Ei Mon Ei Mon

Ei Mon Ei Mon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei Mon Ei Mon, Yangon.

08/03/2023
08/03/2023
08/03/2023
22/01/2023

စစ်မှန်ပြီးကြာရှည်တဲ့ စိတ်အားထက်သန်မှု motivation ဆိုတာဘာလဲ

Motivation စိတ်အားထက်သန်မှုကို လူတိုင်က အရမ်းလိုချင်ကြပါတယ် motivationရှိရင် ဘဝပိုပြီးအောင်မြင်နိုင်မယ်လို့လူတွေ တွေးပြီး ကိုယ့်ကို motivationပေးနိုင်မယ် ထင်တဲ့ စာအုပ်တွေ ၊ motivationပေးတဲ့ သင်တန်းတွေကို လိုက်ပြီးတက်ကြပါတယ်။

ဒါပေမယ် ဒီmotivationသင်တန်းတွေ စာအုပ်တွေဟာ လူတစ်ယောက် motivation စိတ်အားထက်သန်မှုကို ခဏလေးပဲလုပ်ပေးနိုင်တာကိုတွေ့ရပါတယ် တက်တုန်း ဖတ်တုန်း ခဏပဲ motivationတွေရှိလာပြီး လုပ်မယ်ကိုင်မယ်ဘာညာဆိုပြီး ဖြစ်လာကာ နောက် ရက်အနည်းငယ်လည်းကြာကော ပြန်ပြီး motivationကကျသွားကာ နဂိုအတိုင်းဘားမှ သိပ်မထူးတာကိုတွေရလေ့ရှိပါတယ်။

ဒါဆိုစစ်မှန်ပြီး ကြာရှည်တဲ့ motivationတစ်ခုရဖို့ဘာတွေလိုအပ်လဲဆိုတော့

ပထမဦးဆုံး ကိုယ့်ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ် လူတော်တော်များများက motivation ရှိမှ ရည်မှန်းချက်ရှိမယ်လို ထင်ကြပါတယ် အမှန်က ရည်မှန်းချက်ချက်ရှိမှ motivationရှိလာတာဖြစ်ပါတယ်။walt Disney က If you can dream it,you can do itဆိုပြီး သင်အိမ်မက်တွေမက်နိုင်ရင် သင်ဒီဟာကိုလုပ်နိုင်ပါတယ်လို့ပြောခဲ့ပါတယ်။အိမ်မက်ဆိုတာ ကိုယ်ရဲ့ရည်မှန်းချက် ကိုယ်က ကိုယ်ဘဝမှာ ဘာဖြစ်ချင်လဲ၊ နောက် ၅နှစ်၊ ၁၀နှစ်မှာ ဘာဖြစ်ချင်လဲဆိုတာကို သေချာတိတိကျကျသိခြင်းဖြစ်ပါတယ် ကိုယ်ကဘာဖြစ်ချင်တာလဲကို သိပြီး ဒါကို ထပ်တလဲလဲတွေးကာ ဒီရည်မှန်းချက်ကို မရမချင်းလုပ်မယ်ဆိုပြီ စိတ်ဖြစ်လာရင် motivationဖြစ်လာမှာဖြစ်ပါတယ်။

ကိုယ်က ကိုယ်ဘာဖြစ်ချင်မှန်းကို သေသေချာချာ ခိုင်ခိုင်မာမာ မသိရင် ဘယ်လောက်ပဲ motivation သင်တန်းတွေပဲတက်တက်၊စာအုပ်တွေပဲ ဖတ်ဖတ်ထူးမှာမဟုတ်ပါဘူး စစ်မှန်တဲ့ ရည်မှန်ချက်ကြောင့် ဖြစ်လာတဲ့ motivationကသာ တာရှည်ခံမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ planning နဲ့ skill ,knowledgeဖြစ်ပါတယ်။ကိုယ်က ကိုယ်ရဲ့ရည်မှန်းချက်ကို သိပြီဆိုရင် planလေး အကြမ်းဖျင်းလောက်လုပ်ထားရပါမယ်။နောက်၅နှစ် ကိုယ်ဖြစ်ချင်တာရဖို့ ဘယ်လို skill, knowledgeတွေလိုမလဲ ဒါတွေကို ဒီနှစ်မှာ ဘာတွေအရင်လေ့လာမလဲ နောက်နှစ်ကြရင် ဘာလေ့လာမလဲ စသဖြင့် planချပြီး လိုအပ်တာတွေ သေချာဖြည့်စည်းရမှာဖြစ်ပါတယ်။ဒါမှပဲ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို တကယ်ရရှိနိုင်မှာဖြစ်ပါတယ် မဟုတ်ရင် ရည်မှန်ချက်ရှိပြီး လက်တွေ Action planမပါရင် လေထဲတိုက်ဆောက်သလိုပါပဲ ဘားမှဖြစ်မှာမဟုတ်ပါဘူး။ဒီလိုစစ်မှန်တဲ့ ရည်မှန်းချက် ရှိပြီးကိုယ်ကသေချာ action planကို သေချာချပြီးလုပ်ဆောင်ရင် သင်အမြဲ motivationတွေအမြဲရှိနေမှာဖြစ်ပါတယ်နောက် စိတ်ဓာတ်ကျတဲ့အခါလည်း ပြန်ရှိနိုင်ပါတယ် ဒါပေမယ့် ရည်မှန်ချက်ကိုပြန်မြင်ပြီး motivationတွေပြန်တက်လာပါလိမ့်မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

01/01/2023
16/11/2022

ေျမဧက ဘယ္လိုတြက္မလဲ ?
*****************
၁ ဧက = ၂၀၈.၇၁၁ ေပ × ၂၀၈.၇၁၁ ေပ
၁ ဧက = ၄၀၄၇ စတုရန္းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန္းေပ

၁ ေပ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ေပ
၁ စတုရန္းမီတာ = ၁၀.၇၆၄ စတုရန္းေပ
၁ ဟက္တာ = ၂.၄၇၁ ဧက

Square feet မွ ဧကေျပာင္း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကျဖင့္သိလိုရင္
20000 ÷ 43560 = 0.459 ဧက

ဧကမွ Sqft ေျပာင္း
ဧကအက်ယ္ × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ျဖင့္သိလိုရင္
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန္းေပ
၄၃၅၆၀ စတုရန္းေပ ဘယ္ကရလဲ ဆိုေတာ့
လက္မ (inch), ေပ (feet), ကိုက္ (yard), သံႀကိဳး (Chain), ဖာလုံ (Furlong), မိုင္ (Mile) စတဲ့အတိုင္းအတာ ယူနစ္မ်ားဟာ Imperial units ျဖစ္ပါတယ္။

၃ ေပ = ၁ ကိုက္
၂၂ ကိုက္ = ၁ သံႀကိဳး = ၆၆ ေပ
၁၀ သံႀကိဳး = ၁ ဖာလုံ = ၆၆၀ ေပ
၈ ဖာလုံ = ၁ မိုင္ = ၅၂၈၀ ေပ

၁ သံႀကိဳး (အလၽွား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ္မွတ္ပါတယ္

ဒါ့ေၾကာင့္
၆၆ ေပ × ၆၆၀ ေပ = ၄၃၅၆၀ စတုရန္းေပ
ျဖစ္ပါတယ္

၁ သံႀကိဳး အက်ယ္ နဲ႔ ၁ ဖာလုံ အရွည္ေျမကြက္ဟာ
တစ္ဧက (၄၃၅၆၀ စတုရန္းေပ) ျဖစ္ပါတယ္

၁ စတုရန္းမိုင္ = ၆၄၀ ဧက
၁ စတုရန္းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန္းေပ = ၁ ဧက
၂၀၈.၇၁ ေပ × ၂၀၈.၇၁ ေပ = ၁ ဧက
၂၀၀ ေပ × ၂၀၀ ေပ = ၁ ဧကခန္႔
၁၀၀ ေပ × ၁၀၀ေပ = ဧက ၁ မူးခန္႔
၅၀ ေပ × ၁၀၀ ေပ = ဧက ၁ မတ္ခန္႔
၄၀ ေပ × ၆၀ ေပ = ၀.၀၅၅ ဧက
၂၀ ေပ × ၆၀ ေပ = ၀.၀၂၇၅ ဧက


07/11/2022

3-11-2022
ဟိူနေ့က ကျွန်တော့်သူငယ်ချင်းဂိမ်းဆော့နေတုန်း
သူ့အိမ်က ဖုန်းဝင်လာတယ်။
" ဟာ သေတော့မှာပဲ " ဆိုပြီး ဖုန်းကို ချလိုက်တယ်။
ပြီးတော့ ဂိမ်းဆက်ဆော့နေခဲ့တယ်။
သုံးမိနစ်လောက်နေတော့ သူ့အိမ်က ဖုန်းထပ်ဝင်လာတယ်။
" တောက် ဖုန်းကလည်း လာပဲလာနိုင်လွန်းတယ်
ပြီးရင် ပြန်ခေါ်ပါမယ်ဆိုမှပဲ " ဆိုပြီး မကိုင်ပဲ ချလိုက်တယ်။
ထုံးစံအတိုင်း ဂိမ်းဆက်ဆော့နေခဲ့တယ်။

သူပြောတဲ့ ဘယ်အဆင့်ကိုဆိုလား ရောက်နေပြီ
နိုင်ခါနီးလေးမှ ဖုန်းက ခေါ်လာတယ်ဆိုပြီး စိတ်တွေတိုနေရှာတယ်။

သူဆော့နေတုန်း ဖုန်းကဝင်လာတော့ ဂိမ်းက
ရှုံးသွားတာပေါ့

သူပြောသလို သေသွားတာပေါ့။

" သွားရော သေရော " ဆိုပြီးပါးစပ်ကရွတ်ရင်း
ဖုန်းကို ဘေးနားပစ်ချပြီး ငေါင်ငေါင်ကြီး နေနေလေရဲ့။

ပြီးတော့မှ သူ့အိမ်ကို ဖုန်းပြန်ဆက်လိုက်တော့
သူ့ညီမကိုင်တယ်။

" အေး ပြော ဘာလဲ ငါဂိမ်းဆော့နေလို့ ဖုန်းမကိုင်ဘဲ
ချလိုက်တာ သေမလို့ ခဏခဏခေါ်နေတာလား"

အမေ အသည်းသန်ဖြစ်နေလို့ ခေါ်လိုက်တာ အကို။

" ဟင် အခု အခြေနေဘယ်လိုရှိလဲ ဘာဖြစ်တာလဲ"

ခုနက အမေက အက်ို့ကို ဖုန်းခေါ်ပေးဆိုပြီး
ခေါ်ခိုင်းတာ အမေက အခု အိမ်ပြန်လာ လို့
လှမ်းပြောခိုင်းတာ။
အမေက ဖုန်းပြောမယ်သာ ပြောတာ
အသံက မထွက်တော့ဘူး။
အခု ဆေးရုံကြီးကို သွားနေပြီ။
အမြန်လိုက်ခဲ့တော့ ဆိုပြီး ဖုန်းချသွားတယ်။

ဒီကောင် ပိုက်ဆံအိတ်နဲ့ဖုန်းတောင် ယူမသွားနိုက်လောက်အောင် အလောတကြီးနဲ့ ဆေးရုံကြီးကို လိုက်သွားခဲ့တယ်။

ဖုန်းနဲ့ပိုက်ဆံအိတ်လိုက်ပေးရင်းနဲ့
သူ့အမေအခြေနေလေး လိုက်ကြည့်မယ်ဆိုပြီး
နောက်က လိုက်သွားခဲ့တယ်။

ဆေးရုံရောက်တော့ သူ့အမေ ဆုံးသွားပြီ။

လမ်းမှာတင် ဆုံးတာလို့ပြောတယ်။

အိမ်နဲ့ ဆေးရုံနဲ့က တစ်နာရီလောက် မောင်းရတာဆို​တော့
အမှီ မကယ်နိုင်လိုက်တာနေမယ်။

အဲ့ဒီအချိန်မှာ ဒီကောင့် မျက်ဝန်းထဲမှာ
ဘာနဲ့မှ ပြန်ဖြည်လို့မရနိုင်လောက်တဲ့ နောင်တ တွေ
တစ်သီတစ်သန်းကြီး မြင်လိုက်ရတယ်။

မိခင်ဖြစ်သူက သားဖြစ်သူရဲ့အသံလေးကို
ကြားချင်လို့
သားဖြစ်သူရဲ့ မျက်နှာလေးကို မသေဆုံးခင်လေး
တွေ့ချင်ဇောနဲ့ မနည်းအားတင်းထားပုံရပါတယ်။

ခုတော့ သားဖြစ်သူ အနားမှာ ရောက်လာခဲ့ပြီဆိုတာ
မိခင်ဖြစ်သူ မသိနိုင်တော့ --------

မိခင်ဖြစ်သူကို ဖက်ပြီး ချုံးပွဲချ ငိုတော့တာပဲ။

" သား မိုဘိုင်းလိဂျန့် ဆော့နေတုန်း အမေခေါ်မှန်း
မသိလို့ ချလိုက်တာ အမေရ
အမေဆက်မှန်းသိရင် သားကိုင်မှာပေါ့ အမေရ"ဆိုပြီး
မနိုးတော့တဲ့ မိခင်ကို ရှင်းပြန်ခန်းတွေဖွင့်ရင်း
ရင်တဒုန်းဒုန်း ထုနေခဲ့တယ်။

" သားကို ခွင့်လွှတ်ပါ အမေ " ဆိုပြီး
အကြိမ်ကြိမ် တောင်းပန်နေခဲ့တယ်။

မိခင်ဖြစ်သူကတော့ ခွင့်လွှတ်ပြီးသား ဖြစ်ပေမယ့်
ဂိမ်းဆော့နေတုန်း မိခင်ဖြစ်သူရဲ့ နောက်ဆုံးအခြေနေမှာ
သားဖြစ်သူဆီ ဖုန်းခေါ်တာ မကိုင်မိခဲ့တဲ့
သူ့ကိုယ်သူတော့ ခွင့်မလွှတ်ခဲ့ဘူး -----

ပုခုံးလေး တင်းတင်း ဆုပ်ကိုင်ရင်း
နှစ်သိမ့်အားပေးရုံမှတပါး
ဘာမှ မတတ်နိုင်ခဲ့တော့ပါပေ ------

သံဝေဂပါ သူငယ်ချင်းရေ

မိခင် ကောင်းရာဘုံဘဝ ရောက်ရှိပါစေ ------

ကိုယ်တွေ့ဖြစ်ရပ်
မင်းစျာန်ဖြိုး ( #ဘဝရဲ့ခရီးသည်)

04/11/2022

Managerတိုင်း အတွက် 4 Management Functions

Manager တိုင်းသိသင့်တဲ့ management functionလေးခုကို သိသလောက်လေးsharingလုပ်ချင်ပါတယ်၊၊ဒါတွေကတော့
1)Planning
(2)Organizing
(3)leading
(4)Controllingဆိုတဲ့functionလေးခုဖြစ်ပါတယ်၊၊

Manager တစ်ယောက်ဖြစ်ပြီ ဆိုရင်ဒီလေးခုကို ပိုင်နိုင်ကျွမ်းကျင်ရပါမယ်၊၊ဒီတော့ planတစ်ခုကိုစပြီးဆွဲမယ်ဆိုင် SOSTACလေးကို အသုံးပြုလို့ရပါတယ်၊၊SOSTACတွေကတော့ Situational Analysis၊ Objective၊ Strategy၊ Tactic၊ Action၊ Control တို့ဖြစ်ပါတယ်၊၊

ပထမဦးဆုံးအနေနဲ့ planစဆွဲမယ်ဆိုရင် ကိုယ့်companyရဲ့ လက်ရှိအခြေအနေကို စပြီးစမ်းစစ်ရပါမယ်၊၊ဒီလိုလုပ်တဲ့နေရာမှ ာအဓိက factorနှစ်ခုကိုစမ်းစစ်ရပါမယ်၊၊ဒါတွေကတော့ (၁)External factorတွေဖြစ်တဲ့ ကိုယ့်ရဲ့competitorတွေက ဘာတွေလုပ်နေလဲ၊ consumerတွေကကောဘာတွေပြောင်းလဲနေလဲ ၊ပြီးတော့ငွေကြေးပြောင်းလဲမှုတွေ ၊နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေ၊ ဥပဒေlaw၊နည်းပညာတွေစတဲ့ပြောင်းလဲမှုတွေကို သိရှိပြီမှဒီကနေကိုယ့်companyကို ဘယ်လိုသက်ရောက်မှုရှိလဲ တချို့အရာတွေကအခွင့်အလမ်း opportunityဆွဖြစ်သလို၊ တချို့ကဒုက္ခပေးမယ့်အရာ Threatတွေဖြစ်ပါတယ်၊၊ဒါပြီးရင် Internal factorဖြစ်တဲ့ကိုယ့်ရဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ အရောင်းအခြေအနေတွေတက်လာသလား၊ ကျသွားလားဘာတွေကတက်တာကျတာတွေဖြစ်စေတာလဲ၊ ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ capabilityအခြေအနေတွေကကောဘယ်လိုရှိလဲ့ ၊companyရဲ့လုပ်နည်းကိုင်နည်းစနစ်တွေprocessတွေကကော အဆင်ပြေသေးရဲ့လား၊

ကိုယ့်ရဲ့brandတွေရဲ့ အခြေအနေတွေစသဖြင့် internal factorတွေကို စမ်းစစ်ကြည့်ရင်ကိုယ့် companyရဲ့ အားသာချက် strength၊ အားနည်းချက် weaknessတွေကိုတွေ့လာရမှာဒါပြီးရင်တော့ SWOT analysis ကိုသုံးပြီး တခါပြန်ပြီးစမ်းစစ်ရပါမယ်၊၊ခုနက လုပ်ထားတဲ့ strength၊ weakness၊ oppotunity၊ Threatတွေကိုနေရာလေးခုခွဲပြီးချရေးပါ၊၊ဒါပြီးရင်စပြီးစဉ်းစားရမှာက ကိုယ့်ရဲ့Strengthတွေနဲ့ရောက်လာမယ့် Opportunityတွကို ဘယ်လိုယူမလဲစမ်းစစ်ပါ၊ကိုယ့်ရဲ့ strengthတွေနဲ့ဖြစ်လာမယ့် Threatတွေကို ဘယ်လိုလျော့ချမလဲဖြေရှင်းမလဲကိုသုံးသပ်ပါ၊ကိုယ့်ရဲ့ weaknessတွေကို တိုက်ခိုက်လာမယ့် Threatတွေအတွက်ကိုယ့်ရဲ့ Weaknessကို အတက်နိုင်ဆုံဘယ်လိုပြောင်းလဲဖြေလျော့မလဲကိုပါ စဉ်းစားရပါမယ်၊၊

ဒါပြီးရင်တော့ကိုယ့်companyရဲ့ လက်ရှိအခြေအနေကိုကောင်းစွားသဘောပေါက်သွားပါလိမ့်မယ်၊၊ဒီလိုanalysisလုပ်ရတွေမှာအရှိကိုအရှိအတိုင်းလုပ်ရပါ့မယ်၊၊ဒါပြီးရင်တော့ ကိုယ့်က ဘယ်အခြေအနေမှာရှိတယ်ဒီတော့ ဘယ်သွားမလဲဆိုတဲ့ Objectiveကိုချမှတ်ရပါမယ်၊၊
လက်ရှိအခြေအနေကို သိပြီဆိုရင်နောက်သတ်မှတ်ရမှာက ကိုယ်ဘယ်သွားချင်လဲဖြစ်တဲ့ Objective ကိုစဉ်းစားရပါမယ်၊၊ဒီလိုစဉ်းစားတဲ့ strategy fitဖြစ်ဖို့အတွက်ကိုယ့်ရဲ့ internal capability ရယ်၊ externalက အခြေအနေတွေကိုသေချာသုံးသပ်ပြီး ချမှတ်ရပါမယ်၊၊မဖြစ်နိုင်မလုပ်နိုင်၊ လက်တွေလုပ်ဖို့ခက်တဲ့ objectiveတွေမချမှတ်မိဖို့ အရေးကြီးပတယ်၊၊Objective ချမယ်ဆိုရင် (၁)ကိုယ့်companyက ဒါကိုရအောင်လုပ်ဖို့capabilityရှိရမယ်၊(၂)လက်တွေမှာ တကယ်ဖြစ်နိုင်ပြီး လုပ်နိုင်ရမယ် (၃) လုပ်နေတဲ့အချိန်တိုင်းတာလို့ရရမယ်၊(၄)ဘယ်အချိန်မှာရရမယ်၊ (၅)တိကျတဲ့ကိန်းဂဏာန်းပါရမယ် စသဖြင်စဉ်းစားရပါမယ်၊၊

Objective တနည်းအားဖြင့် ကိုယ်ဘယ်သွားချင်လဲသိပြီဆိုရင်နောက်လုပ်ရမှာက ဒီကိုရောက်အောင်ဘယ်လိုသွားမလဲဆိုတဲ့ Strategyဖြစ်ပါတယ်၊၊Strategy စဉ်းစားတဲ့နေရာမှာlevel၃ ခုနဲ့ခွဲပြီးစဉ်းစားရပါမယ်၊၊ကိုယ့်မှာ companyတွေအများကြီးရှိမယ်ဆို ပိုပြီးအရေးကြီးပါတယ်၊၊ဒီ၃ခုက Corporate Strategy၊ Business Strategy၊ Functional Strategy ဆိုပြီးဖြစ်ပါတယ်၊၊

ဒီတော့ Corporate Strategy ကိုစပြီးစဉ်းစားကြည့်ရအောင်ဒီ level မှာဆိုCEOတို့၊ COO တို့စတဲ့ BODတွေကသေချာစဉ်းစားပြီးလုပ်ရမယ့် levelဖြစ်ပါတယ်၊၊ဥပမာ လက်ရှိကိုယ့်organisation မှာcompanyတွေ ၃ဝလောက်ရှိတယ် ဆိုပါဆို၊ဒါဆို CEOတွေစတဲ့ BODအဖွဲဝင်တွေလုပ်ရမှာက portfolio analysis လုပ်ပြီးလက်ရှိမှာဒီ companyတွေက ဘယ်ဟာတွေကအခြေအနေကောင်းတယ်၊ဘယ်ဟာတွေက မကောင်းဘူး၊ဘယ်ဟာက အလားအလာရှိတယ်မရှိဘူးကို စမ်းစစ်လေ့လာရပါမယ်၊၊ဒီလိုစမ်းစစ်ပြီးရင်တော့ budgetချတဲ့ အချိန်ကြရင်ဘယ်Business Unitတွေမှာပိုသုံးမယ်၊ဘယ်Business unitတွေကိုလျော့မယ်ဆိုပြီး စဉ်းစားရပါမယ်၊၊ဒီလိုစမ်းစစ်ရာမှာ BCG matrix ကိုပဲသုံးသုံးတခြား GE matrix ကိုလည်းသုံး ရပါတယ်၊၊ဒါပြီးရင်တော့BODအဖွဲဟာ Growth strategy အတွက်ဘယ်လို businessတွေကို ထပ်ချဲ့သင့်လဲစသဖြင့် စဉ်းစားရပါမယ်၊၊ဒီလိုချဲ့ရမှာ vertical growth ဆိုတဲ့ကိုယ့် supply chain ရဲ့ရှေ့ကိုချဲ့မှာလား၊နောက်ကိုချဲ့မှာလားဥပမာကိုယ်က သကြားစက်ရုံထောင်ထားတယ်ဆိုရင်ကိုယ်ကပွဲရုံပါလုပ်မလားကြံပါစိုက်မလားစသဖြင့်ဖြစ်ပါတယ်၊၊
Horizontal growthဆိုတဲ့ တူရာကိုချဲ့မှာလား ဥပမာတခြားသကြားစက်ရုံကိုဝယ်လိုက်တယ် capacity ပိုများအောင်လို့ဖြစ်ပါတယ်၊၊

Business leve Strategy ကို Business Unitတွေရဲ့GMတွေ၊AGMတွေက တာဝန်ယူပြီးစဉ်းစားရပါမယ်၊၊ဒီတော့ Business Unitတွေမှာ သက်ဆိုင်ရာ Vision၊ Mission၊ Valueတွေရှိရပါမယ်၊၊ဒါတွေက Corporate Vision၊ Mission၊ Valueတွေနဲ့ မတူရပါဘူး၊Corporate Visionတွေက corporate တစ်ခုအတွက် တနည်း corporate level အတွက်ချ မှတ်ထားချင်းဖြစ်ပြီး၊business visionတွေက သက်ဆိုင်ရာ business modelတွေအလိုက် ချမှတ်ရပါမယ်၊၊

Functional level strategyကို business unitတွေရဲ့သက်ဆိုင်ရာmarketing၊ sale၊production၊ logistic၊ HRတွေရဲ့ managerတွေက တာဝန်ယူရမှာဖြစ်ပါတယ်၊၊
ဒီတော့ စပြီးစဉ်းစားကြည့်ရအောင် businessတွေအချင်းချင်းပြိုင်ဆိုင်တဲ့နေရာမှာ အဓီကနည်းလမ်းနှစ်ခုကို သုံကြပါတယ်၊ဒါတွေကတော့ (1)competitorsတွေထက်စျေးသက်သာအောင် လုပ်ပြီးရောင်းတယ် low cost strategy၊ (2)competitorsတွေနဲ့ မတူအောင်လုပ်ပြီးရောင်းတယ် differentiation strategy ဒီလိုမတူအောင်လို့ပြောရာတွင် productဖြစ်စေ၊ serviceဖြစ်စေ၊logisticဖြစ်စေ၊ productionအားဖြင့်ဖြစ်စေ မတူကွဲပြားပြီးပိုမိုသာလွန်အောင်လုပ်ပြီးcompetitorတွေထက်နှာတဖျားသာအောင်ပြုလုပ်ချင်းဆိုလိုပါတယ်၊၊

ဒီတော့ business unitတွေရဲ့GMတွေစဉ်းစားရမှာက business modelက တခြား competitorsတွေထက်စျေးလျော့ရောင်းမှာလား ဒါဆို product ကိုစျေးသက်သာအောင် ထုပ်ရမယ်costတွေကိုလျော့ချနိုင်ရမယ်၊၊production သဘောအရရေအတွက်များများထုပ်မှတနည်းeconomic of scaleရမှသာ တစ်unit costကကျသွားမှာဖြစ်ပါတယ်၊၊ဘာကြောင့်လဲ့ဆို့ costing သဘောတရားအရ Fixed costတွေက ပုံသေဖြစ်ပြီးအရေအတွက် ၁ဝဝထုပ်လည်းဒီcostပဲ၊အရေအတွက်၁ဝဝဝထုပ်လည်း ဒီcostပဲဖြစ်နေပါတယ်၊၊ဒါကြောင့် production managerက production plan တွေဆွဲရမယ် ဘယ်လောက်အနည်းဆုံးထုပ်မှ ကိုယ်လိုချင်တဲ့costရမလဲ ဘယ်လတွေမှ ာဘယ်လောက်စီထုပ်ရမလဲစသဖြင် production functional strategyတွေချမှတ်ရပါမယ်၊၊

ဒါပေမယ့်အရေအတွက်များများ ထုပ်တာတော့ဟုတ်ပါပြီ ဒါတွေကို ဘယ်မှာရောင်းမလဲဆိုတဲ့ပြသနာဖြစ်လာပါပြီ ဒီတော့ဒါတွေကိုစျေးကွက်ထဲရောင်းဖို့ sale and marketing ကအဓိကအရေးပါလာပါပြီ၊၊ဒီတော့ marketing managerက consumerကို ဘယ်လိုcommunicateလုပ်မလဲဆိုတဲ့ marketing strategy၊ planတွေကိုစဆွဲရမယ်၊၊ Sale managerကလည်း ဘယ်နေရာတွေမှာရောင်မလဲ way planတွေဆွဲမယ် sale teamတွေဘယ်လောက်လိုမလဲ၊ sale targetတွေ ဘယ်လောက်ထားရမလဲစသဖြင် sale strategyတွေစဉ်းစားထားရပါမယ်၊၊

ပြီးတော့ logistic manager ကဒီပစ္စည်းတွေ customer လက်ထဲရောက်အောင်ဘယ်လို distribution လုပ်မလဲ၊ stock၊raw materialတွေအတွက် warehouseတွေဘယ်လောက်လိုမလဲ၊ stockတွေလက်ထဲ ဘယ်လောက်သုံးမလဲဆိုတဲ့ inbound logistic နဲ့out bound logistic strategyတွေကိုသေချာဆွဲထားရပါမယ်၊၊

ပြီးတော့HR managerကလည်း ဒီအတွက်လူတွေဘယ်လောက်လိုမလဲ trainingတွေဘယ်လိုပေးရမလဲစသဖြင်HR strategyတွေလုပ်ထားရပါမယ်၊၊ဒီလိုသေချာလုပ်ထားတဲ့ businessက တကယ်ကိုသေသပ်ကောင်းမွန်နေပါလိမ့်မယ်၊၊companyမှ ာVision၊ mission၊valueတွေရှိမယ်၊business strategyရှိမယ်၊Functional strategyတွေလည်းရှိနေပြီးသောကြောင့်ဖြစ်ပါတယ်၊၊

SOSTAC ရဲ့Action အပိုင်းလေး ကိုထပ်ပြီးဆွေးနွေးချင်ပါတယ်၊၊
Action plan အပိုင်းကိုရောက်ပြီဆိုရင် စပြီးစဉ်းစားရမှာက ကိုယ်လုပ်တဲ့အလုပ်တွေက အစရှိပြီးအဆုံးရှိလားပြီးတော့ သက်မှတ်ထားတဲ့အချိန်,budget သတ်မှတ်ထားတာရှိလား၊ဒါမှမဟုတ်အမြဲတမ်းလုပ်ဆောင်နေရမယ် အလုပ်ပုံစံမျိုးတွေလား စသဖြင့်စမ်းစစ်ရပါမယ်၊၊အစရှိပြီး အဆုံးလည်းရှိတယ်ပြီးတော့ budget နဲ့အချိန်လည်းသတ်မှတ်ထားတာရှိရင် project ပုံစံမျိုးတွေလုပ်ဆောင်သင့်ပြီး၊ အမြဲအလုပ်ဆောင်ရမယ့် အလုပ်တွေမျိုးဆိုရင်တော့ SOPတွေဆွဲပြီးသေချာလုပ်ဆောင်ထားရပါမယ်၊၊

ဒီတော့ Project နဲ့လုပ်ဆောင်ရင် ဘယ်လိုမျိုးတွေလုက်ဆောင်ရမလဲ စပြီးပြောပြပါ့မယ်၊၊Project နဲ့လုပ်မယ်ဆိုရင် ပထမဦးဆုံကိုယ်လုပ်မယ့် အလုပ်ကြီးရှိမယ်အဲ့အတွက်လည် းသီးခြား project objective တစ်ခုရှိမယ်၊ဒါပြီးရင် ဒီအလုပ်ကြီးကိုရဖို့အတွက်ဘာတွေလုပ်ရမလဲ ဆိုတာကို ပထမlevelအနေနဲ့စပြီးစဉ်းစားမယ်၊၊ဒီ level ပြီးရင်မှုရင်းအလုပ်ကြီးပြီးမြောက်ဖို့ဘာတွေလုပ်ရမယ် ဆိုတာကိုသိပြီးဆိုရင် အဲ့ခွဲထားရဲ့အလုပ်တွေကို ထပ်ပြီးတော့သက်ဆိုင်ရာသက်ဆိုင်ရာ အလုပ်ခွဲလေးတွေပြီးမြောက်ဖို့ဘာတွေလုပ်ရမလဲ ဆိုတာပါထပ်ပြီးအလုပ်လေးတွေခွဲထုပ်ရမယ်၊ဒီလိုခွဲရင်းခွဲရင်းနောက်ဆုံးအလုပ်သေးလေးတွေရလာပါမယ် ဒါလိုအလုပ်အကြီးကြီးကနေအသေးလေးတွေဖြစ်အောင်ခွဲတာကို Work Breakdown Structure(WBS)လို့ခေါ်ပါတယ်၊၊

နောက်တဆင့်အနေနဲ ့ဒီလိုအလုပ်တွေခွဲပြီးရင် ဒီအလုပ်တွေသတ်မှတ်ထားတဲ့အချိန်အတွင်ဘယ်နေ့မှာ ဘာတွေလုပ်မလဲဆိုတာကို သက်ဆိုင်ရာအလုပ်သေးသေးလေးစီတိုင်းကို သတ်မှတ်ရပါမယ်၊၊ဒါပြီးရင်တော့ ဒီအလုပ်သေးသေးလေးစီတိုင်ကို ဘယ်သူက လုပ်ဆောင်မလဲ၊တာဝန်ယူမလဲဆိုတာကို ပါသတ်မှတ်ရမယ်၊၊ဒီလိုသတ်မှတ်ရာမှာ ကိုယ့်ရဲ့Human resourceပေါ်မှုတည်ပြီ းဘယ်သူကတာဝန်ယူသင့်လဲ ဆိုတာကိုသေချာစမ်းစစ်ပြီးမှ တာဝန်ယူသင်ပါတယ်၊၊ဒီလိုလူတွေအလိုက် ခုနကအလုပ်လေးတွေကိုခွဲဝေတာဝန်ယူခိုင်းတာကိုတော့ Organisation Breakdown Structure(OBS)လို့ခေါ်ပါတယ်၊၊ပြီးရင်တော့နောက်ဆုံးကန့်သတ်ထားတဲ့ budget ကိုဘယ်အလုပ်ဘယ်အချိန်မှာဘယ်လောက်သုံးမလဲပါ တခြားတည်းခွဲဝေးသတ်မှတ်ထားရပါမယ်၊၊ဒါတွေပြီးရင်တော့ Gantt Chart ထဲမှာတခါတည်းထည့်ပြီးဆွဲထားရပါမယ်၊၊ဒီလိုဆွဲရာမှာ Excelပဲဖြစ်ဖြစ်၊ Microsoft projectပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်၊၊အောက်က ပုံမှာနမှုနာကြည့်နိုင်ပါတယ်၊၊

Projectရဲ့ သဘောတရားသည်းTimeရယ်၊costရယ်၊work scopeရယ်သုံးမျိုးကိုသေချာ management လုပ်ရချင်းဖြစ်ပါတယ်၊၊ဒါတွေပြီးရင်တော့ project team ကိုဆွဲဖွဲပြီး project leader/Managerက တာဝန်ပြီးလုပ်ဆောင်ရပါမယ်၊၊
အမြဲတမ်းလုပ်ဆောင်ရမယ့် အလုပ်မျိုးဆိုရင်တော့ သက်ဆိုင်ရာအလုပ်တွေအတွက် SOPတွေဆွဲထားပြီး လုပ်ဆောင်ရပါမယ်၊၊

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

----------------------------------------------------------------------

4 Management Functions

Manager တိုင်းသိသင့်တဲ့ management functionလေးခုကို သိသလောက်လေးsharingလုပ်ချင်ပါတယ်၊၊ဒါတွေကတော့
1)Planning
(2)Organizing
(3)leading
(4)Controllingဆိုတဲ့functionလေးခုဖြစ်ပါတယ်၊၊

Manager တစ်ယောက်ဖြစ်ပြီ ဆိုရင်ဒီလေးခုကို ပိုင်နိုင်ကျွမ်းကျင်ရပါမယ်၊၊ဒီတော့ planတစ်ခုကိုစပြီးဆွဲမယ်ဆိုင် SOSTACလေးကို အသုံးပြုလို့ရပါတယ်၊၊SOSTACတွေကတော့ Situational Analysis၊ Objective၊ Strategy၊ Tactic၊ Action၊ Control တို့ဖြစ်ပါတယ်၊၊

ပထမဦးဆုံးအနေနဲ့ planစဆွဲမယ်ဆိုရင် ကိုယ့်companyရဲ့ လက်ရှိအခြေအနေကို စပြီးစမ်းစစ်ရပါမယ်၊၊ဒီလိုလုပ်တဲ့နေရာမှ ာအဓိက factorနှစ်ခုကိုစမ်းစစ်ရပါမယ်၊၊ဒါတွေကတော့ (၁)External factorတွေဖြစ်တဲ့ ကိုယ့်ရဲ့competitorတွေက ဘာတွေလုပ်နေလဲ၊ consumerတွေကကောဘာတွေပြောင်းလဲနေလဲ ၊ပြီးတော့ငွေကြေးပြောင်းလဲမှုတွေ ၊နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေ၊ ဥပဒေlaw၊နည်းပညာတွေစတဲ့ပြောင်းလဲမှုတွေကို သိရှိပြီမှဒီကနေကိုယ့်companyကို ဘယ်လိုသက်ရောက်မှုရှိလဲ တချို့အရာတွေကအခွင့်အလမ်း opportunityဆွဖြစ်သလို၊ တချို့ကဒုက္ခပေးမယ့်အရာ Threatတွေဖြစ်ပါတယ်၊၊ဒါပြီးရင် Internal factorဖြစ်တဲ့ကိုယ့်ရဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ အရောင်းအခြေအနေတွေတက်လာသလား၊ ကျသွားလားဘာတွေကတက်တာကျတာတွေဖြစ်စေတာလဲ၊ ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့ capabilityအခြေအနေတွေကကောဘယ်လိုရှိလဲ့ ၊companyရဲ့လုပ်နည်းကိုင်နည်းစနစ်တွေprocessတွေကကော အဆင်ပြေသေးရဲ့လား၊

ကိုယ့်ရဲ့brandတွေရဲ့ အခြေအနေတွေစသဖြင့် internal factorတွေကို စမ်းစစ်ကြည့်ရင်ကိုယ့် companyရဲ့ အားသာချက် strength၊ အားနည်းချက် weaknessတွေကိုတွေ့လာရမှာဒါပြီးရင်တော့ SWOT analysis ကိုသုံးပြီး တခါပြန်ပြီးစမ်းစစ်ရပါမယ်၊၊ခုနက လုပ်ထားတဲ့ strength၊ weakness၊ oppotunity၊ Threatတွေကိုနေရာလေးခုခွဲပြီးချရေးပါ၊၊ဒါပြီးရင်စပြီးစဉ်းစားရမှာက ကိုယ့်ရဲ့Strengthတွေနဲ့ရောက်လာမယ့် Opportunityတွကို ဘယ်လိုယူမလဲစမ်းစစ်ပါ၊ကိုယ့်ရဲ့ strengthတွေနဲ့ဖြစ်လာမယ့် Threatတွေကို ဘယ်လိုလျော့ချမလဲဖြေရှင်းမလဲကိုသုံးသပ်ပါ၊ကိုယ့်ရဲ့ weaknessတွေကို တိုက်ခိုက်လာမယ့် Threatတွေအတွက်ကိုယ့်ရဲ့ Weaknessကို အတက်နိုင်ဆုံဘယ်လိုပြောင်းလဲဖြေလျော့မလဲကိုပါ စဉ်းစားရပါမယ်၊၊

ဒါပြီးရင်တော့ကိုယ့်companyရဲ့ လက်ရှိအခြေအနေကိုကောင်းစွားသဘောပေါက်သွားပါလိမ့်မယ်၊၊ဒီလိုanalysisလုပ်ရတွေမှ ာအရှိကိုအရှိအတိုင်းလုပ်ရပါ့မယ်၊၊ဒါပြီးရင်တော့ ကိုယ့်က ဘယ်အခြေအနေမှာရှိတယ်ဒီတော့ ဘယ်သွားမလဲဆိုတဲ့ Objectiveကိုချမှတ်ရပါမယ်၊၊
လက်ရှိအခြေအနေကို သိပြီဆိုရင်နောက်သတ်မှတ်ရမှာက ကိုယ်ဘယ်သွားချင်လဲဖြစ်တဲ့ Objective ကိုစဉ်းစားရပါမယ်၊၊ဒီလိုစဉ်းစားတဲ့ strategy fitဖြစ်ဖို့အတွက်ကိုယ့်ရဲ့ internal capability ရယ်၊ externalက အခြေအနေတွေကိုသေချာသုံးသပ်ပြီး ချမှတ်ရပါမယ်၊၊မဖြစ်နိုင်မလုပ်နိုင်၊ လက်တွေလုပ်ဖို့ခက်တဲ့ objectiveတွေမချမှတ်မိဖို့ အရေးကြီးပတယ်၊၊Objective ချမယ်ဆိုရင် (၁)ကိုယ့်companyက ဒါကိုရအောင်လုပ်ဖို့capabilityရှိရမယ်၊(၂)လက်တွေမှာ တကယ်ဖြစ်နိုင်ပြီး လုပ်နိုင်ရမယ် (၃) လုပ်နေတဲ့အချိန်တိုင်းတာလို့ရရမယ်၊(၄)ဘယ်အချိန်မှာရရမယ်၊ (၅)တိကျတဲ့ကိန်းဂဏာန်းပါရမယ် စသဖြင်စဉ်းစားရပါမယ်၊၊

Objective တနည်းအားဖြင့် ကိုယ်သွားချင်လဲသိပြီဆိုရင်နောက်လုပ်ရမှာက ဒီကိုရောက်အောင်ဘယ်လိုသွားမလဲဆိုတဲ့ Strategyဖြစ်ပါတယ်၊၊Strategy စဉ်းစားတဲ့နေရာမှ ာlevel၃ ခုနဲ့ခွဲပြီးစဉ်းစားရပါမယ်၊၊ကိုယ့်မှာ companyတွေအများကြီးရှိမယ်ဆို ပိုပြီးအရေးကြီးပါတယ်၊၊ဒီ၃ခုက Corporate Strategy၊ Business Strategy၊ Functional Strategy ဆိုပြီးဖြစ်ပါတယ်၊၊

ဒီတော့ Corporate Strategy ကိုစပြီးစဉ်းစားကြည့်ရအောင်ဒီ level မှာဆိုCEOတို့၊ COO တို့စတဲ့ BODတွေကသေချာစဉ်းစားပြီးလုပ်ရမယ့် levelဖြစ်ပါတယ်၊၊ဥပမာ လက်ရှိကိုယ့်organisation မှ ာcompanyတေ့၃၀လောက်ရှိတယ် ဆိုပါဆို၊ဒါဆို CEOတွေစတဲ့ BODအဖွဲဝင်တွေလုပ်ရမှာက portfolio analysis လုပ်ပြီးလက်ရှိမှာဒီ companyတွေက ဘယ်ဟာတွေကအခြေအနေကောင်းတယ်၊ဘယ်ဟာတွေက မကောင်းဘူး၊ဘယ်ဟာက အလားအလာရှိတယ်မရှိဘူးကို စမ်းစစ်လေ့လာရပါမယ်၊၊ဒီလိုစမ်းစစ်ပြီးရင်တော့ budgetချတဲ့ အချိန်ကြရင်ဘယ်Business Unitတွေမှာပိုသုံးမယ်၊ဘယ်Business unitတွေကိုလျော့မယ်ဆိုပြီ းစဉ်းစားရပါမယ်၊၊ဒီလိုစမ်းစစ်ရာမှာ BCG matrix ကိုပဲသုံးသုံးတခြား GE matrix ကိုလည်းသုံး ရပါတယ်၊၊ဒါပြီးရင်တော့BODအဖွဲဟာ Growth strategy အတွက်ဘယ်လို businessတွေကို ထပ်ချဲသင့်လဲစသဖြင့် စဉ်းစားရပါမယ်၊၊ဒီလိုချဲရမှာ vertical growth ဆိုတဲ့ကိုယ့် supply chain ရဲ့ရှေ့ကိုချဲမှာလား၊နောက်ကိုချဲမှာလားဥပမာကိုယ်က သကြားစက်ရုံထောင်ထားတယ်ဆိုရင်ကိုယ်ကပွဲရုံပါလုပ်မလားကြံပါစိုက်မလားစသဖြင့်ဖြစ်ပါတယ်၊၊
Horizontal growthဆိုတဲ့ တူရာကိုချဲမှာလား ဥပမာတခြားသကြားစက်ရုံကိုဝယ်လိုက်တယ် capacity ပိုများအောင်လို့ဖြစ်ပါတယ်၊၊

Business leve Strategy ကို Business Unitတွေရဲ့GMတွေ၊AGMတွေက တာဝန်ယူပြီးစဉ်းစားရပါမယ်၊၊ဒီတော့ Business Unitတွေမှာ သက်ဆိုင်ရာ Vision၊ Mission၊ Valueတွေရှိရပါမယ်၊၊ဒါတွေက Corporate Vision၊ Mission၊ Valueတွေနဲ့ မတူရပါဘူး၊Corporate Visionတွေက corporate တစ်ခုအတွက် တနည်း corporate level အတွက်ချ မှတ်ထားချင်းဖြစ်ပြီး၊business visionတွေက သက်ဆိုင်ရာ business modelတွေအလိုက် ချမှတ်ရပါမယ်၊၊

Functional level strategyကို business unitတွေရဲ့သက်ဆိုင်ရာmarketing၊ sale၊production၊ logistic၊ HRတွေရဲ့ managerတွေက တာဝန်ယူရမှာဖြစ်ပါတယ်၊၊
ဒီတော့ စပြီးစဉ်းစားကြည့်ရအောင် businessတွေအချင်းချင်းပြိုင်ဆိုင်တဲ့နေရာမှ ာအဓီကနည်းလမ်းနှစ်ခုကို သုံကြပါတယ်၊ဒါတွေကတော့ (1)competitorsတွေထက်စျေးသက်သာအောင် လုပ်ပြီးရောင်းတယ် low cost strategy၊ (2)competitorsတွေနဲ့ မတူအောင်လုပ်ပြီးရောင်းတယ် differentiation strategy ဒီလိုမတူအောင်လို့ပြောရာတွင် productဖြစ်စေ၊ serviceဖြစ်စေ၊logisticဖြစ်စေ၊ productionအားဖြင့်ဖြစ်စေ မတူကွဲပြားပြီးပိုမိုသာလွန်အောင်လုပ်ပြီးcompetitorတွေထက်နှာတဖျားသာအောင်ပြုလုပ်ချင်းဆိုလိုပါတယ်၊၊

ဒီတော့ business unitတွေရဲ့GMတွေစဉ်းစားရမှာက business modelက တခြား competitorsတွေထက်စျေးလျော့ရောင်းမှာလား ဒါဆို product ကိုစျေးသက်သာအောင် ထုပ်ရမယ်costတွေကိုလျော့ချနိုင်ရမယ်၊၊production သဘောအရရေအတွက်များများထုပ်မှတနည်းeconomic of scaleရမှသာ တစ်unit costကကျသွားမှာဖြစ်ပါတယ်၊၊ဘာကြောင့်လဲ့ဆို့ costing သဘောတရားအရ Fixed costတွေက ပုံသေဖြစ်ပြီးအရေအတွက် ၁၀၀ထုပ်လည်းဒီcostပဲ၊အရေအတွက်၁၀၀၀ထုပ်လည်း ဒီcostပဲဖြစ်နေပါတယ်၊၊ဒါကြောင့် production managerက production plan တွေဆွဲရမယ် ဘယ်လောက်အနည်းဆုံးထုပ်မှ ကိုယ်လိုချင်တဲ့costရမလဲ ဘယ်လတွေမှ ာဘယ်လောက်စီထုပ်ရမလဲစသဖြင် production functional strategyတွေချမှတ်ရပါမယ်၊၊

ဒါပေမယ့်အရေအတွက်များများ ထုပ်တာတော့ဟုတ်ပါပြီ ဒါတွေကို ဘယ်မှာရောင်းမလဲဆိုတဲ့ပြသနာဖြစ်လာပါပြီ ဒီတော့ဒါတွေကိုစျေးကွက်ထဲရောင်းဖို့ sale and marketing ကအဓိကအရေးပါလာပါပြီ၊၊ဒီတော့ marketing managerက consumerကို ဘယ်လိုcommunicateလုပ်မလဲဆိုတဲ့ marketing strategy၊ planတွေကိုစဆွဲရမယ်၊၊ Sale managerကလည်း ဘယ်နေရာတွေမှာရောင်မလဲ way planတွေဆွဲမယ် sale teamတွေဘယ်လောက်လိုမလဲ၊ sale targetတွေ ဘယ်လောက်ထားရမလဲစသဖြင် sale strategyတွေစဉ်းစားထားရပါမယ်၊၊

ပြီးတော့ logistic manager ကဒီပစ္စည်းတွေ customer လက်ထဲရောက်အောင်ဘယ်လို distribution လုပ်မလဲ၊ stock၊raw materialတွေအတွက် warehouseတွေဘယ်လောက်လိုမလဲ၊ stockတွေလက်ထဲ ဘယ်လောက်သုံးမလဲဆိုတဲ့ inbound logistic နဲ့out bound logistic strategyတွေကိုသေချာဆွဲထားရပါမယ်၊၊

ပြီးတော့HR managerကလည်း ဒီအတွက်လူတွေဘယ်လောက်လိုမလဲ trainingတွေဘယ်လိုပေးရမလဲစသဖြင်HR strategyတွေလုပ်ထားရပါမယ်၊၊ဒီလိုသေချာလုပ်ထားတဲ့ businessက တကယ်ကိုသေသပ်ကောင်းမွန်နေပါလိမ့်မယ်၊၊companyမှ ာVision၊ mission၊valueတွေရှိမယ်၊business strategyရှိမယ်၊Functional strategyတွေလည်းရှိနေပြီးသောကြောင့်ဖြစ်ပါတယ်၊၊

SOSTAC ရဲ့Action အပိုင်းလေး ကိုထပ်ပြီးဆွေးနွေးချင်ပါတယ်၊၊
Action plan အပိုင်းကိုရောက်ပြီဆိုရင် စပြီးစဉ်းစားရမှာက ကိုယ်လုပ်တဲ့အလုပ်တွေက အစရှိပြီးအဆုံးရှိလားပြီးတော့ သက်မှတ်ထားတဲ့အချိန်,budget သတ်မှတ်ထားတာရှိလား၊ဒါမှမဟုတ်အမြဲတမ်းလုပ်ဆောင်နေရမယ် အလုပ်ပုံစံမျိုးတွေလား စသဖြင့်စမ်းစစ်ရပါမယ်၊၊အစရှိပြီး အဆုံးလည်းရှိတယ်ပြီးတော့ budget နဲ့အချိန်လည်းသတ်မှတ်ထားတာရှိရင် project ပုံစံမျိုးတွေလုပ်ဆောင်သင့်ပြီး၊ အမြဲအလုပ်ဆောင်ရမယ့် အလုပ်တွေမျိုးဆိုရင်တော့ SOPတွေဆွဲပြီးသေချာလုပ်ဆောင်ထားရပါမယ်၊၊

ဒီတော့ Project နဲ့လုပ်ဆောင်ရင် ဘယ်လိုမျိုးတွေလုက်ဆောင်ရမလဲ စပြီးပြောပြပါ့မယ်၊၊Project နဲ့လုပ်မယ်ဆိုရင် ပထမဦးဆုံကိုယ်လုပ်မယ့် အလုပ်ကြီးရှိမယ်အဲ့အတွက်လည် းသီးခြား project objective တစ်ခုရှိမယ်၊ဒါပြီးရင် ဒီအလုပ်ကြီးကိုရဖို့အတွက်ဘာတွေလုပ်ရမလဲ ဆိုတာကို ပထမlevelအနေနဲ့စပြီးစဉ်းစားမယ်၊၊ဒီ level ပြီးရင်မှုရင်းအလုပ်ကြီးပြီးမြောက်ဖို့ဘာတွေလုပ်ရမယ် ဆိုတာကိုသိပြီးဆိုရင် အဲ့ခွဲထားရဲ့အလုပ်တွေကို ထပ်ပြီးတော့သက်ဆိုင်ရာသက်ဆိုင်ရာ အလုပ်ခွဲလေးတွေပြီးမြောက်ဖို့ဘာတွေလုပ်ရမလဲ ဆိုတာပါထပ်ပြီးအလုပ်လေးတွေခွဲထုပ်ရမယ်၊ဒီလိုခွဲရင်းခွဲရင်းနောက်ဆုံးအလုပ်သေးလေးတွေရလာပါမယ် ဒါလိုအလုပ်အကြီးကြီးကနေအသေးလေးတွေဖြစ်အောင်ခွဲတာကို Work Breakdown Structure(WBS)လို့ခေါ်ပါတယ်၊၊

နောက်တဆင့်အနေနဲ့ဒီလိုအလုပ်တွေခွဲပြီးရင် ဒီအလုပ်တွေသတ်မှတ်ထားတဲ့အချိန်အတွင်ဘယ်နေ့မှာ ဘာတွေလုပ်မလဲဆိုတာကို သက်ဆိုင်ရာအလုပ်သေးသေးလေးစီတိုင်းကို သတ်မှတ်ရပါမယ်၊၊ဒါပြီးရင်တော့ ဒီအလုပ်သေးသေးလေးစီတိုင်ကို ဘယ်သူက လုပ်ဆောင်မလဲ၊တာဝန်ယူမလဲဆိုတာကို ပါသတ်မှတ်ရမယ်၊၊ဒီလိုသတ်မှတ်ရာမှာ ကိုယ့်ရဲ့Human resourceပေါ်မှုတည်ပြီ းဘယ်သူကတာဝန်ယူသင့်လဲ ဆိုတာကိုသေချာစမ်းစစ်ပြီးမှ တာဝန်ယူသင်ပါတယ်၊၊ဒီလိုလူတွေအလိုက် ခုနကအလုပ်လေးတွေကိုခွဲဝေတာဝန်ယူခိုင်းတာကိုတော့ Organisation Breakdown Structure(OBS)လို့ခေါ်ပါတယ်၊၊ပြီးရင်တော့နောက်ဆုံးကန့်သတ်ထားတဲ့ budget ကိုဘယ်အလုပ်ဘယ်အချိန်မှာဘယ်လောက်သုံးမလဲပါ တခြားတည်းခွဲဝေးသတ်မှတ်ထားရပါမယ်၊၊ဒါတွေပြီးရင်တော့ Gantt Chart ထဲမှာတခါတည်းထည့်ပြီးဆွဲထားရပါမယ်၊၊ဒီလိုဆွဲရာမှာ Excelပဲဖြစ်ဖြစ်၊ Microsoft projectပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်၊၊အောက်က ပုံမှာနမှုနာကြည့်နိုင်ပါတယ်၊၊

Projectရဲ့ သဘောတရားသည်းTimeရယ်၊costရယ်၊work scopeရယ်သုံးမျိုးကိုသေချာ management လုပ်ရချင်းဖြစ်ပါတယ်၊၊ဒါတွေပြီးရင်တော့ project team ကိုဆွဲဖွဲပြီး project leader/Managerက တာဝန်ပြီးလုပ်ဆောင်ရပါမယ်၊၊
အမြဲတမ်းလုပ်ဆောင်ရမယ့် အလုပ်မျိုးဆိုရင်တော့ သက်ဆိုင်ရာအလုပ်တွေအတွက် SOPတွေဆွဲထားပြီး လုပ်ဆောင်ရပါမယ်၊၊

Myint Maung Maung Tun

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ei Mon Ei Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share