HOK HOK Thai Mookata

HOK HOK Thai Mookata Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HOK HOK Thai Mookata, Thai restaurant, No. 814, Yadanar Road, Thingangyun, Yangon.

28/09/2026

ပေးရတဲ့ ဈေးနဲ့ မတန်မှာ လုံးဝ ပူစရာမလိုဘဲ အတန်ဆုံး Set တွေနဲ့ အဝစားဖို့ HOK HOK ကို အခုပဲ လာခဲ့တော့နော် 👇✨

မိသားစု စုံစုံညီညီ ညစာစားရင်း ပိုမိုရင်းနှီး ပျော်ရွှင်မယ့် အချိန်အခါလေး ဖြစ်စေဖို့▪️အချိန် ၂နာရီတောင်းပါသားတို့သမီးတို့...
28/09/2026

မိသားစု စုံစုံညီညီ ညစာစားရင်း ပိုမိုရင်းနှီး ပျော်ရွှင်မယ့် အချိန်အခါလေး ဖြစ်စေဖို့

▪️အချိန် ၂နာရီတောင်းပါ
သားတို့သမီးတို့ရေ အချိန် ၂နာရီလောက် မိသားစုအတွက်ပေးနိုင်မလား စသဖြင့်

▪️ဖုန်းတွေ ချထားပါ
အချိန် ၂နာရီအတွင်း notification ပိတ်ထားတာ သို့ ဖုန်းပိတ်ထားတာမျိုး လုပ်ပါ

▪️အကြိုက်ဆုံးတွေ ရွေးထုတ်ပါ
အိမ်ထောင်ဦးစီးက အဆင်ပြေတာ မှာလိုက်မယ်ဆိုတာမျိုးထပ် တစ်ဦးချင်းစီကို မီနူးစာအုပ် ပေးဖတ်ခိုင်းပြီး အကြိုက်ဆုံး အစားအသောက် တစ်မျိုးစီ ရွေးထုတ်ခိုင်းပါ

▪️Task တွေခွဲပေးပါ
မူကထ လိုမျိုး ကိုယ်တိုင်ကင်စားရတဲ့အခါ ပိုပျော်ဖို့ကောင်းတဲ့ မိသားစု အတွေ့အကြုံကို ရနိုင်ပါတယ် မိသားစု အရေအတွက် အပေါ်မူတည်ပြီး ဘယ်သူက ဘာလုပ် task တွေ ခွဲပေးပါ ဥပမာ သားက အသားလွှာတွေ ကင်နေတဲ့အချိန် သမီးကို ပုစွန် အခွံခွာခိုင်းတာမျိုးပေါ့

▪️အပြန်အလှန် မေးခွန်းမေးပါ
တစ်ဦးကနေ တစ်ဦးကို တစ်နေ့တာ အကြောင်း မေးခွန်းအပြန်အလှန် မေးခိုင်းပြီး ပျော်စရာ ဟာသလေးတွေ ဖန်တီးပါ

▪️ဖြေးဖြေးကင် ဖြေးဖြေးစား
ဗိုက်ဝဖို့ဦးစားမပေးပဲ စကား‌စမြည်ပြောရင်း အမေး အဖြေ ဂိမ်းလေးတွေ ဆော့ရင်း အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ရင်း ပျော်ရွှင်စရာ အခိုက်အတံ့လေးတွေ ဖန်တီးပါ

▪️နောက်တစ်‌ခါ ပျော်စရာ
စားပြီး သောက်ပြီး ‌social media ပေါ် ဓာတ်ပုံတင်မျှဝေပြီး အပြန်လမ်းမှာ နောက်တစ်ကြိမ်ရော ဘယ်နေ့ ဘယ်မှာ ဘာတွေ စားကြမလဲဆိုတာ တစ်ခါထဲ သတ်မှတ်ပါ

ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ပိုမို ရင်းနှီးကျွမ်းဝင်တဲ့ ပျော်ရွှင်စရာ မိသားစု အခိုက်အတံ့လေးတွေ ပိုင်ဆိုင်နိုင်ဖို့ Hok Hok က မျှဝေပေးလိုက်ပါတယ်နော်။

25/09/2026

“Weekends are for HOK HOK Mookata” but Weekend မဟုတ်လည်း နေ့တိုင်း လာခဲ့လို့ ရတယ်နော်! 😋🔥
မီးသွေးနံ့ သင်းသင်းလေးနဲ့ ကင်ထားတဲ့ အသားလေးတွေကို HOK HOK ရဲ့ Special Sauce လေးနဲ့ တွဲတို့လိုက်ရင်တော့... တကယ်ကို ရှယ်ပါပဲ! ✨

🥢Weekend ဆို ချစ်ရတဲ့ဘော်ဒါတွေနဲ့ HokHok မူကထ time ပဲ ...ပိတ်ရက် အနားယူချိန်တွေဆိုတာ အေးအေးဆေးဆေး ချစ်ရသူတွေ၊ အစားသောက်က...
25/09/2026

🥢Weekend ဆို ချစ်ရတဲ့ဘော်ဒါတွေနဲ့ HokHok မူကထ time ပဲ ...

ပိတ်ရက် အနားယူချိန်တွေဆိုတာ အေးအေးဆေးဆေး ချစ်ရသူတွေ၊ အစားသောက်ကောင်းကောင်းလေးနဲ့ chill ရတဲ့အချိန်ပဲလေ

Hok Hok ရဲ့ Weekends ဆိုင်ဖွင့်ချိန်က မနက် ၁၁:၀၀ နာရီကနေ ည ၁၀:၀၀ နာရီအထိဖြစ်လို့
▪️ နေ့လယ်ဘက် သူငယ်ချင်းတွေနဲ့ပဲ ချိန်းချိန်း
▪️ မိသားစုနဲ့ပဲ လာစားစား
ဒီတစ်ပတ် Weekend ကို Hok Hok မှာပဲ ကုန်ဆုံးလိုက်ကြစို့ 🍻

အကြာကြီးမစောင့်ရအောင်လို့ ကြိုတင် Reservation လေးတော့ လုပ်ထားဦးနော်...
လိပ်စာ - အမှတ် (၈၁၄)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (PUMA ဓာတ်ဆီဆိုင်ရှေ့)၊ ရန်ကုန်။

📍 Google Map : https://maps.app.goo.gl/HTTAPPtTPFsvFhLY8
📞 To reserve your table : 09886666273, 09954066660
⏰ Weekend Opening Hours (Sat & Sun): 11:00 AM - 10:00 PM
⏰ Weekday Opening Hours (Mon to Fri): 4:00 PM - 10:00 PM

25/09/2026

Reminder : HOK HOK မှာ မူကထ စားရအောင်

#မူကထဆိုhokhok ်စစ်

လတ်ဆတ်တဲ့ အသားလွှာတွေကို သေချာသန့်စင်ပြီး Hok Hok ရဲ့ ကိုယ်ပိုင် Recipe နဲ့ အရသာစိမ့်ဝင်နေအောင် ▪️▪️(၆)နာရီကြာ အချိန်ပေး...
24/09/2026

လတ်ဆတ်တဲ့ အသားလွှာတွေကို သေချာသန့်စင်ပြီး Hok Hok ရဲ့ ကိုယ်ပိုင် Recipe နဲ့ အရသာစိမ့်ဝင်နေအောင်

▪️▪️(၆)နာရီကြာ အချိန်ပေးပြီး Marinated လုပ်ထားပါတယ်▪️▪️

ဒါကြောင့် အသားလွှာလေးတွေက အရသာ Rich ဖြစ်ရုံသာမက မီးသွေမီးဖိုနဲ့ကင်လိုက်တဲ့အခါမှာလည်း အသားအရမ်းကြွပ်သွားတာ၊ အကျက်မညီတာမျိုး လုံးဝမရှိဘဲ နူးညံ့မွှေးပျံ့ပြီး လျှာပေါ်မှာ အရသာရှိရှိ ပျော်ဝင်သွားတဲ့ Texture ကို ခံစားနိုင်မှာပါ

🥓 Marinated လုပ်ထားတဲ့ Hok Hok အသားလွှာလေးတွေရဲ့ နူးညံ့ချိုမြိန်မှုနဲ့ အရသာထူးခြားပြည့်စုံမှုက်ို ချက်ချင်းကင် ချက်ချင်းစားပြီး ခံစားကြည့်လိုက်ပါနော်

Opening Hours
💼 Weekdays
4:00 PM - 10:00 PM
🏖️ Weekends & Public Holidays
11:00 AM - 10:00 PM

Hok Hok Thai Mookata ဆိုင်ကို Walk-in လာရောက်နိုင်သလို Table စောင့်ဆိုင်းရခြင်း မရှိစေဖို့အတွက် Reservation ကြိုတင်ပြုလုပ်ထားဖို့ မေတ္တာရပ်ခံပါရစေ❤️
လိပ်စာ - အမှတ် (၈၁၄)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (PUMA ဓာတ်ဆီဆိုင်ရှေ့)၊ ရန်ကုန်။

📍 Google Map : https://maps.app.goo.gl/HTTAPPtTPFsvFhLY8
📞 To reserve your table : 09886666273, 09954066660

🚩 First Date မှာ မူကထစားရင်းနဲ့ သူက Red Flag လား Green Flag လားဆိုတာ ဘယ်လိုသိနိုင်မလဲ? 🟢First Date မှာ မူကထစားတယ်ဆိုတာ တ...
22/09/2026

🚩 First Date မှာ မူကထစားရင်းနဲ့ သူက Red Flag လား Green Flag လားဆိုတာ ဘယ်လိုသိနိုင်မလဲ? 🟢

First Date မှာ မူကထစားတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဂရုစိုက်ပေးတတ်လဲဆိုတာ သိစေနိုင်မယ့် အကောင်းဆုံး စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

🍤 ပုစွန်စားရင် အခွံခွာပေးပြီး ကင်ထားတဲ့ထဲကအကောင်းဆုံးအသားလေးတွေကို ကိုယ့်ပန်းကန်ထဲ အရင်ဆုံးထည့်ပေးတယ်။
🍹 စားနေရင်း အချဥ်တို့၊ အအေးတို့ကုန်နေရင် ပြောစရာမလိုဘဲ အလိုက်တသိ Refill လုပ်ပေးတယ်။
♨️ ဆီပေါက်မှာစိုးလို့ သေချာကင်ပေးတာ၊ ပူနေတဲ့အခါ မီးအပူချိန်ညှိပေးတာနဲ့ ဆံပင်လေး သေချာစည်းပေးတာမျိုး...
🍽️ အကုန်စားပြီးသွားတဲ့အခါ နှုတ်ခမ်းသုတ်ဖို့ တစ်ရှူးလေးကမ်းပေးတာမျိုးလေးတွေဆိုရင် Green Flag ဖြစ်ဖို့ သေချာသလောက်ပါပဲ။

🚩 အဲဒီလိုမဟုတ်ဘဲ ကိုယ်ပဲတစ်ချိန်လုံး ချွေးတလုံးလုံးနဲ့ ကင်ပေးနေရပြီး ကင်ထားတဲ့ထဲက အကောင်းဆုံးအသားတွေ အထူးသဖြင့် နောက်ဆုံးကျန်တဲ့ အသားတုံးလေးကိုတောင် မမေးဘဲ သူပဲအကုန်စားပစ်တာမျိုးဆိုရင်တော့ အနီရောင်အလံကြီးလို့သာ မြင်လိုက်ပါတော့နော်။

ကိုယ့်ရဲ့ First Date မှာရော ဘယ်လို အတွေ့အကြုံမျိုးတွေ ကြုံခဲ့ရလဲဆိုတာ ပြောပြခဲ့ပါဦး။

အကြာကြီးမစောင့်ရအောင်လို့ ကြိုတင် reservation ပြုလုပ်ပေးဖို့လည်း မေတ္တာရပ်ခံပါရစေ ❤️

လိပ်စာ - အမှတ် (၈၁၄)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (PUMA ဓာတ်ဆီဆိုင်ရှေ့)၊ ရန်ကုန်။
📍 Google Map : https://maps.app.goo.gl/HTTAPPtTPFsvFhLY8
📞 To reserve your table : 09886666273, 09954066660
⏰ Weekend Opening Hours (Sat & Sun): 11:00 AM - 10:00 PM
⏰ Weekday Opening Hours (Mon to Fri): 4:00 PM - 10:00 PM

Weekend စနေ တနင်္ဂနွေမှာ ထိုင်း vibe လေးတစ်ဖြတ် ဒိုးလိုက်ကြမလား 🤭🤭✨ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ဆိုင်အပြင်အဆင်၊Service၊ မူက...
18/09/2026

Weekend စနေ တနင်္ဂနွေမှာ ထိုင်း vibe လေးတစ်ဖြတ် ဒိုးလိုက်ကြမလား 🤭🤭

✨ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ ဆိုင်အပြင်အဆင်၊Service၊ မူကထမီးဖိုလေးတွေကအစ ထိုင်းအငွေ့အသက်နဲ့ မီနူးတစ်ခုချင်းစီကို အရသာခံကြည့်လိုက်ရင် "အခုရောက်နေတာဘန်ကောက်လား? ရန်ကုန်လား?" လို့ ပြန်စဉ်းစားသွားရမယ့် ထိုင်း Taste & Vibe စစ်စစ်...

♨️ အေးအေးဆေးဆေး အသားလွှာတွေ Grill ရင်း ချစ်ရသူတွေနဲ့ Chill မယ်

♨️ Weekend မှာ ဘော်ဒါတသိုက်နဲ့ Hangout ကြမယ်

♨️ ချစ်သူလေးကိုခေါ်လာပြီး နွေးထွေးတဲ့ဂရုစိုက်မှုတွေနဲ့ အသားလွှာတွေ ကိုယ်တိုင်ကင်ပေးမယ်

ဪ..... ဘယ်ကိုရောက်ရောက် ဓာတ်ပုံရိုက်ရမှဆိုတဲ့သူတွေအတွက် Thailand Vibe Photo corner လှလှလေးတွေ အများကြီးပဲနော် 📸

ဒါဆို Hok Hok ရောက်တာနဲ့ Selfie ဆွဲ၊ ပုံလေးတင်ပြီး at Thailand လို့ ခပ်တည်တည်နဲ့ Check-in ဝင်လိုက်တော့ 📸

အဓိကကတော့ မူကထအရသာပဲ! ထိုင်းပင်ရင်း စားဖိုမှူးကြီးတွေရဲ့ လက်ရာစစ်စစ်၊ မူကထအနှစ်အရသာက လျှာပေါ်တင်လိုက်တာနဲ့ ထိုင်းအငွေ့အသက်တွေ တန်းဖြန့်သွားမှာနော်။ အသား၊ ပင်လယ်စာ၊ အသီးအရွက်... ကိုယ်ကြိုက်တာသာယူ၊ ကိုယ်တိုင်သာကင်၊ ကိုယ်တိုင်သာချက်ပြီး ထိုင်းစတိုင်လ် စပ်စပ်လေးတွေနဲ့ မြိန်ရေယှက်ရေသာ သုံးဆောင်ပေတော့! 🤤

ကဲ... ဘော်ဒါတွေ၊ ချစ်သူတွေ၊ မိသားစုတွေနဲ့ ထိုင်းမူကထစစ်စစ်ရဲ့ အရသာကို အတူတူမြည်းစမ်းရင်း ထိုင်းနိုင်ငံရောက်သွားသလို ခံစားမှုမျိုးကို ခံစားဖို့ အခုပဲ လာခဲ့လိုက်တော့နော်။ 🏃‍♂️💨

Opening Hours
💼 Weekdays
4:00 PM - 10:00 PM
🏖️ Weekends & Public Holidays
11:00 AM - 10:00 PM

Hok Hok Thai Mookata ဆိုင်ကို Walk-in လာရောက်နိုင်သလို Table စောင့်ဆိုင်းရခြင်း မရှိစေဖို့အတွက် Reservation ကြိုတင်ပြုလုပ်ထားဖို့ မေတ္တာရပ်ခံပါရစေ❤️

လိပ်စာ - အမှတ် (၈၁၄)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (PUMA ဓာတ်ဆီဆိုင်ရှေ့)၊ ရန်ကုန်။
📍 Google Map : https://maps.app.goo.gl/HTTAPPtTPFsvFhLY8
📞 To reserve your table : 09886666273, 09954066660

18/09/2026

အသားကင် တရှဲရှဲ အသံလေးနဲ့ ဟင်းရည် ပူပူလေး သောက်ရတဲ့ အရသာ... 🍲✨


🥘 Mookata စားရင် ဆော့စ်က အဓိကပဲလေအသားကင်ဘယ်လောက်ပဲကောင်းကောင်းဆော့စ်အရသာက တစ်ခုခုလိုနေသလို ခံစားရတတ်တယ်မလား။ 🤔Hok Hok မှ...
16/09/2026

🥘 Mookata စားရင် ဆော့စ်က အဓိကပဲလေ

အသားကင်ဘယ်လောက်ပဲကောင်းကောင်း
ဆော့စ်အရသာက တစ်ခုခုလိုနေသလို ခံစားရတတ်တယ်မလား။ 🤔

Hok Hok မှာဆိုရင် အဲဒီပြဿနာကို
ဖြေရှင်းပေးဖို့အတွက် Chef များက
Foodiesတို့ မူကထအကင်စားတဲ့အခါလိုက်ဖက်အောင်လို့ ထိုင်းအရသာစစ်စစ်နဲ့
အချိုးကျဖျော်စပ်ထားတဲ့ Signature Sauce (၃) မျိုး ရှိပါတယ်။

🥩 BBQ Sauce
မူကထ အသားကင်ပူပူလေးနဲ့ လိုက်ဖက်တဲ့ Sauce

🦐 Seafood Sauce
ပင်လယ်စာကြိုက်တဲ့သူတွေအတွက်
အစပ်အဟပ်တည့်ပြီး လျှာပေါ်မှာ
စွဲကျန်နေစေမယ့် Sauce

🍋 မန်ကျည်းချဉ် Sauce
အသားကင်အများကြီးစားတဲ့အခါမအီစေဖို့
ထိထိမိမိ Sauce

Hok Hok ရဲ့ Signature Sauce တွေနဲ့အတူမူကထအသားကင်၊ ပင်လယ်စာတို့ကို
ချစ်ရသူတွေနဲ့ အားရပါးရ သုံးဆောင်ဖို့
Hok Hok ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။

မူကထဆို Hok Hok

လိပ်စာ - အမှတ် (၈၁၄)၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (PUMA ဓာတ်ဆီဆိုင်ရှေ့)၊ ရန်ကုန်။

📞 09886666273, 09954066660

#မူကထ #မူကထဆိုhokhok

Address

No. 814, Yadanar Road, Thingangyun
Yangon
11071

Telephone

+959886666273

Website

Alerts

Be the first to know and let us send you an email when HOK HOK Thai Mookata posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share