21/08/2026
CQK Mala Hotpot (Yangon) ၏ (၂) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် နှင့် ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာ ✨
မနေ့က (၂၀.၈.၂၀၂၆) ရက်နေ့မှာတော့ ကျွန်တော်တို့ CQK Mala Hotpot (Yangon) ရဲ့ Annual 2nd Year Anniversary အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းကပ် လှူဒါန်းပွဲ အလှူတော်မင်္ဂလာကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအထိမ်းအမှတ်ပွဲလေးမှာတော့
ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်၍ တရားတော်များ နာယူကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို သဒ္ဓါတရား ထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
CQK Mala Hotpot Yangon အောင်မြင်စွာ လည်ပတ်နိုင်ဖို့အတွက် အစဉ်အမြဲ စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်ပေးကြပါသော ဝန်ထမ်းများ၏ ကျေးဇူးကို အသိအမှတ်ပြုသောအားဖြင့် ထူးချွန်ဝန်ထမ်းဆုများနှင့် အမှတ်တရဆုတံဆိပ်များကို ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။
အဖွဲ့သားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြသည့် အမှတ်တရဂိမ်းအစီအစဉ်များ၊ ဓာတ်ပုံရိုက်ကူးပွဲများနှင့် စုပေါင်းစတုဒိသာ ကျွေးမွေးဧည့်ခံပွဲများကိုလည်း ပျော်ရွှင်ချမ်းမြေ့စွာ ကျင်းပခဲ့ကြပါတယ်။
လွန်ခဲ့သော (၂) နှစ်တာကာလအတွင်း CQK Mala Hotpot (Yangon) ကို အစဉ်အမြဲ ယုံကြည်စိတ်ချစွာ မကင်းကွာဘဲ အားပေးခဲ့ကြသော အချစ်ဆုံး Customers များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️
နောင်လာမည့် နှစ်များစွာမှာလည်း ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများနှင့်အတူ လူကြီးမင်းတို့ကို နွေးထွေးစွာ ကြိုဆိုလျက်ရှိနေပါမည်။