ME Time

ME Time Enjoying the Life

14/10/2025

Day 145 ကိုယ်စိတ်ချမ်းသာဖို့ ကိုယ့်မှာ တာဝန်အရှိဆုံး..

ပျော်ရွှင်စွာနေထိုင်သူများက ကိုယ်ထင်ထားတာထက် အဆ ၁၀၀ ပိုပြီး ပေါ့ပေါ့ပါးပါးနေတတ်ကြတယ်တဲ့ ။
Stressများသူ၊ depression ဖြစ်သူ၊စိတ်ရောဂါဖြစ်သူ များက
perfect ဖြစ်ချင်သူ.. စည်းကမ်းရှိသူ.. တာဝန်ယူတတ်သူ
စနစ်တကျ အမြဲတမ်းနေထိုင်ရမယ်ဆိုတဲ့ စိတ်မျိုး ရှိသူမျိုးဖြစ်တာများပါတယ်...
တာဝန်ယူတတ်သူက တာဝန်များတတ်သလိုပဲ...
စိတ်ပူတတ်သူက အပူများရတာပါပဲ..

ကိုယ့်ကို တယောက်ယောက် က အမြဲစောင့်ကြည့် အကဲဖြတ်နေသလိုပဲ အမြဲ ကြိုးစားပြီး အားမရဖြစ်တတ်ကြတယ် ...

တခါတလေ စိတ်လေးလျှော့ထားပါ....
သတိရတိုင်း
အကြော လျှော့ပြီး အသက်ဝဝရှူပေးပါ..
ရေနွေးကြမ်းလေးသောက်ပေးပါ.
မိုးကောင်းကင်ကို့ မော့ကြည့်ပါ...
ပန်းလေးတွေ ပွင့်နေတာ တွေ့ရဲ့လား...
မိုးစက်လေးတွေ လှလိုက်တာ...

ဘဝဆိုတာ စာမေးပွဲမှ မဟုတ်တာရယ်...
စာမေးပွဲဆိုလည်း ကျတဲ့အခါလည်း ရှိမှာပေါ့..
တခါတလေ အဆင်မပြေတာလည်း ရှိမှာပေါ့.
ခက်ခဲတဲ့နေ့တွေကို အသက်ရှင်နေရင်ပဲ စာမေးပွဲအောင်ပြီ ..
ကျန်းမာစွာနဲ့ ဖြတ်သန်းနေတယ်ဆိုရင် ဂုဏ်ထူးမှတ်ပေါ့..

ဘယ်သူက ဘယ်လိုထင်ထင် သိပ်ဂရုမစိုက်ဘဲ၊ ကိုယ့်စိတ်ကျေနပ်မှုအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကြိုးစားမှုကို အမှတ် ၁၀၀ ပေးလိုက်လို့ရပါတယ်...

အပျင်းကြီးဖို့ပြောတာမဟုတ်ဘူးရယ်...
အကောင်းဆုံး လုပ်မယ်.. ကျန်တာကတော့ အနတ္တ(ကိုယ်ထင်သလိုမဖြစ်၊ ကိုယ်မျှော်လင့်ထားသလိုမဖြစ်)လက်ထဲအပ်ထားမယ်...

ကိုယ်ဟာ..
သက်သက်သာသာ နေခွင့်ရှိပါတယ်...
အေးချမ်းခွင့်လည်းရှိပါတယ်..
ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်...

ကိုယ်စိတ်ချမ်းသာဖို့
တခြားသူရဲ့ ချီးမွမ်းမှုမလိုဘူး...
သူများထောက်ခံဖို့မလိုဘူး..
သူများလုပ်ပေးမှ ရမှာမဟုတ်ဘူး..
ကိုယ့်အပေါ်မှာပဲ ၁၀၀%မူတည်ပါတယ်..

07/10/2025

ပညတ်ကို သိမ်းပိုက်မိရင် စိတ်ဖြစ်ရတယ် ━ ပခုက္ကူဆရာတော်ဘုရားကြီး

✨✨✨✨✨✨✨✨✨✨✨✨

သိရုံပဲ သိတဲ့ အဆင့် က ဝိညာဏ် ပဲ ၊
အဝိဇ္ဇာကြောင့် သင်္ခါရကြောင့်
ဖြစ်ရတာ ဝိညာဏ်ပဲ ။

ဝိညာဏ်က သိရုံ လေးပဲ ရှိတယ် ၊

အဆင်း ၊ အသံ ၊ အနံ့ စတဲ့ အာရုံ ကို စသိတာ ဝိညာဏ် ပဲ၊

မြင်တဲ့ အပေါ် ကြားတဲ့ နံတဲ့ အပေါ်မှာ
ပညတ် ပါလာရင် စိတ် နာမ် ဖြစ် သွားပြီ ။

မြင်တဲ့ အာရုံ ၊ကြားတဲ့ အာရုံ ၊
နံ တဲ့ အာရုံ ပေါ်မှာ ဘာပဲ ၊
ဘယ်သူ ၊ ဘယ်ဝါပဲ ဆိုတဲ့ အမှတ် သညာ ပါလာရင် ၊
ခံစားမှု ဝေဒနာ ပါလာရင် ၊
ဖဿ သင်္ခါရ စုပေးသော စိတ် ခန္ဓာ ဖြစ်လာရတယ် ၊

ဒီတော့ မြင်သိစိတ် ၊ ကြားသိစိတ် ၊ နံသိစိတ် ခန္ဓာ တွေ ဖြစ်လာရတယ် ၊

အဲ့ဒီ စိတ် က ခန္ဓာငါးပါး လုံးပါဝင် ပြီးဖြစ်ကြလို့
စိတ် စေတသိက် နာမ် နဲ့ ရုပ် တို့ ပါလာ တော့ ရုပ် နာမ် ဖြစ်လာတယ် ၊

ဝိညာဏပစ္စယာ နာမရုပံ ကိုး ၊
ဝိညာဏ် ကြောင့် နာမ်ရုပ်ဖြစ်တယ် ဆိုတာပေါ့ ၊
ဒါက ပဋိစ္စသမုပ္ပါဒ် နည်းပဲ။

လွယ်လွယ်လေး မှတ်ထားဖို့က ..

ဝိညာဏ်သိက ရုပ် လို့ မမြင်ပဲ
ပုဂ္ဂိုလ်သတ္တဝါအမြင် ပညတ်လို့ မြင်ရင်
မြင်တဲ့ ပညတ် ၊ ကြားတဲ့ ပညတ် ၊
နံတဲ့ ပညတ် ၊ စားတဲ့ ပညတ် ကို သိမ်းပိုက် မိရင် ၊
စိတ် ဖြစ်ရတယ် ။

စိတ် ဆိုတာ ပညတ် ပါလာမှ စိတ် ဖြစ်ရတာ ၊
ပညတ် ကြောင့် စိတ် ဖြစ်ရတာ ၊
ပညတ် မပါရင် စိတ် မဖြစ်ဘူး ၊
ပညတ် မပါ တဲ့ အဲ့ဒီ စိတ်မဖြစ်ရင် ဘာဖြစ်မလဲ ။
သိ ရုံ ပဲ သိတယ် ။

ပညတ် မပါသော သိရုံ ပဲ ၊
သိတဲ့ ဝိညာဏ် ဖြစ်တယ် ။

ဝိညာဏ်ဟာ ပညတ် ပါလာရင် စိတ်ဖြစ်တာပဲ ။

ဘာစိတ် ၊ ညာစိတ် ၊ မြင်စိတ် ၊
ကြားစိတ် ၊ နံစိတ် ၊ စားစိတ် ၊
ထိတွေ့စိတ် ၊ ကြံတွေး စိတ်လို့
ခေါ်ရတာပဲ ၊

" အာရုံ ပညတ် ၊ မနော ဝိညာဏ် ဆုံရင် ဖဿ
ဖြစ်သတည်း ၊ မဆုံ ရင် နိဗ္ဗာန်ရောက်သတည်း" ။

စိတ်ဆိုတာ ပညတ် မကပ်ရဘူး ၊

"'ပညတ်မကပ် ထို နာမ်ဓာတ် နိဗ္ဗာန် ရောက်ပြီ မှတ်တဲ့ "

ဓမ္မပဒ မှာလာတယ်။

မြတ်စွာဘုရား လက်ထက်က
မျက်မမြင် စက္ခုပါဠ မထေရ်ကြီး တစ်ပါးနေတဲ့
ကျောင်းမှာ ဆောင်းတွင်း ဆိုတော့ ကျောင်းထဲ
ပိုးဖလံ တွေ ၊ ပရစ်ကောင် တွေက
ကြမ်းပေါ် ရောက်လာတော့ မျက်မမြင်ရဟန်းကြီး က
စင်္ကြန် လျှောက်တော့ ပိုးဖလံလေး ကို နင်းမိ တာပေါ့ ၊

ဒါကို အခြား ရဟန်းတွေက မြတ်စွာဘုရား ကိုသွားလျှောက်တယ် ၊
ဒီလိုပဲ စက္ခုပါဠ မထေရ်ကြီးက ပိုးကောင်တွေကို နင်းသတ်နေပါတယ် ဆိုတော့
မျက်မမြင် မထေရ် ရဲ့ မနောစိတ် မှာ
ပိုးကောင်းဆိုတဲ့ ပညတ် မကပ်တော့ ပြစ်မှား တဲ့
စိတ် မရှိလို့ အကုသိုလ် မဖြစ်တာကို
ရဟန်းတွေသိလာကြတယ်။

ဒါကြောင့်
ပြစ်မှားတဲ့ စိတ်လည်းမရှိရဘူး ၊
နာမ် မှာလည်း ပညတ် မကပ် ရဘူး ၊
ပညတ် ကပ်ရင် ရာဂ ၊ ဒေါသ တွေ ဖြစ်တယ် ၊
ပညတ် မကပ်ရင် ရာဂ ၊ ဒေါသ က မဖြစ်ဘူး ၊

ရာဂ ဒေါသ ဖြစ်တာ
ပြစ်မှား တဲ့ စိတ် နဲ့ ပညတ် ကပ် လို့မှတ်ပါ ။

ဒါကြောင့်
စိတ် ဆိုတာ ပညတ် ပါမှ စိတ်ဖြစ်တယ် ။

စိတ်ဆိုတာ
ပညတ် နဲ့မှ ဖြစ်ရတာမျိုးပဲ ၊

စိတ်ဆိုတာ သိတာ ကို ခေါ်တာ မဟုတ်ဘူး ၊
သိတာက ဝိညာဏ်။

တကယ့်အရှိတရား အမှန်တရားက
နာမ်ရုပ် ခေါ်တဲ့ ခန္ဓာငါးပါးပဲဖြစ်တယ်။

(၁) ရူပက္ခန္ဓာ - ဖောက်ပြန်တတ်သော ရုပ်အစုအဝေး(ပြောင်းလဲပျက်စီးတတ်သည့် သဘောရှိသော ရုပ်အစုအဝေး။)
(၂) ဝေဒနာက္ခန္ဓာ - ခံစားတတ်သောနာမ်အစုအဝေး
(၃) သညက္ခန္ဓာ - မှတ်သားတတ်သောသဘော
(၄) သင်္ခါရက္ခန္ဓာ - စေ့စော်၊ တိုက်တွန်း၊ ပြုပြင်တက်သောနာမ်အစုအဝေး။
(၅) ဝိဉာဏက္ခန္ဓာ - သိမှုနာမ်အစုအဝေး။

ဒီရုပ်နာမ် ခန္ဓာငါးပါးကို
ချစ်ကြတယ်၊ ခင်ကြတယ်၊
စွဲလန်းကြတယ်။
စွဲလန်းကြလို့
ခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာလို့
မြတ်စွာဘုရားက နာမည်ပေးထားတော်မူပါတယ်။

ဘယ်စိတ်ခန္ဓာပဲ ဖြစ်ဖြစ်
အစွဲအလန်းပေါ် မူတည်ပြီးဖြစ်နေကြတယ်။

[

✍🏻 မှတ်ရန်။
မိမိတို့သည် ရုပ် နှင့် ဝေဒနာ ငြိတွယ်မှုတို့ကို သတိပြုမိနိုင်သော်လည်း
အောက်ပါ ၃ ခန္ဓာ၌ ငြိတွယ်မှုတို့ကို သတိပြုနိုင်ခဲသည်။
၁) သညက္ခန္ဓာ - မှတ်သားတတ်သောသဘောမှာ ငြိတွယ်မှု (တရားမှတ်နေတာ "ငါ" ဖြစ်နေတတ်သည်။)
၂) သင်္ခါရက္ခန္ဓာ - အလုပ် process တစ်ခု ပြီးမြောက်အောင် ဖြစ်စေတတ်တဲ့သဘောမှာ ငြိတွယ်မှု (သွားသွား ဆင်ခြေနေသော ဓမ္မဖြစ် ဓမ္မပျက် သဘောလေးတွေအပေါ်မှာ ကျေနပ်နေတတ်သည်။)
၃) ဝိဉာဏက္ခန္ဓာ - သိ သိနေတဲ့ သဘောမှာ ငြိတွယ်မှု (ဖြစ်ပျက်သိတာ "ငါ" ဖြစ်နေတတ်သည်။)

]

ဘယ်အာရုံနဲ့ပဲဖြစ်ဖြစ်

(ရုပ်) ကိုလည်း စွဲလန်းကြတယ်၊

(ဝေဒနာ) ကိုလည်း စွဲလန်းကြတယ်၊

(သညာ) ကိုလည်း စွဲလန်းကြတယ်၊

(သင်္ခါရ) နဲ့ (ဝိညာဏ်) ဖြစ်ရင်လည်း စွဲလန်းမှုပါလို့

ခန္ဓာငါးပါးကို အစွဲအလန်းရှိတဲ့ ခန္ဓာငါးပါးရယ်လို့

ပါဋ္ဌိလို ဥပါဒါနက္ခန္ဓာလို့

မြတ်စွာဘုရားက

နာမည်ပေးထားတော်မူပါတယ်...

ခန္ဓာငါးပါးရတာဟာ
ကိုယ်မှာရှိတဲ့ဒွါရ (၆)ပေါက် (အခံဓါတ်)
"မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်"နဲ့

ပြင်ပက (အတိုက်ဓါတ်) ဖြစ်တဲ့
"အဆင်း၊ အသံ၊ အနံ၊ အရသာ၊
ထိတွေ့စရာ၊ ကြံတွေးစရားတွေ"နဲ့ တွေ့တိုက်တော့

(အပွင့်ဓါတ်) ခေါ် တဲ့
"မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊
ထိတွေစိတ်၊ ကြံတွေးစိတ်"ဆိုတဲ့ စိတ် (၆)ပါးတွေ
ဖြစ်ပေါ်တယ်။

စိတ်တစ်လုံးဖြစ်တိုင်း
ခန္ဓာငါးပါး တစ်ပေါင်းတည်း ပါ၀င်ပြီး
မြင်ရ၊ ကြားရ၊ နံရ၊ စားရ၊ တွေ့ထိရ၊ ကြံတွေးရတယ်၊ ....

စိတ်ကလေးတစ်လုံးဖြစ်ပေါ်တိုင်းမှာ
ခန္ဓာငါးပါးလုံးပါ၀င်နေပုံကို ရှင်းပြရရင်
မိမိသန္တာန်မှာ လာထင်တဲ့ မြင်စိတ်ခန္ဓာဆိုရင် ...

မြင်ရတဲ့နေရာမှာ

၁) မြင်ရတဲ့ ရူပါရုံ (ရုပ်) (ရူပက္ခန္ဓာ) လည်းပါတယ်။

၂) မြင်လို့ကောင်းတာ မကောင်းတာကို ခံစားရတဲ့
(ဝေဒနာ) ဖြစ်တဲ့ (ဝေဒနက္ခန္ဓာ)လည်းပါတယ်။

၃) ဘာမြင်တာပဲ ဘယ်သူ၊ ဘယ်ဝါ၊ ဘာဖြစ်တယ်ဆိုတဲ့
(မှတ်သားတတ်တဲ့သညာ) (သညာက္ခန္ဓာ)လည်းပါတယ်။

၄) မြင်မှုကိစ္စပြီးအောင် ကြောင့်ကျစိုက်မှု၊ နှလုံးသွင်းမှုတွေကို ပြုလုပ်ပေးတဲ့
(သင်္ခါရ) (သင်္ခါရက္ခန္ဓာ) လည်းပါတယ်။

၅) မြင်တဲ့အပေါ်မှာ သိမှု (ဝိညာဏ်) (ဝိညာက္ခန္ဓာ) လည်းပါတော့

မြင်တဲ့ကိစ္စလေးတစ်ခုမှာ
ခန္ဓာငါးပါးလုံး ပါ၀င်ပေါင်းစုပြီး
ဘယ်သူဘယ်ဝါ၊ ဘာညာရယ်လို့ မြင်ရသိရတယ်။

ဒီလိုပဲ
ကြားမှု၊ နံမှု၊ စားမှု၊ ထိတွေ့မှု၊ ကြံတွေးမှု
စိတ်တွေ ဖြစ်ပေါ်ရာမှာလည်း
ခန္ဓာငါးပါးလုံး စုပေါင်းပြီး ပါလို့
သိမှု ပြည့်စုံတဲ့ စိတ်တစ်ခု ဖြစ်ရတယ်။

ဒီလို ခန္ဓာငါးပါးခွဲခြားသိလိုက်တော့

ဝေါဝုဋ္ဌာန=ပိုင်းခြား သိတာကို

(ဓမ္မာနုပဿနာ) ဖြစ်သွားတယ်လို့ ခေါ်တယ်။

ဒီခန္ဓာငါးပါးလုံးနဲ့ မြင်ရတဲ့ စိတ်ခန္ဓာအပေါ်

ဒီခန္ဓာငါးပါးလုံးနဲ့ ကြားရတဲ့ စိတ်အပေါ်မှာ

ဒီခန္ဓာငါးပါးလုံးနဲ့ နံရတဲ့ စိတ်အပေါ်မှာ

ဒီခန္ဓာငါးပါးလုံးနဲ့ စားရတဲ့ စိတ်အပေါ်မှာ၊

ဒီခန္ဓာငါးပါးလုံးနဲ့ ထိတွေ့မှုဖြစ်တဲ့ စိတ်အပေါ်မှာ

ဒီခန္ဓာငါးပါးလုံးနဲ့ ကြံတွေးရတဲ့ စိတ်ဖြစ်ရတဲ့အပေါ်မှာ

(ရုပ်) ရော၊
(ဝေဒနာ) ရော၊
(သင်္ခါရ)ရော၊
(သညာ) ရော၊
(ဝိညာဏ်) တို့တွေမှာ
နှစ်သက်မှု တပ်မက်မှု (တဏှာ) ဖြစ်စေတယ်။

ဒီ(တဏှာ)ကြောင့်
စွဲလန်းမှု (ဥပါဒါန်)တွေ ဖြစ်တယ်။

ဒီလို စွဲလန်းမှု ဥပါဒါန်တွေ ပါနေတာကြောင့်
ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆိုသလို
ဒုက္ခရောက်နေကြတဲ့ ခန္ဓာငါးပါးကို
ဥပါဒါနက္ခန္ဓာ-ဒုက္ခာလို့
မြတ်စွာဘုရား ဟောရပါတယ်....

မြင်တာနဲ့ ..
နှုတ်ဆက်အုံးမှ ၊
ပြုံးပြအုံးမှ
ဘာလုပ်အုံးမှ ၊
ပြောဆိုအုံးမှ ဆိုတဲ့
မြင်မှုနဲ့ (စိတ်အစဉ်)မှာ လုပ်ရမှာကို
စွဲမြဲ နေတဲ့ (တဏှာ၊ ဥပါဒါန်၊ ) တွေ
(Automatic) ပါနေကြလို့
(ပုထုဇဉ်) တွေရဲ့
မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိတွေ့မှု၊ ကြံတွေးမှု၊ မှန်သမျှမှာ
ဘယ်သူကဖြင့် ဘယ်လို၊
ဘာပစ္စည်းကဖြင့် ဘယ်လို စသဖြင့်
စိတ်အစဉ်အတန်းမှာ
ငါ၊ ငါ့ဥစ္စာဆိုတဲ့ အစွဲအလန်းနဲ့
(ဥပါဒါန်ခန္ဓာ) ဖြစ်နေကြလို့
(ခန္ဓာငါးပါး) နဲ့ ဖြစ်ရတဲ့ စိတ်ခန္ဓာကို
(ဥပါဒါနက္ခန္ဓာ) လို့ခေါ်ရတယ်...

━ ပခုက္ကူဆရာတော်ဘုရားကြီး

--------

ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ အထူး

ခန္ဓာ = လောကီ၊ လောကုတ္တရာ အားလုံးဆိုင်သည်၊
ဥပါဒါနက္ခန္ဓာ = လောကီသာ ဆိုင်သည်၊

ခန္ဓာ(၅)ပါး

အပေါင်းအစု ဟူသောအနက်သဘောကြောင့် ခန္ဓာဟုခေါ်ပါသည်။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အဇ္စျတ္တ၊ ဗဟိဒ္ဓ၊ ဟိန၊ ပဏီတ၊ ဒူရ၊ သန္တိက ရုပ်နာမ်တို့ကို ငါးပုံငါးစု ပေါင်းစုခြင်းကြောင့် ပဥ္စက္ခန္ဓာ ဟုခေါ်သည်။

၁-ရူပက္ခန္ဓာ=‌ဖောက်ပြန်ပျက်စီး မသိတတ်သည့် သဘောတရား အစု၊ (ရုပ် ၂၈ ပါး၊)

၂-‌ဝေဒနာက္ခန္ဓာ=‌ကောင်း,မကောင်း ခံစားတတ်သည့် သဘောတရား အစု၊ (စိတ်တစ်ခုယုတ်-၉ဝ မှာ ယှဉ်တဲ့ ဝေဒနာ စေတသိက်၊)

၃-သညာက္ခန္ဓာ=မှတ်သားတတ်သည့် သဘောတရား အစု၊ (စိတ်တစ်ခုယုတ်-၉ဝ မှာ ယှဉ်တဲ့ သညာစေတသိက်၊)

၄-သင်္ခါရက္ခန္ဓာ=ပြုပြင်စီမံ တိုက်တွန်းတတ်သည့် သဘောတရား အစု၊ (စိတ်တစ်ခုယုတ်-၉ဝ မှာ ယှဉ်တဲ့ စေတသိက် ၅၀၊)

၅-ဝိညာဏက္ခန္ဓာ=ကြံစည်‌ တွေး‌တော စဉ်းစားတတ်သည့် သဘောတရား အစု၊ (စိတ်တစ်ခုယုတ် ၉၀ (=၈၉) အကျယ် ၁၂၁-ပါး၊)

ဥပါဒါနက္ခန္ဓာ (၅)ပါး

ရူပုပါဒါနက္ခန္ဓာ၊ ဖောက်ပြန်ပျက်စီးတတ်သည့် သဘောတရား အစု၊ (ရုပ် ၂၈ ပါး၊)
ဝေဒနုပါဒါနက္ခန္ဓာ၊ ကောင်း,မကောင်း ခံစားတတ်သည့် သဘောတရား အစု၊ (လောကီစိတ်မှာယှဉ်တဲ့ ဝေဒနာ စေတသိက်၊)
သညုပါဒါနက္ခန္ဓာ၊မှတ်သားတတ်သည့် သဘောတရား အစု၊ (လောကီစိတ်မှာယှဉ်တဲ့သညာစေတသိက်၊)
သင်္ခါရုပါဒါ နက္ခန္ဓာ၊ ပြုပြင်စီမံ တိုက်တွန်းတတ်သည့် သဘောတရား အစု၊ (လောကီစိတ်မှာယှဉ်တဲ့ (ဝေဒနာ၊ သညာ မှကြွင်းသော) စေတသိက် ၅၀၊)
ဝိညာဏုပါ ဒါနက္ခန္ဓာ၊ ကြံစည်‌ တွေး‌တော စဉ်းစားတတ်သည့် သဘောတရား အစု၊ (လောကီစိတ်-၈၁-ပါး) လို့ ဥပါဒါနက္ခန္ဓာ ၅-ပါးအပြားရှိတယ်။

၁။ ရူပက္ခန္ဓာဆိုရင် ရုပ်-၂၈ ခု၊
ရူပုပါဒါနက္ခန္ဓာဆိုရင် ရုပ်-၂၈ ခု၊

၂။ ဝေဒနက္ခန္ဓာဆိုရင် စိတ်တစ်ခုယုတ်-၉ဝ မှာ ယှဉ်တဲ့စေတသိက်၊
ဝေဒနုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်မှာယှဉ်တဲ့ ဝေဒနာ စေတသိက်။

၃။ သညက္ခန္ဓာဆိုရင် စိတ်အားလုံးမှာယှဉ်တဲ့ သညာစေတသိက်,
သညုပါဒါ နက္ခန္ဓာဆိုရင် လောကီစိတ်မှာ ယှဉ်တဲ့သညာစေတသိက်။

၄။ သင်္ခါရက္ခန္ဓာဆိုရင် စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက်-၅ဝ၊
သင်္ခါရုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်မှာ ယှဉ်တဲ့စေတသိက်-၅၀။

၅။ ဝိညာနက္ခန္ဓာဆိုရင် စိတ်တစ်ခုယုတ်-၉ဝ၊
ဝိညာဏုပါဒါနက္ခန္ဓာဆိုရင် လောကီစိတ်-၈၁၊

━ ရွှေဝါဝင်း မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ

----------

ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာ ဘယ်လိုကွာခြားသလဲ။
ဒါ အလွန်ကောင်းတဲ့မေးခွန်းဖြစ်တယ်။

ခန္ဓာ - အစုလို့ အဓိပ္ပါယ်ရှိတယ်။
ခန္ဓာငါးပါးရှိတယ်။

ရူပက္ခန္ဓာ - ရုပ်အစု၊
ဝဒနက္ခန္ဓာ - ဝဒေနာ အစု
သညာက္ခန္ဓာ - သညာအစု၊
သင်္ခါရက္ခန္ဓာ - သင်္ခါရအစု၊
ဝိညာဏက္ခန္ဓာ - စိတ်အစု။

အစုဆိုတာက
ပစ္စည်းတွေ စုပုံထားသလိုမျိုး
အစုအပုံကို ဆိုလိုတာ မဟုတ်ပါဘူး။

ဥပမာ ရုပ်ဆိုပါတော့။
အတိတ်ရုပ် ပစ္စုပ္ပန်ရုပ် အနာဂတ်ရုပ်လို့ ရုပ်သုံးမျိုးကို
ဉာဏ်နဲ့ စုပေါင်းရေတွက်ထားလို့
အစုလို့ ပြောတာဖြစ်တယ်။
ကျန်ခန္ဓာလေးပါးလည်း ဒီအတိုင်းပဲဖြစ်တယ်။

ဥပါဒါနက္ခန္ဓာ -
ဥပါဒါန်တရားလေးပါးတို့၏ အာရုံဖြစ်သော ခန္ဓာများလို့
အဓိပ္ပါယ်ရှိတယ်။

ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိတယ်။
ရူပုပါဒါနက္ခန္ဓာ
ဝေဒနုပါဒါနက္ခန္ဓာ
သညုပါဒါနက္ခန္ဓာ
သင်္ခါရုပါဒါနက္ခန္ဓာ
ဝိညုပါဒါနက္ခန္ဓာ။

ဒီတော့
ဥပါဒါန်တရားလေးပါးတို့ရဲ့အာရုံဖြစ်တဲ့ခန္ဓာက
ခန္ဓာငါးပါးပဲဖြစ်နေတယ်။

ဘာထူးခြားချက်ရှိနေလို့ ခန္ဓာ-ဥပါဒါနက္ခန္ဓာလို့
ဘုရားရှင်က ခွဲခြားထားရတာလဲလို့ မေးစရာရှိတယ်။
ခန္ဓာငါးပါးက
လောကီ လောကုတ္တရာ ခန္ဓာနှစ်ရပ်ပေါင်းကို
ရေတွက်ဖွဲ့စည်းပြထားတာဖြစ်တယ်။
ဥပါဒါနက္ခန္ဓာက
လောကီရုပ်နာမ်သက်သက်ကိုသာ
ရေတွက်ပြထားတာဖြစ်တယ်။
ဥပါဒါန်ရဲ့အာရုံဖြစ်တဲ့ခန္ဓာဆိုမှတော့
လောကီပဲဖြစ်တော့မပေါ့။

လောကုတ္တရာက
ဥပါဒါန်ရဲ့အာရုံမဟုတ်တော့ဘူးလေ။
ဒီလိုကွဲပြားတယ်။

နောက်ရည်ရွက်ချက်တမျိုးက
ဝိပဿနာရှုတဲ့ယောဂီပုဂ္ဂိုလ်က ဝိပဿနာရှုတဲ့အခါ
ရုပ်သည် အနိစ္စ၊ ဝေဒနာသည် အနိစ္စ
စသဖြင့် ဝိပဿနာရှုတဲ့အခါမှာ
လောကီခန္ဓာကိုပဲ အာရုံပြုပြီး ရှုရတယ်။
လောကုတ္တရာခန္ဓာကို အာရုံပြုပြီး ရှုလို့ မရဘူး။
လောကုတ္တရာခန္ဓာအစုကလည်း
အနိစ္စ ဒုက္ခ အနတ္တတွေပါပဲ။
ဘာလို့ရှုမရရတာလဲ။
ဒီလိုမေးစရာရှိတယ်။

ဝဋ်ဒုက္ခတရားတွေဖြစ်တဲ့ ခန္ဓာအစုကို
အနိစ္စ ဒုက္ခ အနတ္တလို့ ရှုမှ
ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ဖြစ်မယ်။
လောကုတ္တရာခန္ဓာအစုက ဝဋ်ဒုက္ခတရား မဟုတ်ဘူး။
ဝဋ်ဒုက္ခကနေ လွတ်မြောက်ပြီးတဲ့တရားတွေ ဖြစ်တယ်။

ဒါကြောင့်
လောကုတ္တရာခန္ဓာအစုကို ဝိပဿနာရှုတဲ့အခါ
ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ် မဖြစ်နိုင်ဘူး။

ဒါကြောင့် ဝိပဿနာရှုဖို့အတွက်
ဝိပဿနာရှုလို့ရတဲ့ခန္ဓာ၊
ဝိပဿနာရှုလို့မရတဲ့ခန္ဓာကို ခွဲခြားပြတဲ့အနေနဲ့
ခန္ဓာ နဲ့ ဥပါဒါနက္ခန္ဓာလို့ နှစ်မျိုးခွဲပြီးတော့
ဟောကြားထားတာ ဖြစ်တယ်။

အချုပ်ပြောရမယ်ဆိုရင်
ခန္ဓာဆိုရင်
လောကီလောကုတ္တရာ ခန္ဓာ နှစ်ရပ်ပေါင်း ဖြစ်တယ်။

ဥပါဒါနက္ခန္ဓာဆိုရင်
လောကီခန္ဓာသက်သက်ပဲ ဖြစ်တယ်။
ဥပါဒါန်ဆိုတာ ဘာလဲ?
စွဲလမ်းတပ်မက်မှုကို တဏှာလို့ ခေါ်တယ်။

မြွေက ဖားကို ဖမ်းထားသလို
ပြင်းပြင်းထန်ထန် စွဲလမ်းတပ်မက်မှုကို
ဥပါဒါန - ဥပါဒါန်လို့ခေါ်တယ်။
စွဲလမ်းတပ်မက်မှု အခိုင်အမာ ရင့်သန်သွားတာကို၊
တဏှာ ကြီးရင့်သွားတာကို ဥပါဒါန်လို့ခေါ်တယ်။

ဘုရားရှင်က
ဥပါဒါန်အားကောင်းတဲ့သူတွေကို တရားပြတဲ့အခါမှာ
တဏှာအသစ်တခုနဲ့ အစားထိုးပေးပြီးတော့
ဥပါဒါန်ကို လျော့ချတတ်တယ်။

နန္ဒမင်းသားက ဇနပဒကလျာဏီကို
ဥပါဒါန်အဆင့်နဲ့ စွဲလမ်းတပ်မက်နှစ်သက်နေလို့
တရားလုံးဝမှတ်လို့မရဘူး။
ဒီတော့ ဘုရားရှင်က နန္ဒကို
တာဝတိံသာနတ်ပြည်ခေါ်သွားပြီးတော့
နတ်သ္မီးတွေကို ပြလိုက်တယ်။
ဇနပဒကလျာဏီထက် ပိုလှတဲ့
နတ်သ္မီးတွေကို မြင်တွေ့ရတဲ့အခါမှာ
နန္ဒက ဇနပဒကလျာဏီအပေါ်မှာဖြစ်နေတဲ့
ဥပါဒါန်က ပျောက်သွားပြီးတော့
နတ်သ္မီးကို ရချင်တဲ့ တဏှာအသစ်
ဖြစ်ပေါ်လာတယ်။
အဲဒီအခါမှာ ဘုရားရှင်က
တဏှာသစ်ကို ဥပါဒါန်အဆင့်မရောက်ခင်
နတ်သ္မီးလိုချင်ရင် ဒါကျင့်ဆိုပြီးတော့
ဝိပဿနာရှုနည်း ပေးလိုက်တယ်။
နန္ဒဟာ ဝိပဿနာရှုပြီးတော့ ရဟန္တာဖြစ်သွားတယ်။
ဆေးခါးကြီး သကြားအုပ်တိုက်လိုက်တဲ့သဘောပါပဲ။

ဒါကြောင့် တချို့ကပြောကြတယ်။
ဥပါဒါန်ကို တဏှာနဲ့ လျော့ရတယ်တဲ့။

ဥပါဒါန်က လေးမျိုးရှိတယ်။

၁။ ကာမုပါဒါန် -
အဆင်း အသံ အနံ့ အရသာ အတွေ့အထိဆိုတဲ့
ငါးဖြာအာရုံ ကာမဂုဏ်တရားတွေအပေါ်မှာ
ပြင်းထန်စွာတပ်မက်နှစ်သက်မှု။

၂။ ဒိဋ္ဌုပါဒါန် -
သီလဗ္ဗတပရာမာသ အတ္တဝါဒမှတပါးသော
အခြားသော မှားယွင်းနေသော ဒိဋ္ဌိအမြင်အမျိုးအမျိုး
အပေါ်၌ ပြင်းထန်စွာတပ်မက်နှစ်သက်မှု။
ဥပမာ အဖေမရှိ၊ အမေမရှိ၊ မိဘကျေးဇူးမရှိ၊
ကုသိုလ် အကုသိုလ်မရှိ၊
ကုသိုလ်အကုသိုလ်တို့၏ အကျိုးဆက်မရှိဟူသော
ဒိဋ္ဌိအမျိုးအမျိုးအပေါ်၌
ပြင်းပြင်းထန်ထန် တပ်မက်နှစ်သက်နေမှု။

၃။ သီလဗ္ဗတုပါဒါန် -
ခွေးကဲ့သို့ နေထိုင်စားသောက်ပြုမှုရင်
ကိလေသာများ မြန်မြန်ကုန်ခန်းလိမ့်မည်ဟု ယူဆ၍
ခွေးကဲ့သို့ ကျင့်သုံး နေထိုင် စားသောက် ပြုမူကာ
ထိုအကျင့်အပေါ်၌ ပြင်းထန်စွာ တပ်မက်နှစ်သက်မှု။

၄။ အတ္တာဝါဒုပါဒါန် -
အတ္တဟူသော အယူအဆအပေါ်၌
ပြင်းထန်စွာ တပ်မက်နှစ်သက်မှု။
ဥပမာ ဖန်ဆင်းရှင်သည် ဘယ်တော့မှ မသေ၊
ထာဝရရှင်သန်နေသည်ဟူသော အယူအဆအပေါ်၌
ပြင်းထန်စွာ တပ်မက်နှစ်သက်မှု။
အတ္တာဝါဒုပါဒါန်က အတော်ကျယ်ပြန့်တယ်။
မြင်လွယ်နားလည်လွယ်တာကို ပြောပြပေးထားတယ်။
ကျယ်ကျယ်ပြန့်ပြန့်သိချင်ရင်တော့
သင်္ဂြိုဟ်ဘာသာဋီကာကျမ်း
စာမျက်နှာ ၅၅၅မှာ ရှု့ပါ။

ဥပါဒါန်လေးမျိုးမှာ
ကာမုပါဒါန်က လောဘစေတသိက်ဖြစ်တယ်။
ကျန်သုံးမျိုးက ဒိဋ္ဌိစေတသိက်ဖြစ်တယ်။
ဒိဋ္ဌိစေတသိက်တခုထဲကို စွဲလမ်းပုံကွဲပြားနေလို့
သုံးမျိုးခွဲပြီး ဘုရားရှင်က ဟောထားခြင်းဖြစ်တယ်။

" နိရောဓသစ္စာ ရှင်းလင်းချက် "
သမုဒယတဏှာသည်
ဒုက္ခဖြစ်ဖို့ရန် " အကြောင်းသစ္စာ " ပင်တည်း။
ဒုက္ခဟူသမျှကား
တဏှာအရင်းခံ၍ဖြစ်ရသော
" အကျိုးသစ္စာ " ပင်တည်း။

အကြောင်းတဏှာသမုဒယချုပ်ဆုံးလျှင်
အကျိုးဒုက္ခအားလုံးလည်း ချုပ်ဆုံးရမည်သာ
ဖြစ်၏။

ကမ္မဋ္ဌာန်းကိုအားထုတ်နေသူတို့သည်
ကမ္မဋ္ဌာန်းလမ်းစဉ်ဖြင့် တက်သွားသောအခါ
ဤ " နိရောဓမည်သော နိဗ္ဗာန်ကို
အထင်အရှားမြင်ကြ၏။

ပထမအကြိမ်မြင်လိုက်လျှင်ပင် (သောတာပန်ဖြစ်၍)
သဿတ ဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးနှင့်တွဲဖက်ဖြစ်သော
ဘဝတဏှာ, ဝိဘဝတဏှာ နှစ်မျိုးလုံး
ထိုပုဂ္ဂိုလ်၏သန္တာန်မှ ကင်းသွားတော့၏။

ဆက်လက်အားထုတ်၍ ထိုနိဗ္ဗာန်တရားကို
ဒုတိယအကြိမ်မြင်လာသောအခါ (သကဒါဂါမ်ဖြစ်၍)
ကာမတဏှာသည် အတော်နည်းသွား၏။

တတိယအကြိမ်မြင်ပြန်သောအခါ (အနာဂါမ်ဖြစ်၍)
ကာမတဏှာအားလုံး ကုန်လေပြီ။
သို့သော် ဗြဟ္မာ့ဘဝကို နှစ်သက်၍နေသော
ဘဝတဏှာတစ်မျိုးကား ကျန်နေသေး၏။

စတုတ္ထအကြိမ်မြင်ပြန်သောအခါ (ရဟန္တာဖြစ်၍)
ဗြဟ္မာ့ဘဝကိုသော်မှ မနှစ်သက်တော့ဘဲ
တဏှာအားလုံး ကုန်ဆုံးလေတော့၏။

ထို့ကြောင့်
နိဗ္ဗာန်ကို ထိုတဏှာသုံးမျိုး၏
အကြွင်းအကျန်မရှိအောင် ကုန်ရာ
" နိရောဓသစ္စာ " ဟု ဟောတော်မူသည် ............... ။
-နိရောဓ=ချုပ်ရာ, ကုန်ခန်းရာ။

━ အရှင်ဇနကာဘိဝံသ

--------
🙏 Credits:

'စိတ်' - 'အရိယာတရား အရိယာအမြင်' တရားတော် 💟
https://www.facebook.com/permalink.php?story_fbid=1099650957487334&id=100023273208843

'ဥပါဒါနက္ခန္ဓာ'
https://www.facebook.com/DhammaPractitioner/posts/2592710147611788/?locale=&paipv=0&eav=Afag0fJPYqcY-ensjWGBxrMePJuThKgWi871bCv5AlveKbiv9tlqVm-xighMQ-lPb1w&_rdr

'ခန္ဓာ နှင့် ဥပါဒါနက္ခန္ဓာ အထူး'
https://www.facebook.com/shwewarwinmeditationcenter/posts/%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A5%E1%80%95%E1%80%AB%E1%80%92%E1%80%AB%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC-%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%81%E1%80%94%E1%80%B9%E1%80%93%E1%80%AC-%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%80%AE-%E1%80%9C%E1%80%B1%E1%80%AC%E1%80%80%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%9B%E1%80%AC-%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%A5%E1%80%95%E1%80%AB%E1%80%92%E1%80%AB%E1%80%94%E1%80%80%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%93/942343956571455/

ခန္ဓာနဲ့ ဥပါဒါနက္ခန္ဓာ ဘယ်လိုကွာခြားသလဲ။
https://www.facebook.com/100064060177352/posts/6757685257635054/‎


#ဝိမုတ္တိယုဂခေတ်

သိဖို့
03/10/2025

သိဖို့

Health topics
09/09/2025

Health topics

Small Dense Low Density Lipoprotein-Cholesterol
အရွယ်သေးပြီးသိပ်သည်းသော sdLDL-C လိုင်ပိုပရိုတိန်း

LDL Particle Size & The Risk of Heart Disease - 4
LDL အမှုန်များ၏ အရွယ်အစားနှင့် နှလုံးရောဂါအန္တရာယ် - ၄

1. Upper diagram အထက်ပုံကားချပ်
Pattern A large buoyant LDLs particle size = 2600 - 2150 nm
Pattern B small buoyant LDLs particle size = 2150 - 1400 nm

ပုံစံ A ကြီးမားပြီးပေါ့ပါးသော LDLs အမှုန်အရွယ်အစား = 2600 - 2150 nm
ပုံစံ B သေးငယ်ပြီးသိပ်သည်းသော LDLs အမှုန်အရွယ်အစား = 2150 - 1400 nm

People who have low triglycerides and low blood sugar, have native pattern A large buoyant (lbLDL) particle sizes, where as, people who have high triglycerides and high blood sugar, have pattern B small dense (sdLDL) particle sizes.

ထရိုင်ဂလိုင်စရိုက် TG နည်းပါးပြီး သွေးတွင်းသကြားဓာတ်နည်းသောသူများတွင် မူလပုံစံ A ကြီးမားပြီးပေါ့ပါးသော (lbLDL) အမှုန်အရွယ်အစားများရှိပြီး၊ ထရိုင်ဂလိုင်စရိုက် TG နှင့် သွေးတွင်းသကြားဓာတ်မြင့်မားသူများတွင် ပုံစံ B သေးငယ်ပြီးသိပ်သည်းသော (sdLDL) အမှုန်အရွယ်အစားများရှိသည်။

2. Lower diagram အောက်ပုံကားချပ်

The graph illustrates not only above statement but also shows the impact of the small dense (sdLDL) particles on the metabolic syndrome. The more the small dense (sdLDL) particles, the more metabolic syndrome. High blood sugar (diabetes) is the one of the metabolic syndrome.

ဂရပ်သည် အထက်ဖော်ပြချက်တွင်သာမက ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါစုအပေါ် သေးငယ်သိပ်သည်းသော (sdLDL) အမှုန်များ၏ သက်ရောက်မှုကိုလည်း ပြသထားသည်။ သေးငယ်တဲ့သိပ်သည်းသော (sdLDL) အမှုန်တွေများလေလေ၊ ဇီဝဖြစ်စဉ်လက္ခဏာစုတွေ များလေလေပါပဲ။ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း (ဆီးချိုရောဂါ) သည် ဇီဝဖြစ်စဉ် ရောဂါလက္ခဏာစုများထဲမှ တစ်ခုဖြစ်သည်။

The graph refers from the article "Small dense low-density lipoprotein cholesterol concentrations predicts risk for coronary heart disease", published on Arteriosclerosis, Thrombosis, and Vascular Biology (ATVB) journal, May 2014 issue.

Graph သည် မေလ 2014 ခုနှစ်ထုတ် Arteriosclerosis, Thrombosis, and Vascular Biology (ATVB) ဂျာနယ် (ATVB) ဂျာနယ်တွင် ထုတ်ဝေသော "အရွယ်သေးပြီးသိပ်သည်းသော sdLDL-C လိုင်ပိုပရိုတိန်း Cholesterol ပါဝင်မှုသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို ခန့်မှန်းသည်" ဆောင်းပါးမှ ရည်ညွှန်းပါသည်။

Image credit to the presentation sides by Dr. David M. Diamond. He is a neuroscientist and professor at the University of South Florida.

Watch his video at:https://www.youtube.com/watch?v=VUMUhp1pSyM

Dr. David M. Diamond ၏ တင်ပြချက်ဆလိုက်များကို ပုံရိပ်ဂုဏ်ပြုချက် ပေးပါသည်။ သူသည် University of South Florida မှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်နှင့် ပါမောက္ခဖြစ်သည်။ သူ၏ ဗီဒီယိုကို အထက်ပါလင့်ခ်မှာ ကြည့်ပါ။

Health topics
09/09/2025

Health topics

The Higher TG - The Smaller LDL Particle Size.
ထရိုင်ဂလိုင်စရိုက်များသူတွေ သတိထား

LDL Particle Size & The Risk of Heart Disease - 3
LDL အမှုန်များ၏ အရွယ်အစားနှင့် နှလုံးရောဂါအန္တရာယ် - ၃

In previous articles (1) and (2), we reported that the small size of LDL particles is a risk factor for heart disease.
ယခင် စာစဥ် (၁) နှင့် (၂) မှာ LDL အမှုန်များ၏ အရွယ်အစားသေးငယ်မှုသည် နှလုံးရောဂါအတွက် အန္တရာယ်များကြောင်း တင်ပြခဲ့ပါသည်။

In this post, the picture on the attached health card shows that the small size of LDL particles, which is a risk factor for heart disease (especially coronary heart disease), is caused by high triglycerides.
ယခုစာစဥ်မှာ၊ နှလုံးရောဂါ (အထူးသဖြင့် နှလုံးသွေးကြောကျဥ်းရောဂါ) အတွက် အန္တရာယ်များသော LDL အမှုန်များ၏ အရွယ်အစားသေးငယ်မှုသည် ထရိုင်ဂလိုင်စရိုက် များခြင်းမှ ဖြစ်ပေါ်လာကြောင်းကို ပူးတွဲပါကျန်းမာရေးကာဒ်ပေါ်မှ ပုံအရ တင်ပြအပ်ပါသည်။

Image credit: Figure 2 of the 28-page current opinion article (Low-density lipoproteins cause atherosclerotic cardiovascular disease - Pathophysiology, genetics and therapeutic insights: a consensus statement from the European Atherosclerosis Society Consensus Panel) on the respectful European Heart Journal, published by the European Society of Cardiology.

The image here, is modified with some additional Myanmar words for self-explanatory.

ပုံရိပ်ဂုဏ်ပြုချက် - ဤပုံသည်၊ ဥရောပနှလုံးရောဂါဗေဒအဖွဲ့အစည်းမှ ထုတ်ဝေသော ဩဇာရှိသည့် ဥရောပနှလုံးရောဂါဂျာနယ်၏ စာမျက်နှာ ၂၈ မျက်နှာရှိသော လက်ရှိအသိအမြင်ကိုထင်ဟပ်သည့် (သိပ်သည်းဆနည်းသော lipoproteins လိုင်ပိုပရိုတိန်းများသည် နှလုံးသွေးကြောကျဥ်းစေသော နှလုံးသွေးကြောဆိုင်ရာရောဂါကို ဖြစ်စေသည် - ဇီဝကမ္မဗေဒ၊ မျိုးရိုးဗီဇနှင့် ကုသရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုများ- European Atherosclerosis Society Consensus Panel မှ သဘောတူညီမှု ထုတ်ပြန်ချက်) ဆောင်းပါး၏ ပုံ(၂)။
၎င်းကို ကိုယ်တိုင်ကြည့်ရှု နားလည်လွယ်အောင် မြန်မာစာသားအချို့ ထည့်သွင်း၍ တင်ပြထားပါသည်။

Technical discussion နည်းပညာဆိုင်ရာ ဆွေးနွေးမှု

1. As per figure, triglycerides are produced from liver. They are packaged together with cholesterol & oil soluble vitamins into VLDL and transported through blood vessels to the required cells and organs. VLDL --> LDL.
2. The higher triglycerides, the smaller size of LDL particles (See the right side of the figure), resulting in the higher risk of coronary heart disease. The smallest LDL particle is LDL IV which can be found only at the pathway of high plasma TG.

၁။ ပုံအရ၊ triglycerides ကို အသည်းမှ ထုတ်လုပ်သည်။ ၎င်းတို့ကို ကိုလက်စထရောနှင့် အဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်များနှင့်အတူ VLDL very low density lipoprotein အတွင်းသို့ ထုပ်ပိုးပြီး သွေးကြောများမှတဆင့် လိုအပ်သောဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ ဆီသို့ ပို့ဆောင်ပေးသည်။ VLDL များ သေးသွားပြီး LDL ဖြစ်သွားသည်။
၂။ Triglycerides မြင့်မားလေလေ၊ LDL အမှုန်များ၏အရွယ်အစားသေးငယ်လေလေ ဖြစ်သည်။ (ပုံ၏ညာဘက်ခြမ်းကိုကြည့်ပါ)။ အရွယ်အစားသေးငယ်သော LDL အမှုန်များသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားစေသည်။ အရွယ်အစား အသေးငယ်ဆုံး LDL အမှုန်သည် LDL IV ဖြစ်ပြီး ညာဘက်ရှိ မြင့်မားသော TG ၏ လမ်းကြောင်းတွင်သာ တွေ့ရှိနိုင်သည်။

Question: မေးခွန်း -
What is the source of higher triglycerides?
မြင့်မားသော triglycerides တွေ ဘယ်လိုဖြစ်လာသလဲ။

Abbreviations:
Apo, apolipoprotein; CE, cholesteryl ester; CETP, cholesteryl ester transfer protein; FC, free cholesterol; PL, phospholipid; PRN, protein; TG, triglyceride. lipoprotein lipase, LPL; hepatic lipase, HL.

Read more: အပြည့်အစုံဖတ်ရန် - https://academic.oup.com/eurheartj/article/41/24/2313/5735221

Day 1/10 - ၃၀မိနစ်လူဖြစ်မရှုံးရအောင် တကယ်ကြိုးစားရမှာက တရားသိဖို့ပါပဲ။
27/07/2025

Day 1/10 - ၃၀မိနစ်

လူဖြစ်မရှုံးရအောင် တကယ်ကြိုးစားရမှာက တရားသိဖို့ပါပဲ။

02/06/2025
20/05/2025

နာမည်ကြီး စားချင်စဖွယ်အစားအစာတစ်ခုဖြစ်တဲ့
#ထိုင်းမုန့်ဟင်းခါးချက်နည်း
ငါး ၃၀သား
စပါးလင် ၂ချောင်း
အုန်းနို့ ၁ဗူးခွဲ
ကြက်သွန်နီ ၁၅ကျပ်သား
ကြက်သွန်ဖြူ ၃လုံး
ဆိတ်ဖူးဥ ၅ကျပ်သားခန့်
ခရမ်းချဉ်သီး ၃လုံး

ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ငါးတို့ကို ဆနွင်းမှုန့် စိမ်းစားငါးပိ စပါးလင် နဲ့ ဆားအနည်ငယ် ထည့်၍ ၁၅မိနစ်ခန့်ပြုတ်ပါ။ ရရင် ငါးကိုအရိုးနွင်ပြီး ငါးအသားများကို ညှက် အောင် ထောင်းထားပါ။ကြက်သွန်နီ ကြက်သွန်ဖြူ ဆိတ်ဖူးဥတို့ကို ငရုပ်သီးခြောက်အနီတောင့်နှင့် ညှက်အောင် ထောင်းပြီး ဆီသပ်ပါ။ပီးမှ အုန်းနို့ ထည့်ချက်ပါ။ မီးဖြည်းဖြည့်ဖြင့် ၅ မိနစ်ခန့် ပေးဆူ ပြီးမှ ငါးပြုတ် ရေ ကြက်ခြေထောက် သို့ ဝက်နံရိုး နဲ့ ထောင်းထားသေားငါးအသားများ လှီးထားတဲ့ခရမ်းချဉ်သီး readymade ငါးဖယ်လုံး ပဲသွေးတုံး သို့ ကြက်သွေးတုံးများထည့်ပါ ပျစ်နေမှာစိုးလို့ ရေအနည်းငယ် ရော ၍ ၁၅မိနစ်ခန့်ဆူအောင် ဆက်တည်ပါ။ အိုးချခါနီး ဆား အရသာမှုန့် ငံပြာရည်တို့ဖြင့် အရသာ အပေါ့အငန် စိတ်ကြိုက်ပြင်ဆင်ပါ။တစ်ပွဲစာပြင်ဆင်ပုံက မုန့်ဖတ် ဟင်းရည် ပဲသီး ဂေါ်ဖီ ငရုတ်သီးမှုန့် ကြက်သွန်ကြော် ကြက်သွန်မြိတ် နံနံပင် ဝက်ခေါက်ကြော် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။


#ထိုင်းမုန့်ဟင်းခါး


Why so hard to live a life?
08/04/2025

Why so hard to live a life?

For my soul
27/02/2025

For my soul

18/02/2025

ကျန်းမာရေး ဗဟုသုတ အနှစ်ချုပ်များ

၅၈။ ဇရာ ကြွက်သား
https://m.facebook.com/story.php?story_fbid=1163484801799586&id=100044142324209&mibextid=UyTHkb

၅၇။ 2.2.25 Heart
https://www.facebook.com/share/p/1A3BYEgv79/

၅၆။ 26.1.25 Thyroid
https://www.facebook.com/share/p/1HfdFWPZef/

၅၅။ 19.1.25 ဇရာ
https://www.facebook.com/share/p/15xUYtfkfu/

၅၄။ 12.1.25 တုပ်ကွေး၊ ဂေါက်
https://www.facebook.com/share/p/18CH7DWuzZ/

၅၃။ 5.1.25 Protein
https://www.facebook.com/100044142324209/posts/1148401513307915/?mibextid=UyTHkb

၅၂။ 29.12.24 တုပ်ကွေး ဆန်
https://www.facebook.com/share/p/4iJzsNfjKQrvLszc/

၅၁။ 15.12.24 ကွမ်း
https://www.facebook.com/share/p/juXmJDbyqazeJHv3/

၅၀။ 8.12.24 ကျီးပေါင်း
https://www.facebook.com/share/p/U5BdYWXbQB2moUzb/

၄၉။ 1.12.24 ပတ်ဝန်းကျင် အဆိပ်
https://www.facebook.com/share/p/sekxCqG2HAC8yLxU/

၄၈။ 24.11.24 Septic
https://www.facebook.com/share/p/pdcVG3TT7ytr5dBy/

၄၇။ 17.11.24 Super Food
https://www.facebook.com/share/p/X7gmMr7ZwDvu7tjN/

၄၆။ 10.11.24 Myasthenia Gravis
https://www.facebook.com/share/p/pgnhEaireYjJWgft/

၄၅။ 5.11.24 ဆီးချို
https://www.facebook.com/share/p/iDmFM8k39NbBGhfH/

၄၄။ 27.10.24 Oxalates
https://www.facebook.com/share/p/D83U9PtNJofwDDVF/

၄၃။ 20.10.24 ပါကင်ဆန်
https://www.facebook.com/share/p/FC7BsWf4A9n4RTKx/

၄၂။ 13.10.24 သွေးတိုး
https://www.facebook.com/share/p/NbtZYfZTanuxPnvD/

၄၁။ 6.10.24 D3
https://www.facebook.com/share/p/CCfUAxB1P3UKBnS5/

၄၀။ 5.10.24 ကွကျဥ
https://www.facebook.com/share/p/MYgu1hAznjLuZ2df/

၃၉။ 29.9.24 Magnesium
https://www.facebook.com/share/p/KARmVeCnJo6YUpue/?mibextid=oFDknk

၃၈။ 28.9.24 ချက်ပြုတ်နည်း
https://www.facebook.com/share/p/a3dbAZpMS6XpqcK5/?mibextid=oFDknk

၃၇။ 15.9.24 ဆီ နှင့် ချက်ပြုတ်နည်း
https://www.facebook.com/share/p/6mvSwMPtVfPmBKNt/?mibextid=oFDknk

၃၆။ 8.9.24 ALS ဦးနှောက် အာရုံကြော ရောဂါ
https://www.facebook.com/share/p/uqTb1sKW4cq576yT/?mibextid=oFDknk

၃၅၊ 1.9.24 အစာအိမ်အက်ဆစ်
https://www.facebook.com/share/p/yxQHmJpZ8k68nBiR/?mibextid=oFDknk

၃၄။ 25.8.24 Oxalates
https://www.facebook.com/share/p/XNxGE8qMjwK8WN9C/?mibextid=oFDknk

၃၃။ 18.8.24 Oxalates
https://www.facebook.com/share/p/qfeQu1MX4daSYYeB/?mibextid=oFDknk

၃၂။ 11.8.24 Sulfur
https://www.facebook.com/share/p/QvLTJN5iJ3mG6jP9/?mibextid=oFDknk

၃၁။ 4.8.24 အစားအသောက်
https://www.facebook.com/share/p/UeWNEu2xdURrLatz/?mibextid=oFDknk

၃၀။ 28.7.24 Lectins, Oxalates
https://www.facebook.com/share/p/E12hNbqA1ufc4m5M/?mibextid=oFDknk

၂၉။ 21.7.24 Antioxidant
https://www.facebook.com/share/p/ayZ2sGBZF6ntssUq/?mibextid=oFDknk

၂၈။ 14.7.24 အဆီ
https://www.facebook.com/share/p/NRpMfjZqgi8JtNGC/?mibextid=oFDknk

၂၇။ 7.7.24 အဆီအကြောင်း
https://www.facebook.com/share/p/UKyVE5K8q2EqwuTL/?mibextid=oFDknk

၂၆။ 30.6.24 ကပ်ရောဂါ
https://www.facebook.com/share/p/yruiej1F4TGeS5Lk/?mibextid=oFDknk

၂၅။ 23.6.24 အူကျန်းမာရေး
https://www.facebook.com/share/p/DyhpXbfghX8TVVK7/?mibextid=oFDknk

၂၄။ 9.6.24 Inflammation
https://www.facebook.com/share/p/rY9mZtqGzjjfsnpz/?mibextid=oFDknk

၂၃။ 2.6.24 Zoom ပါကင်ဆန်
https://www.facebook.com/share/p/XqxWzPTQ2Wd3tzGk/?mibextid=oFDknk

၂၂။ 26.5.24 Cholesterol
https://www.facebook.com/share/p/3E1QdiH6beUpGEYW/?mibextid=oFDknk

၂၁။ 19.5.24 အရွက်နဲ့ အသား
https://www.facebook.com/share/p/FQaPcMKJRKxy3JVk/?mibextid=oFDknk

၂၀။ 12.5.24 Fasting
https://www.facebook.com/share/p/gPWtetvtUVqSbhjM/?mibextid=oFDknk

၁၉။ Oxalates Food
https://www.facebook.com/share/p/4soAqJJjMcxsNjvu/?mibextid=oFDknk

၁၈။ 5.5.24 Oxalates
https://www.facebook.com/share/p/DGD6cAw5rVNuJmNW/?mibextid=oFDknk

၁၇။ 28.4.24 Zoom, Thyroid
https://www.facebook.com/share/p/SC8shmmtv65z3o32/?mibextid=oFDknk

၁၆။ 14.4.24 Uric Acid
https://www.facebook.com/share/p/8pUJFH2kCMs7uRKe/?mibextid=oFDknk

၁၅။ 7.4.24 ဆေးများ၏ Side Effect
https://www.facebook.com/share/p/Gv43XWhe8KW4CHCd/?mibextid=oFDknk

၁၄။ 24.3.24 ကင်ဆာ
https://www.facebook.com/share/p/pVAZ713su9GzoUhP/?mibextid=oFDknk

၁၃။ 10.3.24 Zoom, Cancer
https://www.facebook.com/share/p/Kf1Z5kPBXnACrea4/?mibextid=oFDknk

၁၂။ 3.3.24 Zoom, Dementia
https://www.facebook.com/share/p/XKh6N6YegoGj1C9Y/?mibextid=oFDknk

၁၁။ 25.2.24 Zoom, Dementia
https://www.facebook.com/share/p/hrHZRT93Vvh8Ed2m/?mibextid=oFDknk

၁၀။ 18.2.24 Zoom, Magnesium
https://www.facebook.com/share/p/Db3w9hKysV6Re6A5/?mibextid=oFDknk

၉။ 28.1.24 zoom b complex
https://m.facebook.com/story.php?story_fbid=927624065385662&id=100044142324209&mibextid=UyTHkb

14.1.24 ဇရာ
https://www.facebook.com/share/p/1dR4W1N7Pw5sHjW8/?mibextid=oFDknk

၈။ 7.1.24 zoom Thyroid
https://m.facebook.com/story.php?story_fbid=914340953380640&id=100044142324209&mibextid=Nif5oz

၇။ 21.12.23 zoom ပါတ်ဝန်းကျင် အဆိပ်များ
https://m.facebook.com/story.php?story_fbid=904768437671225&id=100044142324209&mibextid=UyTHkb

၆။ 14.12.23 zoom D3
https://m.facebook.com/story.php?story_fbid=900189348129134&id=100044142324209&mibextid=Nif5oz

၅။ 30.11.23 zoom ပါကင်ဆန်
https://m.facebook.com/story.php?story_fbid=892952238852845&id=100044142324209&mibextid=UyTHkb

၄။ 9.11.23 zoom အသည်း
https://m.facebook.com/story.php?story_fbid=882543839893685&id=100044142324209&mibextid=Nif5oz

၃။ 26.10.23 zoom သွေးတိုး
https://m.facebook.com/story.php?story_fbid=1080706196744114&id=100044142324209

၂။ 12.10.23 Zoom လေဖြတ်
https://m.facebook.com/story.php?story_fbid=867679098046826&id=100044142324209&mibextid=Nif5oz

၁။ အိုမင်းခြင်း (ဇရာ)
https://m.facebook.com/story.php?story_fbid=917927356355333&id=100044142324209&mibextid=UyTHkb

Address

Singapore

Telephone

+6581898554

Website

Alerts

Be the first to know and let us send you an email when ME Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ME Time:

Share

Category