Fruity Juicy

Fruity Juicy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fruity Juicy, Dessert Shop, Mittar Street , 10 block , Southokkalapa, Yangon.

At Fruity Juicy, we pride ourselves on crafting the freshest fruit salads & juices, ensuring the high standard of hygiene & exceptional service for our valued customers

အခုတလောက နာနတ်သီးရာသီဆိုတော့ နာနတ်သီးနဲ့ပတ်သတ်တဲ့ ကောင်းကျိုး(၂)ချက်ကို Fruity Juicy ချစ်သူလေးတွေကို ပြောပြပေးသွားမှာ ဖြ...
17/08/2024

အခုတလောက နာနတ်သီးရာသီဆိုတော့ နာနတ်သီးနဲ့ပတ်သတ်တဲ့ ကောင်းကျိုး(၂)ချက်ကို Fruity Juicy ချစ်သူလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်

🍍 နာနတ်သီးမှာ ဘရိုမယ်လိန်း(Bromelain) လို့ခေါ်တဲ့ enzyme တစ်မျိုးပါဝင်တဲ့အတွက် ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေတယ်လို့ ဂျာမနီ ဆေးသုတေသီများ၏ တွေ့ရှိချက်များမှ သိရပါတယ်

🍍 နာနတ်သီးဟာ အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေပြီး ဝမ်းဖော ဝမ်းရောင်ခြင်း ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း နှင့် အစာအိမ်နာခြင်း တို့ကိုလည်း သက်သာစေပါတယ်

မင်မင်ကတော့ အခုနာနတ်သီးပေါတဲ့ရာသီမှာ သံပုရာသီးစိပ်ကလေး နဲ့ ဆားလေးနဲ့ပွတ်ပြီး အစိပ်လေးတွေစိပ် ပြီးရင်တော့ ပျားရည်လေးစမ်းပြီး တစ်မနက်လောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထား ပြီးရင်တော့ နာနတ်သီးပျားရည်စိမ်လေးကို ထမင်းစားပြီးချိန်လေး အချိုတည်းဖို့ လုပ်စားဖြစ်ပါတယ် 🥰

Fruity Juicy လေးတွေရော နာနတ်သီးကို နောက်ထပ် ဘယ်လိုလေးတွေ အရသာရှိရှိ လုပ်စားဖြစ်လဲ comment လေးမှာ မျှဝေပေးသွားပါအုံးနော် ✍️





Heyyy Fruity Juicy လေးတို့ရေ မတွေ့ရတာကြာပြီနော် 😍ဒီနေ့လေးမှာတော့ အားလုံးကြိုက်တဲ့ ဌက်ပျောသီးလေးကို🍌 ဘယ်အချိန်စားသုံးသင့်...
07/08/2024

Heyyy Fruity Juicy လေးတို့ရေ မတွေ့ရတာကြာပြီနော် 😍

ဒီနေ့လေးမှာတော့ အားလုံးကြိုက်တဲ့ ဌက်ပျောသီးလေးကို🍌 ဘယ်အချိန်စားသုံးသင့်လဲ ဆိုတာကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်

✅️ အစားအစာ တစ်ခုအနေနဲ့တော့ ဌက်ပျောသီးက တကယ်ကောင်းပါတယ်.
အမျှင်ဓာတ်များစွာ ပါဝင်တဲ့အပြင် အူလမ်းကြောင်းကို စောင့်ရှောက်ပေးတဲ့ ပိုတက်ဆီယမ်, ဗီတာမင်စီ နဲ့ antioxidants တို့လို အဟာရဓါတ်များစွာ ပါဝင်ပါတယ်

🚫 ဒါပေမဲ့ သွေးထဲမှာရှိတဲ့သကြားဓါတ်ကို မြှင့်တင်ပေးတာကြောင့် မနက်ခင်းမှာတော့ ဌက်ပျောသီးတစ်ခုတည်းကိုတော့ မနက်စာအနေနဲ့ မစားသုံးသင့်ပါဘူးရှင်

အသီးအနှံ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဆက်လက်မျှဝေပေးမယ့်
"Fruti Juicy" 😘🥰😍





🎊 Fruity Juicy လေးတွေထဲ ကနေ မေးခွန်းအားလုံးမှန်တဲ့  (၂)ယောက်ရွေးချယ်ထားပါတယ်🤭🎉1 st Winner - Chan Myae AyePh Bill - 10000...
30/07/2024

🎊 Fruity Juicy လေးတွေထဲ ကနေ မေးခွန်းအားလုံးမှန်တဲ့ (၂)ယောက်ရွေးချယ်ထားပါတယ်🤭

🎉1 st Winner - Chan Myae Aye
Ph Bill - 10000 ks

🎉2nd Winner - April Htwe
Ph Bill - 5000 ks

Give away ရတဲ့ Fruity Juicy လေးနှစ်ယောက်က Chat Box မှာ Phone Number လေးတွေလာပို့ပေးပါနော်💞

နောက်လည်း Fruity Juicy ကနေ Give away တွေ အများကြီးပေးသွားဦးမှာ ဖြစ်ပါတယ်

မေးခွန်းလေးတွေဖြေရုံနဲ့ Give away တွေရဖို့ ဆို မင်မင်တို့ ရဲ့ pageလေးကို Like and follow လုပ်ခဲ့ဖို့တော့ လိုမယ်နော်✋

အားလုံးစောင့်မျှော်နေကြတဲ့ Quiz No.(5) လေးဖြေကြရအောင်☺️"Most favourite fruit in the world" ဒီတစ်ခါ Multiple choiceမဟုတ်ပ...
26/07/2024

အားလုံးစောင့်မျှော်နေကြတဲ့ Quiz No.(5) လေးဖြေကြရအောင်☺️

"Most favourite fruit in the world"

ဒီတစ်ခါ Multiple choiceမဟုတ်ပါဘူးနော်။

Fruity Juicy လေးတို့ကို ခေါင်းစားလိုက်ပါအုံးမယ်😍

မေးခွန်း (4) ခုလုံး မှန်တဲ့သူ‌ တွေထဲက (၂) ယောက်ကိုရွေးချယ်ပြီး Give away ပေးမှာ မို့ လွဲသွားလို့မရပါဘူး

ရှေ့ မေးခွန်း (၄) ခုလုံးမှန်ထားတဲ့ သူငယ်ချင်းတွေမြင်အောင် Share ပေးခဲ့ပါရှင့်💞


24/07/2024

ထမင်းစားရတာထက် အသီးပဲစားချင်တယ်ဆိုတဲ့ Fruity Juicy လေးတွေ အတွက်😽

ဒီနေ့မှာမင်မင်က အသီးများများစားခြင်းရဲ့ ကောင်းကျိုး (3)ချက် ပြောပြမယ်

💜Vitamin ကြွယ်ဝမယ်

မင်မင်တို့ရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin တစ်ခုချင်းစီကို လိုက်စားသုံးဖို့ မလွယ်ပါဘူး။ ဒါကြောင့် အသီးစားတာကနေ Vitamin တွေကို အလွယ်နည်းနဲ့ စားသုံးနိုင်ပါတယ်

💜ကိုယ်ခံအားကောင်းမယ်

အသီးများများစာတဲ့သူက Vitamin အစုံကို စားပေးနေရတာဖြစ်လို့ ရောဂါမျိုး စုံကနေကာကွယ်စေပါတယ်။ ( အသီးတစ်မျိုးတည်းမစားပဲ အစုံစားပေးဖို့တော့လိုမယ်နော်)

💜ခန္ဓာကိုယ်အလေးချိန်ထိန်းလို့ရမယ်

ဝိတ်ချနေတဲ့သူတွေအတွက် ထမင်းအစား အသီးများများစားပေးခြင်းက ဝိတ်ပိုကျစေပါတယ် ။ ဒါကြောင့်ပဲ Gym trainer တွေက ညဘက်မှာ ထမင်းအစား အသီးစားပေးဖို့ ညွှန်ကြားထားတာပါနော်

Fruit and Juice 🥤 နဲ့ပတ်သတ်တဲ့ဗဟုသုတလေးတွေ သိချင်တယ်ဆိုရင် အခုပဲ Fruity Juicy Page လေးကို Follow ခဲ့လိုက် တော့နော်🫰




မေးခွန်း  (4)မှန်လို့  (5) ခုမြောက် မေးခွန်းကိုလွယ်မယ်ထင်နေတဲ့ Fruity Juicy တို့🫣မင်မင် မေးမယ့် မေးခွန်းပုံစံ👇နောက်နေ့မှ...
22/07/2024

မေးခွန်း (4)မှန်လို့ (5) ခုမြောက် မေးခွန်းကိုလွယ်မယ်ထင်နေတဲ့ Fruity Juicy တို့🫣

မင်မင် မေးမယ့် မေးခွန်းပုံစံ👇

နောက်နေ့မှာလာမယ့် Quiz No 4 ကို ဘယ်သူဖြေနိုင်မှာလဲကွယ်🙈

မေးခွန်း (4) ခုလုံး မှန်တဲ့သူ တွေထဲက (၂)ယောက်ကို Give away ပေးသွားမှာဖြစ်လို့ အဖြေမှန်ထားတဲ့သူငယ်ချင်းတွေမြင်အောင်Share လိုက်တော့နော်💟

မေးခွန်း နံပါတ် (4) မဖြေခင် အခုမေးခွန်းလေးကိုဖြေကြည့်သွားပါအုံး ဟီးး💞




Fruity Juicy ရဲ့ Quiz နံပါတ် (4) လေးလာပါပြီ♥️"သရက်သီးရဲ့ ရာသီအချိန်ကဘယ်အချိန်တွေလဲ" Fruity Juicy လေးတို့အတွက်မေးခွန်းလေး...
20/07/2024

Fruity Juicy ရဲ့ Quiz နံပါတ် (4) လေးလာပါပြီ♥️

"သရက်သီးရဲ့ ရာသီအချိန်ကဘယ်အချိန်တွေလဲ"

Fruity Juicy လေးတို့အတွက်မေးခွန်းလေးတွေကအရမ်းလွယ်ပါတယ်နော် ♥️

မေးခွန်း post ၄ ခုပြည့်တာနဲ့ ဖြေဆိုသူတွေထဲကနေမှန်တဲ့သူ ၂ယောက် ကိုရွေးချယ်ပြီး လက်ဆောင်လေးတွေပေးမှာပါရှင်

Give away ရဖို့အတွက်Comment မှာဖြေခဲ့ပေးလိုက်တော့နော်👇



အသီးအနှံတွေမဝယ်ခင်မှာ သတိထားရမယ့်အချက်(5)ချက်အရွယ်💞အရွယ်အစား မသေးလွန်း၊မကြီးလွန်းတဲ့ အနေအထားကို ရွေးတတ်ရပါမယ်အနံ့💞သဘာဝအသ...
18/07/2024

အသီးအနှံတွေမဝယ်ခင်မှာ သတိထားရမယ့်အချက်(5)ချက်

အရွယ်💞

အရွယ်အစား မသေးလွန်း၊မကြီးလွန်းတဲ့ အနေအထားကို ရွေးတတ်ရပါမယ်

အနံ့💞

သဘာဝအသီးကိုသာရွေးရပါမယ်။
ပိုးသတ်ဆေးနံ့ထွက်နေတဲ့ အသီးအနှံတွေကို ဝယ်မိရင် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်

အရောင်💞

အသီးအနှံလတ်ဆက်ရင် အရောင်က သူ့ရဲ့ ပုံမှန်အရောင်အတိုင်းဖြစ်နေမှာပါ
အစက်အပြောက်တွေ၊အရောင် ပြောင်းနေတာရှိ၊မရှိ သတိထားရပါမယ်

အနာအဆာ💞

ပုပ်ခါနီးဖြစ်နေတာ၊ နာနေတာ ၊ပိုးစားနေတာ တွေကိုသေချာစစ်ဆေးသင့်ပါတယ်

ထုတ်ပိုးမှုပုံစံ💞

တစ်ချိူ့ထုတ်ပိုးပြီးရောင်းချတဲ့ အသီးအနှံတွေကို စစ်ဆေးပါ
အပုပ်၊အနာအဆာ၊မလတ်ဆတ်တဲ့အသီးတွေရောပါလာတတ်ပါတယ်

အသီးအနှံဝယ်ရင် ဒီအချက်လေးတွေကိုသတိထားဖို့မမေ့နဲ့နော်🫰

Fruit and Juice အကြောင်းလေးတွေကို အဆက်မပြတ်သိရဖို့ဆိုရင် Fruity Juicy Pageလေး ကို Like and Follow ထားဖို့တော့ လိုမယ်နော်🙆

Fruity Juicy ရဲ့  Quiz နံပါတ် (3) လေးဖြေကြရအောင်♥️Vitamin A,C,K  (3) မျိုးလုံး ပါဝင်တဲ့ အသီးတွေ အများကြီးရှိပါတယ်။ အဲ့အသ...
15/07/2024

Fruity Juicy ရဲ့ Quiz နံပါတ် (3) လေးဖြေကြရအောင်♥️

Vitamin A,C,K (3) မျိုးလုံး ပါဝင်တဲ့ အသီးတွေ အများကြီးရှိပါတယ်။

အဲ့အသီးတွေအများကြီးထဲကမှ ဒီ မေးခွန်းလေးရဲ့ အဖြေကရော ဘာဖြစ်မလဲ🙎

Vitamin အကြောင်းမသိသေးရင် ရှေ့က Postတွေကိုပြန်သွားကြည့်လို့ရပါတယ်နော်🙆

မေးခွန်း post ၄ ခုပြည့်တာနဲ့ ဖြေဆိုသူတွေထဲကနေမှန်တဲ့သူ ၂ယောက် ကိုရွေးချယ်ပြီး လက်ဆောင်လေးတွေ ပေးမှာပါနော်🫰

အဖြေမှန်သိတယ်ဆိုရင် Comment မှာဖြေခဲ့ပေးပါရှင်👇



Vitamin တွေရဲ့အသုံးဝင်ပုံကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Vitamin တွေပါတဲ့ အသီးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင...
13/07/2024

Vitamin တွေရဲ့အသုံးဝင်ပုံကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ Vitamin တွေပါတဲ့ အသီးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်👇

🍊လိမ္မော်သီး- Vitamin C

🍎ပန်းသီး- Vitamin A, Vitamin C, Vitamin K

🥝ကီဝီသီး - Vitamin C, Vitamin K

🥭သရက်သီး - Vitamin A, Vitamin C

🍋သံပုရာသီး Vitamin C, Vitamin A

🍉ဖရဲသီး - Vitamin C, Vitamin A

🍇စပျစ်သီး - Vitamin C, Vitamin K

🍍နာနတ်သီး- Vitamin C, Vitamin A

အခုဆိုရင် ကိုယ်စားနေတဲ့ အသီးတွေက ဘယ်လို Vitamin တွေပါနေလဲ ဆိုတာ သိသွားလောက်ပြီ လို့ထင်ပါတယ်ရှင်💞

Fruit & Juice နဲ့ပတ်သတ်တဲ့ knowledge လေးတွေသိရအောင် Fruity Juicy Page လေးကို Like & Follow လေးလုပ်ဖို့ မမေ့နဲ့နော်🤭




Vitamin အကြောင်းသိကောင်းစရာ ( Part -2)🫶Vitamin B 1 💟အာရုံကြောနဲ့‌ဆိုင်တဲ့ပြဿနာတွေအတွက်ကောင်းပါတယ်Vitamin B1 ကို အသားအမျိ...
11/07/2024

Vitamin အကြောင်းသိကောင်းစရာ ( Part -2)🫶

Vitamin B 1 💟

အာရုံကြောနဲ့‌ဆိုင်တဲ့ပြဿနာတွေအတွက်ကောင်းပါတယ်

Vitamin B1 ကို အသားအမျိုးမျိူးကနေ ရနိုင်ပါတယ်

Vitamin-B2 💟

အရေပြားရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်

Vitamin-B2 ကိုနို့နှင့်နို့ထွက်ပစ္စည်းတွေကနေရနိုင်ပါတယ်နော်

Vitamin -B3💟

အရေပြားရောဂါ၊အာရုံကြောရောဂါနဲ့ အစာအိမ်အတွက်ကောင်းပါတယ်

Vitamin -B3 ကိုကြက်သွန်ဖြူ၊ပဲအမျိုးမျိူးကနေရပါတယ်။

Vitamin -B6💟

သွေးဖိအားကိုအားကောင်းစေပါတယ်

Vitamin- B6 ကိုအာလူး နဲ့ ငါးအမျိုးမျိူးကနေ ရရှိပါတယ်

Vitamin -B9 💟
သွေးအားနည်းရောဂါ၊အာရုံကြောရောဂါတွေကိုကာကွယ်ပေးပါတယ်

Vitamin -B9 ကို ပဲအမျိုးအမျိုးကနေရရှိနိုင်ပါတယ်

Vitamin -B12💟

စိတ်ကျရောဂါ၊အာရုံကြောရောဂါတွေကိုကာကွယ်ပေးပါတယ်

Vitamin -B12 ကို အသားငါးအမျိုးမျိုး၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းတွေကနေရနိုင်ပါတယ်

Fruit & Juice နဲ့ပတ်သတ်တဲ့ knowledge လေးတွေသိရအောင် Fruity Juicy Page လေးကို Like & Follow လေးလုပ်ခဲ့ပါနော် 🫶




Fruity Juicy နဲ့အတူ Quizလေးတွေဖြေကြည့်ရအောင်"ကမ္ဘာပေါ်မှာ Fruit Juice သောက်သုံးမှု အများဆုံးနိုင်ငံကဘာလဲ "🤷မေးခွန်း (၅)ခ...
09/07/2024

Fruity Juicy နဲ့အတူ Quizလေးတွေဖြေကြည့်ရအောင်

"ကမ္ဘာပေါ်မှာ Fruit Juice သောက်သုံးမှု အများဆုံးနိုင်ငံကဘာလဲ "🤷

မေးခွန်း (၅)ခု ပြည့်ရင် ဖြေဆိုတဲ့သူတွေထဲက အဖြေမှန်သူ နှစ်ယောက်ကို ရွေးချယ်ပြီး လက်ဆောင်လေးတွေ ပေးသွားဦးမှာပါနော်🫰

အဖြေမှန်သိတယ်ဆိုရင် Comment မှာမန့်ခဲ့နော်💟



Address

Mittar Street , 10 Block , Southokkalapa
Yangon

Website

Alerts

Be the first to know and let us send you an email when Fruity Juicy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category