19/09/2026
"မိုးရွာထဲ ရွှေတောင်ကြားအထိ လာရတာ တန်စေမယ့် မီနူး"🌿
မိုးသည်းသည်းထဲ လမ်းမတွေပေါ် ကားပိတ်၊ ရေလျှံနေတဲ့ကြားက ရွှေတောင်ကြားအထိ သီးသန့် လာရတာ တန်သွားစေမယ့် လျှို့ဝှက်ချက်တစ်ခု Loi Sam Sipမှာ ရှိပါတယ်ခ။
အဲဒါကတော့ ရှမ်းပုံစား ထမင်းဝိုင်းတိုင်းမှာ မပါမဖြစ်ပါတတ်ပြီး ရှမ်းမြောက်ဒေသမှာ "အစိမ်းကြော်" လို့ ခေါ်ကြတဲ့ ရိုးရာ အသီးအရွက်စုံကြော် လေးပါပဲခ။
အသီးအရွက်ကြော်ဆိုတာ ရိုးရိုးရှင်းရှင်းလေးလို့ ထင်ရပေမဲ့ လွယ်ဆမ်ဆစ်ရဲ့ အစိမ်းကြော်ကတော့ ပါဝင်ပစ္စည်း ရွေးချယ်မှုကအစ ကြော်လှော်ချက်ပြုတ်ပုံအထိ စေတနာလေး အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်ခ။
🥬 ပါဝင်ပစ္စည်း (၁၄) မျိုးအထိ စုံလင်လှတဲ့ ရှမ်းမြောက် အစိမ်းကြော်
တစ်ဇွန်း ခပ်လိုက်တာနဲ့ ရောင်စုံအသီးအရွက်တွေရဲ့ လတ်ဆတ်ဆတ် အရသာနဲ့ စိမ့်ဝင်နူးအိမှုကို တပြိုင်တည်း ခံစားရစေဖို့အတွက်—
* သဘာဝ လတ်ဆတ် အသီးအရွက်များ:
ပန်းပွင့်၊ ဥနီ၊ ရွှေပဲသီး၊ မုန်ညှင်းဖြူ၊ ဆူကာရွက်၊ကိုက်လန်၊ပဲပင်ပေါက်၊ထိုင်ဝမ်မုန်ညှင်းနဲ့ ရှမ်းခရမ်းချဉ်သီး။
* အာဟာရပြည့်စေသောရွေးချယ်မှုများ:
ပဲပြား၊ ကြွက်နားရွက်မှို၊ ငွေနှင်းမှို၊ ပဲလိပ်ခြောက်၊ နှစ်တစ်ရာသီး။
🔥 မီးအချိန်အဆနဲ့ စိတ်ရှည်လက်ရှည် ကြော်လှော်ရတဲ့ လျှို့ဝှက်ချက်
အသီးအရွက်စုံကြော် ရောကြော်ရုံနဲ့ ဒီအရသာမျိုး မရနိုင်ပါဘူး။ အသီးအရွက်တစ်ခုစီရဲ့ နူးအိမှု စည်းချက်မတူတာကြောင့် မီးအပူချိန် အချိန်အဆကို စနစ်တကျ ထိန်းပြီး စိတ်ရှည်လက်ရှည် ကြော်လှော်ပေးရတာပါ။
ဒါမှလည်း အသီးအရွက်တွေရဲ့ မူလသဘာဝ ချိုမြိန်မှုနဲ့ နူးအိကြွပ်ဆတ်မှု ကွက်တိကျပြီး ခံတွင်းထဲမှာ အရသာစိမ့်ဝင်ကာ မြိန်ရှက်သွားစေတာ ဖြစ်ပါတယ်ခ။
"အပြင်မှာ မိုးတွေ ဘယ်လောက်ရွာရွာ... ရွှေတောင်ကြားက Loi Sam Sipမှာ စိတ်ရှည်လက်ရှည် ကြော်ထားတဲ့ အစိမ်းကြော် ပူပူနွေးနွေးလေးနဲ့ ရှမ်းမြောက်ခံတွင်းမြိန်စေမဲ့ဟင်းတွေကို သုံးဆောင်လိုက်ရင်တော့ ရောက်လာရတဲ့ ခရီးစဉ်တစ်ခုလုံး ရင်ထဲအထိ တန်သွားစေမှာပါခ။”
ဒီနေ့ပဲ မိုးရွာထဲ ခံတွင်းရှင်းရှင်းနဲ့ အာဟာရပြည့်ဝစေမယ့် ရှမ်းမြောက် အစိမ်းကြော်လေး သုံးဆောင်ဖို့ Loi Sam Sipရဲ့ ရှမ်းပုံစား ထမင်းဝိုင်းဆီ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။ 🌿✨
Loi Sam Sip - နွေးထွေးသော ရှမ်းရိုးရာ အရသာ ဆုံစည်းရာ
📌 ဆိုင်ဖွင့်ချိန် - နံနက် ၇:၀၀ နာရီ မှ နေ့ခင်း ၄:၀၀ နာရီ အထိ။
📍 လိပ်စာ - အမှတ် ၃၆( A )၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📍Google Map: https://maps.app.goo.gl/a3D6W3mWjpf98wbg9?g_st=ic
☎️ ဆိုင်ဖုန်း : 09 980 600 390
#လွယ်ဆမ်ဆစ် #ရှမ်းပုံစား #အသီးအရွက်စုံကြော် #အစိမ်းကြော်