23/10/2024
ဈေးတက်တယ်၊ ဒါပေမဲ့ မတက်ဘူး 🤭
ဘယ်လိုလေးလဲဆိုရင် ...
အရင် အသား၁+အရံ၁ ၆၅၀၀ က ၇၅၀၀ ဖြစ်သွားတော့ ဈေးတက်တယ်ပေါ့နော်။
ဒါပေမဲ့ ပါဆယ်ဝယ်ရင် ၁၀% လျှော့ပေးမှာဆိုတော့ မတက်သလိုလေး ဖြစ်သွားပြန်ရော။
အဲ... ဆိုင်စားကိုလည်း Sule Sule မှာ review ရေးပေးရင် ဒါမှမဟုတ် post တစ်ခုခုကိုရှဲပေးရင် ၅% လျှော့ပေးမှာဆိုတော့ ၇၅၀၀ ကနေ ၇၁၂၅ကျပ် ဆို ၆၅၀၀ နဲ့ ဘာမှ မကွာတော့ဘူးနော်။
အတန်ဆုံးက ဘာလဲသိလား၊ တစ်လစာကြိုသွင်းပြီး လပေးစားရင် ၁၃၀,၀၀၀ ပဲ ကျမှာဆိုတော့ တစ်ရက်စာ ၆၅၀၀ဆိုတော့ ဈေးလုံးဝ မတက်ဘူးပေါ့။ ရက်၂၀ထက်ပိုများတဲ့လတွေဆို စားတဲ့သူက မြတ်တောင်နေသေး။
အနှစ်ပြန်ချုပ်ရရင်
🍚ထမင်း + အသား ၁ + အရံ ၁ - ၇,၅၀၀
🍚ထမင်း+ အသား ၁+ အရံ ၂ - ၈,၅၀၀
🍚အသားဟင်း ဟင်းပွဲ - ၆,၅၀၀
🍚အရံဟင်း ဟင်းပွဲ - ၂,၀၀၀
🍚ထမင်းသီးသန့် - ၁,၅၀၀
🥣ဆိတ်/ပုဇွန် +၅၀၀
🥣ပါဆယ် +၅၀၀ (ဘူးဖိုး၊ ကိုယ့်ချိုင့်နဲ့ကိုယ်ဆို မပေးရပါဘူး)
🍳ဆိုင်စား - ၅% (share / review)
🍳ပါဆယ် - ၁၀% (anyone)
🍱လပေး - ၁၃၀,၀၀၀ (တစ်ပတ် ၅ရက် / ရုံးဖွင့်ရက်)
*** လျှော့ဈေးတွေက နိုဝင်ဘာ ၁၅အထိပါ ***
နေ့တိုင်း ဟင်းပွဲပြောင်းပါတယ်။ ဟင်းအကျန်မရောင်း၊ အချိုမှုန့်မသုံး၊ ဆန်အကောင်းစား၊ ဆီအကောင်းစား သုံးပါတယ်။ ငါးပိရည် / တို့စရာ အကျန် ပြန်မထည့်ပါဘူး။ ဟင်းပွဲရော၊ ထမင်းရော အမြဲအပူပေးထားလို့ အဲကွန်းအေးအေး အောက်မှာပေမဲ့ အေးစက်စက်တွေ မစားရပါဘူးရှင့်။
နေရာ - မြေအောက်ထပ်၊ Sule Square Mall & Office