ရဲ့ ဟင်းလျာလေးများကို ကြိုက်နှစ်သက်လို့ အမြဲမှာယူအားပေးကြတဲ့ ကာကာများအားလုံးကို အထူ...
04/05/2022

🥰🥰🥰 မင်္ဂလာပါ သဲ‌လေးတို့ရေ။မင်မင်တို့ရဲ့ ဟင်းလျာလေးများကို ကြိုက်နှစ်သက်လို့ အမြဲမှာယူအားပေးကြတဲ့ ကာကာများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင့် 🥰🥰🥰

💯💯 မင်မင်တို့ရဲ့ Food Menu တွေအားလုံးကို ကျန်းမာရေးနှင့်ညီညွတ်စေရန် ၁၀၀% ပဲဆီသန့်ဖြင့်သာချက်ပြုတ်ပီး ၊ အချိုမှုန့်လုံးဝ(လုံးဝ) မသုံးပါဘူးနော် 🚫🚫

ရန်ကုန်မြို့တွင်း Cash on delivery ပါနော်
နယ်ဆိုရင်လည်း ငွေလွှဲဝင်ပီးတာနဲ့ ကားဂိတ်ကိုပို့ပေးပါတယ်ရှင့်☺☺️
သာကေတ/ဒေါပုံ မြို့နယ်အတွင်းဆိုရင်တော့ Deliခ 1000 Ks ပဲကျသင့်မှာပါရှင့် 👍👍
Page Messenger သို့မဟုတ် 📱📲 09-971814252 / 09-43094206 သို့လည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ☺️☺️
KPay / Wave Money နဲ့လည်းငွေရှင်းလို့ရပါတယ်။ (%) လုံးဝပေးဖို့မလိုပါဘူးနော်။😍😍

Address

R301, B007, Myin Taw Thar Housing, Tharketa Tsp, ရန်ကုန်, Myanmar (Burma)
Yangon
11231

Telephone

+959971814252

Website

Alerts

Be the first to know and let us send you an email when Phoe Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share