Black Sky Coffee and Bakery

Black Sky Coffee and Bakery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Black Sky Coffee and Bakery, Coffee shop, No (C. D), Bo Myat Tun Housing, Corner of Maharbandoola Street and 49th street, Pazuntaung township, Yangon.

ဒီမနက်ပိုင်း ဆိုင်ရဲ့ အော်ဒါလေးလာရောက်အားပေးတဲ့  customer​လေးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်
01/10/2025

ဒီမနက်ပိုင်း ဆိုင်ရဲ့ အော်ဒါလေး
လာရောက်အားပေးတဲ့ customer​
လေးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်

“တရုတ်ရိုးရာပွဲတော်တွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးတစ်ခုဖြစ်တဲ့ လမုန့်ပွဲတော် နှင့်တရုတ်ရိုးရာအယူအဆ “ 🥮Mid-Autumn Festival...
12/09/2024

“တရုတ်ရိုးရာပွဲတော်တွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးတစ်ခုဖြစ်တဲ့ လမုန့်ပွဲတော် နှင့်တရုတ်ရိုးရာအယူအဆ “ 🥮

Mid-Autumn Festival အကြောင်းပြောရရင် တရုတ်လနတ်ဘုရားမ Chang'e ကမပါမဖြစ်ပါပဲ။ ဟိုးရှေးရှေးတုန်းက ကောင်းကင်မှာ နေ ၁၀ လုံးရှိပြီး နေရောင်ခြည်ကြောင့် ကမ္ဘာမြေပေါ်ရှိလူသားများသေကြေပြီး အပင်အားလုံးလောင်ကျွမ်းခဲ့ရပါတယ်။ အဲ့လိုအချိန်မှာ လေးပစ်သမား Hou Yi ဟာကမ္ဘာကြီးကို ကယ်တင်ပေးခဲ့ပါတယ်။ အကျော်ကြားဆုံး တရုတ်ဒဏ္ဍာရီအရ Moon Goddess Chang'e ကမြေပြင်ကို လောင်ကျွမ်းစေတဲ့ နေဆယ်စင်းအနက် နေကိုးစင်းကိုပစ်ချပြီး ကမ္ဘာကိုကယ်တင်ပေးခဲ့တဲ့ လေးပစ်သမား Hou Yi ရဲ့ဇနီးပါ။ ✨

ကမ္ဘာကြီးကိုကယ်တင်နိုင်ခဲ့တဲ့အတွက် အနောက်တိုင်းမိဖုရားကြီးက Hou Yi ကိုဆုကြေးငွေအဖြစ် Elixir ဆိုတဲ့မသေဆေးကို ပေးခဲ့ပါတယ်။ ဒါပေမယ့်ဒီဆေးက လူတစ်ဦးတည်းသာသောက်နိုင်မှာမို့ Hou Yi က Chang'e အတွက်ချန်ထားပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ လေးပစ်သမားလေး Hou Yi ကသူ့ကျောင်းသားများနဲ့အတူ အမဲလိုက်သွားချိန် Pang Meng ကနေမကောင်းချင်ယောင်ဆောင်ကာ Chang'e ဆီမှ Elixir ကိုတောင်းခဲ့ပါတယ်။ Chang'e က Pang Meng ကိုမနိုင်မှန်းသိတဲ့အတွက် Elixir ကိုချက်ချင်းသောက်ချလိုက်ပါတယ်။ ✨

Chang'e သောက်ပြီးတဲ့အချိန်ကစပြီး ယနေ့တိုင် သူမက လပေါ်မှာသာ နေထိုင်ခဲ့ပါတယ်။ ပွဲတော်ရက်ရောက်တိုင်း သူမကိုအမှတ်ရတဲ့အနေနဲ့ လမုန့်များဖြင့် ပူဇော်ခဲ့ကြပါတယ်။ အဲ့အချိန်ကစပြီး Mid-Autumn Festival ရောက်တိုင်း လကိုသစ်သီးများနဲ့ လမုန့်များဖြင့် ကိုးကွယ်ပူဇော်ကြပါတယ်။ 🌖

“လနတ်ဘုရားမ Chang'e နဲ့ ကျောက်စိမ်းယုန်လေး “🐇

ဆက်ပြောရရင် တရုတ်တို့ရဲ့ ယုံကြည်မှုအရ လနတ်ဘုရားမ Chang'e ရဲ့အဖော်လေးကတော့ ကျောက်စိမ်းယုန်ပါ။ ကျောက်စိမ်းယုန်ဖြစ်လာတဲ့ အစကတော့ ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက တောအုပ်ထဲမှာ မြေခွေး၊ ယုန်နဲ့ မျောက်တိရစ္ဆာန်သုံးကောင် ရှိကြပါတယ်။ တစ်နေ့မှာကောင်းကင်ဧကရာဇ်က တိရိစ္ဆာန်များရဲ့ သီလကို စမ်းသပ်ချင်စိတ်ဖြင့် ကိုယ်တိုင်ကမ္ဘာမြေပေါ် ရောက်လာပြီး အဘိုးအိုအသွင် ပြောင်းလဲခဲ့ပါတယ်။ အဘိုးအိုက မြေခွေး၊ ယုန်နဲ့ မျောက်တို့ကို “ မင်းတို့သုံးကောင်က သူငယ်ချင်းကောင်းတွေလို့ ငါကြားတယ်၊ မင်းတို့ကိုတွေ့ဖို့ ခရီးအဝေးကြီး ကနေလာခဲ့ရတာ၊ အခုဗိုက်ဆာနေပြီ၊ ငါ့ကိုဘာစားစရာပေးမှာလဲ “လို့မေးလိုက်ပါတယ်။ 👴

"ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပါ၊ ငါတို့ မကြာခင် စားစရာနဲ့ ပြန်လာမယ် “လို့ပြောပြီး တိရိစ္ဆာန်သုံးကောင်ကအစာရှာ ထွက်လာခဲ့ပါတော့တယ်။ မြေခွေးလေးက မြစ်ကမ်းကနေ ငါးကိုဖမ်းမိလာပြီး မျောက်ကတော့ တောထဲမှအသီးရလာခဲ့ပါတယ်။ အဲ့အချိန်ယုန်လေးက ဘာအစာမှမရဘဲပြန်လာခဲ့ပါတယ်။အဘိုးအိုဆီရောက်တဲ့အခါ အဘိုးအိုက "မင်းတို့နှစ်ကောင်က ကတိကို ထိန်းပြီး အစာပြန်လာပေးပေမယ့် ယုန်ကဘာမှပြန်မပေးဘူး “ လို့ပြောလိုက်ပါတယ်။ ✨

ယုန်လေးကလည်း အရမ်းကိုစိတ်မကောင်းဖြစ်ပြီး ငါ့ကို "ထင်းရှာဖို့ ကူညီပေးပါဦး၊ အဘိုးအိုအတွက် ဟင်းချက်ချင်တယ်" လို့ မြေခွေးနဲ့ မျောက်ကိုပြောပါတယ်။ ထင်းကိုမီးညှိပြီးနောက် ယုန်က "တောင်းပန်ပါတယ် ငါ့ကတိကိုမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး၊ ဒါပေမယ့် ငါ့ကိုယ်ငါပေးပါတယ် ကျေးဇူးပြုပြီးစားပါ" လို့ပြောပြီးယုန်လေးက မီးထဲခုန်ချသွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကောင်းကင်ဧကရာဇ်က အံ့ဩသွားကာ ယုန်ရဲ့အရိုးများကိုကောက်ယူပြီး ယုန်လေးကိုဂုဏ်ပြုပေးဖို့၊ လူတွေသူ့ကိုထာဝရမြင်စေနိုင်ဖို့ လကမ္ဘာကို သွားခွင့်ပြုပေးခဲ့ပါတယ်။ 🐇

ဒီလိုနဲ့ယုန်လေးက Chang'e ရဲ့အဖော်မွန်အဖြစ် လကမ္ဘာမှာပဲ နေထိုင်ကြပါတယ်။ ဒါကြောင့်လမုန့်ပွဲတော်ရက်မှာ လကိုကြည့်ရင်း ဆုတောင်းခြင်း၊ ဝေးကွာနေတဲ့မိသားစုတွေ ပြန်လည်ဆုံဆည်းကြပြီး တရုတ်ရိုးရာအရ ပူဇော်ကန်တော့ခြင်းတို့ ပြုလုပ်ကြပါတယ်။🙏

၂၀၂၄ ခုနှစ်ရဲ့ လမုန့်ပွဲတော်နေ့ကတော့ စက်တင်ဘာလ ၁၇ ရက်နေ့ပါ။ ဒါကြောင့်မိသားစုနဲ့အတူ လမုန့်ပွဲတော်ဆင်နွှဲဖို့ဖြစ်စေ၊ လူကြီးမိဘများနဲ့ ဆွေမျိုးများကို ကန်တော့ဖို့ဖြစ်စေ ဈေးနှုန်းသင့်တင့်တဲ့ လမုန့်အရသာမျိုးစုံကို အခုပဲ “ 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ဆိုင်နဲ့ City Mart, Capital, Makro တို့မှာလည်း ဝယ်ယူလို့ရနေပါပြီခင်ဗျာ။ 🥮

အရသာလည်းရှိ၊ အာဟာရပြည့်ဝတဲ့လမုန့်လေးတွေနဲ့ ချစ်ခြင်းမေတ္တာ၊ စေတနာကို ပြသဖို့ရာ" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ကိုသာသတိရလိုက်ပါနော်။ 🥰

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

'e

" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ရဲ့ လမုန့်လေးတွေ “ **Myanmar Plaza Promotion Area”** မှာရှိနေပြီနော် 🥮" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ရဲ့အရသာရှိပြီး စားချင်စ...
08/09/2024

" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ရဲ့ လမုန့်လေးတွေ “ **Myanmar Plaza Promotion Area”** မှာရှိနေပြီနော် 🥮

" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ရဲ့အရသာရှိပြီး စားချင်စဖွယ်လမုန့်လေးများကို **Myanmar Plaza Promotion Area** မှာရောင်းချပေးနေပါပြီ။ 📍

စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ရက်နေ့အထိ အတန်ဆုံးဈေးနှူန်းများနဲ့ လမုန့်အရသာ ၁၁ မျိုးအထိ ရောင်းချပေးမှာပါ။ 📅

၇ရက်တိုင်တိုင်ရောင်းပေးသွားမှာမလို့ Myanmar Plaza မှာဈေးဝယ်ရင်း လမ်းကြုံလို့ဖြစ်ဖြစ်၊ ဆွေမျိုးမိတ်ဆွေများကို လက်ဆောင်ပေးဖို့ဖြစ်ဖြစ် အနံ့၊ အရသာနဲ့ပြည့်စုံတဲ့ လမုန့်လေးများကို သင့်တင့်တဲ့ဈေးနှုန်း၊ သေသပ်လှပတဲ့ Packaging လေးများနဲ့ လက်ဆောင်ပေးဖို့ " **Myanmar Plaza Promotion Area”** မှာဝယ်ယူလို့ရပါပြီခင်ဗျာ။ 🥮

ဒါ့အပြင်ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်က " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “၂ဆိုင်နဲ့ နီးစပ်ရာ City Mart, Capital, Makro တို့မှာလည်း ဝယ်ယူလို့ရပါတယ်ခင်ဗျာ။ 🥮

၇ရက်တိုင်တိုင် ရောင်းချပေးမှာမလို့ လမုန့်ပွဲတော်အတွက် လမုန့် Instock လေးတွေမကုန်ခင် မြန်မြန်လေး လာဝယ်ထားလိုက်ပါနော်။ 🥰

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

လမုန့်ပွဲတော်မှာ လမုန့်လက်ဆောင်ပေးရင်း ချစ်ခင်‌နွေးထွေးမှုကို ဖော်ဆောင်ကြမယ်🥮လတ်ဆတ်သန့်ရှင်းအရသာရှိတဲ့ လမုန့်လေးတွေကို ဘ...
31/08/2024

လမုန့်ပွဲတော်မှာ လမုန့်လက်ဆောင်ပေးရင်း ချစ်ခင်‌နွေးထွေးမှုကို ဖော်ဆောင်ကြမယ်🥮

လတ်ဆတ်သန့်ရှင်းအရသာရှိတဲ့ လမုန့်လေးတွေကို ဘယ်မှာဝယ်ရမလဲ မသိဖြစ်နေရင် ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ နေရာဖြစ်တဲ့ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်က " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာဝယ်လို့ရနေပြီနော်။ 🥰

လမုန့်မှာပါဝင်တဲ့ ပဲ၊ အသားတို့ကိုလည်း အနှစ်အပြည့်၊ အသားအပြည့်နဲ့ တစ်ရက်စာလတ်လတ်ဆတ်ဆတ်သုံးပေးထားပြီး စက္ကူဘူး၊ ကော်ဘူး၊ သံဘူးတို့နဲ့ Packaging ကိုလည်း သပ်သပ်ရပ်ရပ် လှလှပပလေး ထုတ်ပိုးပေးထားပါတယ်။ 🥮

ဈေးနှုန်းသင့်တင့်ပြီး လမုန့်အရသာစစ်စစ်ကို ချစ်ခင်ရသူများအတွက် လက်ဆောင်ပေးဖို့စဉ်းစားထားရင် နီးစပ်ရာ City Mart, Capital, Marko တို့မှာလည်း ဝယ်ယူလို့ရနေပါပြီခင်ဗျာ။ 🥮

အရသာလည်းရှိ၊ အာဟာရပြည့်ဝတဲ့လမုန့်လေးတွေနဲ့ ချစ်ခြင်းမေတ္တာ၊ စေတနာကို ပြသဖို့ရာ" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ကိုသာသတိရလိုက်ပါနော်။ 🥰

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

အရသာလည်းရှိ လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတဲ့လမုန့်လေးတွေ " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာရနေပြီနော်🥮သန့်ရှင်းလတ်ဆတ်ပြီး အာဟာရလည်းရှိ...
29/08/2024

အရသာလည်းရှိ လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတဲ့လမုန့်လေးတွေ " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာရနေပြီနော်🥮

သန့်ရှင်းလတ်ဆတ်ပြီး အာဟာရလည်းရှိ၊ အရသာကောင်းမွန်တဲ့ တရုတ်လမုန့်အရသာမျိုးစုံကို " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာဝယ်ယူနိုင်ပါပြီခင်ဗျာ။

လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပြီး ရရှိနိုင်တဲ့ လမုန့်အရသာတွေကတော့ ပဲမဲ၊ ပဲစိမ်း၊ ကြိမ်စေ့၊ ကြာစေ့၊ သီးစုံ၊ စတော်ဘယ်ရီ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ကြက်ကင်၊ ဘဲကင်၊ ဒူးရင်းအရသာဆိုပြီး ရွေးချယ်စရာ လမုန့်အရသာ ၁၁မျိုး ထုတ်လုပ်ထားပါတယ်ခင်ဗျာ။ 🥮

၆၀၀၀ ကျပ်ဝန်းကျင်နဲ့ လမုန့်မျိုးစုံကို ဝယ်ယူနိုင်တဲ့အပြင် Packaging ဘူးဒီဇိုင်းလေးတွေကလည်း သေသပ်လှပလို့ လူကြီးမိဘ၊ ဆွေမျိုးများကို ကန်တော့ဖို့ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းများကို လက်ဆောင်ပေးဖို့ဖြစ်စေ တရုတ်လမုန့်လေးများနဲ့ ရင်းနှီးချစ်ခင်မှုကို ပြသလိုက်ပါနော်။🥰

ဈေးနှုန်းလည်းသင့်တင့်၊ အနံ့အရသာ၊ အရည်အသွေး ထူးကဲကောင်းမွန်တဲ့ လမုန့်လေးတွေကို " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ရဲ့ဗိုလ်တထောင်၊ ပုဇွန်တောင် ဆိုင်၂ ဆိုင်အပြင် City Mart, Capital, Marko တို့မှာလည်း ဝယ်ယူလို့ရနေပါပြီခင်ဗျာ။ 🥮

ရွေးချယ်စရာအရသာမျိုးစုံနဲ့ လမုန့်အရသာကောင်းကောင်းလေး ဝယ်ယူဖို့ " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ကိုသတိရလိုက်ပါနော်။ 🥰

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

လမုန့်အရသာအစုံစားရင်း " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “နဲ့အတူ လမုန့်ပွဲတော်ကိုကြိုဆိုမယ် 🥮ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့တွဲစားဖို့ အရသာရှိပြီး အနံ...
22/08/2024

လမုန့်အရသာအစုံစားရင်း " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “နဲ့အတူ လမုန့်ပွဲတော်ကိုကြိုဆိုမယ် 🥮

ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့တွဲစားဖို့ အရသာရှိပြီး အနံ့၊အရသာနဲ့ပြည့်စုံတဲ့ လမုန့်အရသာမျိုးစုံကို " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာရနေပြီနော်။ 🥮

လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပြီး ရရှိနိုင်တဲ့ လမုန့်အရသာတွေကတော့ ပဲမဲ၊ ပဲစိမ်း၊ ကြိမ်စေ့၊ ကြာစေ့၊ သီးစုံ၊ စတော်ဘယ်ရီ၊ ကန်စွန်းဥ၊ ပန်းဥ၊ ကြက်ကင်၊ ဘဲကင်၊ ဒူးရင်းအရသာဆိုပြီး ရွေးချယ်စရာ လမုန့်အရသာ ၁၁မျိုး ထုတ်လုပ်ထားပါတယ်ခင်ဗျာ။ 🥮

အခုလိုအရာရာကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန် ထုတ်ပိုးမှုပုံစံလည်းလှ၊ ငွေကျပ် ၆၀၀၀/ ၇၀၀၀ ကျပ်တည်းနဲ့ Quality ကောင်းပြီး အရသာရှိတဲ့ လမုန့်လေးတွေကို " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ တစ်နေရာမှာပဲရတာနော်။

အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝပြီး ကလေးရော လူကြီးပါ အကြိုက်တွေ့စေမှာမလို့ လမုန့်စားရင်း လမုန့်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ရအောင်။🥰

ဒူးရင်းလမုန့် ၇၀၀၀ ကျပ်နဲ့ အခြားသောလမုန့်အရသာတွေက ၆၀၀၀ ကျပ်တည်းမလို့ ဝယ်ယူချင်တယ်ဆိုရင် ဗိုလ်တထောင်၊ ပုဇွန်တောင် " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ဆိုင်၂ ဆိုင်အပြင် City Mart, Capital, Marko တို့မှာလည်း ဝယ်ယူအား‌ပေးနိုင်ပါတယ်ခင်ဗျာ။ 🥮

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

🌕 တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ “ Mid-Autumn Festival" / Moon Festival (လမုန့်ပွဲတော်နေ့) မကြာခင်ရောက်တော့မယ်နော် 🥮တရုတ...
14/08/2024

🌕 တရုတ်ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ “ Mid-Autumn Festival" / Moon Festival (လမုန့်ပွဲတော်နေ့) မကြာခင်ရောက်တော့မယ်နော် 🥮

တရုတ်လူမျိုးတို့ရဲ့ အရေးအကြီးဆုံး ရိုးရာပွဲတော်ထဲမှာ ဆောင်းဦးရာသီရဲ့ Mid-Autumn Festival (Mooncake Festival ) ပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ စည်စည်ကားကား ကျင်းပကြပါတယ်။ 🍘

တရုတ်ရှေးရိုးရာအရ တရုတ်လူမျိုးများမှာ စိုက်ပျိုးခြင်းနဲ့ လကိုကိုးကွယ်ခြင်း အလေ့အထရှိခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော် Zhou မင်းဆက်ကတည်းက တရုတ်လူမျိုးတို့ဟာ လကိုကိုးကွယ်ပြီး အသီးအနှံကောင်းတွေရရှိဖို့၊ ဆန်ရေစပါးပေါကြွယ်ဝဖို့ ဆုတောင်းကြပါတယ်။ ✨

ဒီလိုတရုတ်ရိုးရာယဉ်ကျေးမှုအရ ယနေ့ခေတ်အထိ တရုတ်လမုန့်ပွဲတော်ကို နိုင်ငံအနှံ့အပြားကျင်းပကြပြီး မိသားစုဝင်များ၊ ဆွေမျိုးမိတ်သဟာများနဲ့ သူငယ်ချင်းအပေါင်းအသင်းများကို လမုန့်ဝေကာ ချစ်ခင်ရင်းနှီးမှု လက်ဆောင်အဖြစ် ပေးကြပါတယ်။ 🎁

ဒါကြောင့်" 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ကနေ လမုန့်ပွဲတော်အတွက် Special Menu အနေနဲ့ ချိုမြန်ပြီးအရသာရှိလှတဲ့ ပဲမဲလမုန့်၊ ပဲစိမ်းလမုန့်၊ ကြိမ်စေ့လမုန့်၊ ကြာစေ့လမုန့်၊ သီးစုံလမုန့်အပြင် အခြားသောလမုန့်အမျိုးအစား အစုံအလင်ကို " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ မှာရနေပါပြီ။ 🥮

တရုတ်လမုန့်ပွဲတော်နေ့မှာ လူကြီးမိဘများကို ကန့်တော့ဖို့ဖြစ်စေ၊ မိသားစုလူမျိုးများနဲ့ ပျော်ပျော်ပါးပါး သုံးဆောင်ဖို့ဖြစ်စေ၊ စီးပွားဖက် မိတ်ဆွေဖက်များကို ရင်းနှီးမှုအဖြစ် လက်ဆောင်ပေးဖို့ဖြစ်စေ

အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်တဲ့ လမုန့်မျိုးစုံကို ဝယ်ယူဖို့ " 𝐁𝐥𝐚𝐜𝐤 𝐒𝐤𝐲 “ ကိုသတိရလိုက်ပါနော်။ 🥰

✨𝑳𝒆𝒕’𝒔 𝒔𝒕𝒂𝒓𝒕 𝒆𝒗𝒆𝒓𝒚 𝒔𝒘𝒆𝒆𝒕𝒏𝒆𝒔𝒔 𝒅𝒂𝒚 𝒘𝒊𝒕𝒉 𝑩𝒍𝒂𝒄𝒌 𝑺𝒌𝒚 ✨

🏡 Address (1): No. (299), Corner of Maharbandoola Street and 42 Street, Botahtaung Township, Yangon.
🏡 Address (2): No. (C.D), Bo Myat Tun Housing, Corner of MaharBandoola Street and 49th street, Pazuntaung Township, Yangon.

☎️ Contact- 09 760 269 293, 09 760 269 295

# BlackSkyCoffeeandBakery

21/07/2024

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ယနေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် အာဇာနည်နေ့ကို "Black Sky"မိသားစုမှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါတယ် ⭐️


ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှစပြီး ၇ ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ...
20/07/2024

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှစပြီး ၇ ရက်သားသမီးအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း "Black Sky"မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်🙏


Address

No (C. D), Bo Myat Tun Housing, Corner Of Maharbandoola Street And 49th Street, Pazuntaung Township
Yangon
9500

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959760269293

Website

Alerts

Be the first to know and let us send you an email when Black Sky Coffee and Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Black Sky Coffee and Bakery:

Share

Category