08/09/2026
Deepest Condolences for Our Royal Customer (U Aung Soe Oo) ဦးအောင်စိုးဦး (အလင်္ကာ)
ကျနော်တို့ Bar Street Slow Bar မယ် .. အမြဲထိုင်ပြီး တပည့် တပန်း သိုက်သိုက်ဝန်းဝန်းနဲ့ Coffee Office လုပ်နေကျ အန်ကယ်လ်ကြီး ကနေ့ ည ၇:၂၅ နာရီမှာ ဘ၀တစ်ပါးကို ရုတ်တရက် ကူးပြောင်းသွားတဲ့သတင်းကိုကြားသိရလို့ အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်။
အန်ကယ်လ်ကြီးက ဝါရင့် ရှေ့နေကြီးတစ်ဦးဖြစ်ပြီး သင်္ကြန်မိုးရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
စိတ်နှလုံးကောင်းရှိသူ အန်ကယ်ကြီး မြင့်မြတ် သောဘုံဘ၀သို့ ရောက်ရှိ ငြိမ်းချမ်းပါစေကြောင်း ကျနော်တို့ BssB မိသားစုကလေးမှ မိသားစုနဲ့ အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းစွာ ဆုတောင်း အပ်ပါတယ်ခင်ဗျာ။