88 Budget Apartments

88 Budget Apartments လေယာဉ်လက်မှတ်✈️၊ရက်တိုအဆောင်ငှါး🏠၊ ငွေလဲဝန်ဆောင်မှု ✅
VIP pass ✅
Visa service ✅
WhatsApp-0840268251📲

တစ်နေ့တစ်နေ့ အတွေးထဲမှာက အဆောင်ကို ဘယ်လိုမျိုး ထပ်တိုးပြီးပစ္စည်းထည့်ပေးရမလဲသူတို့လာနားကြတဲ့အခါ ဘာလိုချငိကြမလဲ ဆိုပြီးအမ...
04/07/2026

တစ်နေ့တစ်နေ့ အတွေးထဲမှာက အဆောင်ကို
ဘယ်လိုမျိုး ထပ်တိုးပြီးပစ္စည်းထည့်ပေးရမလဲ
သူတို့လာနားကြတဲ့အခါ ဘာလိုချငိကြမလဲ
ဆိုပြီးအမြဲ customers တွေနေရာကဝင်ခံစားရင်း အမြဲကိုပစ္စည်းထပ်ဖြည့်ချင်နေတာပါပဲ။

Budget အဆောင်ဆိုပေမယ့် “ပေးရတဲ့စျေးနဲ့ တန်တယ်” လို့ခံစားရတဲ့ Service ကိုပဲ ပေးချင်ပါတယ်။
လူတွေတစ်ယောက်ပြီးတစ်ယောက်နေသွားကြပေမဲ့ ဘုံဆိုင်ကြီးလို ညစ်ပါတ်မနေပဲ ကိုယ့်အိမ်ကိုယ့်ယာလို သန့်ရှင်းနွေးထွေးစေချင်တယ်

ဒီတိုင်းထားလည်း ရပေမယ့် နေလာတဲ့သူတွေ
ပိုသက်သောင့်သက်သာဖြစ်စေချင်လို့ Family Rooms နဲ့ Couple Rooms တွေမှာ လိုအပ်တဲ့ Furniture လေးတွေ ထပ်ဖြည့်ပေးဖြစ်ပါတယ်။

88 အတွက် အရေးကြီးတာက အခန်းငှားသွားရုံမဟုတ်ဘဲ…
“ဒီအဆောင်မှာနေရတာ အဆင်ပြေတယ် စိတ်လုံခြုံတယ် တန်တယ် မြန်မာချင်း ဂျင်းမထည့်ဘူး “ ဒါမျိုး
ခံစားချက်ကို ထိထိမိမိရစေချင်တာပါ။

ရှေ့လျှောက်လည်း လိုအပ်တာတွေကို တစ်ခုချင်းစီ ဖြည့်ဆည်းပေးသွားမှာမို့ ရွေးချယ်စရာတွေအများကြီးထဲက ထပ်တလဲလဲ ကိုအားပေးယုံကြည်ပေးကြတဲ့
Customer တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ❤️

WhatsApp +66 840268251

04/07/2026

ပျောက်နေရင် WhatsApp လာပါရှင် #88ဘန်ကောက်အဆောင်

Huai Khwang က ဆုတောင်းပြည့်နတ်ကွန်းဘန်ကောက်ရောက်ဖြစ်ရင်တစ်ခေါက်လောက်တော့သွားပြီးဆုတောင်းလိုက်ကြအုန်းနော် 🙏 Huai Khwang G...
30/06/2026

Huai Khwang က ဆုတောင်းပြည့်နတ်ကွန်း
ဘန်ကောက်ရောက်ဖြစ်ရင်တစ်ခေါက်လောက်တော့
သွားပြီးဆုတောင်းလိုက်ကြအုန်းနော် 🙏

Huai Khwang Ganesha Shrine (ศาลพระพิฆเนศ ห้วยขวาง) က ဘန်ကောက်မြို့မှာ နာမည်ကြီးတဲ့ ဂဏေရှား (Ganesha) နတ်ဘုရားစင်တစ်ခုဖြစ်ပြီး ထိုင်းလူမျိုးတွေအပြင် နိုင်ငံခြားခရီးသွားတွေလည်း လာရောက်ဆုတောင်းလေ့ရှိပါတယ်။

💎ဘာတွေဆုတောင်းကြလဲ?
ဂဏေရှားကို အတားအဆီးများဖယ်ရှားပေးသူ၊ ဉာဏ်ပညာနဲ့ အောင်မြင်မှုကို ပေးစွမ်းသူအဖြစ် ယုံကြည်ကြပြီး အများအားဖြင့်က
* 💼 အလုပ်အကိုင်နဲ့ စီးပွားရေးအောင်မြင်မှု
* 💰 ငွေကြေးအဆင်ပြေမှု
* 📚 ပညာရေးနဲ့ စာမေးပွဲအောင်မြင်မှု
* 🎨 အနုပညာ၊ ဖန်တီးမှုနဲ့ အလုပ်အကိုင်အခွင့်အရေး
* 🍀 ကံကောင်းခြင်းနဲ့ အတားအဆီးများ
ပြေပျောက်စေရန် ဆုတောင်းလေ့ရှိပါတယ်

🙏 အလုပ်၊ စီးပွားရေး၊ ပညာရေးနဲ့ ကံကောင်းခြင်းအတွက် လာရောက်ဆုတောင်းသူများ မပြတ်စည်ကားနေတဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ နေရာတစ်ခုပါ

📍 Google Maps
https://maps.google.com/?q=Huai+Khwang+Ganesha+Shrine+Bangkok

29/06/2026

ဒီရက်ပိုင်းထိုင်းလေဆိပ်Update လေးတွေပါရှင် ။ ောင်

26/06/2026

ရန်ကုန်-ဘန်ကောက် ၁၆သိန်းပဲကျသင့်မဲ့ခရီးစဉ်လေးအကြောင်းအသေးစိတ်ပါရှင် ။

ဆက်သွယ်ရန် -
WhatsApp +66840268251
Viber +66948144548

🇹🇭ထိုင်းကို  လာမယ်ဆို အလွယ်ကူဆုံး  လေယာဉ်လက်မှတ်တန်းဖြတ်ပြီးလာလို့ရပါတယ်။နိုင်ငံ ဝင်တာနဲ့ဆိုက်ရောက် ဗီဇာ14ရက် မြန်မာနိုင...
26/06/2026

🇹🇭ထိုင်းကို လာမယ်ဆို
အလွယ်ကူဆုံး လေယာဉ်လက်မှတ်တန်းဖြတ်ပြီးလာလို့ရပါတယ်။
နိုင်ငံ ဝင်တာနဲ့ဆိုက်ရောက် ဗီဇာ14ရက် မြန်မာနိုင်ငံသားတိုင်းရပါတယ်ရှင်။

ဘာဗီဇာမှ ကြိုလျှောက်စရာမလိုဘဲ Visaဖိုး တစ်ပြားမှမကုန်ပဲ 14ရက် ရပါတယ်။

တစ်ခုသတိထားရမှာက ထိုင်းအဝင်လေဆိပ်မှာ စစ်တတ်တာမို့ 14ရက်ထက် မကျော်တဲ့
-အပြန်လေယာဉ်လတ်မှတ်
-hotel booking
-show money ဘတ်နှစ်သောင်း
ပြင်ဆင်လာရပါမယ်ရှင် ။

ထိုင်းမှာ ၁၄ရက်ထက် ပိုနေဖို့ စိတ်ကူးရှိတဲ့သူက

📍အပြန်လတ်မှတ်ဝယ်ကတည်းကစျေးပိုကြီးတဲ့
ရက် ရွှေ့လို့ရတဲ့လက်မှတ်ဝယ်ပါရှင်📍

ထိုင်းမှာ ထပ်နေချင်လို့ သက်တမ်းတိုးမယ်ဆို တစ်ခါသက်တမ်းတိုး ရက် 30 ရအောင်
Visa Extension လုပ်လို့ရပါတယ်။ Visaမကုန်ခင် ၁ပါတ်အလိုကြိုအပ်ရင် စျေးသက်သာသလို ရက်ကပ်လို့Visaကုန်ခါနီးမှ ဆို ငွေပိုကုနိနိုငိပါတယ်။
နောက်တစ်ခု ရက်ကျော် သက်တမ်းတိုးမယ်ဆိုရင် တစ်ရက်ကျော် ဘတ်-၅၀၀ဒါဏ်ကြေး
ထိုင်း လဝက မှာ ပေးဆောင်ရမှာဖြစ်ပါတယ်။

ထိုင်းဗီဇာ နဲ့ပါတ်သတ်တဲ့အကြောင်းအရာ အသေးစိတ်
ကို WhatsApp
+66840268251မှာ အမြန်ဆုံးဖြေကြားပေးနေတာမို့ လူကြီးမင်းတို့ ယုံယုံကြည်ကြည်ဆက်သွယ်လာခဲ့လို့းပါတယ်ရှင်။
🍀




#သံရုံးထောက်ခံစာ


🚨Attention pleaseမင်မင်ရဲ့ personal Acc(Hay Mann Myo )က လက်ရှိ အကောင့်ထိသွားလို့FB/messanger သုံးမရသေးပါ။အလုပ်ကိစ္စပြောထ...
21/06/2026

🚨Attention please
မင်မင်ရဲ့ personal Acc(Hay Mann Myo )
က လက်ရှိ အကောင့်ထိသွားလို့FB/messanger သုံးမရသေးပါ။
အလုပ်ကိစ္စပြောထားကြသူများ WhatsApp ကို လာပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်🙏🏻

WhatsApp +66840268251

အဆင်မပြေမှု တစ်စုံတစ်ရာအတွက်
ဧည့်သည်တော်များ အေ့ဂျင့်အမများကိုအနူးအညွတ်တောင်းပန်အပ်ပါတယ်🥺

20/06/2026
ထိုင်းနိုင်ငံရဲ့ မင်းသမီး Bajrakitiyabha သက်တော် ၄၇ နှစ်မှာ ကွယ်လွန်ပြီထိုင်းနိုင်ငံရဲ့ မင်းသမီး Bajrakitiyabha Narendir...
12/06/2026

ထိုင်းနိုင်ငံရဲ့ မင်းသမီး Bajrakitiyabha သက်တော် ၄၇ နှစ်မှာ ကွယ်လွန်ပြီ

ထိုင်းနိုင်ငံရဲ့ မင်းသမီး Bajrakitiyabha Narendiradebyavati ဟာ ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ညမှာ သက်တော် ၄၇ နှစ်အရွယ်နဲ့ ကွယ်လွန်သွားပြီလို့ နန်းတော်အုပ်ချုပ်ရေးရုံး က ဇွန်လ ၁၂ ရက် သောကြာနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မင်းသမီးဟာ ဆရာဝန်အဖွဲ့ရဲ့ အစွမ်းကုန် အနီးကပ်စောင့်ကြပ်ကုသမှုတွေကို စဉ်ဆက်မပြတ် ခံယူခဲ့ရပေမယ့်လည်း ကြာသပတေးနေ့ ည ၇ နာရီ ၄၈ မိနစ်မှာ King Chulalongkorn Memorial Hospital ဆေးရုံမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာပါ။

မင်းသမီး Bajrakitiyabha ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က Nakhon Ratchasima ပြည်နယ် Pak Chong ခရိုင်မှာ သူ့ရဲ့အိမ်မွေးခွေးကို လေ့ကျင့်ပေးနေရင်း နှလုံးရောဂါအခြေအနေကြောင့် သတိလစ်လဲကျသွားခဲ့ပြီးတဲ့နောက် ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့ကတည်းက မင်းသမီးရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အတော်များများရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေတဲ့ ပြင်းထန်ပြီး ထိန်းချုပ်ရခက်ခဲတဲ့ ကူးစက်ပိုးဝင်မှုတစ်ခုကြောင့် တော်ဝင်ဆေးအဖွဲ့က မင်းသမီး Bajrakitiyabha ရဲ့ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ရတယ်လို့ နန်းတော်အုပ်ချုပ်ရေးရုံးရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ ဧပြီလမှာ အူမကြီးရောင်ရမ်းမှုကြောင့် ဖြစ်ပွားတဲ့ ဝမ်းဗိုက်ပိုင်းပိုးဝင်မှုကို ဆရာဝန်တွေက စ-စ်ဆေးတွေ့ရှိခဲ့တာပါ။ အဲဒီအခြေအနေကြောင့် မင်းသမီးရဲ့ ကျန်းမာရေးဟာ တည်ငြိမ်မှုမရှိဘဲ ဖြစ်ခဲ့ရပြီး သွေးပေါင်ကျတာ၊ နှလုံးခုန်မမှန်တာနဲ့ သွေးခဲမှု ပုံမှန်မဟုတ်တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်ပိုင်း မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့ပြီး ကြာသပတေးနေ့ညမှာ ကွယ်လွန်သွားခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘုရင်မင်းမြတ်က နန်းတော်ထုံးတမ်းစဉ်လာနဲ့အညီ အမြင့်ဆုံးဂုဏ်ထူးဆောင် တော်ဝင်ဈာပနအခမ်းအနားကို စီစဉ်ဖို့ နန်းတော်အုပ်ချုပ်ရေးရုံးကို မိန့်ကြားထားပါတယ်။ မင်းသမီး Bajrakitiyabha ရဲ့ ရုပ်ကလာပ်တော်ကို Grand Palace နန်းတော်ထဲက Phiman Rattaya Throne Hall မှာ ဂါရဝပြုနိုင်ဖို့ ထားရှိသွားမှာပါ။

မင်းသမီး Bajrakitiyabha ဟာ ဘုရင်မင်းမြတ်နဲ့ HRH Princess Soamsawali Krom Muen Suddhanarinatha တို့ရဲ့ သမီးကြီး ဖြစ်ပါတယ်။

Ref : Bangkokpost

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ထိုင်းမင်းသမီးBajrakitiyabhaကွယ်လွန်
Crd to original post

ကဲ တို့ 🏳️‍🌈 တစ်တွေအတွက်ဂုဏ်အယူရဆုံးပွဲတော်ကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။May31 တနင်္ဂနွေမှာတော့ အရောင်အသွေးစုံလင်တဲ့ ...
29/05/2026

ကဲ တို့ 🏳️‍🌈 တစ်တွေအတွက်ဂုဏ်အယူရဆုံးပွဲတော်ကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။
May31 တနင်္ဂနွေမှာတော့ အရောင်အသွေးစုံလင်တဲ့ Pride celebration ကို
Silom မှာအကြီးအကျယ်ကျင်းပသွားမှာပါ 🎉

ထိုင်းအစိုးရကတော့ပြည်သူတွေကို Bangkok Pride Festival 2026 မှာ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားပြီး၊ Silom လမ်းမတစ်လျှောက် လူတန်းရှည်ကြီးနဲ့ rainbow parade ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲဟာ ထိုင်းနိုင်ငံရဲ့ World Pride 2030 ကို လက်ခံကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

လာမည့် တနင်္ဂနွေနေ့ မေလ ၃၁ ရက် မွန်းလွဲ ၂:၀၀ နာရီကနေစပြီး စုစုပေါင်း ၄.၈ ကီလိုမီတာရှည်တဲ့ Pride Parade ကို Khlong Chong Nonsi Public Park မှ စတင်ကာ Silom လမ်းတစ်လျှောက် ဖြတ်သန်းပြီး၊ Thephasadin / National Stadium အထိ လမ်းလျောက်ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ Event Theme ကတော့ “Patch the World with Peace, People, Pride” ဖြစ်ပြီး ပွဲ Hightlight အနေနဲ့

• မီတာ ၃၀၀ ရှည်တဲ့ Rainbow Flag ကြီး
• နာမည်ကြီး Mor Lam (အီစန်ရိုးရာဂီတ) အဖွဲ့နဲ့ အထူး Cultural Performance
• Color Block Theme Zone ၆ ခုနဲ့ စည်ကားတဲ့ Pride Atmosphere တွေကို တွေ့နိုင်မှာပါ။

အာဏာပိုင်တွေရဲ့အဆိုအရ ဝင်ကြေး Free နဲ့ပါဝင်နိုင်မည့် ဒီ event ဟာ ထိုင်းနိုင်ငံရဲ့ Marriage Equality Law ကိုလည်း ဂုဏ်ပြုကျင်းပတာဖြစ်ပြီး LGBTQ+ rights နှင့် inclusion အပေါ် နိုင်ငံတဝှမ်း ပိုမိုထောက်ခံလာမှုကိုလည်း ဖော်ပြနေပါတယ်။

🇹🇭 အခုလို ဘန်ကောက်မြို့အနှံ့ကိုသွားချင်တာဖြစ်ဖြစ်၊ ထိုင်းနိုင်ငံနေရာစုံကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့၊ ရာနှုန်းပြည့်စိတ်ချယုံကြည်ရတဲ့ ကားကြီး၊ကားသေး ငှားရမ်းလိုပါက (မြန်မာစကားပြောနိုင်တဲ့ထိုင်းလူမျိုးကားဆရာ) ကိုယ်တိုင်မောင်းပို့မဲ့အပြင် ကားတိုင်းအာမခံပါရှိတာမို့ လူကြီးမင်းတို့ လမ်းခရီး၁၀၀%စိတ်ချမ်းသာပြီး
အဖမ်းဆီးပြသနာရော စကားပြန်သီးသန့်ဂိုက်ာမလိုတော့တာမို့ ဘက်ဂျက်လဲချွေတာပြီး စိတ်ချမ်းသာမှုလဲအပြည့်ဝရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်💜🇹🇭

ရရှိနိုင်သောဝန်ဆောင်မှု တွေအတွက်ကတော့

▪️Airport Pickup/Drop Off ( Suvarnabhumi, Don Mueang )
▪️Bangkok - Pattaya
▪️Bangkok - Chiang Mai
▪️Bangkok - Huahin
▪️Bangkok - Kanchanaburi
▪️Bangkok - Khao Yai
▪️Bangkok - Ayutthaya
▪️Bangkok City Tour

Mobile : 🇹🇭0840268251

Viber : +66 840268251

WhatsApp : +66 840268251

#အခန်းငှါး #အဆောင် #ထိုင်းမြန်မာငွေလွှဲ

ที่อยู่

8 Ramkhamhaeng Road, Hua Mak
Bangkok
10240

เวลาทำการ

จันทร์ 09:00 - 21:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+66812786812

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 88 Budget Apartmentsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์