One One home taste ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก One One home taste, ร้านอาหาร, patipat Road, Changwat Phuket.

ငါးခြောက်ထောင်းကြော်ဗူးကဟိုဟာလောက်ပဲရှိတယ်ဒီဟာလောက်ပဲရှိတယ်ဆိုသူများအတွက်ဗူးကြီးကြီးလေးထုပ်ထားပေးပါတယ်နော်ရှင်
26/08/2026

ငါးခြောက်ထောင်းကြော်ဗူးက
ဟိုဟာလောက်ပဲရှိတယ်ဒီဟာလောက်ပဲရှိတယ်
ဆိုသူများအတွက်
ဗူးကြီးကြီးလေးထုပ်ထားပေးပါတယ်နော်ရှင်

ဘယ်သူ့ပစွည်းလဲရှင်ဖုန်းဆက်လဲမကိုင်ဘူးဒီလတော့ကျွန်မထမင်းငတ်ပါပြီရှင်ရှင်တို့လုပ်ပုံနဲ့
26/08/2026

ဘယ်သူ့ပစွည်းလဲရှင်
ဖုန်းဆက်လဲမကိုင်ဘူး
ဒီလတော့ကျွန်မထမင်းငတ်ပါပြီရှင်
ရှင်တို့လုပ်ပုံနဲ့

25/08/2026

ဟိုနေ့က...Live မှာ
မငယ်ထွေးကိုအော်မိတာကိုနားလည်မှု့လွဲနေတဲ့သူတွေကို
ရှင်းပြထားပေးတာပါ
စာရေးရင်ကြာနေလို့
Videoလေးရိုက်တင်လိုက်တာပါရှင်

24/08/2026

#အမဲစပ်ကြော်.....ကုန်ပြီ

24/08/2026

#ပုဇွန်ခြောက်ငပိကြော်ရပါပြီရှင်
တဗူး 60 ဘတ်ပါ

24/08/2026

မနေ့ကဆိုင်ပိတ်အလုပ်ပိတ်ရက်ဆိုတော့
လဝိုင်ဘက်သွားပြီး
နေဝင်ချိန်လေးကိုသွားထိုင်ရှိုးခဲ့တာ
အရမ်းမိုက်
နေထွက်ချိန်ကတော့ပုဂံရဲ့နေထွက်ချိန်လေးကို
ဘယ်အရာမှမှီမယ်မထင်ဘူး
လွမ်းလိုက်တာ..ပုဂံရယ်

24/08/2026

ငါးခြောက်ထောင်းအစပ်ကြော်ကထမင်းပူပူနဲ့
နယ်စားမှကောင်းတာနော်
ခုကျွန်မစားသလိုကစားမကောင်းဘူး
ကျွန်မကစားကောင်းတယ်လို့ပြောရင်
ယုံ​လိုက်တော့...ကိုယ်အမြတ်ရဖို့အတွက်
သူများတွေကိုမဟုတ်တာမပြောဘူး
တယောက်နဲ့တယောက်အရသာကြိုက်ပုံချင်းမတူရင်တော့
တမျိုးပေါ့နော်
ခုလဲကျွန်မလိုလိုက်မစားကြပါနဲ့စားမကောင်းပါဘူး

23/08/2026

ပိတ်ရက်မှာအိပ်ခန်းထဲမှာပဲ
#မနက်စာ စားလိုက်တော့တယ်
Tin Tin Cho

ခုခေါတ်ကုန်ဈေးနှုန်းတွေကြောင့်အိမ်ရှင်မတွေအတွက်ဟင်းချက်တဲ့ချိန်စိတ်ရှုပ်စရာပါပဲဒါကြောင့်ဈေးသက်သာတဲ့ဟင်းချက်နည်းလေးတွေမျှ...
22/08/2026

ခုခေါတ်ကုန်ဈေးနှုန်းတွေကြောင့်
အိမ်ရှင်မတွေအတွက်ဟင်းချက်တဲ့ချိန်စိတ်ရှုပ်စရာပါပဲ
ဒါကြောင့်ဈေးသက်သာတဲ့ဟင်းချက်နည်းလေးတွေ
မျှဝေပေးသွားမယ်နော်ရှင်
သိပြီးသားအိမ်ရှင်မများကတော့ကျော်သွားပါရှင်
ငပိကြော်ကိုဈေးသက်သာတဲ့နည်းလေးနဲ့
ကျွန်မအိမ်မှာကျွန်မကြော်စားသလိုကြော်စားကြည့်ပါနော်ရှင်
စိမ်းစားငပိကိုတော့ကောင်းတာလေးသုံးပါရှင်
စိမ်းစားငပိ200g
ဆီ/အချိုမှုန့်/ကြက်သွန်နီ
အရောင်တင်မှုန့်/အကြမ်းမှုန့်မကျီးသီး
ကြက်သွန်ဖြူဆီချက်တွေဘာတွေမထည့်ပါနဲ့
ကုန်သက်သာအောင်ချက်တာဆိုတော့လေ
ကြက်သွန်နီကိုတော့များများထည့်
ကြက်သွန်နီ200gကိုအရင်ကြိတ်ပြီးအရင်ဆီသတ်
ကြက်သွန်နီနွမ်းရင်အရောင်တင်မှုန့်အကြမ်းမှုန့်ထည့်
ကြက်သွန်နီခြောက်ခြောက်လေးဖြစ်လာပြီဆိုရင်
စိမ်းစားငပိကိုရေလေးဖျော်ပြီးထည့်
ပြီးရင်အချိုမှုန့်နည်းနည်းထည့်
မကျီးမှည့်ရည်ညှစ်ထည့်ပြီးရင်
ခြောက်တဲ့ထိကြော်ခြောက်ခါနီးရင်အဆက်မပြတ်မွှေပေးနေ
အိုးကပ်ပြီးတူးမှာစိုးလို့
လုံးဝခြောက်သွားပြီးဆီပြန်လာရင်အိုးချရပြီး
ပြီးရင်စားဖို့လောက်ပဲဖယ်ပြီးကျန်တာကို..2နာရီလောက်
အအေးခံထားလိုက်
အေးရင်ဗူးထဲထည့်ထားပြီး
ကိုယ်စားချင်တဲ့ချိန်ထစားရပြီ
ပုဇွန်ခြောက်လုံးဝမထည့်ပါနဲတကီလို650/700ဘတ်ပါ
ဈေးသက်သာစေတဲ့ငပိကြော်မို့
အရမ်းတော့စားမကောင်းဘူးဒါပေမယ့်သူ့ဟာနဲ့သူတော့စားကောင်းတယ်ကျွန်မအိမ်မှာကြော်စားရင်အဲလိုပဲကြော်စားတာ
ပုဇွန်ခြောက်တွေကြက်သွန်ဖြူဆီချက်တွေကြက်သွန်နီဆီချက်တွေလိုက်မထည့်နဘူး
ငပိကိုပဲကြော်စားလိုက်တာ....
ခုကျွန်မရောင်းတာကကြော်နည်းတမျိုးရှင့်
ကြော်နည်းချင်းလဲမတူပါဘူး
ကျွန်မကတော့ပုဇွန်ခြောက်ဘာညာမပါတဲ့အိမ်ချက်ငပိကြော်ကို
ပိုကြိုက်တယ်ငွေကုန်သက်သာလို
နောက်မှခုရောင်းနေတဲ့ငပိကြော်နည်းလေးထပ်တင်ပေးပါ့မယ်
တခုတော့ရှိတယ်
ငပိကောင်းကောင်းကိုသုံး
ပဲဆီသန့်နဲ့ကြော်
အရောင်တင်မှုန်ငရုပ်ခွဲခြမ်းမှုန့်ကိုကောင်းတာလေးတွေတော့
သုံးမှဟင်းအရသာကကောင်းမှာပါ
ဒါမှမဟုတ်လဲငရုပ်တောင့်ရှည်ကိုကိုယ့်ဘာသာအိမ်မှာထောင်း
ပြီးချက်လဲရပါတယ်
ငပိကြော်တမျိုးရှိရင်
တို့စရာလေးနဲ့
မကျီးရွက်ဟင်းချို/ချဥ်ပေါင်ဟင်းချို/ဗူးသီးဟင်းခါး
တမျိုးမျိုးလေးချက်လိုက်ရင်
တကယ်ကိုကုန်ကျသက်သာမှာပါရှင်

မုန်လာဥပိုးတီလေးလုပ်ရောင်းမယ်နော်ရှင်...ငပိကြော်နဲ့ဆိုအရမ်းလိုက်ဖက်ပါတယ်စားတတ်တဲ့သူရှိလားရှင်....ရှိရင်လုပ်ရောင်းမယ်ရှင်
22/08/2026

မုန်လာဥပိုးတီလေး
လုပ်ရောင်းမယ်နော်ရှင်...
ငပိကြော်နဲ့ဆိုအရမ်းလိုက်ဖက်ပါတယ်
စားတတ်တဲ့သူရှိလားရှင်....
ရှိရင်လုပ်ရောင်းမယ်ရှင်

ที่อยู่

Patipat Road
Changwat Phuket
83000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ One One home tasteผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท