05/04/2023
“ငွေ နဲ့ ကျော်ကြားမှုတွေက လူ့စိတ်ကိုပြောင်းစေတာမဟုတ်ဘူး။ နဂိုစိတ်ရင်းအမှန်ကိုထုတ်ဖေါ်ပေးလိုက်တာပါ။” “Money and fame don't change people. They reveal them.” ဒီစကားဟာတွေးလေမှန်လေပဲ။ ဒီစကားကို မင်းသား Johnny Depp ပြောခဲ့တာပါ။
လူတွေကမအောင်မြင်သေးတဲ့အချိန် ဘာမှမရှိသေးတဲ့အချိန်မှာ ရိုကျိုးကြတာများတယ်။ ကိုယ့်ဆန္ဒတွေအကုန်လုံးကိုဖုံးဖိထားကြရတယ်။ ပြောချင်တဲ့ဆန္ဒ၊ လုပ်ချင်တဲ့ဆန္ဒအကုန်လုံးကိုဖွက်ထားပြီး တခြားမျက်နှာဖုံးတခုကိုအဆင်ပြေဖို့အတွက် တပ်ထားရတယ်။ တယောက်နဲ့တယောက်ဖွက်ထားရတဲ့အတိုင်းအတာတော့မတူညီဘူးပေါ့လေ။ ရည်မှန်းချက်ကြီးတဲ့သူတွေကပိုပြီးတော့ဖွက်တတ်ကြတယ်။
တကယ်လည်းကိုယ့်ရည်မှန်းချက်အောင်မြင်ရော ဖွက်ထားတာတွေအကုန်ထွက်လာတယ်။ အရင်ပြောပစ်လိုက်ချင်တဲ့ဟာတွေကို ထိမ်းစရာမလိုတော့ဘူး ပြောချပစ်လိုက်တယ်။ လုပ်ချင်ခဲ့တာတွေလုပ်ပစ်လိုက်တယ်။ အဲဒီမှာ လူတွေကအံ့ဩမှင်တက်မျက်တောင်တခပ်ခပ်ဖြစ်ကုန်ရော။ “ကြည့်စမ်း..အောင်မြင်လာတော့ပြောင်းသွားလိုက်တာ..” တို့ “ဘဝင်မြင့်သွားပြီတို့..”။ တကယ်တော့မဟုတ်ဘူး။ အစကတည်းကသူကအဲလိုလူမျိုးမလို့။
ကိုယ်ကတက်နေတဲ့အချိန်မှာဘဝင်မမြင့်ဖို့အရေးကြီးသလို ကျနေတဲ့အချိန်မှာလည်းကိုယ့်ကိုယ်ကိုယ်လိုတာထက်မချိုးနှိမ်ဖို့အရေးကြီးတယ်။ Stay humble. Stay hungry. But always be yourself. 👍