30/07/2024
ကော်ဖီကြိုက်တဲ့သူတွေ အသည်းစွဲ Espresso ကို စပြီးဖန်တီးခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ခန့်ကလို့ သိမှတ်ရပါတယ်
စတင်တီထွင်ခဲ့တဲ့သူက Luigi Bezzera ဆိုသူဖြစ်ပြီးတော့ အီတလီနိုင်ငံ မီလန်မြို့ကပါ
Stream-pressure နဲ့ ဖျော်စပ်တဲ့နည်းကို ပထမဆုံးစတင်အသုံးပြုခဲ့တာလည်း သူပါပဲ...အဲ့နည်းလမ်းက အဲ့ခေတ်တုန်းက Strong taste Coffee တွေကိုဖျော်စပ်တဲ့နည်းတွေထက် အချိန်ကုန်သက်သာပြီး ပိုမိုမြန်ဆန်ခဲ့ပါတယ်
သူ့ရဲ့ဝေါဟာရ “Express” က “Pressure” ကို ဆိုလိုပါတယ်တဲ့...အငွေ့ pressure နဲ့ ကော်ဖီစေ့နဲ့ အနှစ်သာရ flavor ကို ညှစ်ထုတ်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်
25 - 30ml ဆိုဒ်ရှိတဲ့ ခွက်အသေးတွေနဲ့ တည်ခင်းပေးတတ်တာက Espresso ရဲ့ပြယုဒ်တစ်ခုပါ
အရသာက Strong ဖြစ်တယ်...ဒါပေမယ့် မည်းနက်နေတာမျိုးလည်းမဟုတ်ဘူး...အပေါ်ယံမှာ အညိုဖျော့ရောင် layer လေးတစ်ခုနဲ့ Espresso ရဲ့ ဝိသေသလို့ဆိုရမှာပေါ့လေ
အရင်က Coffee Bar တချို့တလေမှာသာ ဒီလိုကော်ဖီမျိုးကို သောက်ရနိုင်ပေမယ့် ဒုတိယကမ္ဘာစစ်ကြီးအပြီး 1946 ခုနှစ်မှာတော့ ဆိုင်သုံးစက်အများအပြားကို ထုတ်လုပ်ရောင်းချခဲ့တဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်သွားခဲ့ပါတယ်
အိမ်တွေမှာပါ အသုံးပြုနိုင်တဲ့ လျှပ်စစ်စနစ်သုံး Espresso Machine တွေကတော့ 1961 ခုနှစ်မှာ စပြီးထွက်ရှိခဲ့ပါတယ်တဲ့
ကဲ…သူ့သမိုင်းကြောင်းလေးသိရပြီဆို သူ့အရသာလေးလည်း မြည်းစမ်းကြည့်နိုင်ဖို့ မင်မင်တို့ Coffee House က စောင့်မျှော်နေပါ့မယ်နော် 🥰
#ကော်ဖီဆိုင် #ကော်ဖီ
Coffee House
📍အမှတ်(၉၉)၊ မင်းရဲကျော်စွာလမ်း (ကြေးတိုင်လမ်းထောင့်)
(၄၅)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
☎️၀၉-၈၈၁၁၇၇၉၉၇