Hungry Friday

Hungry Friday Online food & restaurants directory for foodies!

ကြက်သားလုံးကြက်ချိုချဉ်ချက်နည်း 🍗🍗🍗မင်မင်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး လုံးဝ မပျော်ခဲ့ဘူး .. နေ့တိုင်း မဟုတ်ပေမယ့် တ...
20/02/2021

ကြက်သားလုံးကြက်ချိုချဉ်ချက်နည်း 🍗🍗🍗

မင်မင်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး လုံးဝ မပျော်ခဲ့ဘူး .. နေ့တိုင်း မဟုတ်ပေမယ့် တချို့ ရက်တွေ အပြင်ထွက်ပြီး ဂျန်ဇီ ကိုဝန်းရံပေးဖြစ်တယ်.. ဂျန်ဇီ နောက် ကို မလိုက်ဖြစ်တဲ့ နေ့မျိုး စိတ်သက်သာရာရဖို့ ဖေဖေ နဲ့ မေမေ အတွက် ဟင်းချက်ပြုတ်ကျွေးဖြစ်တယ်... မင်မင်တို့ မိန်းကလေးတွေ စိတ်တည်ငြိမ်ဖို့အတွက် ဟင်းချက်တာက အကောင်းဆုံးလို့ထင်မိတယ်...ဒါကြောင့် ဖေဖေ၊ မေမေ ကို ကြက်ချိုချဉ် ချက်ကျွေးဖြစ်တယ် 🍛🍛🍛

ကြက်သားလုံး ကြက်ချိုချဉ်ချက်တဲ့အခါ
၁-ကြက်သား
၂-ပန်းဂေါ်ဖီ
၃ - ငရုတ်ပွ
၄-ကြက်သွန်ဖြူ၊ ကြက်သွန်နီ (တုံးတုံးလေးတွေလှီး)
၅ - အချဉ်ရည်က chito သုံးလိုက်တယ်
၆-ရှာလကာရည်
၇-သကြား
၈-ဆား
၁၀- တန်ပူရာမှုန့်
၁၁- ကြက်ဥ
၁၂-ကော်မှုန့်

ပထမဦးစွာ ကြက်သားကို ကျိတ်ပါ။ ကြက်ဥ ၂ လုံးခေါက်ထားပါ .. ပြီးတော့ ကျိတ်ထားတဲ့ကြက်သားထဲထည့်ပါ.. ကြက်ဥနဲ့ ရောထားတဲ့ ကြက်သားထဲကို ဆား၊ သကြားအရသာသွင်းပြီးနယ်ပါ
ကြက်သားလုံးတဲ့အခါ အဆင်ပြေဖို့ တန်ပူရာမှုန့်ထည့်ပြီးလုံးပါတယ်.. ပြီးတော့ ကြက်သားလုံးတွေ ကြော်ပါ... ကြော်ပြီးဆယ်ထားပါ

အချဉ်စပ်ပါ🫕🫕🫕
Chito ခရမ်းချဉ်သီးအချဉ် ၊ ရှာလကာရည်၊ ဆား၊ သကြား ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန်ထည့်ပြီး မွှေထားပါ။

ပြီးရင်ကြက်သွန်ဖြူ၊ ကြက်သွန် နီ အတုံးလိုက်လှီးထားတာ ကို ဆီသတ်ပါ၊ ဂေါ်ဖီပန်းနဲ့ ငရုတ်သီးပွ ထည့်ပါ။ ပြီးရင် စပ်ထားတဲ့ အချဉ်ရည် ထည့် ကော်မှုန့် အနည်းငယ်ထည့် ကြက်သားလုံးထည့်ပြီး သမအောင်မွှေပါ.. အရသာရှိတဲ့ ကြက်ချိုချဉ်ကြော် ကိုစားရမှာဖြစ်ပါတယ်☺️☺️☺️
လျှာရင်းမြက်မြက်စားနိုင်ပါစေရှင် 😋😋😋

🚘🚘ကိုယ့်ကားနဲ့ကိုယ်သွားရင်အစားအသောက်ပါ ၅၀၀၀ နဲ့ Day Trip ထွက်လို့ရတဲ့နေရာ 🚘🚘Hungry Friday ရဲ့မူက တကယ်ကောင်းမှ အညွှန်းရေး...
04/01/2021

🚘🚘ကိုယ့်ကားနဲ့ကိုယ်သွားရင်အစားအသောက်ပါ ၅၀၀၀ နဲ့ Day Trip ထွက်လို့ရတဲ့နေရာ 🚘🚘

Hungry Friday ရဲ့မူက တကယ်ကောင်းမှ အညွှန်းရေးပေးတာပါ .. ပိုက်ဆံနဲ့ရေးတာ မဟုတ်လို့ တကယ်ကောင်းမှ ရေးပေးဖြစ်တယ်။

COVID ကာလဖြစ်လို့စားသောက်ဆိုင် အညွှန်းတွေလည်း မင်မင်မရေးဖြစ်တာ ကြာပါပြီ ...
ဒီပိတ်ရက်မှာ မင်မင်ညီမလး ဇနီးမောင်နှံက ခေါ်လို့ အတူသွားဖြစ်တဲ့ လယ်တောလေး ကို စိတ်ချမ်းမြေ့ရလွန်းလို့ မင်မင် အညွှန်းလေး ရေးပေးချင်ပါတယ် ...

🚘🚘ကိုယ့်ကားနဲ့ ကိုယ်သွား ရင် ရန်ကုန်ကနေ ၂ နာရီဝန်းကျင်လောက် ကားမောင်းရပါတယ် အမြန်လမ်း ၃၉ မိုင်ရောက်ရင် ဘယ်ဘက်ကွေ့ပြီးသွားရတာပါ🚘🚘

Social Distancing ဖြစ်လို့ ကြိုတင် booking လုပ်ပြီး အဖွဲ့ အရေအတွက် ကန့်သတ်ချက်နဲ့ လက်ခံပေးတာပါ

Farm ကို ရောက်တာနဲ့ Farm ပိုင်ရှင်မက အဖွဲ့အလိုက် နားနိုင်တဲ့ တဲလေးတွေကို နေရာ လိုက်ပြပေးတယ်.. ကိုယ့်တဲ မှာ ကိုယ့် အဖွဲ့ နား ..
နေ့လည်စာကို Farm ပိုင်ရှင်မကိုယ်တိုင် ချက်တဲ့ ထမင်းနဲ့ ဟင်းကျွေးတယ် 🍛🍤🥠
🍗🍗မင်မင်တို့ သွားတဲ့နေ့က ကြက်ဗူးသီးကာလသားချက်🍗🍗
ခရမ်းသီးနှပ်နဲ့ ငပိရည် တို့စရာ 🥗🥗🥗
အရမ်းစားလို့​ကောင်းတယ် .. ကြော်ငြာပေးတာ မဟုတ်ဘူး .. မင်မင်လို အစားနည်းတဲ့သူက ထမင်း ၂ ပန်းကန် ထည့်ရတယ် ။ ရေနွေးကြမ်းလေးလည်းတိုက်တယ်

👌👌စီးပွါးဖြစ်လုပ်တဲ့နေရာ မဟုတ်လို့ Farm ပိုင်ရှင်မနဲ့အတူ လည်လည်သွားသူတွေ ဝိုင်းကူလုပ်ပေးလို့ရတယ် .. ဒါပေမယ့် Farm ပိုင်ရှင်မက သူ့ဘာသူပဲ လုပ်သွားတာပါ.. 👌👌

🙅‍♂️Farm ကစီးပွါးဖြစ်လုပ်တာမဟုတ်လို့ ဘာမှ ဝယ်စားလို့မရပါဘူး🙅‍♂️
ကော်ဖီကြိုက်တတ်ရင် ကိုယ့်ကော်ဖီဘူးလေး ယူလာပါ.. ကိုယ်ကြိုက်တဲ့မုန့်သယ်လာပါ .. ခေါင်းအုန်းသေးသေးလေး သယ်လာပါ ...
ဟင်းလင်းပွင့်တဲလေးမှာ နေရောင်ဖျဖျလေးခံရင်း စာအုပ်ဖတ် .. ကော်ဖီသောက်ရင်း မြို့ပြနဲ့ အလုပ်တွေရဲ့ မွန်းကျပ်မှုတွေကနေ ခဏ ထွက်ပြေးလို့ရပါတယ် 👩‍🌾👨‍🌾
🌱🌿🍀☘️🍃လယ်တော ၁ ခုလုံး ကိုပတ်စီးနေတဲ့ စမ်းချောင်းလေးရှိတယ် 🌴🌳☘️
💐🌸🌼အပင်စုံရှိတယ်🌺🌸🌼

သန့်ရှင်းတဲ့ အိမ်သာလေး ရှိတယ် (ဒါကအရေးကြီးတယ်

⛔️အမှိုက်ဖွလို့မရဘူး ⛔️

🎥📷📸ဓာတ်ပုံရိုက်စရာ နေရာ အများကြီးရှိတယ် 📷📸🎥

🐇🐇🐒🐒🐒ယုန်လေးတွေ ၊ မျောက်လေးတွေ သမင်လေးလည်းရှိတယ် .. အကောင်လေးတွေကိုကြည့်လို့ရတယ်...🐒🐒🐒🐰🐰🐰

ချောင်းထဲမှာ ငါးမျှားလို့ရမရ တော့ Farm ပိုင်ရှင်မမ ကို မေးကြည့်ပါနော်

🐶🐕တိလေးတွေလည်း ခေါ်သွားလို့ရတယ် .. ကျယ်ကြီးပဲမို့ မဆင်ပြေပါတယ်🐩🐕

Farm ပိုင် မ မွေးထားတဲ့ ရွှေလူးဆိုတဲ့မျောက် 🐒လေးကလည်း အရမ်းယဉ်ပြီး လူလေး အတိုင်း အလေးတွေနဲ့ အတူတူကစားပါတယ် 🐒🐒

Farm နာမည်က ရွှေရိုးfarm ပါ .. page လည်း ရှိပါတယ် .. မင်မင် google map 🗺 လည်း နောက်ဆုံးပုံမှာထည့်ပေးထားပါတယ်..
လည်လည်သွားဖို့ Booking လုပ်ချင်ရင် ☎️+95 9695007750 ☎️ကို ဆက်သွယ်နိုင်ပါတယ်

အိမ်မှာတင် Chocolate Cake  ဖုတ်စားကြမယ်  🥮ကပ်ရောဂါဆိုးကြီးကြောင်း အိမ်မှာနေပြီး ပျင်းနေကြပြီလား??? မင်မင်လည်း အလုပ်တွေ မ...
12/04/2020

အိမ်မှာတင် Chocolate Cake ဖုတ်စားကြမယ် 🥮

ကပ်ရောဂါဆိုးကြီးကြောင်း အိမ်မှာနေပြီး ပျင်းနေကြပြီလား???

မင်မင်လည်း အလုပ်တွေ များလွန်းလို့ Hungry Friday မှာ ဘာမှ သိပ်မတင်ဖြစ်ဘူး…
Stay at home မှာ ကိုယ်ချစ်တဲ့ မိသားစု ကို မုန့်လုပ်ကျွေးရင်း စိတ်ဖိစီးမှု တွေ ကိုလျှော့ချကြမယ် 🥮🥮
အားလုံးပဲ ကပ်ဘေးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြပါစေရှင်🙏🙏🙏

ပါဝင်ပစ္စည်များ
------

1. ဂျုံ (cake flour) ကော်ဖီခွက်နဲ့ တစ်ခွက်
2. ကွကျဥ ၂ လုံး
3. သကြား ကော်ဖီခွက် နဲ့ တစ်ဝက် (သို့ မဟုတ်) ၃ ပုံ ၁ပုံ (အချို ကြိုက်တာ၊ မကြိုက်တာပေါ် မူတည်ပြီး အတိုးအလျှော့လုပ်ပါ)
4. မုန့်ဖုတ်တဲ့ထောပတ်ခဲ တစ်တုံး ရဲ့ ၃ ပုံ ၁ ပုံ
5. ဗင်နီလာ အနံ့ (Tea Spoon နဲ့ တစ်ဇွန်း)
6. ဘေကင်ပေါင်ဒါ (Tea spoon နဲ့ အနည်းငယ်)
7. ဘေကင်ဆိုဒါ (Tea spoon နဲ့ အနည်းငယ်)
8. Co Co Powder (Tea Spoon နဲ့ ၃ ဇွန်း)

ပြုလုပ်ပုံ
-----
ပထမအဆင့်အနေနဲ့ ဇလုံတစ်ခုထဲမှာ အကုန်လုံးကို ရောထည့် ပြီး မွှေပါ (Mixer ရှိရင် Mixer နဲ့မွှေ) မရှိရင် ကိုယ့်ဘာသာ လက်နဲ့ မွှေပါ။ မွှေပြီး လို့ အရမ်းပြစ်ရင် နို့ (သို့မဟုတ်) ရေကျက်အေးထည့်ပြီး အပြစ်အကျဲ ချိန်ညှိပါ။
မိမိဖုတ်လိုသော ဗန်း (သို့) ခွက်ထဲ ထည့်ပါ။ ထည့်သည့် အခါ တွင် ထောပတ်ဆီ သုတ်လိမ်းပါ။
မုန့်ဖုတ်တဲ့အခါ
အပူချိန် ၂၀၀ဒီဂရီ စင်တီဂရိတ် (အောက်မီး -၂၅ မိနစ်) Oven ပေါ်မူတည်ပြီး ချိန်ညှိပါ
အပေါ်မီး ၁၄၀ ဒီဂရီစင်တီဂရိတ် (၅ မိနစ်) Oven ပေါ်မူတည်ပြီး ချိန်ညှိပါ
မုန့်သား ကျက်မကျက်ကို သွားကြားထိုးတံ (သို့) ခရင်းနှင့် ထိုးကြည့်ပါ။
ထိုးကြည့်လို့ မုန့်သား ကပ်ပါမလာရင် မုန့်သားကျက်ပါပြီ။
အနေတော် ဆိုရင် အရသာ ရှိတဲ့ Chocolate Cake လေး ရပြီပေါ့…
လျှာရင်းမြက်မြက်လေး စားနိုင်ပါစေ😊😊

💕💕ချစ်သူနဲ့ Ro ဖို့  ဘယ်သွားရမှန်း မသိသူတွေ အတွက် V-day Special တွေ ကို Hungry Friday က ရနိုင်သလောက် စုစည်းတင်ပြထားပါတယ်...
13/02/2020

💕💕ချစ်သူနဲ့ Ro ဖို့ ဘယ်သွားရမှန်း မသိသူတွေ အတွက် V-day Special တွေ ကို Hungry Friday က ရနိုင်သလောက် စုစည်းတင်ပြထားပါတယ်နော် 💕💕

👄မနက်ဖြန်ဆို ချစ်သူများနေ့ ရောက်ပြီနော် 👄

V-Day မှာ ချစ်သူ နဲ့ Date လုပ်ဖို့ ကိုကိုတွေ မောင်တွေ ခေါင်းစားမှာပေါ့။ ချစ်သူနဲ့ ဘယ်ဆိုင်တွေ သွားမလဲ
👱‍♀️👨‍🦱

အဲ့ဒီ့ ဆိုင်တွေ မှာ ဘာအစီအစဉ် တွေ ရှိသလဲ ဆိုတာ ကို Hungry Friday က စုစည်းတင်ပြလိုက်ပါတယ်နော်……
ကိုရီးယားဗိုလ်ကြီး မေ့ပြီး Hungry Friday ကို အမြန် See Firstလုပ်ထားပြီး V-Day အတွက် ဆိုင်တွေ ရွေးချယ်လိုက်ပါနော် 👌👌👌

1-Karaweik Place
~ ဖေဖော်ဝါရီလ (1) ရက်နေ့မှ (29) ရက်နေ့အထိ ချစ်သူစုံတွဲ နှစ်ဦးအတွက် တစ်ဦးစာပဲပေးချေရမယ့် Pay for 1 Valentine ~
ကရဝိက်နန်းတော်ကြီးမှ Valentine Day အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ (1) ရက်နေ့မှ (29) ရက်နေ့အထိ ချစ်သူစုံတွဲတိုင်းအတွက် နှစ်ဦးလာရောက်ပါက တစ်ဦးစာပဲပေးချေရမည့် Pay for 1 Valentine အစီအစဉ်ကို ဖန်တီပေးထားတယ်တဲ့
ဟင်းပွဲအမျိုးပေါင်း (120) ကျော်ပါဝင်တဲ့ International Buffet နဲ့ မြန်မာ့ရိုးရာအကအလှတွေကို ညစဉ် (6:00PM) မှ (8:30PM) အထိ ခင်းကျင်းတင်ဆက်ပေးလျှက်ရှိတာကြောင့် ချစ်ရတဲ့ ချစ်သူနဲ့အတူ သာယာကြည်နူးဖွယ် ပျော်ရွှင်စရာအချိန်တစ်ခုဖန်တီးနိုင်ဖို့အတွက် Hungry Friday က Share ပေးလိုက်ပါတယ်နော်
International Buffet with Culture Show
6:00PM to 8:30PM
Reservation Hotline: 09 459 222 222
------------------------------------------
2-Epic+ Bar & Grill
💁 💁 MasterChef myanmar (season 2 winner )👑👑 ကိုအာကာ👑👑က ချစ်သူစုံတွဲလေးတွေ💑💏 အတွက်
🎀Valentine's day Special Set Menu 🎀
2ခု ပြင်ဆင်ပေးထားတယ်တယ်တဲ့
🎸🎻🎶 နောက်ပြီး Unplugged🎶 လေးလဲ ပါအုံးမှာ
အေးဆေး feel ရုံပဲ 🍷🍤✌
☎☎☎ Reservation လုပ်ထားသူတွေ အတွက် အထူး special အစီအစဉ် လေးတွေလဲ စီစဉ်ပေးထားတယ်တဲ့
👇👇👇
ဒါတင်ပဲ မဟုတ်သေးဘူးနော်
သူများတွေ v-dayအတွက် အစီစဉ်တွေ ဆွဲနေချိန်မှာ FA / Single တွေ ကို သတိရပေးတာ Epic+ ပဲ ရှိတယ်ဆိုတာ ယုံလိုက်ပါ
👉👉For FA / Single only😁 အထူးအစီအစဉ်ကတော့
သူများတွေ Ro နေချိန်မှာ အားမငယ်ရအောင်🍻🍻 Myanmar beer 🍻🍻နဲ့အဖော်ပြုဖို့
👉👉 buy 2🍻🍻 get 1🍻 beer promotion 👈👈ပေးထားသေးတယ်တဲ့……..

No.41, Corner of Parami Road and Hnin Si Road (4.70 km)
11081 Yangon
09 255 863 839
-------------------
3- The Manhattan FISH MARKET
ချစ်သူများအတွက် The Manhattan FISH MARKET ၏ Valentine’s Day Menu နှင့်အစီအစဉ်များ
Valentine's Day အတွက်ထူးခြားတဲ့အစီအစဉ်ကတော့ Valentine's Day မင်နူးကိုချစ်သူစုံတွဲများမှာယူတဲ့အခါ "Bakes By BBB" မှအထူးဖန်းတီးပေးထားတဲ့ Love Velvet Cake ကိုလက်ဆောင်ပေးသွားမှာတဲ့နော်
Phone - 09 777 111213
--------------
4-38 station Teppanyaki Restaurant
38 station မှာ valentine package အနေနဲ့ 45,000 အနည်းဆုံး ကျသင့်မယ့်ဟင်းပွဲတွေ
အတွက်39,000 ကျပ်အထိလျော့ပေးထားပြီး desert တွေပါ package ထဲ free ပေးထားတယ်တဲ့….ဒီ package ကို နှစ်ယောက်ဝိုင်း ဆယ်ဝိုင်းပဲ လက်ခံပေးမှာ ဖြစ်လို့ booking ကြိုလုပ်ဖို့တော့ လိုတယ် နော်။
ဒီ package ကို valentine 14 ရက် နေ့တစ်ရက် တည်း မဟုတ်ဘဲ 13,14,15 Feb အထိ အသုံးပြုလို့ရပါတယ်ဆိုလို့ Hungry Friday က Share ပေးလိုက်ပါတယ်
လိပ်စာက

Urban Village MM ,Ground Floor,47 & 48th street , Mahabandola Road , Botahtaung Township, G26-49Yangon

09 797 979249
--------------------------------------
5. Chinese 47 Myanmar

အချစ်လ လို့တင်စားကြတဲ့ February လလေးမှာ Happy Valentine’s Promotion လေးအနေနဲ့........
💥3 to 21 February (6:30AM-2:30PM) အထိ
Chinese 47 Myanmar မှာ All Dim Sum Items ကို 💝25% off promotion💝 လေးပေးသွားမှာတဲ့နော်
📍CHINESE 47 Myanmar
No.91, West Shwe Gon Daing Road, Bahan
RSVP: 09 893 200 400, 09 893 200 500
----------------
6-Jan Jan Jan Japanese Restaurant
💥💥💥Promotion လေးကတော့ Jan Jan Jan (Myanmar Plaza)ဆိုင်ခွဲ ရော Jan Jan Jan (Lanmadaw)ဆိုင်ခွဲပါပေးမှာ ပါနော်.......💥💥💥
👉ဖေဖော်ဝါရီ (၁၂ )ရက်ကနေ (၁၄) ရက်ထိ Jan Jan Jan ဆိုင်ခွဲတိုင်း မှာ Ramen တစ်ပွဲ ဒါမှမဟုတ် Set menu တစ်ပွဲစားတိုင်း နောက်တစ်ပွဲကို ၅ဝရာခိုင်နှုန်း ပေးမှာ တဲ့နော် 👈
09 44044 0445
------------------------

7-World King Food & Drink
❤️LOVE MUSIC NIGHT❤️
ချစ်သူတွေ👩❤️👨 အတွက် မီးရောင်စုံနဲ့GardenထဲမှာRomantic dinner date လို့ရတယ်တဲ့ 🥂
ချစ်သူမရှိသေးတဲ့ Adminကိုကြီးလို 🤣FA တွေအတွက်ဘော်ဒါ တွေနဲ့ World King ရဲ့❤️Love Music Night Program ❤️ဖြစ်တဲ့ အမိုက်စားBand , Artists ချောချောလေးတွေရဲ့ဖျော်ဖြေမှုကိုနားဆင်မလား
Happy Hour အနေနဲ့ 7pm to 10 pm အတွင်းမှာ
Tiger Draught 🍺
Myanmar Premium Draught 🍺
၂မျိုးစလုံးကို 🍺၅ခွက်သောက် ၁ခွက်Free 🍺ရမှာတဲ့
Valentine's Day💝မှာ World King ရဲ့Ice Cream 🍦Present ပေးဦးမွာတဲ့
Call to reserve 📞- 09267886372
🔺အမှတ်၁၉ ပေါ်ဆန်းမွှေးလမ်း သုဝဏ္ဏ
8-Memory Hot Pot
ory Hotpot က Valentine’s Dayမှာ ချစ်သူလေးတွေအတွက်အထူး Promotion အနေနဲ့ 52000 ကျပ် တန်ဖိုးရှိ နှစ်ယောက်စာ Menu set ကို 35800 ကျပ် (Service charge + Tax အပြီးအစီး)တည်းဖြင့် စားသုံးနိုင်မှာတဲ့နော်---
လိပ်စာက
Address - ကျောက်ကုန်းမီးပွိုင့် အနီး…အမှတ်(34) ၊ အောင်ဇေယျလမ်းမကြီး ၊ ရန်ကင်းမြို့နယ်
Phone number - 09: 790808333
Opening hours - 10AM to 11PM
-------------
9-Arrival Bar & Restaurant
Arrival Bar ရဲ့Valentine's Day Special Dinner မှာ ဘာတွေ ပါမလဲ❓
💐Flower Bundle
🍷1 Bottle Of Red Wine
🍲Steaks (Beef/Pork/Chicken)
🍮Caramel Pudding with Strawberry Syrup

ဒီ Main Dish တွေနဲ့Dessert တွေအားလုံးကို စုံတွဲတစ်တွဲစာအတွက် 💥30,000 Kyats💥 တဲ့နော်
Arrival Bar & Restaurant
No.24/D, Nar Nat Taw Street, 8 Ward, Kamaryut Township, Yangon
☎️09 - 884803001 / 09 - 884803002📞
------------------
10-KKS B.B.Q
💝 Couples များအားလုံးအတွက် Valentine's Day Promotion
❣️ New Economy Mixed Set
❣️ Sliced Kurobuta
❣️ Egg in the Pork
❣️ Ice Cream
💖 ဒါတွေအားလုံးကိုမှ 20000 ksနဲ့ စီစဉ်ပေးထားတယ်တဲ့
🐰 🐻 ပြီးတော့ ချစ်စရာအရုပ် key chain နဲ့ Balloons လေးတွေလည်း လက်ဆောင်ပြန်ပေးဖို့ စီစဉ်ထားသေးတယ်တဲ့နော်-- 🐤 🧸
KKS Thai Food & B.B.Q (Shwe Taung Kyar Branch)
L1, Shwe Taung Kyar Street,Bahan Township, Yangon.Tel: 09 42 0000 808
---------
11-Eatfinity Restaurant
📸📸 Selfie ရိုက် Check In တင်ပေးယုံနဲ့ အရမ်းတန်တဲ့ Valentine Day Promotion တွေရရှိမယ့်အပြင်
ပထမဦးဆုံးလာရောက်စားသုံးကြတဲ့ စုံတွဲ (၅) တွဲကို
- Signature ဟင်းပွဲတစ်ပွဲ 🥘🥘
- Cake တစ်လုံး 🎂🎂
- ပန်းစည်း တစ်စည်း 💐💐
စတဲ့အမှတ်တရလက်ဆောင်တွေရရှိနိုင်မှာဖြစ်ပါတယ် 😉😉
ဒါ့အပြင် သင်ဟာ FA တစ်ယောက်ဖြစ်နေလို့ Eatfinity ရဲ့ Promotion တွေကိုလက်လွတ်လိုက်ရပြီလို့မထင်လိုက်ပါနဲ့ 🤯🤯
Valentine Day Promotion အနေနဲ့ ကြိုက်နှစ်သက်ရာဟင်းပွဲတိုင်းကို ၁၀% Discount နဲ့ Eatfinity ဆိုင်တိုင်းမှာရရှိနိုင်ဦးမှာတဲ့….
No.210, Bogyote Street , Botathaung Township.
Myanmar Yangon. 01 824 5637
------------
12-Mr. Cow Taiwanese Food & Bbq
👩❤️👨အတွဲလေးတွေအတွက် Valentine Couple Set Menu Package✌️ နဲ့ 🕺FA လေးတွေအတွက် Single Package 😋ဆိုပြီး နှစ်မျိုးရှိတယ်
Package နှစ်မျိုးလုံးမှာ 4 Main Course တောင်ပါမှာနော်✌️ အဲ့ဒါအပြင် Romantic တွေဆန်နိုင်ဖို့😎 ဝိုင် ၁ ပုလင်းစီပါ လက်ဆောင်ပေးအုံးမှာနော်😉😉
ဒီ Package လေးတွေက Feb 12 ရက်နေ့ကနေ Feb 16 ရက်နေ့အထိပေးထားတယ်တဲ့နော်
🏠 No. 330, Yangon International Hotel Compound, Alone Rd, Dagon Tsp, Yangon
☎️ 0989090096
-----
13-White Cottage Restaurant & Bar
Valentine’s Day မှာ ကိုယ့်ရဲ့ချစ်သူလေးနဲ့ romantic ဆန်ဆန်ဖြတ်သန်းနိုင်ဖို့အတွက် အရမ်းရိုတဲ့ gold class cinema couple seat ticket, flower bouquet, teddy bear နဲ့အခြား lucky draw အစီအစဉ်တွေပါမယ့် White Cottage မှ သီးသန့်စီစဉ်ထားတဲ့ “Romantic Candle Light Dinner” အကြောင်းပြောပြမယ်နော်

Live music နားထောင်ရင်း welcome sparkling wine လေးနဲ့တွဲဖက်သုံးဆောင်နိုင်မယ့် (4) course set menu ကို လှပတဲ့အပြင်အဆင်တွေနဲ့အတူသုံးဆောင်နိုင်မှာဖြစ်လို့ အမှတ်တရဓာတ်ပုံလှလှလေးတွေလဲရိုက်လို့ရပြီတဲ့နော်
အထူးပြင်ဆင်ထားတဲ့ VIP တစ်ဝိုင်းကို ဦးရာလူစနစ်နဲ့ reservation confirm လက်ခံပေးမဲ့အပြင် couple table လေးတွေကလည်း limited seats မို့လို့ အခုပဲ reserve လုပ်ထားမှစိတ်ချရမယ်နော်
☎️ Inquiry/RSVN @ 09 454 181 764 |
09 446 432 977
⏰ FEBRUARY 14, 2020 | 7 - 11 PM
📮 #6, KANBAWZA STREET, GOLDEN VALLEY, BAHAN TOWNSHIP, YANGON
-----
14-Emerald Bay ရဲ့ (ရင်ခုန်စရာ) Valentine's Day ညနေခင်း
🧚🏻V-Day အပြင်အဆင်လှလှလေးတွေကို နောက်ခံထားပြီး ရိုမန့်တစ် (Romantic)ပုံတွေ တူတူ ရိုက်လို့ရတယ်။
🍷ရိုမန့်တစ်မှာ မပါမဖြစ် ကိတ်နဲ့ ဝိုင်လည်း ကျွေးမွေးဖို့ ပြင်ဆင်ထားသေးတာ...။
✈️ချစ်သူစုံတွဲ (၃)တွဲအတွက် ထိုင်းနိုင်ငံမှာ လည်လည်သွားဖို့ လေယာဉ်လက်မှတ်(၆)စောင် မဲဖောက်ပေးသွားဦးမှာနော်။
လေယာဉ်လက်မှတ်တွေကံထူးနိုင်ဖို့ စည်းကမ်းချက်လေးတော့ ရှိပါတယ်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ Valentine's Day Event ကိုလာမယ့် အမျိုးသားရော၊ အမျိုးသမီးရော နှစ်ယောက်စလုံးက Evening Wear Dress Code ကို ဝတ်ဆင်လာမှသာ ထိုင်းနိုင်ငံကို လည်ပတ်ဖို့ လေယာဉ်လက်မှတ်တွေကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံလည်လည်သွားဖို့ ကံထူးအောင် အခုကတည်းက ဝတ်စုံလေးကို စဉ်းစားထားတော့နော်။
အစီအစဉ်အကြောင်းအသေးစိတ်ကတော့ -
Date - ၁၄/၂/၂၀၂၀ (14.2.2020) [Valentine's Day]
Time - ညနေ ၃နာရီမှ ၇နာရီ (3PM - 7PM)
Place - Emerald Bay ဟေဝန်ပန်းဥယျာဉ်
Dress Code - Evening Wear
Shukhinthar Mayopat Road,Thaketa Township
Yangon

09 765 566888
-------------------
15-Regulus Unplugged Bar & Restaurant

🍀🍀🌹🌹Honeymoon Martini 🌹🌹🍀🍀တစ်တွဲဝယ်ရင် တစ်တွဲ 🍹🎸🎊🎉🎁လက်ဆောင်ရမယ်တဲ့နော် ....🍀🍀🌹🎉🎊
No.90, 40th Street, Lower Block, Kyauktada Township (7.92 km)
Yangon
09 40090 9409

ရန်ကုန်မြို့မှာ Night out လုပ်ပြီး ညစာစားကြမလား???ရန်ကုန်မြို့ မှာ ညဘက် Night out လုပ်မယ် ဆိုရင် ဘား တို့ ကလပ် တို့ စားသ...
31/01/2020

ရန်ကုန်မြို့မှာ Night out လုပ်ပြီး ညစာစားကြမလား???

ရန်ကုန်မြို့ မှာ ညဘက် Night out လုပ်မယ် ဆိုရင် ဘား တို့ ကလပ် တို့ စားသောက်ဆိုင်ကြီး တို့ ကို မသွားချင်ဘူး ဆိုရင် ဘယ်သွားမလဲ စဉ်းစားရကြပ်နေရင် စိတ်လက်ပေါ့ပါးစွာနဲ့ မင်မင် သွားတဲ့နေရာလေး ကို share ပေးပါရစေနော် 😊😊😊

ကမ်းနားလမ်း က ရန်ကုန် အသစ်ဖွင့် တဲ့ Night Market ကိုမင်မင်လပြည့် မိတ်ဆက် ပေးမယ်နော်….😊😊😊
ကမ်းနာလမ်းဘေးက ညဈေး လေး က Souvenir shop လေး တွေ လည်း ရှိတယ်။ လမ်းနည်းနည်း ဆက်လျှောက်ပြီး ညဈေး အဟောင်း ဘက်လည်း သွားလို့ ရသလို တရုတ်တန်း ၁၉ လမ်း၊ လမ်း ၂၀ ဘက် ကိုလည်း လမ်းလျှောက်ပြီး Chinatown ကို ကူး။ ညစာစားလို့လည်းရတယ်။ 🤩🤩🤩

ဒါတင်လားဆိုရင် မဟုတ်သေးဘူး🤔🤔

ဓာတ်ပုံရိုက် ဝါသနာပါရင် ရန်ကုန် မြို့ Downtown ရဲ့ ညရှုခင်းနဲ့ ဓာတ်ပုံရိုက်လို့ ရသေးတယ်။ မင်မင်လပြည့်ဆိုရင် တရုတ်ဘုံကျောင်းမှာလည်း စာချခဲ့တယ်။ ပြီးတော့ မီးပုံးနဲ့ ဓာတ်ပုံ ရိုက်ခဲ့ သလို ဘုံကျောင်းမှာလည်း ဓာတ်ပုံရိုက်ခဲ့တယ်။
ညကုန် မှ Night out လုပ်ဖို့ အရမ်း စဉ်းစားရ ခက်ခဲရင် ရန်ကုန် Night Market ကို သွား တရုတ်တန်း ဘက် ကူးရင် စိတ် ကို အများ ကြီး ပေါ့ပါးလန်းဆန်းမှာနော်🥰🥰
Street Food လေးတွေ ကလည်း ရံဖန်ရံခါ စားရင် အရမ်းပဲ အရသာ ရှိလို့ အခုလို မင်မင် က အညွှန်းလေး ရေးပေးလိုက်ပါတာပေါ်နော်။
အားလုံးပဲ Happy Friday ဖြစ်ပါစေ နော်🤩🤩

----

ရန်ကုန်မြို့မှာ Night out လုပ်ပြီး ညစာစားကြမလား???
ရန်ကုန်မြို့ မှာ ညဘက် Night out လုပ်မယ် ဆိုရင် ဘား တို့ ကလပ် တို့ စားသောက်ဆိုင်ကြီး တို့ ကို မသွားချင်ဘူး ဆိုရင် ဘယ်သွားမလဲ စဉ်းစားရကြပ်နေရင် စိတ်လက်ပေါ့ပါးစွာနဲ့ မင်မင် သွားတဲ့နေရာလေး ကို share ပေးပါရစေနော် 😊😊😊

ကမ်းနားလမ်း က ရန်ကုန် အသစ်ဖွင့် တဲ့ Night Market ကိုမင်မင်လပြည့် မိတ်ဆက် ပေးမယ်နော်….😊😊😊
ကမ်းနာလမ်းဘေးက ညစျေး လေး က Souvenir shop လေး တွေ လည်း ရှိတယ်။ လမ်းနည်းနည်း ဆက်လျှောက်ပြီး ညစျေး အဟောင်း ဘက်လည်း သွားလို့ ရသလို တရုတ်တန်း ၁၉ လမ်း၊ လမ်း ၂၀ ဘက် ကိုလည်း လမ်းလျှောက်ပြီး Chinatown ကို ကူး။ ညစာစားလို့လည်းရတယ်။ 🤗🤗🤗

ဒါတင်လားဆိုရင် မဟုတ်သေးဘူး🤩🤩

ဓာတ်ပုံရိုက် ဝါသနာပါရင် ရန်ကုန် မြို့ Downtown ရဲ့ ညရှုခင်းနဲ့ ဓာတ်ပုံရိုက်လို့ ရသေးတယ်။ မင်မင်လပြည့်ဆိုရင် တရုတ်ဘုံကျောင်းမှာလည်း စာချခဲ့တယ်။ ပြီးတော့ မီးပုံးနဲ့ ဓာတ်ပုံ ရိုက်ခဲ့ သလို ဘုံကျောင်းမှာလည်း ဓာတ်ပုံရိုက်ခဲ့တယ်။
ညကုန် မှ Night out လုပ်ဖို့ အရမ်း စဉ်းစားရ ခက်ခဲရင် ရန်ကုန် Night Market ကို သွား တရုတ်တန်း ဘက် ကူးရင် စိတ် ကို အများ ကြီး ပေါ့ပါးလန်းဆန်းမှာနော်🥰🥰
Street Food လေးတွေ ကလည်း ရံဖန်ရံခါ စားရင် အရမ်းပဲ အရသာ ရှိလို့ အခုလို မင်မင် က အညွှန်းလေး ရေးပေးလိုက်ပါတာပေါ်နော်။
အားလုံးပဲ Happy Friday ဖြစ်ပါစေ နော်🤩🤩

နာမည်ကြီး ၃ ယောက် ၁၈.၁.၂၀၂၀......Northern Oldskool.....Beer Free Flow  တဲ့ နော်
14/01/2020

နာမည်ကြီး ၃ ယောက်

၁၈.၁.၂၀၂၀......

Northern Oldskool.....

Beer Free Flow တဲ့ နော်

ကော်ဖီသောက်ရင်း ဂိမ်းကစားမလား☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ရန်ကုန်မြို့ကြီးမှာ စားသောက်ဆိုင်တွေ ပေါတယ်။ တကယ်ကောင်းပြီးေ...
18/12/2019

ကော်ဖီသောက်ရင်း ဂိမ်းကစားမလား
☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️ ☕️

ရန်ကုန်မြို့ကြီးမှာ စားသောက်ဆိုင်တွေ ပေါတယ်။ တကယ်ကောင်းပြီး ဈေးသက်သာတဲ့ဆိုင်၊ ထိုင်လို့ကောင်းတဲ့ ဆိုင်တော့ရှားတယ်🙈🙈

မင်မင်က စားသောက်ဆိုင်အညွှန်းရေးရင် မင်မင်သွားစားပြီး တကယ့်ကို အကြိုက်တွေ့တဲ့ ဆိုင်ကိုပဲ စားသောက်ဆိုင်အညွှန်းရေးတာ 👌👌

သူငယ်ချင်းတွေ အဖွဲ့လိုက်ပဲသွားသွား…ချစ်သူစုံတွဲတွေပဲ သွားသွား….. ဓာတ်ပုံ ရိုက်လို့လည်းကောင်း၊ တစ်ခုပဲ ကားပါကင်တော့ ခက်ပေမယ့် တစ်ခြားအကုန်လုံး အဆင်ပြေတဲ့ ဆိုင်လေးဆိုတော့ အရမ်းတွေ စိတ်ဝင်စားသွားပြီမဟုတ်လား🤗🤗

အစားအသောက်
# # # # # # # #
ကောဖီ ☕အဓိက ထားတဲ့ ဆိုင်လေး😊😊
Gotham Signature က လူကြိုက်များတယ်..မင်မင်လည်းကြိုက်လို့ သောက်ဖြစ်တယ်
ကော်ဖီ menu ကြီးပဲအပူ၊ အအေး ပြန်ခွဲ တဲ့ အခါ အမျိုး ၃၀ ကျော် လောက် ထုတ်ထားတော့ ကော်ဖီ ကို စိတ်ကြိုက်ရွေးချယ်လို့ရတယ်။

ပြီးတော့ HOT BLACK လား HOT CAP လား?☕☕☕
တစ်ခွက်ကိုမှ 1500 - 2000 ပဲ
အရသာကတော့ဘယ်လိုပြောရမလဲ
ကော်ဖီကြိုက်သူတိုင်းနောက်တခါထပ်လာချင်သွားတဲ့အရသာမျိုးပေါ့… မင်မင်လည်းကြိုက်လို့ မကြာခဏ သောက်ဖြစ်တယ်👌👌
အစားတစ်လိုင်း
🍔🌭🍟🍖🍰
အစားအသောက်ပိုင်းက Menu အနေနဲ့ အမျိုးပေါင်း ၃၀ကျော်ထုတ်ထားတာတွေ့ရတယ်
ဘာဂါမှာ အမျိုးအစားတွေ ပြန်ခွဲထားတော့ မင်မင်ဆိုလည်း ကိုယ်ကြိုက်တဲ့ ဘာဂါမျိုး ကိုရွေးချယ် ခွင့် ပိုရှိတော့ ကြိုက်မိတာအမှန်ပဲ 🍔🍔

ဆန်းဝစ်🥪🥪မှာလည်း အမျိုးအစားတွေ ပြန်ခွဲထားတော့ ကိုယ်ကြိုက်တဲ့ ပုံစံမျိုးမှာစားလို့ရတယ်။

တစ်ခြား ထမင်းသုပ်၊ လက်ဖက်ထမင်း၊ ကြက်ပင်စိမ်း၊ ဝက်ပင်စိမ်းတို့ လို လည်းရွေးချယ်စားလို့ရတယ် 🍱🍱🍱🍱🍱
ကစားနည်း
🎲🎲🎲
ကစားနည်းက ၅မျိုး လောက်ရှိတယ်
UNO
ကျား
ဒိုးဇက်
ဘင်ဂို
အတုံးလေးတွေ စွဲထုတ်တဲ့ကစားနည်း
Photo shoot
🎬🎬🎬🎬🎬
ဆိုင်လေးကို ဓာတ်ပုံရိုက်ဖို့ လာသူတွေလည်းရှိတယ်
Batman ကိုနှစ်သက်သူတွေက Batman နဲ့ ဓာတ်ပုံရိုက်ကြတာတွေ ရှိတယ်။
ဝန်ဆောင်မှု
😊😊😊
Customer တွေ ကို ဆိုင်ရှင် အနေနဲ့ စုဆောင်းထားတဲ့ အခွေလေးတွေ ကိုကူးပေးတယ်
Wifi free လည်းပေးထားတယ်… စာအုပ်တွေလည်း ရှိတော့ ကော်ဖီလေးသောက်ရင်း စာအုပ်ပါ ထိုင်ဖတ်လို့ ရတော့ အိုကေပေါ့
ဈေးနှုန်း
--------
အစားပိုင်းဆိုရင် ၁၅၀၀ တန် ကစပြီး ၄၀၀၀ အထိရှိတယ်
အသောက်ပိုင်း (အအေး၊ ကော်ဖီက ၁၇၀၀ ကနေ စပြီး တော့ ၄၀၀၀) အထိရှိတယ်

ဆိုင်ဖွင့်ချိန်
-----------
မနက်-၁၀ကနေ ည ၁၀
လိပ်စာ
------
အမှတ် ၇၃ အပေါ်ကြည့်မြင်တိုင်လမ်း (ဘေးနားမှာ သင်္ကန်းတိုက်တစ်ခုရှိတယ်)
ဆိုင်နာမည်လေးက

👉ဆိုင်နာမည်လေးက နာမည်ကြီး American crime drama television series နာမည် Gotham ….Cfae Gotham 👈

ကဲ………….ဒါဆိုရင်မင်မင်ညွန်းတာ ဟုတ်မဟုတ် သွားကြည့်လိုက် တကယ့်ကို စိတ်ကျေနပ်မှု ရရှိစေမှာသေချာတဲ့ ဆိုင်လေး

လျှာရင်းမြက်မြက်လေးစားနိုင်ကြပါစေ
ဓာတ်ပုံ-- Cafe Gotham🤗🤗🤗

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day ) အောက်တိုဘာ ၁၆ ရက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day ) သည်ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်...
16/10/2019

ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day ) အောက်တိုဘာ ၁၆ ရက်


ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day ) သည်ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကိုတိုက်ဖျက်ရန် လုပ်ဆောင်သည့်နေ့ဖြစ်သည်။ နှစ်စဉ်အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပလေ့ရှိသည်။
စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ၏ ဖွဲ့စည်းမှုကိုဂုဏ်ပြုသောအားဖြင့်ကမ္ဘာတစ်လွှားရှိနိုင်ငံပေါင်း ၁၅၀ ကျော်တွင်အခမ်းအနားများကျင်းပခဲ့ကြသည်။
၎င်းသည်ကုလသမဂ္ဂပြက္ခဒိန်၏အထင်ရှားဆုံးသောနေ့ရက်များအနက်တစ်ခုဖြစ်သည်။ ဤဖြစ်ရပ်များသည်ငတ်မွတ်ခေါင်းပါးခြင်းနှင့်စားနပ်ရိက္ခာဖူလုံမှုနှင့်အာဟာရပြည့်ဝသောအစားအစာများကိုသေချာစေရန်လိုအပ်မှုအတွက်ကမ္ဘာအနှံ့အသိအမြင်နှင့်လုပ်ဆောင်မှုကိုမြှင့်တင်ပေးသည်။ ထိုနေ့၏အဓိကအချက်မှာအစားအစာသည်အခြေခံကျသောအခြေခံလူ့အခွင့်အရေးဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိသန်းပေါင်း ၈၂၀ ကျော်သည်နာတာရှည်အာဟာရချို့တဲ့မှုကိုခံစားနေရပြီးသန်း ၆၀ ရာခိုင်နှုန်းသောအမျိုးသမီးများနှင့်ငါးနှစ်အောက်ကလေးငါးသန်းနီးပါးသည်နေ့စဉ်အာဟာရချို့တဲ့မှုကြောင့်သေဆုံးနေကြရသည်။
လူသန်းပေါင်းများစွာဆာလောင်မွတ်သိပ်နေစဉ်လူပေါင်း၆၇၂သန်းသည်အဝလွန်ခြင်းကိုခံစားနေရပြီးနောက်ထပ် ၁.၃ ဘီလီယံမှာအဝလွန်နေကြောင်းသတိပြုရန်လည်းအရေးကြီးသည်။
ကမ္ဘာ့စားနပ်ရိက္ခာနေ့ (World Food Day ) နေ့ကစတင်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး နှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး အစားအသောက်များ ဖူလုံ၍ အစားအသောက်နဲ့ပတ်သက်ပြီး ရာသက်ပန် ပြည့်စုံပါစေလို့ Hungry Friday မိသားစုကဆုတောင်းပေးလိုက်ပါတယ်နော်…………

🍤အိမ်မှာ ပုစွန်တန်ပူရာကြော် လုပ်စားမလား🍤မင်မင်က Victoria လေးကိစ္စ ကို စိတ်ဝင်စားပြီး ၀န်းရံနေတာနဲ့ post မတင်ဖြစ်တာကြာပြီ ...
14/07/2019

🍤အိမ်မှာ ပုစွန်တန်ပူရာကြော် လုပ်စားမလား🍤

မင်မင်က Victoria လေးကိစ္စ ကို စိတ်ဝင်စားပြီး ၀န်းရံနေတာနဲ့ post မတင်ဖြစ်တာကြာပြီ - ဒီနေ့ အိမ်မှာ မင်မင် (admin) ရဲ့ အမေ နဲ့ အဖေကို ပုစွန်တန်ပူရာကြော်လေး လုပ်ကျွေးဖြစ်တယ်🍤🍤🍤

🕐လွယ် ကူ ပြီး အချိန် ကုန်သက်သာတယ် 🕐

👨‍🍳ပါဝင်ပစ္စည်းများ👩‍🍳
၁- ပုစွန်ထုပ် အလတ်စားအရွက် (ခေါင်းချွတ်ပါ)
၂ - အကြော်မှုန့်
၃ - ပွချင်ရင် ဆော်ဒါလေး အနည်းငယ်ထည့်(မင်မင်ကတော် မကြိုက်လို့ မထည့်ဘူး)
၎- ဆား
၅- ဒါရှီအချိုမှုန့် (ကြက်သားမှုန့်လည်းရတယ်)

👉ဘယ်လိုလုပ်မလဲ👈

ပုစွန်လေးတွေ ကိုရေစင်စင်ဆေးပါ - ပြီးရင် ဆား, ဟင်းခတ်မှုန့် ထည့်ပြီး နယ်ပါ -
အကြော်မှုန့် လေးကို ဆော်ဒါလေး ပါနယ်ဆိုရုံ ထည့်ပြီး ရေသန့်ထည့်ပြီး ခပ်ပြစ်ပြစ်လေးဖျော်ပါ

ပြီးရင် ဆီကို ကျက်အောင်လုပ်ပြီး ပုစွန်လေးတွေကို အကြော်မှုန့်ထဲ နှစ်ထည့်ပြီး ကြော်ပါ
မီးအေးအေးလေးနဲ့ ကြော်ပါ

အနေတော် အနေအထားရောက်ရင် ဆယ်လိုက်ပါ - အသာသာရှိတဲ့ ပုစွန်တန်ပူရာကြော်လေးတွေရပြီပေါ့


Address

Naypyidaw

Alerts

Be the first to know and let us send you an email when Hungry Friday posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share