27/02/2026
သတင်းဆိုးနဲ့ သတင်းကောင်း ၂ ခု ရှိတယ်ဗျ
သတင်းဆိုးကိုအရင်ပြောပြရရင် Mr Pork ဆိုင်လေး လက်ရှိဖွင့်နေတဲ့နေရာမှာ အခက်အခဲလေးတချို့ရှိလာတာကြောင့် ဆိုင်လေးကို မတ်လ (၁) ရက်နေ့မှစပြီး ခေတ္တယာယီပိတ်ထားပါမယ်ဗျ 🥲
ဆိုင်စားရော ပါဆယ်ပါပိတ်ထားမှာဖြစ်လို့ ကိုယ့်ပရိတ်သတ်ကြီးဘယ်လိုဂျီကျဂျီကျ လောလောဆယ်တော့ ဘာမှမရောင်းနိုင်သေးပါဘူးဗျ 🥲
ကျွန်တော်တို့ကိုယ်တိုင်တောင် ရေနဲ့ထမင်း ၊ ခေါက်ဆွဲပြုတ်နဲ့ကြက်ဥပါပဲဗျ 🥲
သတင်းကောင်းကိုပြောရရင် ၂ ချက်တော့ရှိမယ်ဗျ 😁
ပထမအချက်က ဆိုင်ပိတ်ထားရလို့ ကျွန်တော်တို့ဝန်ထမ်းတွေ အိပ်ရေးဝဝအိပ်လို့ရပြီပေါ့ဗျာ 😂 ( စတာပါ နောက်တာပါနော် )
ဒုတိယနဲ့ အရေးကြီးဆုံးအချက်ကတော့ Mr Pork က အပြီးတိုင်ပိတ်သိမ်းတာ လုံးဝ(လုံးဝ) မဟုတ်ပါဘူးဗျ 😊
မကြာခင်ကာလအတွင်း ပိုကောင်း ပိုကျယ်တဲ့နေရာအသစ်မှာ ပိုစုံလင်တဲ့မီနူးအသစ်တွေ ၊ ပိုကောင်းလာမယ့်အရသာတွေ ၊ ပိုလန်းလာမယ့်ဝန်ဆောင်မှုတွေနဲ့ပြန်လာခဲ့မှာပဲဖြစ်ပါတယ် 😉👍
ကဲ … Mr Pork ရဲ့ ချစ်ပရိတ်သတ်ကြီးတို့ရေ … နေရာအသစ်နဲ့ ဆိုင်ပြန်ဖွင့်မယ့်အချိန်လေးကိုအမြန်ဆုံးကြေငြာပေးသွားမယ်ပါမယ်နော် 🤗
အချိန်တန်လို့ ပြန်စုံကြတဲ့အခါ အချစ်မပေါ့ကြေးနော်ဗျ 😚
Mr Pork က ဘယ်နေရာမှာ ဘယ်လိုပုံစံအလန်းကြီးနဲ့ ပေါ်လာမလည်းဆိုတာတော့ Mr Pork ရဲ့ပရိတ်သတ်ကြီးတို့ Stay tuned ဗျာ … 🤘