Sha La La Kyay Oh & Food House

Sha La La Kyay Oh & Food House This Family Owned restaurant serves lunch and dinner with affordable price.

ကြေးအိုးနဲ့ အခြားအစားအစာများကို အချိုမှုန့် လုံးဝသုံးမထားဘဲ လတ်ဆတ်သန့်ရှင်းသောအသား၊ ဟင်းသီးဟင်းရွက်များသုံးပြီး သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်တာမို့ ကျန်းမာရေးအတွက် အထူးအာမခံ၊ ဆူညံမှုတွေ ကင်းဝေးတဲ့ မိသားစုဆိုင်လေးဆီကို အရသာရှိရှိသုံးဆောင်ဖို့ ကြွလှမ်းခဲ့ပါ။
ကိုယ်တိုင်လဲ ကြေးအိုးကြိုက်သူမို့ ဆိုင်မဖွင့်ခင်ကတည်းက စားသုံးသူတွေ စိတ်တိုင်းကျ ဖြစ်စေမယ့် အရသာကောင်းထွက်ဖို့ Chef တွေကို ကိုယ်တိုင် စီမံထားလို့ ကြေးအိုးကြိုက်သူတွေတွက် အရသာကတော့ ရှယ်မှ ရှယ်ဖြစ်နေမှာပါနော်။
အသားတွေ ထည့်ပေးဖို့လဲ ကပ်စေးနဲ မထားလို့ လာရောက် အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

06/11/2026

🚨 အရေးပေါ် မိုးလေဝသ သတိပေးချက် - နောက် (၂၄) နာရီအတွင်း သတိထားရမယ့် ဒေသများ 🚨

ရာသီဥတုအခြေအနေတွေ အပြောင်းအလဲရှိနေတဲ့အတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ ဒီသတင်းလေးကို အမြန်ဆုံး မျှဝေပေးလိုက်ပါတယ်။

⛈️ မိုးကြီးနိုင်တဲ့ ဒေသများ
နောက် (၂၄) နာရီအတွင်း အောက်ပါဒေသတွေနဲ့ မုတ္တမကွေ့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်-

ကရင်ပြည်နယ် (ဖာပွန်ခရိုင်၊ ဘားအံခရိုင်)

မွန်ပြည်နယ် (ကျိုက်ထိုခရိုင်၊ သထုံခရိုင်)

ပဲခူးတိုင်း (ပဲခူးတိုင်းအရှေ့ပိုင်း၊ ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင်)

ရန်ကုန်တိုင်း တောင်ပိုင်း

ဧရာဝတီတိုင်း တောင်ပိုင်း

ကယားပြည်နယ် တောင်ပိုင်း

⚠️ အထူးသတိပြုရန် (ဖာပွန်ဒေသ)
ဖာပွန်ခရိုင်အတွင်းရှိ သံလွင်မြစ်၊ ယူဇလင်းမြစ်နဲ့ ချောင်းငယ်တွေမှာ တောင်ကျရေကြောင့် လျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ဖာပွန်-ကမမောင်း လမ်းပိုင်းမှာ တောင်ပြို မြေပြိုနိုင်ခြေရှိပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ခရီးသွားလာမယ့် မိဘပြည်သူတွေ အထူးဂရုစိုက်ကြဖို့ သတိပေးနှိုးဆော်အပ်ပါတယ်။

🌧️ မိုးပြန်လည်ရွာသွန်းမယ့် ဒေသများ
မိုးရပ်နေတဲ့ အောက်ပါဒေသတွေမှာလည်း နောက် (၂၄) နာရီအတွင်း မိုးပြန်ရွာဖို့ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသများ

မကွေးတိုင်းအတွင်းရှိ ဒေသများ

ပဲခူးတိုင်း အနောက်ခြမ်းဒေသများ

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများ

မန္တလေးတိုင်း (မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ သပိတ်ကျင်းခရိုင်၊ ပြင်ဦးလွင်ခရိုင်)

(မှတ်ချက် - စစ်ကိုင်းတိုင်း အောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းက ဒေသတချို့မှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။)

(အချက်အလက် ရင်းမြစ် - Dr. Sai Khun Arkar, Professional Research Meteorologist ၏ ၁၁-၀၆-၂၀၂၆ ထုတ်ပြန်ချက်)

အခုလို အချိန်မှာ သတိထားတာ မပိုတဲ့အတွက် မိသားစု၊ သူငယ်ချင်းတွေ သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်အောင် ဒီပို့စ်လေးကို Share လုပ်ပြီး သတင်းမျှဝေပေးကြပါဦးနော်။ 🙏

#မိုးလေဝသသတင်း #အရေးပေါ်သတိပေးချက် #ရေကြီးရေလျှံမှု #တောင်ကျရေ #ဖာပွန်လမ်းပိုင်း #သတင်းရေးသူ

01/01/2026

🫶

Address

Silver Spring, MD
20902

Opening Hours

Monday 10am - 10pm
Tuesday 10am - 10pm
Wednesday 10am - 10pm
Thursday 10am - 10pm
Friday 10am - 10pm
Saturday 10am - 10pm
Sunday 10am - 10pm

Telephone

+959880003017

Alerts

Be the first to know and let us send you an email when Sha La La Kyay Oh & Food House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sha La La Kyay Oh & Food House:

Shortcuts

Share

Category