28/08/2026
ကလေးလေးတွေရဲ့ စိတ်ကူး၊ ဖန်တီးနိုင်စွမ်းနဲ့ အရောင်တွေနဲ့ ဖန်တီးထားတဲ့ အမှတ်တရလေးတွေကို တစ်နေရာတည်းမှာ စုစည်းပြသမဲ့ ပန်းချီပြပွဲလေး တစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 💕
ကလေးတွေအတွက်တော့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မျှဝေခွင့်ရမယ့် အမှတ်တရနေ့လေးတစ်နေ့ဖြစ်သလို၊
မိဘတွေနဲ့ အားပေးချစ်ခင်သူတွေအတွက်လည်း ကလေးတွေရဲ့ အနုပညာလောကလေးထဲကို ဝင်ရောက်ကြည့်ရှုနိုင်မယ့် အခွင့်အရေးလေး ဖြစ်ပါတယ်။ 🌈✨
ဒီအမှတ်တရလေးကို အတူတူမျှဝေခံစားနိုင်ဖို့
မိတ်ဆွေများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။ 🤍
📅 29 – 30 August 2026
⏰ 15:00 – 19:00
📍 Borderline in Mae Sot
ကလေးတွေရဲ့ လက်ရာလေးတွေကို လာရောက်ကြည့်ရှုပြီး
သူတို့ရဲ့ အိပ်မက်နဲ့ စိတ်ကူးလေးတွေကို အားပေးပေးကြပါနော်။ 🎨🌷
Come and make some Good Memories with us. 💛