23/05/2019
သူတော်ကောင်းနဲ့တွေ့ပါစေ
မသူတော်နဲ့ လွဲပါစေ လို့
ဆုတောင်းပေးတာ ခံရတဲ့အခါ....
ဘဝမှာအမြဲတမ်း သူတော်ကောင်းစိတ်ရှိသူတွေနဲ့
ဘဲ တွေ့ရလိမ့်မယ်လို့ထင်ခဲ့ဖူးတယ်။
အဲ့တော့ ကိုယ်တွေးထားတာက
ကိုယ်နဲ့တွေ့သမျှလူတွေဟာ သူတော်ကောင်းပေါ့။
ဘ၀အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်လည်နေကြသူ
အကုန်လုံး ကိုယ်တွေ့သမျှက သူတော်ကောင်း
တွေချည်းလို့တွေးလိုက်တဲ့အခါ.....
ကိုယ့်ဘက်ကနေ #အစွမ်းကုန်ယုံကြည်မိတာတွေ
ဘာဖြစ်ဖြစ်ပြောပြတာတွေ #မူမနေတော့ဘဲ
ရင်ထဲရှိသလို ပြောဆိုနေထိုင်ဖြစ်တာတွေနဲ့
တွေ့သမျှခင်သမျှ လူတိုင်းကို #အပွင့်လင်းဆုံး
ဆက်ဆံဖြစ်တာတွေ လုပ်မိသွားတော့တယ်။
အဲ့တော့ ဘာဆက်ဖြစ်သလဲဆိုရင်....
လူ့အကြိုက်တွေ မတူညီဘူးဆိုတဲ့
သဘောတရားအတိုင်း
ကိုယ်ပြောတာဆိုတာ နေတာထိုင်တာကို
ကြိုက်သူရှိသလို မကြိုက်သူလည်းရှိလာတာပါဘဲ။
အချို့က နောက်ကျောကို ချောင်းပစ်တယ်။
အချို့က နောက်ကနေကာပေးတယ်။
အချို့က လမ်းပြတယ်။
အချို့က လမ်းကာထားတယ်။
အချို့က ရိုက်ချတယ်။
အချို့က ဆွဲထူတယ်။
အဲ့သလိုနဲ့ လူကြီးတွေပေးတဲ့ ဆုတောင်းဟာ
အလိုလိုမပြည့်ဘူးဆိုတာ သိလာတယ်။
ဘာလို့လည်းဆိုတော့ ကိုယ့်ဘ၀မှာ အမြဲတမ်း
အကောင်းတွေချည်းဘဲ တွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့
စိတ်ကူးယဉ်မှု့တစ်ခုကြီးဖြစ်နေလို့ဘဲ။
အမှန်က အကောင်းနဲ့အဆိုး လူကောင်းနဲ့လူဆိုး
ဆိုတာကို ကိုယ့်အတွေ့အကြုံအရ အသိညဏ်နဲ့
ခွဲခြားပြီးတော့ အကောင်းဆုံး ဆက်ဆံသွားရမှာ။
အဆိုးတွေလာရင်လည်း ကျော်ဖြတ်ရမှာ ဖြစ်သလို
အကောင်းတွေလာရင်လည်း ဒါဟာ ခရီးတစ်လျှောက်
မှာ တစ်ခဏဖြစ်ပေါ်လာတဲ့ ဖြစ်ခြင်းတွေလို့
သဘောထားပြီး ကျော်ဖြတ်ရမှာဖြစ်တယ်။
အမြဲတမ်းကြီး မဆိုးတတ်သလို
အမြဲတမ်းကြီးလည်း ကောင်းနေမှာမဟုတ်ဘူးပေါ့။
ဆိုတော့ ဆိုးခြင်းဘဲလာလာ
ကောင်းခြင်းဘဲလာလာ ဒီခန္ဓာကိုယ်ကြီးက
ရင်ဆိုင်နေရဦးမှာ အထူးသဖြင့် မသေသေး
သရွေ့ပေါ့။
ဘ၀မှာ သူတော်ကောင်းတွေနဲ့လည်း
တွေ့ရမှာဖြစ်သလို မသူတော်တွေနဲ့လည်း
ရင်ဆိုင်ရမှာဖြစ်တဲ့ အတွက် အကောင်းတွေချည်း
မမျော်လင့်ဘဲ အဆိုးတွေကြုံလာခဲ့ရင်ရောဆိုပြီး
ခံနိုင်ရည်တွေ မွေးထားဖို့လိုတာကတော့.....
ကိုယ့်တာဝန်ပေမို့ အသက်နဲ့ခန္ဓာတည်နေသမျှ
မမေ့ဖို့ကြိုးစားနေရဦးမယ်လေ။
သူတော်ကောင်းနဲ့တွေ့ပါစေ
မသူတော်တွေကိုလည်းရင်ဆိုင်ပါစေ။