Min khant kyaw QTu12SdX7VM

-   ရန်ကုန်  အောင်မင်္ဂလာ ကားဝင်းမှ  ကားဂိတ်ဖုန်းနံပါတ်များ  🇲🇲🇲🇲🇲🇲🇲🇲🇲🇲သံလွင်°°°°°°°°ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇီးကုန်း ...
12/03/2022

- ရန်ကုန် အောင်မင်္ဂလာ ကားဝင်းမှ ကားဂိတ်ဖုန်းနံပါတ်များ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲
သံလွင်
°°°°°°°°
ရန်ကုန် ၊ ကြို့ပင်ကောက် ၊ ဇီးကုန်း ၊ နတ်တလင်း ၊ ပေါင်းတည်၊ ပုတီးကုန်း ၊ သဲကုန်း ၊ ဆင်မြီးဆွဲ! ပြည် အောင်မင်္ဂလာအဝေးပြေးကွင်း
09 253 771 912 /09425786556/
09792615815 09 962190600

မန်းရွှေပြည်
°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရိူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၁၆၃၆၉၈၂ ၊ ၀၁၆၃၇၁၉၂ ၊ ၀၉၂၀၁၈၉၀၂ ၊ ၀၉၇၃၂၄၂၂၈၇
ရန်ကုန် - အောင်ဆန်းကွင်း
၀၁၂၅၄၄၈၃ ၊ ၀၁၂၅၄၄၈၄ ၊ ၀၁၇၀၉၄၂၀
လားရှိုး - မန်ဆူကားဝင်း
၀၈၂၂၂၃၀၉ ၊ ၀၉၅၂၆၁၆၂၉ ၊ ၀၉၉၇၇၉၂၁၁၆၉
လားရှိုး - နန်းမခေါကားဝင်း
၀၉၉၇၇၉၂၁၁၇၁

နယူးအောင်တံခွန်
****************
(ရန်ကုန်သထုံမော်လမြိုင်မြဝတီ)

(ရန်ကုန်ဘားအံကော့ကရိတ်မြဝတီ)
ရန်ကုန် ☎️09 9800 799 38 ☎️09 673000 837 မြဝတီ ☎️ 09 955 6420 46 မော်လမြိုင်☎️09 6789 30809
အောင်မဂ်လာအဝေးပြေး
(စက်မူ့လမ်း သီရိစံတည်းခိုခန်းအနီး)

မန္တလာမင်း
••••••••••••••••
ရန်ကုန် (က)၃ ပဝင်းအောင်မဂ်လာအဝေးပြေး
09 5020181 / 09 259354411/09253379954 ကုန်တန်ဆာဌာန 09450066418

ဒုဠဝတီမန်း
°°°°°°°°°°°
သီပေါ ၊ ကျောက်မဲ ၊ မန္တလေး ၊ မိုးညင်း ၊ မြစ်ကြီးနား
02-61938 , 09 - 6500357 , 02-66073 ,
09 -797380914

ရွှေလီဦး
°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ လားရှိုး၊ မူဆယ် ၊
09-73026546 , 09-5178883 , 01-637651, 09-6501446 , 082-28120 , 082-52359 , 09-2050104

ရိုးမသစ္စာ
°°°°°°°°°
ရန်ကုန် ၊ တောင်ကုတ် ၊ ကျောက်ဖြူ ၊ သံတွဲ ၊ ငပလီ ၊
ရန်ကုန် ၊ စစ်တွေ
ရန်ကုန် - 09-8598252 , 09-448005068
09-5192463
တောင်ကုတ် - 043-60365 , 09-8530339
ကျောက်ဖြူ - 09-73810040 , 094-46484
သံတွဲ - 043-65309 , 09-421730310

မိုးထက်အာကာ
°°°°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၉၅၇၁၄၁၄ ၊ ၀၉၇၃၀၄၆၃၇၈ ၊ ၀၉၄၉၃၃၁၂၉၂
မန္တလေး - ကျွဲဆည်ကန် ၊ ချမ်းမြရွှေပြည်
၀၉၄၉၂၄၂၇၁၈ ၊ ၀၉၇၃၂၂၈၂၉၈ ၊ ၀၉၇၉၇၄၉၁၄၃၃

ရတနာ
***************
(ရန်ကုန်မော်လမြိုင်မုဒုံသံဖြူဇရပ်ရေး
ကြာအင်းဆိပ်ကြီး )
ရန်ကုန် (အောင်မဂ်လာ)
09 767242237 09 767242238 09750079937
ရန်ကုန် (ဒဂုံဧရာ)
09 750079931 09 767242240

နေကြယ်မင်း
°°°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ တပ်ကုန်း ၊ ရမည်းသင်း ၊ ပျော်ဘွယ်
ပြည်ထောင်စုလမ်းမ ၊ မြို့ဦးစေတီ ၊ မြောက်ဒဂုံ
၀၉၉၉၆၉၇၂၈၁၉၈ ၊ ၀၉၉၉၆၉၇၂၈၁၉၉

ရွှေလားရှိူး
°°°°°°°°°°
ရန်ကုန် ၊ လားရှိ ူး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၄၆၄၆၇ ၊ ၀၉၇၃၁၄၆၄၆၈ ၊ ၀၉၇၃၁၄၆၄၆၉
လားရှိ ူး - နားမခေါ
၀၉၇၃၂၅၆၉၈၁ ၊ ၀၈၂၃၀၇၇၀ ၊ ၀၉၄၇၃၀၁၈၅၄

ရွှေမန်းသူ
°°°°°°°°°°
ရန်ကုန် ၊ နေပြည်တော် ၊ မန ္တလေး ၊ မုံရွာ ၊ တောင်ကြီး
ပခုက္ကူ ၊ ညောင်ဦး ၊ ကျောက်ပန်းတောင်း ၊ ချောက်
မိတ္ထီလာ ၊ မြင်းခြံ ၊ မကွေး ၊ တောင်ငူ ၊ ဆွာ ၊ ပုသိမ်
မော်လမြိုင် ၊ မုဒုံ ၊ ကျိုက္ခမီ ၊ ရေး
တောင်ဥက္ကလာပ - ၀၉၉၉၆၉၇၂၈၁၉၆ ၊ ၀၉၉၉၆၉၇၂၈၁၉၇

ပုဂံမင်းသား
°°°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံညောင်ဦး ၊ ပခုက္ကူ ၊
တောင်ကြီး
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၃၈၀၅၇ ၊ ၀၉၅၁၅၈၆၅၀ ၊ ၀၉၇၉၆၆၁၄၉၄၂
ညောင်ဦး - အဝေးပြေးကားဝင်း
၀၆၁၆၀၂၀၂ ၊ ၀၉၄၃၁၂၈၇၁၂
ကျောက်ပန်းတောင်း
၀၉၇၉၅၃၁၄၈၇၉
ပခုက္ကူ - ကားဝင်း
၀၉၂၀၄၂၈၄၈ ၊ ၀၉၄၇၂၀၈၀၈၆
တောင်ကြီး
၀၉၄၂၁၁၄၄၈၉၂ ၊ ၀၈၁၂၅၂၁၂

Elite
°°°°°°°
ပုဂံ ၊ ပခုက္ကူ ၊ မုံရွာ ၊ မန ္တလေး ၊ ပြင်ဦးလွင် ၊ နေပြည်တော် ၊
တောင်ကြီး
Customer service - ၀၉၉၇၇၈၃၈၀၀၁ ~၀၀၃

မြင့်မြန်မာ
°°°°°°°°°
ရန်ကုန် ၊ ပုသိမ်
ဒဂုံဧရာအဝေးပြေး(လှိုင်သာယာ)
၀၉၃၁၃၆၀၉၁၈ ၊ ၀၉၇၈၄၅၆၅၂၈၁

နန်းထိုက်တော်ဝင်
°°°°°°°°°°°°°°°°
ရန်ကုန် ၊ နတ်မောက် ၊ ရေနံချောင်း ၊ မကွေး ၊ မင်းဘူး
ပွင့်ဖြူ ၊ စလင်း ၊ ဆင်ဖြူ ကျွန်း
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၀၂၀၇၆၇ ၊ ၀၉၇၃၁၈၇၉၆၇ ၊ ၀၉၇၈၂၉၅၈၀၃၇
မကွေး
၀၆၃၂၆၅၇၅ ၊ ၀၉၄၇၂၀၁၁၇၄ ၊ ၀၉၇၉၆၉၁၉၈၉၄
ရေနံချောင်း
၀၉၅၃၄၈၀၈၅ ၊ ၀၉၇၉၆၉၁၉၈၉၅ ၊ ၀၉၉၇၇၉၀၅၇၂၅
မင်းဘူး
၀၉၄၇၂၀၀၄၀၆ ၊ ၀၉၇၉၆၉၁၉၈၉၆ ၊ ၀၉၉၇၇၉၀၅၇၂၆
စလင်း
၀၉၉၇၇၉၀၅၇၂၈


🍋စိန်တလုံး🍋
👇📱📞☎👇

သရက်ဂိတ်
👇👇👇
-06821264
- 09440223164
-09402689911

ရန်ကုန်ဂိတ်
👇👇👇
-092305878
-09258264855

ကံမဂိတ်
👇👇👇
-09401549441

အထက်မင်းလှဂိတ်
👇👇👇
-09962305878
-09264115265

you🙂

ချမ်းမင်း
°°°°°°°°°°
ကျုံမငေး ၊ ဝါးခယ်မ ၊ ရွှေလောင်း ၊ ရန်ကုန်
ဝါးခယ်မ
၀၉၇၇၄၄၄၄၁၂၈ ၊ ၀၉၉၆၁၉၄၄၁၂၈ ၊ ၀၉၄၉၇၀၃၀၇၇

တောင်ပြာတန်း
°°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ လားရှိ ုး ၊ မူဆယ်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၄၂၀၂၀၃၀၄၀ ၊ ၀၉၃၃၄၂၇၇၀၇ ၊ ၀၉၇၉၆၅၃၇၄၁၀
ရန်ကုန် - အောင်ဆန်းကွင်း
၀၉၂၅၁၀၁၈၆၇၁ ၊ ၀၉၄၂၀၂၂၂၃၂၃
တောင်ကြီး
၀၈၁၂၀၂၀၅၈ ၊ ၀၈၁၂၁၂၃၁၆ ၊ ၀၈၁၂၁၂၂၈၅၆
တောင်ကြီး - အေးသာယာကားဝင်း
၀၉၂၆၀၄၇၉၃၇၂
လားရှိ ုး - နားမခေါ်
၀၉၃၁၃၆၄၀၄၈ ၊ ၀၈၂၂၈၁၃၂
မူဆယ်
၀၉၄၂၈၁၈၃၇၇၇ ၊ ၀၉၄၅၈၀၄၀၄၁၂ ၊ ၀၉၂၅၄၁၀၂၄၉၁
သိန်းသန်းချီကားဝင်း
၀၆၉၂၂၂၂၂၃၆ ၊ ၀၆၉၂၁၅၇၅၈၉၈၁၈၄၀

သစ္စာဦး
°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မုံရွာ ၊ ရေဦး ၊ တန့်ဆည်
ရန်ကုန် - အောင်မင်္ဂလာကားဝင်း
၀၉၇၃၂၅၂၉၈၄ ၊ ၀၉၇၃၂၅၂၉၈၅ ၊ ၀၉၄၂၀၀၃၂၂၁၂
တောင်ကြီး
၀၉၄၂၈၃၁၄၆၁၂ ၊ ၀၉၄၉၂၂၄၈၀၆ ၊ ၀၉၇၃၂၅၂၉၈၆
မုံရွာ
၀၉၄၅၀၅၄၅၇၁၁ ၊ ၀၉၇၇၇၅၁၀၉၁၁
ရေဦး
၀၉၄၅၀၅၄၅၇၂၂ ၊ ၀၉၇၇၇၅၁၀၉၂၂
တန့်ဆည်
၀၉၄၅၀၅၄၅၇၃၃ ၊ ၀၉၇၇၇၅၁၀၉၃၃

ဝေဖြိုးအောင်
°°°°°°°°°°°°°
ရန်ကုန် ၊ တောင်ကြီး ၊ မကွေး ၊ မြင်းခြံ ၊ ပခုက္ကူ (ကမ္မ)
ချောက် ၊ တညောင်
ရန်ကုန် အောင်မင်္ဂလာကားဝင်း
၀၉၇၃၁၈၁၆၄၇ ၊ ၀၉၄၃၂၀၂၆၆၇
မကွေး
၀၆၃၂၆၂၁၅ ၊ ၀၉၈၆၃၇၀၄၈ ၊ ၀၉၄၀၁၅၈၂၃၇၁
ပခုကျကူ
၀၆၂၂၃၇၂၆ ၊ ၀၉၃၃၇၈၆၀၇၉
ကမ်မ
၀၉၄၀၁၅၁၁၉၁၄
တောင်ကြီး
၀၈၁၂၀၂၀၈၉ ၊ ၀၉၇၃၁၉၂၄၇၆ ၊ ၀၉၃၁၄၆၈၉၈၅
ချောက်
၀၉၂၃၀၁၂၇၇ ၊ ၀၆၁၂၁၆၇၃
တညောင်
၀၉၄၀၁၅၆၁၉၂၇ ၊ ၀၉၂၅၂၁၈၄၉၆၈
ဆိပ်ဖြူ
၀၉၃၃၀၈၄၉၄၄ ၊ ၀၉၂၅၉၄၄၅၁၈၆
အာကာမိုးမြင့်
၀၉၄၂၅၃၀၅၉၉၃ ၊ ၀၉၇၉၉၆၅၇၀၉၂

အောင်တံခွန်
°°°°°°°°°°°°
ရန်ကုန် ၀၉၇၃၁၃၀၇၇၀
ဖဒို ၀၉၄၉၄၄၆၂၅၀
ကျောက်ကြီး ၀၉၄၂၈၁၈၁၆၇၈

ရန်ကြီးအောင်
°°°°°°°°°°°°°
ရန်ကုန် ၊ ညောင်ရွှေ ၊ တောင်ကြီး ၊ မန္တလေး
09-73013761,09-73242560

စည်းစိမ်စံ
°°°°°°°°°°
မန္တလေး ၊ ပျော်ဘွယ် ၊ ရမည်းသင်း ၊ ရွာတန်း
09-254153868 , 09-79776360 ,
09-33456954

ရွှေစကား
°°°°°°°°°
တမူး ၊ ကလေး ၊ မုံရွာ ၊ မန္တလေး
09-258990433 , 09-789285030

ဗန်းမော်မန်း
°°°°°°°°°°°
မန္တလေး ၊ ငါးအိုး ၊ ရွှေဂူ ၊ ဗန်းမော် ၊
မန္တလေး ၊ မြစ်ကြီးနား ၊ တနိင်း
၀၂ ၂၄၄၁၃ ၊ ၀၉၄၃၁၈၂၉၅၆ ၊ ၀၉၂၅၈၀၃၈၈၂၂

အမြဲစိမ်း ကုန်းလမ်းပို့ဆောင်ရေး ကုမ္မဏီလီမိတက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Forever Green Road Transport Co.,Ltd
01-202233 , 01-9010633 , 01-9010634

GA မင်းလက်ဝါး
°°°°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ စကု ၊ လယ်ကိုင်း ၊ ပွင့်ဖြူ ၊
ရှောက်တော ၊ စလင်း ၊ ဆင်ဖြူကျွန်း ၊
အောင်မင်္ဂလာကားဝင်း 09-972972900 ,
09-43081660
ဂျိုကာဂိတ်
ရန်ကုန် 09-8583473 , 09-250117722 , 09-797117722
ငါးသိုင်းချောင်း 046-60544 , 09-455644299

ကချင်မန္တလာ
°°°°°°°°°°°°
မန္တလေး ၊ ရွှေဘို ၊ မိုးညင်း ၊ ဟိုပင် ၊ အင်းတော် ဝှေ့ခါ ၊
လုံးခင်း ၊ ဆိပ်မူ ၊ ဖားကန့် ၊ မုံရွာ ၊ ဖားကန့် ၊ ဆယ်ဇင်း ၊ တနိင်း
မန္တလေး 02-23919 , 09-265690003 , 09-265690004 , 09-265690005 ,
09-440694447, 09-440694448
မုံရွာ 09-797448814 , 09-266708277 , 09-2130775

ခိုင်စိုးအောင်
°°°°°°°°°°°°
မန္တလေး 09-47105438 , 09-402515038

ပန်းချယ်ရီ
°°°°°°°°°°
မန္တလေး ၊ လားရှိုး ၊ မူဆယ် ၊ မိုးကုတ် ၊ တောင်ကြီး
မန္တလေး 02-61998 , 09-47300180 ,
09-259935414

မိဘဂုဏ်
°°°°°°°°°
ရန်ကုန် 09-8730757 , 01-637074

နဂါးညီးနောင်
°°°°°°°°°°°°
ရပ်စောက် ၊ တောင်ကြီး မန္တလေး ၊ မိထ္ထီလာ ၊ နေပြည်တော် ၊
09-36284891 , 09-782546811

ပြည့်ဖြိုးအောင်
°°°°°°°°°°°°°°
09-401665676 , 09-8601651

ပြုံးပန်းတစ်ရာ
°°°°°°°°°°°°°
ရန်ကုန် ၊ ကျုံပျော် ၊ တောင်ကြီး
09-49265238 , 01-704979

အကယ်ဒမီ
°°°°°°°°°°°
ရန်ကုန် ၊ မန္တလေး
09-49265238 , 09-33063001,
09-33058286 , 09-33058286

အလင်းရောင်မိုး
°°°°°°°°°°°°°°
ရန်ကုန် ၊ ပဲခူး ၊ ကော့ကရိတ် ၊ မြဝတီ ၊
09-421115517 , 09-224303861

အဆွေတော်
°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ ကော့ကရိတ် ၊ မြဝတီ
01-704951 , 09-73225369

အရိဒ္ဒမာ
°°°°°°°°°
ရန်ကုန် ၊ ကျောက်ပန်းတောင်း ၊ ပုဂံ ၊ ညောင်ဦး ၊ ပခုက္ကူ၊ ၊ ကံမ
09-420182767 , 09-420182768

အာကာမင်း
°°°°°°°°°°°°
ရန်ကုန် ၊ မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊
09-43036195 , 09-43183797

အာကာသ
°°°°°°°°°°
ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ ရေဦး ၊ မကွေး ၊
ရေနံချောင်း ၊ ဘားအံ ၊ မော်လမြိုင် ၊
09-789444146,0973000096

အားသစ်
°°°°°°°°°
ရန်ကုန် ၊ မအူပင် ၊ ကျိုက်လတ် ၊ ရေလဲ ၊ ကျောက်ပိ
09-450000584 , 09-795409298

Asia Express
°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ပြည် ၊ အောင်လံ ၊ တောင်တွင်းကြီး ၊
09-420091978 , 09-43143640

ATW (Anty Win Family Trading Co,.Ltd)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရန်ကုန် ၊ ထားဝယ် ၊ မြိတ်
09-254579922 , 09-31112632

အောင်ချမ်းသာ
°°°°°°°°°°°°°°
ရန်ကုန် ၊ ရွှေလောင်း ၊ ကျွန်းကုန်း ၊ ဝါးခယ်မ ၊ ကျုံမငေး
ရန်ကုန် ၊ ကျိုက်ပိ ၊ မော်ကျွန်း
01-226291 , 09-785067305 , 09-73036973 , 09-785067305

အောင်ထူးစံ
°°°°°°°°°°°°
ရန်ကုန် ၊ ဘားအံ ၊ မြဝတီ
09-250235203 , 09-776210599

အောင်ကမ္ဘာ
°°°°°°°°°°°°°
ရန်ကုန် ၊ မကွေး ၊ မင်းဘူး ၊ မန္တလေး
09-43198116 , 01-701822

အောင်ကျော်မိုး
°°°°°°°°°°°°°°
ရန်ကုန် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန် ၊ ငသိုင်းချောင်း ၊ ကွင်းကောက် ၊ အင်ကပူ ၊
မယ်ဇလီကုန်း ၊ အင်းပင် ၊ မြန်အောင် ၊ ကြံခင်း
ရန်ကုန် ၊ ပခုက္ကူ

Credit..

 #အနာကျက်တဲ့ငှက်ပျောစေးငှက်ပျောစေး အသုံးဝင်ပုံအကြောင်းကြောင်းကြောင့် ငုတ်ထိုး ခြေချော် ထိခိုက်ဒဏ်ရာရကာ သွေးထွက်သံယိုအနာတ...
05/03/2022

#အနာကျက်တဲ့ငှက်ပျောစေး
ငှက်ပျောစေး အသုံးဝင်ပုံ

အကြောင်းကြောင်းကြောင့် ငုတ်ထိုး ခြေချော် ထိခိုက်ဒဏ်ရာရကာ သွေးထွက်သံယိုအနာတရဖြစ်တတ်ကြသည်က လူတိုင်းသဘာဝပင်ဖြစ်ပါ၏။

အချို့သောဒဏ်ရာ အနာတရဖြစ်ပါလျှင် ရုတ်တရပ်
ဘာလုပ်ရမည်မသိ အခက်တွေ့တတ်ကြပါ၏
ဆေးလည်းမသိ ဆေးလည်းမရှိ ဆေးရုံဆေးခန်းတို့
ဖြင့်ဝေးကွာပါလျှင် ငှက်ပျောပင်ကို သတိရကြပါ။

ငှက်ပျောပင်ကို ခုတ်လိုက်ပါ အစေးများ ထွက်လာပါမည်။
ထိုအစေးဖြင့် ဒဏ်ရာကို သုတ်လိမ်းပြီး အဝတ်စည်း
ထားလိုက်ပါ။သွေးတိတ်သွားပါမည်။

၂ရက်၃ရက်ကြာလျင် အနာကိုဖြေကြည့်လိုက်ပါ
အံ့ဖွယ်အနာကျက်ပြီး ဒဏ်ရာပျောက်ကင်းနေမည်
ကိုတွေ့ရပါမည်။
အမှတ်မထင် ဒဏ်ရာအနာတရဖြစ်ပါမူ ငှက်ပျောပင်ကို သတိရကြပါစို့။

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း အမှတ် ၃၆၄
Credit Post

"  #မြန်မာဆေးနည်း (၁၈) နည်း "၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှ...
09/02/2022

" #မြန်မာဆေးနည်း (၁၈) နည်း "

၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို
( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်
၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ
ရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူး
သောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့
တွင် ပေါက်တက်သော အပူကျိတ်များကို
ပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။
သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍
သကြားအနည်းငယ်ထည့်ပြီးသောက်ပါ။
တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်
တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။
အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကို
အခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။
ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင်
အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။
ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်
မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံး
ခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင်
မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။
သက်သာပျောက်ကင်းစေပါသည်။
( မှတ်ချက် ) မာလကာစေ့ခြောက်မှုန့်ကို
သွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ
ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍
ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာ
ပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်
ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်
ကြမ်း လုပ်သောက်ပါ ၊ သက်သာပျောက်ကင်းစေသည်

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကို
သွေး၍ ပျားရည်နှင့် စားပါက သက်သာ
ပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင်
သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်း
နှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ
သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်
လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရော
အရိုးပါ ထုခြေလို့ရသောအရည် ( ၅ ) ကျပ်သားကို
ရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ
နေ့ချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို
လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို
ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်း၍
စားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။
ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကို
ရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင်
သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ
သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကို
ဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို
လိမ်းပေးပါ။ ဝေဒနာချက်ချင်း သက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍
ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။
ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အမျိုးသမီးများတွင် အဖုအကျိတ်များပေါက်လျှင်
လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍
အကျိတ်ပေါ်သို့အုံပေးကာ ပတ်တီးစည်းထားပါ
ပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာ ခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍
လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွား
ပါလိမ့်မည်။

ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

မြန်မာတိုင်းရင်းဆေး
ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

◾ နှမြောမိတယ် ဆိုတာက◾ မတန်ဘဲပေးခဲ့မိတဲ့ စေတနာတွေနဲ့◾ အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့ အချိန်တွေကိုပါ ။ ◾ တစ်ခုခုဆို အလေးအနက်ထ...
27/01/2022

◾ နှမြောမိတယ် ဆိုတာက
◾ မတန်ဘဲပေးခဲ့မိတဲ့ စေတနာတွေနဲ့
◾ အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့ အချိန်တွေကိုပါ ။

◾ တစ်ခုခုဆို အလေးအနက်ထားလွန်းတဲ့ကိုယ်က
◾ သွေးအေးတဲ့ သူတွေဆို မုန်းဘူးတယ် ။

◾ ဒါပေမယ့်
◾ တဖက်လူ ဘယ်လိုခံစားသွားရမလဲလို့
◾ ထည့်စဉ်းစား မပေးတတ်တဲ့ သူတွေနဲ့တွေ့တော့
◾ ကိုယ်လည်း သူတို့လိုပဲ
◾ သွေးအေးစွာ တုန့်ပြန်ချင်တတ်ပြန်ရော ။

◾ ခက်တာက
◾ အလေးအနက် ထားလွန်းသူက
◾ အထိအရှတွေ များပြီး
◾ ပြတ်သားတတ်မှ ဒဏ်ရာ ကင်းတယ်ဆိုတာ
◾ ကိုယ်က အစက ကြိုမသိခဲ့ဘူး ။

◾ ရခဲ့ဘူးတဲ့ နောင်တထဲမှာ
◾ ကိုယ့်ကိုဂရုမစိုက်တဲ့ သူတွေကိုမှ
◾ ကိုယ်က ဂရုစိုက်ခဲ့မိတာတွေလည်း ပါတယ် ။

◾ ပျော်စရာ ဆိုတာ
◾ လူမသိအောင် တိတ်တိတ်လေး ခိုးငိုရတာဖြစ်ပြီးတော့
◾ အမှတ်တရ ဆိုတာ တဖက်သတ်ချည်တဲ့
◾ သံယောဇဉ်တွေနဲ့ တစ်ဘဝစာ ရခဲ့တဲ့
◾ ဒဏ်ရာတွေပဲ ဖြစ်ခဲ့တယ် ။

◾ နာကျင်စရာ
◾ ကောင်းပါတယ် ....။

◾ ရင်ဘတ်တည့်တည့်ကို
◾ ဆောင့်ကန်သွားတဲ့ ခြေထောက်တွေ ကိုမှ
◾ အမြဲသတိရနေတတ် သူတွေက....
◾ တစ်ချို့ နေ့တွေမှာတော့
◾ သူတို့ကို သူတို့တောင် မေ့နေတတ်တဲ့ သူတွေပါ ။

◾ အသည်းအသန် ရှင်းပြနေတဲ့ကြားက
◾ လွဲသွားတဲ့ နားလည်မှုတွေဟာ
◾ အတော် စိတ်ကုန်ဖို့ ကောင်းပါတယ် ။

◾ နှမြောမိတယ်
◾ နှမြောမိတယ် ဆိုတာက
◾ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေနဲ့
◾ ဘဝထဲက ထွက်သွားကြတဲ့ လူတွေကို
◾ နှမြောတာ မဟုတ်ပါဘူး ။

◾ မတန်ဘဲပေးခဲ့မိတဲ့ စေတနာတွေနဲ့
◾ အကျိုးမရှိဘဲ ဖြုန်းခဲ့မိတဲ့ အချိန်တွေကိုပါ

◾ တကယ်တော့
◾ ဘယ်တရားနဲ့မှ ဖြေစရာမလိုပါဘူး ။

◾ တကယ် လိုအပ်တာက
◾ ကိုယ့်ကိုမလိုတော့တဲ့ သူတွေကို
◾ ကိုယ်ကလဲ မလိုအပ် ရုံပါပဲ ။
Credit*➳
#ဘဝရဲ့ခရီးသည်✍️

မိန်းခလေးတစ်ယောက်ကို တကယ်ချစ်ရင်ဖုန်းအရင်စခေါ် ပေးပါ။စိတ်ဆိုးတိုင် စိတ်ရှည်ရှည်နဲ့ချော့ပါ။သူပျော်အောင် ရယ်စရာလေးတွေပြောပ...
26/01/2022

မိန်းခလေးတစ်ယောက်ကို တကယ်ချစ်ရင်

ဖုန်းအရင်စခေါ် ပေးပါ။

စိတ်ဆိုးတိုင် စိတ်ရှည်ရှည်နဲ့ချော့ပါ။

သူပျော်အောင် ရယ်စရာလေးတွေပြောပါ။

သူစိမ်းမိန်းမတွေနဲ့မပတ်သတ်ပါနဲ့။

သူအတွက်အချိန်ပေးပါ။

morning နဲ့ Goodnight နေ့တိုင်းလုပ်ပေးပါ
ဂရုစိုက်ပါ။

လမ်းမှားနေရင်တားပါ မချုပ်ချယ်ပါနဲ့။

သူဖြစ်ချင်တာကိုဖြည့်ဆည်းပေးပါ။

Anniversary နေ့တွေ စတွေနဲ့နေ့တွေကိုမမေ့အောင် မှတ်ထားပါ

ရစ်ပါ မဆူပါနဲ့။

မိန်းမတစ်ကာကြားထဲမှာလဲ သူလက်ကိုဆုတ်ကိုင်နိုင်အောင်ကြိုးစားပါ။

မိဘတွေအရှေ့မှာ သူကကျွန်တော်ချစ်သူပါလို့ပြောရဲတဲသတ္တိရှိပါ။

ဒုက္ခရောက်နေတဲ့အချိန် ကျောမခိုင်းပဲ မာမာမတ်မတ်ရပ်တည်ပေးပါ။

ကတိတည်ပါ။

မငြိငြင်ပါနဲ့။

မာနတွေမထားပါနဲ့။

မျက်ရည်တန်ဖိုး⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛ ဟိုးရှေးရှေးတုန်းကဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့….။ အဲဒီ သမီးတော်လေးတွေငို ရ...
22/01/2022

မျက်ရည်တန်ဖိုး
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

ဟိုးရှေးရှေးတုန်းကဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့….။

အဲဒီ သမီးတော်လေးတွေငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။

ပထမ မင်းသမီးကတော့မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီးသူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေတစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ်။

မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လ က်ထပ်လိုက်ပါတယ်။ ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော်၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။

သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်၀တ်လက်စားတွေအပြည့်နဲ့တွေမြင်နေရပြီး သမီးငယ်နဲ့ သိုးကျောင်းသားကတော့ဆင်းရဲမြဲဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီတော့ဘုရင်ကြီးက အံ့အားသင့်စွာနဲ့ “သမီးငယ်ရဲ့ မျက်ရည်တစ်စက်နဲ့ မင်းတို့ ချမ်းသာ နေနိုင်ရက်သားနဲ့ကွာ။ ဘယ်လိုဖြစ်တာလဲ” လိုမေးပါတယ် ။

သိုးကျောင်းသားလေးက “ကျွန်တော် သူ့ကို မျက်ရည် မကျခိုင်းရက်လို့ပါဗျာ” လို့ပြန်ဖြေပါတယ်။

အဲဒီတော့ဘုရင်ကြီးက သူ့ချမ်းသာမှု့အတွက်သူတစ်ပါးကို မျက်ရည်မဖြစ်စေတဲ့သိုးကျောင်းသားလေးကို အိမ်ရှေ့စံ အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘုရင်ကြီး နတ်ရွာစံတဲ့အခါ သိုးကျောင်းသားလေးက မင်းကျင့်တရား (၁၀)ပါးနဲ့ အညီ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတစ်ပါးဖြစ်လာပါတယ်။

သူတစ်ပါး မျက်ရည်ကျမှမိမိချမ်းသာမယ်ဆိုတဲ့သူက ခေတ္တခဏအမြင်မှာတော့ချမ်းသာသလိုလို ထင်ရသော်လည်း ချမ်းသာအစစ်မဖြစ်နိုင်ပါဘူး။

သင်ရော သူတစ်ပါး မျက်ရည်ကျမှချမ်းသာမယ်ဆိုရင်သင်စိတ်ပျော်ရွှင်မှု့ ရရှိနိုင်ပါမလား ။

Credit

နေတတ်အောင်နေဖို့လိုတယ်**************************ရေစက်ရှိ လို့ ဆုံရတဲ့အခိုက်ချစ်ချစ်ခင်ခင်နဲ့ နေဖို့လိုတယ်။ရေစက်ကုန်လို့ခ...
21/01/2022

နေတတ်အောင်နေဖို့လိုတယ်
**************************

ရေစက်ရှိ လို့ ဆုံရတဲ့အခိုက်
ချစ်ချစ်ခင်ခင်နဲ့ နေဖို့လိုတယ်။

ရေစက်ကုန်လို့ခွဲရတဲ့အခိုက်
ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက်ချနိူင်ဖို့လိုတယ်။

ပြောစရာရှိတာ ပြောလိုက်ပေမယ့်
ကိုယ်ပြောတဲ့ စကားတွေမှာ သူတစ်ပါးအပေါ် ထိခိုက်နစ်နာစေလိုတဲ့ စိတ်မရှိရင်
ဘယ်စကားလုံးမဆို လူတိုင်းကျေနပ်နိူင်ပါတယ်။

တစ်ခါတလေ ကိုယ်ကသာဘာမှမသိတာ
ကိုယ့်နောက်ကွယ်မှာ သူတို့စိတ်ဓာတ်တွေ ဘယ်လို ပြုမူနေလဲဆိုတာက သူတို့ကို အပူရစေတာပါပဲ။

နေရင်းထိုင်ရင်း အမုန်းခံနေရပြီဆိုရင်
သေချာပါတယ် သင်ကသူတို့ထက်သာနေလို့ပါပဲ။ ဘဝမှာ ကိုယ့်စိတ်နဲ့နှိုင်း နေသရွေ့
လူတိုင်းကို ကိုယ့်လိုအထင်နဲ့ အမြင်စောင်းနေမယ့် လူတစ်ချို့ရှိတယ်။

ဒါတွေကို အချိန်ကုန်ခံပြီး ဂရုစိုက်နေဖို့ မလိုသလို အချိန်ပေဖို့လည်း မလိုအပ်ပါဘူး
ကိုယ့်လိပ်ပြာ ကိုယ်လုံရင် ဘယ်နေရာရောက်ရောက် ဘယ်သူတွေ ဘယ်လိုမုန်းမုန်း ကိုယ့်စိတ်ဓာတ်က အရောင်ပြောင်းမသွားဖို့ပဲလိုတယ်။

ဘယ်သူ့အပေါ်မှာမှ ကောက်ကျစ်ယုတ်မာခြင်း မရှိတဲ့စိတ်ဟာ ဘယ်နေရာရောက်ရောက် အေးချမ်းပါတယ် ရှင်သန်ခွင့်ရတဲ့ ဘဝတွေမှာ ရိုးရှင်းနေရင် စိတ်ဓာတ်ကလည်း ကြည်လင်နေမှာပဲ ဘယ်သူတွေကဘယ်လိုပဲ မိုးခါရေ သောက် နေပါစေ ကိုယ်မသောက်မိဖို့ပဲ လိုတယ်မဟုတ်လား???
ကိုယ့်စိတ်ဓာတ်ခံက အေးချမ်းနေရင်
ဘယ်သူဘယ်လို အပူတွေပေးပေး ငြိမ်းချမ်းတာပါပဲ နေတတ်အောင်နေဖို့လိုတယ် ။
Min khant kyaw
#𝐂𝐫𝐝𝐢𝐭 လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
စာပေချစ်သူများ မင်္ဂလာပါ 📚🏡👇🏼
ဗဟုသုတ စာပေများဖတ်ချင်ပါက
ကျွန်တော်(𝐀𝐜𝐜)ထဲကိုဝင်လာဖတ်ဖိုဖိတ်ခေါ်ပါတယ်
https://www.facebook.com/Min-khant-kyaw-100220049156405/

လူ့ဘဝ လူ့တန်ဖိုးဆိုတာ*******************ဖတ်ကြည့်နော်…ကျွန်တော်ဟာအသက်( ၁၈ )နှစ်သား အရွယ်မှာမိသားစုနဲ့ ခွဲခွာ၍တနယ်တကျေး ထွ...
20/01/2022

လူ့ဘဝ လူ့တန်ဖိုးဆိုတာ
*******************
ဖတ်ကြည့်နော်…

ကျွန်တော်ဟာ
အသက်( ၁၈ )နှစ်သား အရွယ်မှာ
မိသားစုနဲ့ ခွဲခွာ၍
တနယ်တကျေး ထွက်ခွာရပြီး

မိသားစုရဲ့
စားရေး နေရေး ဝတ်ရေးဆိုတဲ့
အရေးသုံးပါးကို
ဖြေရှင်းပေးဖို့ နဲ့
မိမိရဲ့ဘဝ ရပ်တည်နိုင်ဖို့
အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို
သင်ကြားရန်
ခရီး စထွက်ဖို့ ပြင်ဆင်နေချိန်

ခရီးမထွက်ခင်လေးမှာ
အ ဖေက
ခုလို ဆုံးမစကားလေး တစ်ခွန်း
ပြောပြပါတယ်။

ဒီမယ် ငါ့သား…
သားဟာ…
အဖေ့ရဲ့ သွန်သင် ဆုံးမစကားတွေ
အောက်မှာ
နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတာဆိုတော့
ဘဝရဲ့ စိန်ခေါ်မှုတွေ
လောကဓံရဲ့ စိန်ခေါ်မှုတွေကို
သိပ်ပြီး မခံစားခဲ့ရဘူး။

သို့သော်…
သားဟာ ဒီနေ့ကစပြီး
လူ့ဘဝမှာ
လူတွေကပေးတဲ့ သင်ခန်းစာတွေကို
သင်ယူရတော့မယ်။

ဒီနေ့ခေတ်မှာ…
သားတို့လို လူငယ်တွေ အတွက်
ဘယ်နေရာ
ဘယ်ဒေသကိုပဲ ကြည့်ကြည့်
လူတစ်ယောက်ရဲ့ဘဝကို
ပျက်စီးရာ ပျက်စီးကြောင်းဖြစ်နိုင်တဲ့
လူ့အသုံးဆောင်
ဆေးဝါး ပစ္စည်းတွေဟာ
လွန်စွာမှ များပြားနေပြီ သား။

ဒါကြောင့် မိမိရဲ့စိတ်ကို
အမြဲတမ်း သတိနဲ့ ထိမ်းချုပ်ထားပါ။

လူရဲ့ စိတ်ဆိုတာ…
များသောအားဖြင့်
မကောင်းတဲ့ နေရာတွေမှာ
ပျော်မွေ့ နှစ်ရှိုက်တတ်ကြတယ်။

လူ့ရဲ့ စိတ်ဟာ…
ဥပမာ ဘာနဲ့တူသလဲ
ဆိုရင်
သစ်ပင်ထိပ်ဖျားက အလံတိုင်လိုပဲ။
လေတိုက်တိုင်း လွင့်နေတယ်။

နှာခေါင်းကြိုး မပါတဲ့
နွားတစ်ကောင်လိုပဲ။
ရောက်တတ်ရာရာ
လျှောက်သွားနေတယ် သား…

ဒီတော့ သားအနေနဲ့…
စကားတစ်ခွန်း ပြောမယ် ကြံတိုင်း
မပြောမီ
ပြောဆဲ
ပြောပြီး
သတိထားပြီး ပြောဆိုပါ။

အလုပ်တစ်ခုကို လုပ်မယ် ကြံတိုင်း
မလုပ်မီ
လုပ်ဆဲ
လုပ်ပြီး
သတိထားပြီး လုပ်ပါနော်။
ဒါဆို အမှားနည်းပြီး
နောင်တတွေနဲ့ ဝေးကွာသွားလိမ့်မယ်။

ဟုတ်ကဲ့ပါ ဖေဖေ။

လောကမှာ
လူတစ်ယောက်ရဲ့ တန်ဖိုးကို
တိုင်းတာချင်ရင်…

ဒီလူဟာ…
ရာထူး ဘယ်လောက်ရှိလဲ
ပစ္စည်းဥစ္စာ ဘယ်လောက်ပေါများလဲ
ပညာတွေ ဘယ်လောက်တတ်လဲ
စသဖြင့်
ဒါတွေနဲ့ တိုင်းတာလို့ မရဘူး။

လူတစ်ယောက်ရဲ့ တန်ဖိုးကို
သိချင်ရင်…

ဒီလူဟာ…
အမှားအမှန်ကို ဘယ်လောက်
ခွဲခြားနိုင်လဲ…?။

ကိုယ်ကျင့်တရား ဘယ်လောက်
ကောင်းလဲ ဆိုတာနဲ့
တိုင်းတာကြည့်ရင်
ဒီလူရဲ့ တန်ဖိုးကို သိနိုင်တယ် သား။

ဒီအရာ ( ၂ )မျိုးက
ဥပမာ ဘာနဲ့ တူသလဲ ဆိုရင်
လက်( ၂ )ဖက်နဲ့ တူတယ်။

လူတစ်ယောက်ဟာ
မှားမှန်ခွဲခြားနိုင်တဲ့ ဉာဏ်ပညာနည်းရင်
ကိုယ်ကျင့်တရားနဲ့ တူတဲ့
လက်တဖက်နဲ့ ပွတ်သတ်လိုက်ပါ။

ဒီလိုပါပဲ
လူတစ်ယောက်ဟာ
ကိုယ်ကျင့်တရားဘက်မှာ အားနည်းနေပြီ
ဆိုရင်
မှားမှန်ခွဲခြားနိုင်တဲ့ လက်တစ်ဖက်နဲ့
ပြန်ပြင်လိုက်ပါ။

ဒါဆိုရင်
တန်ဖိုးရှိတဲ့ လူတစ်ယောက်အဖြစ်
ထာဝရ
ရှင်သန် ရပ်တည်နိုင်မယ်။

ဒီမယ်ငါ့သား…
လူ့ဘဝဟာ
ဘယ်လောက်ထိ ရခဲတယ်
ဆိုတာကို
ဒို့ဘုရားရှင်က သူ၏ တပည့်
သံဃာတွေကို
ခုလို ဥပမာလေးနဲ့
ရှင်းပြထားတော်မူတယ်။

ချစ်သားတို့တဲ့…
မဟာ သမုဒ္ဒရာကြီးထဲမှာ
လိပ်ကန်းကြီး တစ်ကောင်ဟာ
အနှစ်( ၁ဝဝ )ပြည့်မှ
ရေပြင်ပေါ်သို့
တစ်ကြိမ်သာပေါ်လေ့ ရှိတယ်။

ထို လိပ်ကန်းကြီးရှိတဲ့
သမုဒ္ဒရာကြီးထဲကိုတဲ့
အပေါက် (၁ )ပေါက်သာ ပါတဲ့
ထမ်းပိုးကြီးတစ်ချောင်းကို
ပစ်ချလိုက်ရင်
ထိုအပေါက်ထဲကို
ဒီလိပ်ကန်းကြီးရဲ့ ဦးခေါင်း
စွပ်မိဖို့ရာ လွယ်ပါမလား-? လို့
ဘုရားရှင်က မေးတော့

ဒီကိစ္စဟာ
အလွန်မလွယ်ကူတဲ့ အရာပါဘုရားဟု
သံဃာအပေါင်းက
တညီတညွတ်ထဲ ဖြေကြတယ်။

ဒီတော့ ဘုရားရှင်က
ချစ်သားတို့
ဒီလိပ်ကန်းဟာ
အနှစ်( ၁ဝဝ )မှာ တစ်ကြိမ် ပေါ်ပေမဲ့
ဒီထမ်းပိုး အပေါက်ထဲကို
စွပ်မိကောင်း စွပ်မိနိုင်သေးတယ်။

လူ့ဘဝဆိုတာက…
တစ်ကြိမ်လူဖြစ်ပြီးလို့ ဆုံးသွားခဲ့ရင်
နောက်ထပ် လူပြန်ဖြစ်ဖို့ရာ
ဘဝပေါင်းများစွာ စောင့်လို့တောင်
မသေချာတော့ဘူး ချစ်သားတို့
လို့
ဘုရားရှင်က မိန့်တော်မူပါတယ်။

သားကို
အဖေ အဓိက ပြောချင်တာကတော့…
လူ့ဘဝဟာ တိုလွန်းတယ်။
ရခဲလှတယ်။

ဒီလူ့ဘဝကနေ
အဆင့်မြင့်တဲ့ ဘဝတွေကို
တွန်းပို့နိုင်သလို
အဆင့်နိမ့်ကြတဲ့
မကောင်းတဲ့ ဘဝဆိုးတွေကိုလည်း
ဆွဲချစေတတ်တယ် ဆိုတာ
သားကို သိစေချင်တယ်။

ရခဲလှတဲ့ လူ့ဘဝလေးမှာ
မဖြစ်သေးတဲ့ အကုသိုလ်တွေ
မပြုမိအောင်
ဖြစ်ပြီးသား ကုသိုလ်တွေကို
ထပ်ပြီး တိုးပွားအောင်
ပြုလုပ်ပါလို့ အဖေ တိုက်တွန်းပါရစေ။

သားလေး…
ဘဝတစ်ခုကို တည်ဆောက်တဲ့
နေရာမှာ
ဘယ်နေရာ ဘယ်ဒေသမှာပဲ
နေရပါစေ။
မိမိစိတ်ရဲ့ ကျေးကျွန်မဖြစ်စေပဲ
စိတ်ရဲ့ သခင်ဖြစ်အောင် ကြိုးစားပါ။

အမှားနဲ့ အမှန် ခွဲခြားနိုင်ပြီး
တန်ဖိုးရှိတဲ့ လူသားတစ်ယောက်
ဖြစ်ပါစေလို့
အဖေ ဆုတောင်းပေးလိုက်ပါတယ်။

ဟုတ်ကဲ့ပါ ဖေဖေ…

သားလေ အဖေ ဖြစ်စေချင်တဲ့
လူသားတစ်ယောက်ဖြစ်အောင်
ကြိုးစားပါ့မယ်လို့ ကတိပေးရင်း
ကျွန်တော်ခရီး ထွက်လာခဲ့ပါတယ်။

တန်ဖိုးရှိလှတဲ့ လူ့ဘဝမှာ
နေထိုင်ကြသည့် လူသား အားလုံး
တန်ဖိုးရှိသည့်
လူသားများ ဖြစ်နိုင်ကြပါစေ။
CreditOriginalUploader
#ဘဝရဲ့ခရီးသည်

အိမ်ထောင်ပြုတော့မယ်ဆိုရင် - - - - - - - - - - - - - - - - - - - - - အိမ်ထောင်ပြုတယ်ဆိုတာ ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘ...
20/01/2022

အိမ်ထောင်ပြုတော့မယ်ဆိုရင်
- - - - - - - - - - - - - - - - - - - - -

အိမ်ထောင်ပြုတယ်ဆိုတာ
ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘူး
လေးနက်သော ပေါင်းဆက်ခြင်းဖြစ်သည်။

ဒါကြောင့်.....
ကာမစိတ်တစ်ခုပဲသိရင် မက်မောရင်
အိမ်ထောင်မပြုပါနဲ့..... ချစ်တာတစ်ခုပဲ
သိနေရင်လဲ
အိမ်ထောင်မပြုသေးပါနှင့်....

ရင့်ကျက်ပြီး အသိပညာပြည့်စုံမှသာ
အိမ်ထောင်ပြုသင့်ပါသည်။

ယခုခေတ်က အသက် ၁၅ ၁၆ အရွယ်ဆို
တစ်လင်ကွာ နှစ်လင်ကွာ သုံးလင်ကွာ
ဖြစ်နေကြပြီး

ယောကျာ်းလေးဆိုလဲ မိန်းမ
တစ်ယောက်ပြီးတစ်ယောက်
ပေါင်းဖက်နေကြတဲ့ ခေတ်ပျက်ကြီးပါ။

အကြောင်းက ဘုမသိ ဘမသိပဲ
ချစ်ကြ ကြိုက်ကြ ညာကြတယ်.....
ရင့်ကျက်မှုမရှိ အတွေးအခေါ်နည်းပြီး
အလုပ်အကိုင်မနိုင်ရင် ရန်ဖြစ်စကားများပြီး
ကွဲကြပါတယ်။

"အိမ်ထောင်မပြုမှီ ကိုယ့်ကိုကို
အရင်သုံးသပ်ကြည့်ပါ။"

#ယောကျာ်းလေးဆို

အိမ်ထောင်ဦးစီးနေရာ ကျေပွန်စွာ
ထမ်းဆောင်နိုင်ပါ သလား ....?

မိသားစုကိုရော ရှာဖွေကျွေးမွေးနိင်ပါသလား .....?

အလုပ်အကိုင်ကိုရော ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်ပါသလား.... ?

ကိုယ့်မိန်းမနဲ့ ပတ်သက်တဲ့ ကိစွအဝဝကို
တာဝန်ယူနိုင်ပါသလား.... ?

လေ့လာသင်ယူမှုရော ပြည့်စုံပြီးလာ..... ?

#မိန်းကလေးဆိုရင်

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်အောင်
လုပ်တတ်ကိုင်တတ်ပါသလား....?

လင်ဝတရားကိုရော ကျေပွန်စွာ ထမ်းဆောင်နိုင်ပါသလား...?

ရှာဖွေသမျှကိုရော ဘယ်လိုစုဆောင်းပြီး
ဘယ်လိုတိုးတက်အောင် ကြံဆောင်နိုင်ပါသလဲ...?

မိခင်နေရာ ရောက်လာရင်လဲ
ကိုယ့်သားသမီးကို
သေချာ သွန်းသင်ဆုံးမတတ်ပါသလား....?

အပျိုဘဝလို ပေါ့ပျက်ပျက်
နေထိုင်လို့မရတော့သဖြင့်
ရင့်ကျက်တည်ငြိမ်စွာ နေနိုင်ပါသလား....?

တစ်ကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ
တွေးတတ် စဉ်စားတတ်ရင် အရမ်းခက်ခဲပါတယ်။

ဖြစ်သလိုပဲ ဖြစ်ပါစေ ညာပြီးရင်
သူ့အလိုလို အနေသာကျသွားမယ်လို့
စောက်ပိန်ဦးနှောက်မျိုး မတွေးပါနဲ့...

အနာဂတ်မှာ ဇနီးကောင်း
လင်ကောင်းဖြစ်အောင်ပဲ
ကြိုးစားပြီး နေထိုင်နိုင်မှသာ
အိမ်ထောင်ပြုစေချင်တယ်။

လင်ရယ် မယားရယ် ဖြစ်လာပြီးဆိုရင်
တစ်ယောက်အပေါ် တစ်ယောက်
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရမယ်။

အကောင်းအဆိုးကိုလဲ
တူတူမျှဝေခံစားနိုင်ရမယ်။

အခက်အခဲဆိုတာ ရှိစမြဲပါ။
တစ်ယောက်ကိုတစ်ယောက်လဲ
အပြစ်မတင်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့
အကျင့်ပါသွားနိုင်တယ်။

ဒေါသနဲ့ ပြောလဲ ဒီစကားပါပဲ
ပြေပြေလည်လည်ပြောလဲ ဒီစကားပါပဲ

သို့သော်....
ကောင်းကောင်းမွန်မွန် ပြောဆိုညှိုနှိုင်းခြင်းက
အရမ်းကို တန်ဖိုးရှိစေပြီး ပြေလည်စေပါတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်
အရက်သေစာ နဲ့ လောင်းကစားလုပ်ခြင်း
ရှောင်ကြည်ပါ။

အစကောင်းမှ အနှောင်းသေချာသလို
မွေးလာတဲ့ သားသမီးကို လမ်းစ မခင်းပြပါနဲ့

တန်ဖိုးရှိစွာ နေထိုင်ရင် အဖိုးတန်တဲ့
ကလေးများသာ ရပါလိမ့်မည်။

အိမ်ရှင်မဆိုလဲ သားသမီးများကို
လိမ်မာရေးခြားရှိအောင်
သွန်သင်ဆုံးမနိုင်ပါစေ အဆဲတော့ မပါစေနဲ့

ကြားပါများရင် ကလေးတွေက
ပါးစပ်ထဲ စွဲနေတတ်သည်။

သင်လွယ် တတ်လွယ်တဲ့အရွယ်မှာ
အကောင်းဆုံးဖြစ်အောင် လမ်းပြပါ။

သံဆိုတာ ပူတုန်ပဲ လိုချင်တဲ့ပုံစံ ထုဆစ်လို့ရမယ်။
အေးခဲလာလေ မာကျောလာလေပဲ....

သားသမီးမကောင်းရင် မိဘခေါင်းတဲ့

သာယာသော် မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီစာကို အဆုံးထိဖတ္တဲ့လူဟာ
အသိပညာတိုးပွားပြီး အများကြီး
မဟုတ်ရင်တောင် အသိတရားတစ်ခု
ရလာလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။

ကျေးဇူးလဲ တင်ပါတယ်
အချိန်ပေးပြီး ဖတ်ရှူပေးတဲ့အတွက်နော်✍

#ဗဟုသုတအဖြာဖြာ

"ထက်မြက်သူနှင့် ညံ့ဖျင်းသူ" ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။ထက်မြက်သူက သင့...
20/01/2022

"ထက်မြက်သူနှင့် ညံ့ဖျင်းသူ"

ထက်မြက်သူက နားထောင်
ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်
ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ
တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ်
ကိုယ့်ကိုယ်ကို ထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။

ထက်မြက်သူက ဘဝရဲ့အသေးစိတ်
အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့
အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။

ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း
အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ
ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း
ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း
ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို
လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး
အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို
အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ
ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။
ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။
ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။
ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊
သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ
ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ
အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး
ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း
ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရာပါ ပါရမီရှိလည်း
နောက်ပိုင်းမှာ တုံးအ ညံ့ဖျင်းသွားအောင်
ကျင့်တယ်။

(ဒီစာကိုရေးမိမှ ကိုယ့်ကိုယ်ကို ညံ့ဖျင်းသူဖြစ်မှန်းသိတော့တယ်)

#ဗဟုသုတအဖြာဖြာ

(1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချ...
19/01/2022

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။

ที่อยู่

Min Buri

เบอร์โทรศัพท์

+66995487168

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Min khant kyawผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท