17/08/2026
အသားလွတ် ညှပ်ခေါက်ဆွဲ ကြော်
ပါဝင်ပစ္စည်း
၁။ညှပ်ဖက်
၂။သားသတ်လွတ် ဝက်ခေါက်
၃။ကြက်ဥ
၄။ဂေါ်ဖီ၊ဥနီ
၅။ငရုပ်သီး အစိမ်းမှုန့်၊အကြမ်းဖတ်
၆။ဆား၊အရသာမှုန့်၊ပဲငံပြာရည်အကျဲ
ချက်ပြုတ်နည်း
ပထမဆုံး ဝက်ခေါက်တွေ ရေစိမ်ပြီး ပွလာလျှင် အရည်ညှစ် အနေတေည်လေးတွေ ညှပ်ထားပါ။
ကြက်ဥ၂လုံးကို ဆီပူပူမှာ မွှေပြီး အဖတ်ဖတ်ဖြစ်အောင် ကြော်ပါတယ်။
ဂေါ်ဖီ၊ဥနီ၊ဝက်ခေါက်ထည့်ပါတယ်။
နွမ်းလာပြီဆို ဘေးလေးတွေကပ်၊ဆီထဲ အစိမ်းမှုန့် အနံ့ပျောက်သည်အထိ မွှေပါတယ်။ အကြမ်းဖတ်ထည့်ပါတယ်။
ပဲငံပြာရည်အကျဲ ထည့်ပါတယ်။
နောက်မှာ ညှပ်ဖတ်ထည့် တူနဲ့မွှေပါတယ်။
အရသာအနေနဲ့ ပဲငံပြာရည်အကျဲ၊အရသာမှုန့်၊ဆားလေးနဲနဲထည့်လိုက်ရုံနဲ့ အရသာရှိတဲ့ အိမ်ကြော် သားသတ်လွတ် ညှပ်ဖတ်ကြော် လေးရပါပြီနော်။
နန္ဒီ
#သားသတ်လွတ်ဟင်း
#ဝါတွင်း