Me Nam Yar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Me Nam Yar, ร้านอาหาร, 604/3 Phetchaburi Road, Thanon Phetchaburi, Ratchathewi, Bangkok.

ချစ်ရသော ကာကာများအတွက် သတင်းကောင်းလေးလာပါပြီရှင့်😊😊Phenix Pratunamကုန်တိုက်က ဦးစီးကျင်းပတဲ့ ဘုရားပွဲနဲ့စျေးရောင်းပွဲတော...
24/05/2025

ချစ်ရသော ကာကာများအတွက် သတင်းကောင်းလေးလာပါပြီရှင့်😊😊
Phenix Pratunamကုန်တိုက်က ဦးစီးကျင်းပတဲ့ ဘုရားပွဲနဲ့စျေးရောင်းပွဲတော်လေးကို မေလ24-31ရက်နေ့ထိ ကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင့်🍜🍡🥨🥯🍽🥢🥥🌽🍑🍒🍈

ကလေးငယ်များအတွက် အေးဆေးကစားလို့ရမဲ့ဂိမ်းတွေအပါအဝင် ရိုးရာအစားအသောက်တွေကို စျေးနှုန်းချိူသာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်.🎯

Pratunam areaလိုနေရာမျိူးမှာ ကားရပ်ဖို့နေရာရှာရခက်တဲ့ပြသနာတွေကို ပူစရာမလိုတော့ဘူးနော်
Phenix Pratunam ကုန်တိုက်မှာ 2နာရီ freeရပ်ထားလို့ရပါတယ်🚗🚕

MeNamYar ရဲ့ ထိုင်းရိုးရာဟင်းလျာလေးတွေကိုလည်း လာရောက်သုံးဆောင်ကြည့်ဖို့ မမေ့နဲ့နော် 🥰📍Location-Phenix Pratunam 4floor

ဘန်ကောက်ရောက် ရွှေမြန်မာတို့အနေဖြင့် ထိုင်းရိုးရာမုန့်ဟင်းခါး အမျိုးအမည်များစွာကို တနေရာတည်းမှာ မြည်းစမ်းနိုင်မဲ့ Me Nam...
18/05/2025

ဘန်ကောက်ရောက် ရွှေမြန်မာတို့အနေဖြင့် ထိုင်းရိုးရာမုန့်ဟင်းခါး အမျိုးအမည်များစွာကို တနေရာတည်းမှာ မြည်းစမ်းနိုင်မဲ့ Me Nam Yar 🍲

ထိုင်းနိုင်ငံရဲ့ ဒေသအလိုက် မတူညီတဲ့အရသာနဲ့ပြင်ဆင်ပုံ အမျိုးမျိုးရှိတဲ့ ရိုးရာမုန့်ဟင်းခါးတွေထဲကမှ လူကြိုက်အများဆုံး ဟင်းလျာတွေကို ပတူနမ်းအနီးဝန်းကျင်မှာရှိတဲ့ PHENIX Pratunam ကုန်တိုက်မှာ လာရောက်သုံးဆောင်နိုင်ပါပြီရှင့်

ရိုးရာအတိုင်း မုန့်တီနဲ့ပဲ စားမလား … Roti လေးနဲ့ပဲတွဲစားမလား … ဒါမှမဟုတ် ထမင်းပူပူလေးနဲ့ပဲ တွဲစားချင်လား … လူကြီးမင်းတို့စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့အပြင် လူမျိုးဘာသာမရွေး စားသုံးနိုင်အောင် ပြင်ဆင်ထားပေးတာမို့ ယုံကြည်စိတ်ချစွာ မှာယူသုံးဆောင်နိုင်ပါတယ်နော် 🙆🏻

📍 Location : 4th Floor, PHENIX Pratunam, 604/3 Phetchaburi Rd, Thanon Phetchaburi, Ratchathewi, Bangkok 10400

📞 Contact : +66 950030569

ချစ်ရသော ကာကာတို့အတွက် Me Nam Yar ရဲ့ ဒီတခေါက် 🍛 menu အသစ်လေးက ဘာဖြစ်မလဲ ?? တခါစားပြီးတိုင်း နောက်ထပ်တခါ ထပ်စားချင်လောက်...
16/05/2025

ချစ်ရသော ကာကာတို့အတွက် Me Nam Yar ရဲ့ ဒီတခေါက် 🍛 menu အသစ်လေးက ဘာဖြစ်မလဲ ??

တခါစားပြီးတိုင်း နောက်ထပ်တခါ ထပ်စားချင်လောက်အောင် ပါးစပ်ထဲစွဲသွားစေမဲ့ Chicken Green Curry ဟင်းလျာလေးပဲ ဖြစ်ပါတယ်ရှင့် 😋🤤

အုန်းနို့အရသာနဲ့ ဆေးဖက်ဝင်အမယ်များစွာ ပါဝင်ပေါင်းစပ်ထားတာမို့ မွှေးကြိုင်ပြီး အုန်းနို့အဆိမ့်အရသာ ကြက်သားအချိုအရသာနဲ့ ကျောက်ဖရုံသီး သဘာဝအချိုအရသာတို့ အချိုးကျပေါင်းစပ်ထားတဲ့ ဟင်းလျာလေး ဖြစ်ပါတယ်ရှင့် 💯

Chicken Green Curry ရဲ့ ဟင်းရည်အရသာက ချိုဆိမ့်စပ်မွှေး အရသာ‌လေးဖြစ်ပြီး လူမျိုးဘာသာမရွေး စားသုံးနိုင်မဲ့ ဟင်းလျာတစ်ခုလဲ ဖြစ်ပါတယ်နော်

ဒီလိုပြီးပြည့်စုံတဲ့ ဟင်းလျာလေးရဲ့ ဈေးနှုန်းက 💢 99 ဘတ် 💢 ထဲရှိတာမို့ ဆိုင်မှာလာရောက် စားသုံးချင်တယ်ဆိုရင်တော့ PHENIX Pratunam 4th floor ကို လာရောက်ဖို့ ဖိတ်ခေါ်ပါရစေရှင့်

28/04/2025

Thank you So Much For Order 🥰🥰

ထိုင်းငါးဖယ်ကြော် အိချိူမွှေးလေး ရပြီနော်😋😋Open Time⏰⏰10:00Am to 20:00PM..🏢🏢Phenix Pratunam 4floor
27/04/2025

ထိုင်းငါးဖယ်ကြော် အိချိူမွှေးလေး ရပြီနော်😋😋

Open Time⏰⏰10:00Am to 20:00PM..

🏢🏢Phenix Pratunam 4floor

💐💐နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ💐💐လို့ ဆုမွန်ကောင်းတောင်းရင်း မိတ်ဆွေများကို menuအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်😊🌸🌸...
19/04/2025

💐💐နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ💐💐လို့ ဆုမွန်ကောင်းတောင်းရင်း မိတ်ဆွေများကို menuအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေရှင့်😊

🌸🌸အဲဒါကတော့ တခြားမဟုတ်ပါဘူးရှင့်
မြန်မာလူမျိူးတိုင်း ကြိုက်နှစ်သက်တဲ့ မုန့်ဖတ်သုပ်လေးပါနော်🌸🌸

🐠🐠မင်မင်ကတော့ ငါးဖယ်ဆို ငါးဖယ်စစ်စစ်မှ ကြိုက်တဲ့လူမို့ ကိုယ့်ရဲ့မိတ်ဆွေတွေကို ငါးဖယ်ပြားကြော်စစ်စစ်ကိုမှ အစာပလာထဲ ထည့်သုပ်ပေးမှာ ဖြစ်ပါတယ်ရှင့်🐠🐠

🍋🌶🥄ချဥ်ငံစပ် အရသာကို စားသုံးသူအကြိုက် လိုက်ပြီး သုပ်ပေးမှာဖြစ်လို့ စိတ်တိုင်း မကျမှာ မစိုးရိမ်ရတော့ဘူးနော်🍋🌶🥄

🥰🥰MeNamYar ဆိုင်က ထိုင်းရိုးရာ မုန့်ဟင်းခါးအပြင် မြန်မာ့ရိုးရာ အစားအသောက်တွေကိုလည်း
သန့်ရှင်းလတ်ဆက်စွာနဲ့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင့်🥰🥰

🏢🏢location ကိုလည်း မမေ့နဲ့ဦးနော် မိတ်ဆွေတို့ရေ Phenix Pratunam ကုန်တိုက်ရဲ့4floorမှာပါရှင့်🏢🏢

11/04/2025

သိတဲ့လူ မန့်ကြည့် 😜🥰🥰

ဆန်မုန့်ဖတ် နဲ့ Beef Green Curryကို တွဲစားရတာ မကြိုက်တဲ့ လူတွေအတွက် စံပယ်ဆန် ထမင်းမွှေးမွှေးလေးနဲ့ စားသုံးနိုင်အောင် အစပ...
11/04/2025

ဆန်မုန့်ဖတ် နဲ့ Beef Green Curryကို တွဲစားရတာ မကြိုက်တဲ့ လူတွေအတွက် စံပယ်ဆန် ထမင်းမွှေးမွှေးလေးနဲ့ စားသုံးနိုင်အောင် အစပ်အဟပ်မိမိ
MeNamYarမှ ဖန်တီးပေးလိုက်ပြီနော်🥰🥰
🍚🍚 ထမင်းမွှေးမွှေးပူပူလေးကိုမှ အမဲသားဟင်းလျာလေးနဲ့ ကြက်သွန်နီကြော် သခွားသီးလေးနဲ့ တွဲစားရတာ ဘာနဲ့မှမတူ အရသာရှိရှိ စားသုံးရမှာပါရှင့်😋😋
ဒီဟင်းလျာအတွဲစပ်လေးကို 115bahtတည်းနဲ့ စျေးနှုန်းသက်သာစွာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ရှင့်😍😍
Location..Phenix Pratunam 4floor
Open Time..10:00am_20:00pm..

March လရဲ့ပူပြင်းတဲ့ နွေဦးရာသီကြောင့် ပူအိုက်ပြီး အစားအသောက်တွေပျက် စားလိုက်တဲ့အစားအသောက်တွေကလဲ ဝမ်းပူစာတွေ ဖြစ်နေလို့ ...
06/03/2025

March လရဲ့ပူပြင်းတဲ့ နွေဦးရာသီကြောင့် ပူအိုက်ပြီး အစားအသောက်တွေပျက် စားလိုက်တဲ့အစားအသောက်တွေကလဲ ဝမ်းပူစာတွေ ဖြစ်နေလို့ စိတ်ညစ်နေလား🤔🤔??

အဲ့လိုဖြစ်နေရင် မပူပါနဲ့သဲတို့ရေ....MeNamYarက
သဲလေးတို့အတွက် ဝမ်းကိုလည်းအေးစေမယ် ချဥ်ငံစပ်လည်းပါရမယ် အဆိမ့်အရသာလေးနဲ့ မီးနူးသစ်လေးကို မိတ်ဆက်ပေးပါရစေရှင့်😊😊

လတ်ဆတ်တဲ့မုန့်ဖတ်ရယ် အုန်းနို့၊ငါးဖယ်၊နာနတ်သီးနဲ့ချိုချဥ်ငံစပ် ဟင်းခတ်လေးတွေနဲ့ပေါင်းစပ်ထားတဲ့ အသုပ်ဆန်ဆန် ဟင်းပွဲလေးရဲ့အမည်ကတော့ ဆောင်ဝ်နာမ်းလို့ ခေါ်ပါတယ်ရှင့်🍍

အသစ်အဆန်းတွေကို စမ်းသပ်မြည်းစမ်းလိုသူတွေကိုရော မိတ်ဟောင်းမိတ်သစ် သဲလေးတို့ကိုရော ဝန်ဆောင်မှုပေးဖို့ MeNamYarဆိုင်မှ အသင့်စောင့်ကြိုနေပါတယ်ရှင့်😍

Phenix Pratunamကုန်တိုက်ရဲ့ 3kmအတွင်းဆို Delivery Fee ကFreeပါနော် သဲလေးတို့ရေ...😍😍

Me Nam Yarမှ ဒီတခါ ချစ်သဲတို့ကို မိတ်ဆက်ပေးချင်တဲ့ မီနူးလေးကတော့**ထိုင်းအခေါ် နာမ်းငင်ရုတ် ဟင်းရည် လေးပါရှင့်😍😍😍🍜 **နာမ်...
15/02/2025

Me Nam Yarမှ ဒီတခါ ချစ်သဲတို့ကို မိတ်ဆက်ပေးချင်တဲ့ မီနူးလေးကတော့**ထိုင်းအခေါ် နာမ်းငင်ရုတ် ဟင်းရည် လေးပါရှင့်😍😍😍

🍜 **နာမ်းငင်ရုတ် (Nam Ngiao) - ထိုင်းမြောက်ပိုင်းရဲ့ စစ်မှန်တဲ့ ချင်းမိုင်ဒေသ အစားအစာလေးဘဲဖြစ်ပါတယ်ရှင့်🥗🥗🥗

ထိုင်းမြောက်ပိုင်းဒေသရဲ့ လူကြိုက်အများဆုံး ဟင်းရည်တစ်မျိုးဖြစ်တဲ့ **နာမ်းငင်ရုတ်** ကို စမ်းသပ်စားသုံးဖို့ Me Nam Yarမှ ဖိတ်ခေါ်ပါတယ်ရှင့်😊😊😊
ချဉ်၊ ငန်၊ စပ်အရသာတွေနဲ့ ပြည့်ဝနေတဲ့ ဒီဟင်းရည်က ထိုင်းမြောက်ပိုင်းရဲ့ရိုးရာအစားအစာတစ်ခုဖြစ်ပြီး မြန်မာ့ခံတွင်းနဲ့လည်း ကိုက်ညီလို့ လူကြိုက်များလာတဲ့ ဟင်းတစ်ခွက်ပါ။ 🌶🌶🍋🍋

**ပါဝင်ပစ္စည်းများ**
- ဝက်နံရိုး
- ကြက်ခြေထောက်
- ကြက်သွေး
- လက်ပံပွင့်
- ခရမ်းချဉ်သီး
- ပဲငပိ
- ကြက်သွန်ဖြူကြော်
- နံနံပင်၊ ကြက်သွန်မြိတ်
- ငရုတ်သီးခြောက်ကြော်
- နူးညံ့တဲ့ မုန့်ဖတ် တို့ကို အသုံးပြုထားပါတယ်ရှင့်😊
ထိုင်းမြောက်ပိုင်းရဲ့ စစ်မှန်တဲ့အရသာကို ခံစားရ​စေမှာ အသေချာပါနော့်😋😋

*💰*ဈေးနှုန်း*💰* 90 ဘတ်

Location _Phenix Paratunam 4floor
Open time_10:00am to 19:30pm⌚⌚⌚


**အရသာရှိတဲ့ ထိုင်းဟင်းရည်လေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ သုံးဆောင်ဖို့ အခုဘဲ လာလိုက်တော့နော် ချစ်သဲတို့ရေ😍😍😍**

#ထိုင်းဟင်းရည် #ထိုင်းအစားအစာ #ဟင်းရည်အရသာ

ที่อยู่

604/3 Phetchaburi Road, Thanon Phetchaburi, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+66993057239

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Me Nam Yarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท