Zer Gree-FOOD VLOG

Zer Gree-FOOD VLOG Food is essential for us.
🍝🍜🥗

" လွယ်ကူရိုးရှင်းတဲ့  #ထမင်းပေါင်းချက်နည်း "********************************* ထမင်းပေါင်း *************ကြက်သွန်ဖြူကိုကြိ...
23/12/2023

" လွယ်ကူရိုးရှင်းတဲ့ #ထမင်းပေါင်းချက်နည်း "
*********************************
ထမင်းပေါင်း
*************
ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )

ကြက်သား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )

ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို
ထည့်ကြော်ပေးပါ။

ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့်,ဆား,ငရုတ်ကောင်း လက်တစ်ညှပ်စာ
ထည့်လိုက်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး အသီးအရွက်များ
ကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့ ဟင်းရည်
ဆူပွက်နေချိန်မှာ ပန်းကန်ထဲ အသင့်ခူးထားတဲ့
ထမင်းဖြူပေါ် လောင်းချလိုက်ပါ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။

#ဘိတ်ချဉ်ကတော့
ရှာလကာရည် , အချိုမှုန့်,ငံပြာရည်
ကြက်သွန်ဖြူ, , ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။

ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်ပြုတ်ရည် ထည့်ထားပါ။
အသီးအရွက်များကို လှီးဖြတ်ထားပါ။
ကြက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး
လိုမှထပ်ထည့်ပါ။ အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,
ငရုတ်ပွထည့်ပါတယ်။

Crd

ငါးငပိချက် ရှူးရှူးရှဲရှဲ နဲ့စားလို့အရမ်းကောင်း🤤မင်မင်ကတော့ ဒီနည်းနဲ့ချက်စားတာ အရမ်းကြိုက်သွားလို့ပြန်မျှဝေလိုက်ပီကွယ်😋😋...
23/12/2023

ငါးငပိချက် ရှူးရှူးရှဲရှဲ နဲ့စားလို့အရမ်းကောင်း🤤
မင်မင်ကတော့ ဒီနည်းနဲ့ချက်စားတာ အရမ်းကြိုက်သွားလို့ပြန်မျှဝေလိုက်ပီကွယ်😋😋 အတို့အမြှပ်အစုံနဲ့ဆိုဘာဟင်းမှမလိုတော့ဘူး အဓိကကထမင်းမြိန်ဖို့ဖဲ😊

ရခိုင်တွေဟာ ငပိထောင်းတင်မဟုတ် ငါးပိချက်လည်း ကြိုက်တတ်ကြပါတယ် ..... ရခိုင်ပြည်က အလှူတွေမှာ ငါးခြောက်ဒလှိမ့် (ငါးခြောက်ကို အသားခြွေပြီး ငရုတ်သီးနဲ့ ဆီနဲ့ ပြန်လှိမ့်ထားတာ) ၊ ကြက်သား (သို့) ဝက်သားဟင်း ၊ ချဉ်ဟင်းရည်တစ်မျိုးမျိုး ၊ ဟင်းလှော် (သို့) ဟင်းသုပ် ၊ ငပိချက် နဲ့ တို့စရာစုံတွေ ဖြစ်နေတတ်ပါတယ် ...... ဒါကြောင့် ပွဲဟင်းမို့ဆိုပြီး အီတာတွေ သိပ်မရှိပါဘူး ......

ချက်နည်း ......👩‍🍳👩‍🍳

ငရုတ်သီးစိမ်းကို ပြုတ်ပေးပါ .....

ငါးရွှေကိုလည်း ဂျင်း၊ ဆနွင်းမှုန့်နည်းနည်း ငံပြာရည်နည်းနည်းနဲ့နယ်ပြီး ပြုတ်ထားပေးပါ ......

ငရုတ်သီးကျက်ပြီဆိုရင် ကြက်သွန်ဖြူတစ်တက် ၊ နှစ်တက်လောက် ထည့်ပြီး ထောင်းပေးပါ .....

ငါးရွှေပြုတ်ကျက်ပြီဆို အသားနွှင်ထားပါ ..... ပြုတ်ရည်ကို မပစ်လိုက်ပါနဲ့ ...... ကြက်သွန်နီကို အဝိုင်းလေးတွေ လှီးထားပေးပါ .....

အဆင်သင့်ဖြစ်ကြပြီဆိုရင် ချက်မယ့်အိုးထဲမှာ
ငရုတ်သီးထောင်း၊ အသားနွှင်ထားတဲ့ငါး ၊ ငပိနည်းနည်း
(ငပိကောင်းရင် ဒီအတိုင်းလေးထည့်လို့ရပေမယ့် ငပိသိပ်မကောင်းရင် ရေဖျော်ပြီး အောက်နှစ်ကို ပစ်လိုက်ပါ) ၊

ငါးပြုတ်ရည်ကို ပြန်ထည့်ပေးပါ .....ရေလိုသလောက်လေး ကြည့်ထည့်ပေးပြီး ဆီကိုပါတယ်ဆိုရုံလေး ထည့်ပေးပြီး အိုးဖုံးလေးဖုံး ချက်လိုက်ပါ .....

ရခိုင်မှာ ငရုတ်သီးများများနဲ့ ချက်တတ်ပါတယ် ..... ကျွန်မကတော့ အတူနေတဲ့ မြန်မာအစ်မတွေ အစပ်သိပ်မစားနိုင်လို့ ငရုတ်သီးလျှော့ထည့်ပြီး ငါးကို ပိုသုံးထားပါတယ် .....

ဟင်းအိုးလေး ဆူလာပြီဆိုရင်တော့ အပေါ့အငံမိမိစိတ်ကြိုက်ထည့်ပေးပါ ..... မကျည်းနှစ်ရေဖျော်လေးပါထည့်ပေးပါ ......

ဟုတ်ကဲ့ အနံ့ရော အရသာပါပြည့်စုံတဲ့ ရခိုင်ငါးငပိချက်လေးကို ရပါပြီတဲ့ရှင် .... အတို့အမြှုပ်စုံနဲ့ တို့စားဖို့ အဆင်သင့်ဖြစ်ပါပြီ .............

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........

Crd.ရတနာမိုး

Delicious foods. 🥗🍜🍝😋
22/12/2023

Delicious foods. 🥗🍜🍝😋

😋
21/12/2023

😋

😋😋😋

It looks like I have. 🤗
20/12/2023

It looks like I have. 🤗

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zer Gree-FOOD VLOG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category