25/12/2021
🙆♂️ Hello Everyone 🙆♀️
၈ လပိုင်းလောက်တုန်းက ငဗစ်ကိုက်ခံခဲ့ရတဲ့
မင်မင် chef တယောက်
covid နောက်ဆက်တွဲဒဏ်ကို ခုချိန်ထိခံနေရတုန်းမို့လို့
Kimchi အပါအဝင် ဟင်းပွဲအရောင်းတွေ
အကုန်လုံးနားထားပါတယ်နော် 😔
ခုချိန်ထိ ဈေးပြန်မရောင်းနိုင်သေးတဲ့မင်မင်တို့ကို
စိတ်မနာနိုင်ဘဲ Capricorn က လက်ရာလေးတွေ သတိတရနဲ့
ဟင်းပွဲလေးတွေ ပြန်မရောင်းသေးဘူးလားဆိုပြီး
မင်မင်တို့ page လေးကို နေ့စဉ်လာလာချောင်းကြတဲ့သူတွေ
အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်.. 🥺
Menu သစ်တွေလည်းဆွဲထားပြီးသားကို
မရောင်းနိုင်ဖြစ်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း
စိတ်တွေတိုနေပါပြီ 😵😵😵
chef မင်မင်တယောက်
မြန်မြန်နေကောင်းအောင် ကြိုးစားနေတာမို့
နှစ်သစ်မှာ capricorn fan လေးတို့ဆီ
ဈေးပြန်ရောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ 😣😣
ဒီ 2021 ခုနှစ် အကုန်မှာ ..
တနိုင်ငံလုံးရဲ့ကံဆိုးမှု၊ စိတ်နှလုံးမအေးချမ်းမှုတွေ
အကုန် ချန်ထားခဲ့နိုင်ပြီး
2022 နှစ်သစ်မှာ ရောဂါအနာဘယတွေကင်းဝေးပြီး
ကောင်းခြင်းအားလုံးနဲ့ ပြည့်စုံတဲ့နှစ် ဖြစ်ပါစေလို့ဆုတောင်းရင်း
🥰 အားလုံးပဲ Merry Christmas နဲ့ Happy New Year ပါ 🥰
ဒီနှစ် Christmas က
မင်မင်တို့အတွက်တော့ eat, sleep, repeat 🥱😴🤧 ပါနော်