03/28/2024
ဟင်းချက်လို့ တအားစပ်သွားရင် ရခိုင်စာဆိုပြီးကျွေး
ဆီတွေများသွားရင်တော့ ဗမာဆီပြန်ဟင်းပေါ့
ပေါ့ရွှတ်ပြီး ဘာစားစားဖွယ်တယ်တယ်ဖြစ်နေရင် ဘိုစာ
မဆလာများသွားရင် ဒီနေ့ အင်ဒီးယန်းဒေး
ချိုသွားရင် တရုတ်စာ
ဟင်းက ဖြူဖွေးဆုတ်နေရင်တော့ ဒါစင်ကာပူရီယန်းစာပါပေါ့
အရမ်းငံသွားရင်တော့ မလေးရှားစာ
တစ်ခုချင်းမချက်တတ်လို့ အကုန်ထည့်ပြုတ်ထားပြီးရင် တိုင်းရင်းသားအစားအစာလို့ပြောပေါ့
လူမျိုးစုံ နိုင်ငံစုံ ချက်တတ်ပါတယ်ပေါ့
နင်တို့မကြိုက်တာ နင်တို့တောကျလို့ပါပေါ့ 😝😝 😂😂
(ဖြည့်စွက် # မီးဖိုထဲဝင် ဟင်းချက်တော့မယ်ဆိုတာနဲ့
ဒါမျိုးကတော့မဖြစ်မနေတတ်ထားသင့်တာပါနော် 😁)
credit goes to original writer: Thurein Hlaing Win