03/04/2026
အစားစားရင် ဟင်းရည်မပါဘဲ မစားတတ်တဲ့ နူနားတို့လိုလူတွေ ရှိလား။ ဟင်းချက်ပျင်းတဲ့နေ့တို့ အချိန်မရတဲ့အခါမျိုးဆို တမိနစ်တောင်မကြာတဲ့ ရေညှိဟင်းရည်လေး လုပ်သောက်နော်။ လွယ်လွန်းလို့။
ပါဝင်ပစ္စည်းကလဲ ရေနွေးပါမှ ၄မျိုးတည်းရယ်။ ဆားရယ် အသားမှုန့်ရယ် ရေညှိခြောက်ရယ် ရေနွေးဆူဆူရယ်။ လုပ်သောက်ကြည့်နော်။