14/04/2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ Blue Ocean Investment Limited နှင့် မိုဘိုင်း အော်ပရေတာများ (MPT, Telenor, Ooredoo, Mytel) ပူးပေါင်း၍ COVID-19 နှင့် ပတ်သက်၍ သိရှိလိုသည်များကို အခမဲ့မေးမြန်းနိုင်သော National Call Center ကို 2019 နံပါတ်ဖြင့် (၈-၄-၂၀၂၀) ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။
ယခုပြုလုပ်သော Call Center သည် လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက် ရှိနေပြီး မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားမှုရှိနေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ရောဂါကာကွယ်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ လူနာများ ရှာဖွေကုသခြင်းစသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို ပြည်သူလူထုမှ သိရှိလိုသည်များကို ဆက်သွယ် မေးမြန်းနိုင်စေရေးအတွက် အဓိကရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
COVID-19 Call Center ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက် ဖြင့်၊ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ဦးစီးဆောင်ရွက်ပြီး ဆေးသုတေသနဦးစီးဌာနမှ ဆန္ဒအလျှောက်တာဝန်ယူဆောင်ရွက်သူများနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (MMA)မှ စေတနာ့ဝန်ထမ်းဆရာဝန်များဖြင့် ဧပြီလ (၈) ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် (၈) နာရီမှ ည (၈)နာရီအထိ ဖြေကြားပေးလျက်ရှိပါသည်။
Call Center သည်ပြည်သူလူထုမှ မေးမြန်းမှုများပြားသည်ဖြစ်သည့်အတွက် ပြည်သူလူထု အမေးများနိုင်ပြီးမဖြစ်မနေသိရှိထားရမည့် COVID-19 နှင့်သက်ဆိုင်သော ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များအား စက်မှအလို အလျောက်ဖြေကြားပေးမှာ ဖြစ်ပါသည်။
COVID-19 နှင့်ပတ်သက်ပြီးဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက လိုင်းခွဲ နံပါတ်- ၀ သို့ မေးမြန်းနိုင်မည် ဖြစ်ပြီး မေးမြန်းသူများပြားသည့်အတွက် တစ်ဦးလျှင် အချိန် (၆) မိနစ်ခန့် မေးမြန်းနိုင်မည်ဖြစ်ပါသည်။
“2019” သို့ခေါ်ဆိုပြီး -
• လိုင်းခွဲနံပါတ်-၁ တွင် ရောဂါလက္ခဏာများအကြောင်း၊
• လိုင်းခွဲနံပါတ်-၂ တွင် ကူးစက်နိုင်သောနည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၃ တွင် ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း၊
• လိုင်းခွဲနံပါတ်- ၄ တွင် အသွားအလာကန့်သတ်ခြင်း အကြောင်း၊
• လိုင်းခွဲနံပါတ်- ၅ တွင် နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာ အရေအတွက် အကြောင်းတို့အား လိုင်းခွဲနံပါတ် (၅) ခုဖြင့် အလိုအလျောက်စနစ်ဖြင့်ဖြေကြားပေးနေပါသည်။
Auto-converted: က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသနဦးစီးဌာန၊ ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ Blue Ocean Investment Limited ႏွင့္ မိုဘိုင္း ေအာ္ပေရတာမ်ား (MPT, Telenor, Ooredoo, Mytel) ပူးေပါင္း၍ COVID-19 ႏွင့္ ပတ္သက္၍ သိရိွလိုသည္မ်ားကို အခမဲ့ေမးျမန္းႏိုင္ေသာ National Call Center ကို 2019 နံပါတ္ျဖင့္ (၈-၄-၂၀၂၀) ရက္ေန့ မွ စတင္ဖြင့္လွစ္လိုက္ၿပီ ျဖစ္ပါသည္။
ယခုျပဳလုပ္ေသာ Call Center သည္ လက္ရိွ ကမ႓ာတစ္ဝွမ္းတြင္ ျဖစ္ပြားလ်ွက္ ရိွေနၿပီး ျမန္မာႏိုင္ငံတြင္လည္း ျဖစ္ပြားမႈရိွေနေသာ ကမ႓ာ့ကပ္ေရာဂါ COVID-19 ျဖစ္ပြားမႈ၊ ေရာဂါေစာင့္ၾကပ္ၾကၫ့္ရႈျခင္း၊ ကာကြယ္ထိန္းခ်ဳပ္ျခင္း၊ ေရာဂါကာကြယ္ရန္ က်န္းမာေရးအသိပညာေပးႏိႈးေဆာ္ျခင္း၊ လူနာမ်ား ရွာေဖြကုသျခင္းစသၫ့္ လုပ္ငန္းစဉ္မ်ားႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ားကို ျပည္သူလူထုမွ သိရိွလိုသည္မ်ားကို ဆက္သြယ္ ေမးျမန္းႏိုင္ေစေရးအတြက္ အဓိကရည္ရြယ္ ေဆာင္ရြက္ျခင္းျဖစ္ပါသည္။
COVID-19 Call Center ကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ ျဖင့္၊ ေဆးသုေတသနဦးစီးဌာန (ရန္ကုန္) ဦးစီးေဆာင္ရြက္ၿပီး ေဆးသုေတသနဦးစီးဌာနမွ ဆႏၵအေလ်ွာက္တာဝန္ယူေဆာင္ရြက္သူမ်ားႏွင့္ ျမန္မာႏိုင္ငံဆရာဝန္အသင္း (MMA)မွ ေစတနာ့ဝန္ထမ္းဆရာဝန္မ်ားျဖင့္ ဧၿပီလ (၈) ရက္ေန့မွ စတင္ကာ ေန့စဉ္ နံနက္ (၈) နာရီမွ ည (၈)နာရီအထိ ေျဖၾကားေပးလ်က္ရိွပါသည္။
Call Center သည္ျပည္သူလူထုမွ ေမးျမန္းမႈမ်ားျပားသည္ျဖစ္သၫ့္အတြက္ ျပည္သူလူထု အေမးမ်ားႏိုင္ၿပီးမျဖစ္မေနသိရိွထားရမၫ့္ COVID-19 ႏွင့္သက္ဆိုင္ေသာ က်န္းမာေရး အသိပညာေပး သတင္းအခ်က္အလက္မ်ားအား စက္မွအလို အေလ်ာက္ေျဖၾကားေပးမွာ ျဖစ္ပါသည္။
COVID-19 ႏွင့္ပတ္သက္ၿပီးဆရာဝန္မ်ားႏွင့္ တိုက္ရိုက္ေဆြးေနြးလိုပါက လိုင္းခြဲ နံပါတ္- ၀ သို႔ ေမးျမန္းႏိုင္မည္ ျဖစ္ၿပီး ေမးျမန္းသူမ်ားျပားသၫ့္အတြက္ တစ္ဦးလ်ွင္ အခ်ိန္ (၆) မိနစ္ခန႔္ ေမးျမန္းႏိုင္မည္ျဖစ္ပါသည္။
“2019” သို႔ေခၚဆိုၿပီး -
• လိုင္းခြဲနံပါတ္-၁ တြင္ ေရာဂါလကၡဏာမ်ားအေၾကာင္း၊
• လိုင္းခြဲနံပါတ္-၂ တြင္ ကူးစက္ႏိုင္ေသာနည္းလမ္းမ်ားအေၾကာင္း၊
• လိုင္းခြဲနံပါတ္- ၃ တြင္ ကာကြယ္ႏိုင္ေသာ နည္းလမ္းမ်ားအေၾကာင္း၊
• လိုင္းခြဲနံပါတ္- ၄ တြင္ အသြားအလာကန႔္သတ္ျခင္း အေၾကာင္း၊
• လိုင္းခြဲနံပါတ္- ၅ တြင္ ေနာက္ဆံုးရ COVID-19 ပိုးေတြ့လူနာ အေရအတြက္ အေၾကာင္းတို႔အား လိုင္းခြဲနံပါတ္ (၅) ခုျဖင့္ အလိုအေလ်ာက္စနစ္ျဖင့္ေျဖၾကားေပးေနပါသည္။