03/02/2026
မနက်ခင်း လက်ဖက်ရည်မွှေးမွှေးမှသည် ညနေခင်း အပန်းဖြေချိန်အထိ...
Tea & Tonic
ချစ်ရတဲ့ မိတ်ဆွေတို့ရေ...
မနက်ခင်းမှာ လန်းဆန်းသွားစေမယ့် လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်ကို တောင့်တနေပြီလား? ဒါမှမဟုတ် ညနေဘက် သူငယ်ချင်းတွေနဲ့အတူ စည်ဘီယာအေးအေးလေးသောက်ရင်း အပန်းဖြေချင်တာလား?
ဒါတွေအားလုံးကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် "Tea & Tonic" မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။
☀️ Day Provisions (6 AM - 5 PM)
မနက်ခင်းကို အကောင်းဆုံး စတင်နိုင်ဖို့အတွက် အသင့်နှပ်ထားတဲ့ လက်ဖက်ရည်မဟုတ်ဘဲ မှာယူမှ ချက်ချင်းနှပ်၊ ချက်ချင်းဖျော်ပေးတဲ့ "အစိမ်းဖောက် လက်ဖက်ရည်" စစ်စစ်ကို ရရှိနိုင်ပါပြီ။ လက်ဖက်ရည်နဲ့ တွဲဖက်စားသုံးဖို့ -
* ဆိုင်ရဲ့ Signature ဖြစ်တဲ့ မော်လမြိုင်ကြက်သားပဲလိပ်သုပ် နှင့် စင်ကာပူဆီချက်ခေါက်ဆွဲ
* စမူဆာ၊ နံပြား၊ ပူရီ၊ ပလာတာ၊ တိုရှည် အပြင်
* ထမင်းကြော်၊ ထမင်းဆီဆမ်း၊ ကြက်သားဟင်း/ဆိတ်သားဟင်း / ဆိတ်စွပ် အစရှိတဲ့ မနက်စာ စုံလင်စွာ ရရှိနိုင်ပါတယ်။
🌙 Night Provisions (11 AM - 11 PM)
နေ့လယ်ပိုင်းမှ ညပိုင်းအထိတော့ တရုတ်အစားအစာ၊ မာလာရှမ်းကော၊ မာလာဟင်း၊ အကင်စုံ နဲ့ အထောင်းမျိုးစုံကို စည်ဘီယာအေးအေးလေးနဲ့ မြည်းစမ်းရင်း မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာ အချိန်တွေကို ဖန်တီးနိုင်ပါပြီ။
🎤 သောကြာ နဲ့ စနေ ညတိုင်း 7 နာရီမှ 10 နာရီအထိ Live music တွေကို နားသောတ ဆင်နိုင်ပါတယ် 🎤
🔜 Coming Soon
မကြာမီကာလမှာ လူကြိုက်များတဲ့ T&T Signature မနက်စာနဲ့ လက်ဖက်ရည်ကို ည (၁၁) နာရီ ဆိုင်ပိတ်ချိန်အထိ တိုးချဲ့ရောင်းချပေးသွားဦးမှာနော်။
တစ်ဆိုင်တည်းမှာ အရသာစုံ၊ ဝန်ဆောင်မှုစုံ ရရှိနိုင်ဖို့ Tea & Tonic ကို ဒီနေ့ပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
📍 ရတနာလမ်း၊ မလိခအိမ်ယာအရှေ့၊ တောင်ဥက္ကလာပမြို့နယ် (ဘဝမြင့်မှတ်တိုင်)
📞 09761011237