Busy Kitchen in Bangkok

Busy Kitchen in Bangkok let's Cook
(1)

17/05/2026

ဒီနေ့တော့ ကိုရီးယား Series ထဲကအတိုင်း ကိုရီးယားကြက်ကြော်နဲ့ ထမင်းဘူးလေး ပြင်ဆင်ဖြစ်တယ် 🥰🍱
7က ဝယ်စားဖြစ်တာပါ🥴🥹😋

12/05/2026

How we rush during public holidays man 😄

07/05/2026

Recap 💥

ဘန်ကောက်ရောက်ရင် ဒါတွေမစားရသေးရင် မရောက်သေးဘူး! 🤷🏻‍♂️🛑 မဖြစ်မနေ မြည်းစမ်းရမည့် အစားအစာ (၃) ခု ✨🍜🌶️🇹🇭မေး : ဘန်ကောက်ရောက်ရ...
03/05/2026

ဘန်ကောက်ရောက်ရင် ဒါတွေမစားရသေးရင် မရောက်သေးဘူး! 🤷🏻‍♂️🛑 မဖြစ်မနေ မြည်းစမ်းရမည့် အစားအစာ (၃) ခု ✨🍜🌶️🇹🇭

မေး : ဘန်ကောက်ရောက်ရင် ဘာစားရမလဲ? 🤔 အကုန်လုံးက အရသာရှိပုံရလို့ ဘာကိုစရမှန်းမသိဘူးဖြစ်နေလား? 🤔' စိတ်မပူပါနဲ့ဘန်ကောက်မှာ လူကြိုက်အများဆုံးနဲ့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာ (၃)ခုရှိတယ်👇🏻👇🏻
၁။ ဖတ်ထိုင်း (Pad Thai) - နိုင်ငံတကာကသိတဲ့
ထိုင်းခေါက်ဆွဲကြော် 🍜✨
"ပထမဆုံးကတော့ ထိုင်းနိုင်ငံရဲ့ အမျိုးသားအစားအစာလို့တောင် တင်စားလို့ရတဲ့ ဖတ်ထိုင်း (Pad Thai) ပါ။ ✨ ခေါက်ဆွဲဖတ်၊ ပုစွန်လတ်လတ်ဆတ်ဆတ်၊ တို့ဟူး၊ ကြက်ဥတို့ကို ငံပြာရည်၊ သကြားညို၊ မန်ကျည်းသီးမှည့်အနှစ်တို့နဲ့ တွဲစပ်ပြီး ကြော်ထားတာပါ။ ချို၊ ချဉ်၊ ငံ အရသာ သုံးမျိုးစုံလင်ပြီး ငရုတ်သီးမှုန့်၊ မြေပဲထောင်း၊ သံပရာသီးညှစ်ပြီးစားရင် အရာသာပြင်းပြင်းနဲ့ အရသာရှိပါတယ်။"

၂။ တွန်ယမ်းကွန်း (Tom Yum Goong) - ချဉ်စပ်စပ် ပုစွန်ဟင်းရည်ပူပူ 🌶️🦐✨
"ဒုတိယကတော့ ကမ္ဘာကျော်တဲ့ ချဉ်စပ်ပုစွန်ဟင်းရည် တွန်ယမ်းကွန်း (Tom Yum Goong) ပါ။ ✨ ပုစွန်လတ်လတ်ဆတ်ဆတ်၊ မှို၊ စပါးလင်၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်းတို့နဲ့ ချက်ထားတဲ့ ဟင်းရည်ပူပူလေးပါ။ အုန်းနို့ထည့်ထားတဲ့ ခရမ်မီပုံစံ ဒါမှမဟုတ် ဟင်းရည်ကြည်ပုံစံ နှစ်မျိုးလုံး ရရှိနိုင်ပြီး ချဉ်ချဉ်စပ်စပ်၊ စိမ့်စိမ့်လေးနဲ့ ထမင်းပူပူလေးနဲ့ဆို အဆင်ပြေဆုံးပါပဲ။"

၃။ ဆွန်တမ်း (Som Tam) - စပ်စပ်ကလေးနဲ့ လန်းဆန်းစေမည့် သင်္ဘောသီးထောင်း 🥗🌶️💥
"နောက်ဆုံးကတော့ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း (Isan) ဒေသက လာပေမဲ့ ဘန်ကောက်မှာ အရမ်းလူကြိုက်များတဲ့ ဆွန်တမ်း (Som Tam) ပါ။
✨ သင်္ဘောသီးစိမ်း၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိ (Pla Ra) တို့ကို ဆုံထဲမှာ ထောင်းထားတဲ့ သုပ်ပါ။စပ်စပ်ကလေးနဲ့ ချဉ်၊ ငံ၊ ချို အရသာတွေ ပေါင်းစပ်ထားပြီး လန်းဆန်းစေပါတယ်။ များသောအားဖြင့် ကြက်ကင် (Kai Yang)၊ ကောက်ညှင်းထမင်း (Khao Niao) တို့နဲ့ တွဲစပ်စားကြပါတယ်။"
ရောက်ဖြစ်ရင် try ကြည့်ပါဦးဗျာ!!!🇹🇭🫵🏻

28/04/2026

California Roll 🍣

27/04/2026

ပုစွန်ကင်ခြင်း အနုပညာ 🦐🦐
မီးခိုးနံ့ (Smoky flavor) သင်းသင်းလေးနဲ့ 🦐

26/04/2026

ပုစွန်နွှာပေးမယ့်သူ မရှိလည်း... ခေါက်နာကွန့်ကဲ ရှိတယ်လေ bahtနဲ့ဆို 239 baht မြန်မာကျပ်နဲ့ဆို 31000ဝန်းကျင်👨🏻‍🍳🫸🏻🤛🏻🙂‍↕️
အရသာကတော့😋 ပုစွန်ချိုချိုလေးကိုမှ အချဉ်အစပ်ဆော့စ်နဲ့ တွဲဖက်မှုက Perfect ပဲ! 🦐🌶️
ข้าวหน้ากุ้งแกะ(Khao Na Kung Kae)နွှာပြီးသား ပုစွန်‌ေလး‌ေတွကို ထမင်းပူပူလေးနဲ့... 🍤🔥

Address

Mandalay
10240

Telephone

+959973181326

Website

Alerts

Be the first to know and let us send you an email when Busy Kitchen in Bangkok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share