17/11/2025
Save the Date.. 🌺🌲🧑🏻🎄☃️
Goethe Christmas Bazaar🌲🧑🏻🎄☃️
🎄✨ Goethe ခရစ္စမတ်ဈေးပွဲတော်ကို လာရောက်ဖို့ နေ့ရက်ကိုမှတ်သားထားလိုက်တော့နော်။
ကျွန်ုပ်တို့ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ခရစ္စမတ်ဈေးပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် အားလုံးအကျုံးဝင်မှု (inclusion) ကို အထူးအလေးထား ကျင်းပသွားမှာပါ။ ယခုနှစ်အတွက် မသန်စွမ်းအသိုက်အဝန်းများနှင့် ဂုဏ်ယူစွာ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းလုပ်ဆောင်နေသော အဖွဲ့အစည်းများနဲ့ အဓိကလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အစဉ်အလာအတိုင်း ဈေးပွဲတော်ကို ရေရှည်တည်တံ့မှု၊ ပြည်တွင်းလက်မှုပညာနှင့် အသိုက်အဝန်းစိတ်ဓာတ်တို့ကို ဦးတည်ပြီး ကျင်းပသွားမှာပါ။ ကျွန်ုပ်တို့ရဲ့ အရောင်းဆိုင်လေးများနဲ့ အားလုံးအကျုံးဝင်ရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတို့ကနေ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ (eco-friendly) ထုတ်ကုန်များကို လာရောက်ကြည့်ရှုဝယ်ယူရင်း အရသာရှိတဲ့ မုန့်ပဲသရေစာများကို မြည်းစမ်းကြည့်ရင်း၊ ထူးခြားတဲ့ ခရစ္စမတ်လက်ဆောင်ပစ္စည်းများကိုလည်း တွေ့ရှိနိုင်မှာပါ။
ကျွန်ုပ်တို့ရဲ့ ပြပွဲခန်းမကိုလာရောက်ပြီး မသန်စွမ်းမိတ်ဖက်အဖွဲ့အစည်းများ ခင်းကျင်းပြသထားတဲ့ ကုန်ပစ္စည်းများ၊ လက်မှုပညာပစ္စည်းများ၊ ကွတ်ကီးများနှင့် အမှတ်တရပစ္စည်းများကို လေ့လာဝယ်ယူဖို့လည်း ဖိတ်ခေါ်ပါတယ်။ ကျွန်ုပ်တို့ မိတ်ဖက်အဖွဲ့အစည်းများအတွက် အရေးပါသော လုပ်ငန်းဆောင်တာများကို တိုက်ရိုက်အထောက်အပံ့ဖြစ်စေမယ့် ရန်ပုံငွေရှာဖွေရေး ကြိုးပမ်းမှုများမှာ တစ်ထောင့်တစ်နေရာပါဝင်ကူညီနိုင်မယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ အထူးအစီအစဉ်တစ်ခုအနေနဲ့ Myanmar Christian Fellowship of the Blinds ရဲ့ ခရစ္စမတ်သံစုံသီဆိုမှုအဖွဲ့ကနေ ပါဝင်ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ပွဲအသေးစိတ်အချက်အလက်များ
✅ ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့)
✅ အချိန်။ နံနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ
✅ နေရာ။ Goethe-Institut Myanmar၊ ကမ္ဘာအေးဘုရားလမ်း နှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဒီလိုအဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ရက်လေးမှာ ကျွန်ုပ်တို့နှင့်အတူ လာရောက်ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ရေရှည်တည်တံ့မှုနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲရင်း အားလုံးအကျုံးဝင်ရေးအသိုက်အဝန်းမှ ကျွန်ုပ်တို့ရဲ့မိတ်ဖက်များကို ပံ့ပိုးအားပေးကြပါစို့။
_____
🎄✨ Save the Date for Goethe’s Christmas Bazaar!
Our annual Christmas Bazaar returns on December 7, 2025, with a special focus on community and inclusion. This year, we are honored to partner with disability communities, highlighting organizations that thrive on improving and advocating for the rights of people with disabilities.
Continuing our tradition, the bazaar will be a day dedicated to sustainability, local artisanship, and community spirit. We invite you to browse eco-friendly products, enjoy delicious treats, and find unique holiday gifts from our vendors and inclusion community.
You can meet our partner organizations in the auditorium, where they will display merchandise, handmade crafts, cookies, and souvenirs. This is a wonderful opportunity to support their vital work through fundraising efforts. As a special highlight, one of our partners, the Myanmar Christian Fellowship of the Blinds, will be performing as a Christmas Choir.
Event Details:
✅ Date: December 7, 2025 (Sunday)
✅ Time: 9:30 AM – 5:30 PM
✅ Venue: Goethe-Institut Myanmar, Corner of Kabar Aye Pagoda Road and Nat Mauk Street, Bahan Township, Yangon
We invite you to join us for this meaningful day. Celebrate sustainably and support our partners in the inclusion community!