Shwe Set Kyar Food House

Shwe Set Kyar Food House Shwe Set Kyar Food House is the place for dining with your beloved family and friends.
(326)

ကရင်နှစ် ၂၇၆၁ ခုနှစ်၂ . ၁ . ၂၀၂၂ ခုနှစ်တွင်ကျရောက်သော"ကရင်နှစ်သစ်ကူး" နေ့အား “ရွှေစကြာမိသားစု” မှ လှိုက်လှိုက်လှဲလှဲ ဂုဏ...
02/01/2022

ကရင်နှစ် ၂၇၆၁ ခုနှစ်

၂ . ၁ . ၂၀၂၂ ခုနှစ်တွင်ကျရောက်သော

"ကရင်နှစ်သစ်ကူး" နေ့အား “ရွှေစကြာမိသားစု” မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုပါသည်။

24/12/2021
19/08/2021
ဆေးဆိုတာဘာလဲ?ဆေးသောက်ခြင်း၏ အကျိုး၊အပြစ်Covid 19 နှင့်ဆေးဝါးစတာတွေကို မျှဝေပါတယ်ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေ   ...
09/08/2021

ဆေးဆိုတာဘာလဲ?
ဆေးသောက်ခြင်း၏ အကျိုး၊အပြစ်
Covid 19 နှင့်ဆေးဝါး
စတာတွေကို မျှဝေပါတယ်

ကပ်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေ
ရွှေစကြာ မိသားစု

လေးစားပါတယ်.... ဂုဏ်ယူပါတယ်ညီငယ်တို့
24/01/2021

လေးစားပါတယ်.... ဂုဏ်ယူပါတယ်ညီငယ်တို့

GRAND FINAL DAY!!!

M2 World Championship Grand Final မှာတော့ Burmese Ghouls နှင့် ယှဉ်ပြိုင်ရမည့်အသင်း ထွက်ပေါ်လာခဲ့ပါပြီ ✌️
သူတို့ကတော့ Bren Esports 🇵🇭 ပါ
Bren Esports ကတော့ Lower Bracket ကနေ တောက်လျောက်အနိုင်ရရှိကာ Grand Final ကိုရောက်ရှိလာခဲ့တဲ့ အသင်းဖြစ်ပြီး လာမည့် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ ဝန်းကျင်မှာတော့ World Champion Title အတွက် ကျွန်တော်တို့အသင်းနဲ့ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရတော့မှာပါ 🤩
​ကျွန်တော်တို့ မြန်မာအသင်းကို အတူတူအားပေးကြမယ်ဗျာ 🇲🇲

စျေးသည်ဆိုတာ မြတ်တာ/မမြတ်တာထက် စျေးရောင်းနေရရင် ပျော်တာပဲလေ #ကြက်ဆီထမင်းတစ်ပွဲ၂၅၀၀/-ကို ကြက်ကင်နဲ့စားချင်လား ၊ ကြက်ပေါင်...
11/01/2021

စျေးသည်ဆိုတာ မြတ်တာ/မမြတ်တာထက် စျေးရောင်းနေရရင် ပျော်တာပဲလေ

#ကြက်ဆီထမင်းတစ်ပွဲ၂၅၀၀/-ကို ကြက်ကင်နဲ့စားချင်လား ၊ ကြက်ပေါင်းနဲ့စားချင်လား

ဆွမ်းမွှေးနံ့သင်းနေတဲ့ထမင်းက တစ်ယောက်စာကို ဗိုက်ကားသွားမယ်

ကြက်ကင်(သို့)ကြက်ပေါင်းကလဲ ပုံမှာမြင်တဲ့အတိုင်း တစ်စိတ်လောက်ကိုထည့်ပေးထားတာ

#ကိုဗစ်ကာလဆေးရုံQcenterတွေကိုလှူချင်တယ်ဆိုအထူးနှုန်း၂၂၀၀/- နဲ့ လှူချင်တဲ့နေရာအရောက်ပို့ပေးသေးတာဆိုတော့ ကောင်းမှကောင်း တန်မှတန် (တနေ့တနေ့ ဒါတွေပဲကွာဆိုတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝမ်းသာအားရ သာဓုခေါ်ကြမှာမြင်ယောင်မိ)

ကွယ်လွန်တာ တစ်နှစ်ပြည့်သော အဖွားဒေါ်ပုအား ရည်စူး၍ ကျန်ရစ်သူမိသားစုရဲ့ ကာလဒါနအလှူမှာ #ကြက်ဆီထမင်းပွဲတစ်ရာအားယုံကြည်စွာအပ်နှံပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်

သာဓုခေါ်ရင်း အဖွားဒေါ်ပု မြင့်မြတ်အေးငြိမ်းရာဘုံဘဝမှာစံစားနိုင်ပါစေလို့ ဆုတောင်းရင်းအမျှဝေလိုက်ပါတယ်

ရွှေစကြာ မိသားစု

ပထမဦးဆုံး.......၂၃ရက် ဒီဇင်ဘာကနေ  ၃၁ရက် ဒီဇင်ဘာထိ ကြက်ကင်အကောင်ပေါင်း ၁၃၀၆ကောင်တိတိ ဝယ်ယူအားပေးကြတဲ့ *ရွှေစကြာ*ရဲ့ မိတ်ဟ...
04/01/2021

ပထမဦးဆုံး.......
၂၃ရက် ဒီဇင်ဘာကနေ ၃၁ရက် ဒီဇင်ဘာထိ ကြက်ကင်အကောင်ပေါင်း ၁၃၀၆ကောင်တိတိ ဝယ်ယူအားပေးကြတဲ့ *ရွှေစကြာ*ရဲ့ မိတ်ဟောင်း မိတ်သစ်များကို အထူးကျေးဇူးတင်ရှိပါတယ်
၃၀ရက်နေ့ မနက်ပိုင်းထဲက သတ်မှတ်အော်ဒါပြည့်သွား၍ ငြင်းလိုက်ရသူများကိုလဲ အားနာနာဖြင့်တောင်းပန်ပါတယ်

ထို့နောက်.......
သန့်ရှင်းလတ်ဆပ်သော halal ကြက်များကို ရောင်းချပေးသော Best Chicken ၊ ပရိုမိုးရှင်း ၉ရက်အတွင်း မငြီးမညူ စီမံခန့်ခွဲပေးသော စားဖိုဆောင်ဝန်ထမ်းများ ၊ ပို့ဆောင်ရေးဝန်ထမ်းများကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်

CB မှာမဖြေလိုက်နိုင်တဲ့မေးခွန်းများရဲ့အဖြေများနဲ့ *ရွှေစကြာ* ကြက်ကင်ရဲ့လျှို့ဝှက်ချက်ကတော့

-Halal လုပ်ပြီးသား CP ကြက် တစ်ပိဿာ/တစ်ပိဿာတစ်ဆယ်ကောင်တွေကို စတီးအကင်အိုးထဲထည့်ပြီး ထင်းမီးသွေးမီးနဲ့ကင်တာပါ

-အရသာက *ရွှေစကြာ*ရဲ့ကိုယ်ပိုင်အရသာပါ

-တစ်ကောင် ၉၀၀၀/-ကျပ်ကို ရောင်းတဲ့အကောင်ဆိုဒ်အတိုင်းလက်ဆောင်တစ်ကောင်ပြန်ပေးတာပါ

-အချဉ်နှစ်မျိုးထည့်ပေးပါတယ် ကိုယ်တိုင်လုပ်သဘာဝမန်ကျည်းချဉ် နဲ့ သဘာဝငရုတ်ချဉ်ပါ

-လျှို့ဝှက်ချက်ကတော့ ခေါင်း/ခြေဖျက် ၊ ကလီစာထုတိပြီးသားကြက်အစိမ်းတွေကို ရေသန့်သန့်နဲ့ဆေး ၊ အထူးစီမံဖော်စပ်ထားတဲ့အရသာအနှစ်နဲ့ တရုတ်မဆလာမှုန့်ကိုရောနယ်ပြီး ကြက်ရဲ့အတွင်း/အပြင်နှံ့အောင်နယ် ၊ ကြက်ဗိုက်ထဲကို ကြက်သွန်ဖြူ ချင်း(ဂျင်း) သစ်ဂျပိုးခေါက် ကရဝေးရွက်တွေထည့် ၊ ဝါးချွန်လေးနဲ့ကြက်ဗိုက်ကိုပြန်ချုပ် ၊ chiller ထဲမှာ ၂၄ နာရီနှပ် ၊ စတီးအကင်အိုးထဲထည့် ၊ ထင်းမီးသွေးမီးကို အပူချိန်ညှိပြီး တစ်နာရီနဲ့ဆယ့်ငါးမိနစ်ကြာအောင်ကင်ထားတာပါ

-နောက်ထပ်အထူးလျှို့ဝှက်ချက်သိချင်သေးလား
:
:
:
:
:
:
:
:
:
:
:
:
:
:
:
နှစ်သစ်ကူးမှာ စားသုံးသူတွေကိုပျော်စေ ၊ ကျေနပ်ပီတိဖြစ်စေချင်လို့
ကိုယ်ရောင်းလိုက်တဲ့အစားအသောက်လေးကြောင့် အားအင်တွေပိုကောင်းစေချင်လို့ အရင်းနီးပါးအတိုင်းရောင်းတဲ့ *ရွှေစကြာ*ရဲ့စေတနာပါ

Address

No. 15, Corner Of Baho Road And Punn Hlaing Street, SanchaungTownship
Yangon
11121

Telephone

+959 455676747

Website

Alerts

Be the first to know and let us send you an email when Shwe Set Kyar Food House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share