01/09/2026
💐တာကိုရာကီဥ(သက်သတ်လွတ် ဥ) ကိုချက်နည်းလေးမေးကြတဲ့ကာကာတို့အတွက် တာကိုရာကီဥ ဆီပြန် ချက်နည်းလေးပါရှင့်🍽️
ပါဝင်ပစ္စည်းများ
တာကိုရာကီဥ
ခရမ်းချဉ်သီး
ဂျင်းအနည်းငယ်
နနွင်း
အရောင်တင်မှုန့်
မဆလာ
ပဲငံပြာရည်အကြည်
ပြင်ဆင်ချက်ပြုတ်ပုံ🫕
🍳ပထမဦးဆုံး ဒယ်အိုးထဲကို ဆီထည့်ပြီး ထက်ခြမ်းခွဲထားသော တာကိုရာကီဥကိုဆီထဲမှာ ထည့်ကြော်ပါ။
🍅ပြီးလျှင်ဆယ်ထားပြီး ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ နုတ်နုတ်စင်းထားသောဂျင်းကိုထည့်ပါ။
🫕ခရမ်းချဉ်သီးနူးပြီးအနှစ်ထွက်လာရင် နနွင်း၊ အရောင်တင်မှုန့်၊ ပဲငံပြာရည်အကြည်အနည်းငယ်ထည့်ပါ။
🫗ရေလိုသလောက်ထိုးပြီး ဆီပြန်၍အနှစ်ထွက်လာသည်အထိတည်ပါ။
🥚ဆီပြန်ပြီး အနှစ်ကျလာရင် ကြော်ထားသောဥကိုထည့်ပါ။
🧂အရသာမှုန့် ဆားထည့်ပြီး ဖြေးညှင်းစွာမွှေပါ။
🍶အိုးချခါနီး မဆလာအုပ်လိုက်ရင်တော့ လွယ်ကူရိုးရှင်းတဲ့ တာကိုရာကီဥ ခရမ်းချဉ်သီးဆီပြန်တစ်ခွက်ရပါပြီ။
မှတ်ချက် - မင်မင်တို့ ဆီက ပစ္စည်းတွေက ကြက်သွန်အဖြူ၊ ကြက်သွန်အနီ ၊ ကြက်သွန်မြိတ် ၊ ဂျူးမြစ် တွေ မထည့်ထားတဲ့အတွက် ဒါ တွေမစားတဲ့ မင်မင့် ကာကာတွေလည်း ယုံကြည်စိတ်ချစွာ စားသုံးလို့ရပါတယ်နော်။
💵စျေးနှုန်းလေးတွေကို 🌅ပုံလေးတွေနဲ့ တွဲတင်ပေးထားပါတယ်နော်🥰🥰🥰
မှာယူလိုပါက
📱 09-791669866
📱 09-740849764 ကို 🤙 Hello လုပ်ပေးပါ။
Viber /CB မှလည်းမှာယူလို့ရပါပြီ။
🚚 Delivery- မြို့နယ်အလိုက် ပို့ခပေးရပါမယ်ရှင်
💖လူမျိုး ဘာသာ မရွေး စိတ်ချစွာ စားသုံးနိုင်ပါသည်💖
#သက်သတ်လွတ်
#သက်သတ်လွတ်ဥ