Thura Delivery Ygn

Thura Delivery Ygn Delivery service Yangon

ဖြစ်ချင်တွေဖြစ်နေတဲ့လောကကြီးမှာအရှိကိုအရှိတိုင်း လက်ခံနိုင်ခြင်းကလဲ အောင်ခြင်းပဲငါ့ညီ...... #သုတ(မောင်ပြုံး)
05/11/2024

ဖြစ်ချင်တွေဖြစ်နေတဲ့လောကကြီးမှာ
အရှိကိုအရှိတိုင်း လက်ခံနိုင်ခြင်းကလဲ
အောင်ခြင်းပဲငါ့ညီ......

#သုတ(မောင်ပြုံး)

ခွဲခွာရမယ်ဆိုတာသိကတည်းကငါဟာ လောကနဲ့ဝေးကွာခဲ့တာပါပဲ #သုတ(မောင်ပြုံး)
08/10/2024

ခွဲခွာရမယ်ဆိုတာသိကတည်းက
ငါဟာ လောကနဲ့ဝေးကွာခဲ့တာပါပဲ

#သုတ(မောင်ပြုံး)

ကြေကွဲခြင်းမှတ်တိုင်ဆီသို့-------------------------------------------တစိမ်းဆိုသောမှတ်တိုင်မှ ကံကြမ္မာbusကားကိုစီးရင်းမင်...
06/10/2024

ကြေကွဲခြင်းမှတ်တိုင်ဆီသို့
-------------------------------------------

တစိမ်းဆိုသောမှတ်တိုင်မှ ကံကြမ္မာbusကားကိုစီးရင်း
မင်းနဲ့အတူ တွေဆုံခြင်းမှတ်တိုင်မှာဆုံခဲ့ပြီ
ပျော်ရွင်ခြင်းမှတ်တိုင်နဲ့ ကြည်နူးခြင်းမှတ်တိုင်တို့မှာ
တက်သူနည်းလို့ ကားဟာမြန်မြန်ထွက်ခဲ့ပေမဲ့
စိတ်ဆိုးခြင်းမှတ်တိုင်နဲ့ မ‌ဆင်ပြေမှုမှတ်တိုင်တို့မှာတော့
ခဏခဏရပ်နေတာသတိထားမိပါတယ်
အဆင်ပြေမှာပါဆိုတဲ့အတွေးနဲ့ဆက်စီးလာခဲ့လိုက်တာ
အဆင့်အတန်းဆိုတဲ့မှတ်တိုင်နဲ့ အသိုင်းအဝိုင်းဆိုတဲ့
မှတ်တိုင်မှာတော့ မင်းဟာကိုယ့်ကိုယ်လှည့်မကြည့်ပဲ
ဆင်းသွားခဲ့လေတော့ သံယောဇဉ်ဆိုတဲ့driverကတော့
မှတ်တိုင်တစ်ခုခုတော့ ဆုံအုန်းမှာပါတဲ့
ဒါမဲ့လေအချစ်ရဲ့ ဘုံဆိုင်ဆိုတဲ့မှတ်တိုင်မှာတော့
ကိုယ်ဆင်းနေခဲ့လိုက်ပါမယ် .....
Driverကတော့မေးရှာပါသေးတယ် ဂိတ်ဆုံးမှတ်တိုင်ထိ
မလိုက်တော့ဘူးလာတဲ့ ဂိတ်ဆုံးမှတ်တိုင်နာမည်ကတော့
ကြေကွဲခြင်းမှတ်တိုင်တဲ့......

#သုတ(မောင်ပြုံး)

အသစ်ပဲလာလာ အဟောင်းပဲလာလာ ကျန်ခဲ့ရမှာပါ ငါပါပဲလေ
06/10/2024

အသစ်ပဲလာလာ
အဟောင်းပဲလာလာ
ကျန်ခဲ့ရမှာပါ ငါပါပဲလေ

လုပ်တဲ့အတိုင်းပဲပြောတတ်သူမို့လုပ်ရပ်နဲ့ပဲသက်သေပြတတ်တဲ့လူပါဒါမဲ့ လူတချို့ကြောင့် ငါ့ကိုယုံကြည်တဲ့လူတချို့ကိုငါ့မှာ မျက်နှ...
02/10/2024

လုပ်တဲ့အတိုင်းပဲပြောတတ်သူမို့
လုပ်ရပ်နဲ့ပဲသက်သေပြတတ်တဲ့လူပါ
ဒါမဲ့ လူတချို့ကြောင့် ငါ့ကိုယုံကြည်တဲ့လူတချို့ကို
ငါ့မှာ မျက်နှာမဖော်ရဲတော့ဘူး......

02/10/2024

အရာရာဟာပြိုလဲပြီးသားမို့
ပြုံးနေခဲ့ပါတယ်

စွန့်လွှတ်ခြင်းတဲ့ဘာလဲ ဘဝတစ်ခုရင်းထားတာတောင်မလောက်လို့လား       #သုတ(မောင်ပြုံး)
16/09/2024

စွန့်လွှတ်ခြင်းတဲ့
ဘာလဲ ဘဝတစ်ခုရင်းထားတာတောင်
မလောက်လို့လား

#သုတ(မောင်ပြုံး)

တစ်ခါသလေမှာအတ္တကြီးစွာနဲ့ မမှီတဲ့ပန်းကိုမှလှမ်းနေမိတယ်      #သုတ(မောင်ပြုံး)
15/09/2024

တစ်ခါသလေမှာ
အတ္တကြီးစွာနဲ့ မမှီတဲ့ပန်းကိုမှ
လှမ်းနေမိတယ်

#သုတ(မောင်ပြုံး)

လူတချို့က ချစ်မိလို့ ရှုံးကြတယ်ကျွန်တော်ကတော့ အရှုံးခံပြီး ချစ်ခဲ့တယ်ဒါလောက်ပါပဲ...... #သုတ(မောင်ပြုံး)
31/08/2024

လူတချို့က ချစ်မိလို့ ရှုံးကြတယ်
ကျွန်တော်ကတော့ အရှုံးခံပြီး ချစ်ခဲ့တယ်
ဒါလောက်ပါပဲ......

#သုတ(မောင်ပြုံး)

မညီမျှခြင်းများဆီသို့----------------------------------အေးချမ်းလို့ပျော်နေတဲ့လူနဲ့အေးစိမ့်လို့ ချမ်းနေသူကွာခြားလိမ့်မယ်အ...
30/08/2024

မညီမျှခြင်းများဆီသို့
----------------------------------

အေးချမ်းလို့ပျော်နေတဲ့လူနဲ့
အေးစိမ့်လို့ ချမ်းနေသူကွာခြားလိမ့်မယ်
အရိပ်အောက်ကနေ ပူတယ်လုပ်နေတဲ့လူတချို့ကို
နေရောင်အောက်ကလူက ငေးနေမိတယ်
နောက်ခံကောင်းလို့ ဝါသနာနောက်လိုက်နေသူကို
ဘဝတွက်ငွေရှာနေသူက ပြုံးပြမိတယ်
ဟိုဟာသည်ဟာ ချေး(ဂျေး)များတဲ့လူကို
ရွေးခွင့်မရှိတဲ့ ဘဝတွေက တွေးထိုင်နေတယ်
ဒီလိုပါပဲ ဆိုးဆိုးကောင်းကောင်း
ခါးစီးခံရင်း တရွေ့ရွေ့ပေါ့
မိတ်ဆွေ..............

#သုတ(မောင်ပြုံး)

ခဏလောက် တိတ်ဆိတ်ငြိမ်သက်ငါ့အတွေးတချို့ ပျံ့နှံ့နေရင်တောင်အားမတန်လို့ မာန်လျှော့ရင်တောင်ဒူးမထောက် ဦးမညွှတ်ဘူးငြိမ်သက်တိတ်...
29/08/2024

ခဏလောက် တိတ်ဆိတ်ငြိမ်သက်
ငါ့အတွေးတချို့ ပျံ့နှံ့နေရင်တောင်
အားမတန်လို့ မာန်လျှော့ရင်တောင်
ဒူးမထောက် ဦးမညွှတ်ဘူး
ငြိမ်သက်တိတ်ဆိတ်စွာနဲ့.....

#သုတ(မောင်ပြုံး)

ခဏတာပြေးဝင်လာတဲ့ လူတချို့ဟာတစ်သက်တာဝေဒနာတွေ ပေးသွားဖူးတယ်လမ်းသင့်လို့ဝင်နားရုံပဲထင်ခဲ့တာအခက်ပါချိုးသွားလို့ ကျေးဇူးအခါ‌ခ...
28/08/2024

ခဏတာပြေးဝင်လာတဲ့ လူတချို့ဟာ
တစ်သက်တာဝေဒနာတွေ ပေးသွားဖူးတယ်
လမ်းသင့်လို့ဝင်နားရုံပဲထင်ခဲ့တာ
အခက်ပါချိုးသွားလို့ ကျေးဇူး
အခါ‌ခွင့်သင့်လို့ ပြန်တွေ့ရင်တောင်
မမြင်ယောင်ဆောင်ပြီး ကိုယ်ငေးမောတတ်ပါပြီ

#သုတ(မောင်ပြုံး)

Address

China Town
Yangon
262006

Website

Alerts

Be the first to know and let us send you an email when Thura Delivery Ygn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share