20/09/2026
ကြော်လိုက်ရင် တဖြောင့်တည်းထွက်တဲ့ မုန့်ကို ဘာလို့ အီကြာကွေးလို့ ခေါ်တာလဲ???
စဉ်းစားကြည့်ဖူးလားဗျ 🤔🤔
အီကြာဖြောင့်လို့ ရီစရာ နောက်မနေတော့ပါဘူး 🤣🤣
လိုရင်းပြောရရင် 🥖 အီကြာကွေးကို တစ်မျိုးတည်းသီးသန့် စားတတ်သူပဲဖြစ်ဖြစ်
💫🥖 ပဲကလေးနဲ့ အီကြာကွေးလွေးရတာ ကြိုက်တတ်သူပဲဖြစ်ဖြစ် ဖေဇော်ဂျီရဲ့လက်ရာကို အသေအချာကြိုက်စေဖို့ အာမခံပါတယ်
ဆီသန့်သန့် ပူပူမှာ မုန့်သားညက်ညက် နာနာနှပ်ထားတာလေးကို မီးအချိန်အဆ မှန်မှန်ထဲ ထည့်ကြော်ထားတာဖြစ်လို့ ဘယ်အချိန်စားစား ကြွပ်ရွပူနွေးနေမှာပါ။ Chemical မပါ သေချာစွာ ကြော်လှော်ထားတာကြောင့် နေ့လယ်ခင်း အနားယူရင်း သုံးဆောင်ရုံမက မနက်ခွန်အားဖြည့် ဝမ်းနွေးစေမယ့် မနက်စာအဖြစ်ပါ အင်မတန် စားကောင်းပါတယ်ခင်ဗျာ။ ❤️
မိတ်ဆွေတို့ရော 🥖 ရိုးရိုးကွေးကြိုက်လား?? 💫🥖 ပဲကွေးကြိုက်လား???
Comment မှာ မန့်ပေးသွားပါဦးဗျို့
ဖွင့်ချိန် - မနက် ၇ နာရီ မှ ညနေ ၄ နာရီထိ ။
ဖုန်း-𝟬𝟵 𝟳𝟳𝟳 𝟭𝟬𝟬 𝟱𝟴𝟴
လိပ်စာ -အမှတ် ၄၄ အေ၊ ( မြေညီထပ် ) ဆရာစံလမ်းနဲ့ ကုက္ကိုင်းရေကူးကန်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
#ဖေဇော်ဂျီ #အီကြာကွေး #အီကြာကွေးနဲ့ပဲပြုတ်