Rio Grande Coffee

Rio Grande Coffee happy morning happy coffee

10/06/2026

Boke and bee Coffee cupping

10/06/2026

Coffee Brewing & Sensory Course

ကော်ဖီစေ့အစိမ်း၏ အရည်အသွေးအကဲဖြတ်ပုံများကို SCA (Specialty Coffee Association) မှပြဌာန်း ထားသော စည်းမျဥ်း၊ စည်းကမ်းချက်များအတိုင်း သိရှိနားလည်ရန် လိုအပ်သူများ၊ ကော်ဖီစက်မပါ၀င်ပဲ Speciality coffee များကို Hand drip ဖျော်စပ်နည်းဖြင့် ကျွမ်းကျင်စွာဖျော်စပ်တတ်ရန် လိုအပ်သူများ အတွက်…
သင်ကြားမည့်အကြောင်းအရာများ
အခန်း (၁)
ကော်ဖီသမိုင်းကြောင်း၊ ကော်ဖီနှင့်သက်ဆိုင်သောဗဟုသုတများနှင့်ကော်ဖီလှိုင်းများအဆင့်ဆင့်ပြောင်းလဲပုံ
(Coffee history, general knowledge & wave of coffee)
အခန်း(၂)
ကော်ဖီပင်၊ ကော်ဖီချယ်ရီသီး၏ခန္ဒာဗေဒတည်ဆောက်ပုံ (Coffee plant & the anatomy of a coffee cherry)
အခန်း(၃) ကော်ဖီစေ့အစိမ်းထုတ်လုပ်သောနည်းစနစ်များ (Green coffee processing)
· အလုံးလိုက်အခြောက်ခံထုတ်လုပ်ခြင်း (Dried natural process)
· ရေဆေးထုတ်လုပ်ခြင်း (Washed Process)
· အခွံချွတ်နေလှန်းခြင်း (Honey Process)

အခန်း(၄) ကော်ဖီစေ့အစိမ်းတွင်အပြစ်အနာအဆာရှာဖွေခြင်း (Green coffee defect theory & practice)
အခန်း(၅) ကော်ဖီစေ့များကိုထိန်းသိမ်းသိုလှောင်ခြင်း (Green coffee storage)
အခန်း(၆) အထက်ပါထုတ်လုပ်နည်းများကို မြည်းစမ်းခြင်း (Processing cupping)
အခန်း(၇) အနံ့အာရုံခံပုလင်းများအသုံးပြုခြင်း(Coffee Language (or) Olfactory 4 types)
အခန်း(၈) SCA Flavor wheel အကြောင်းနားလည်စေခြင်း (Understanding of SCA Flavor wheel)
အခန်း(၉) ကော်ဖီနှင့်သူ၏ Acid များအကြောင်း (Acids of coffee)
အခန်း(၁၀) ကော်ဖီမြည်းစမ်းခြင်းဆိုင်ရာအချက်အလက်များ၊ အချက်အလက်ဖြည့်စွက်သော စာရွက်အကြောင်းနှင့် အမှတ်ပေးစည်းမျဥ်းများ (Coffee Cupping, Protocol and Cupping Form)
အခန်း(၁၁) ကော်ဖီစက်မပါ၀င်သော ကော်ဖီဖျော်စပ်မှု (Hand Brewing)
အခန်း(၁၂) ရေ၏အရည်အသွေးကိုလေ့လာခြင်း (Water Quality)
အခန်း(၁၃) ရေ၏အပူချိန်ကိုကွာခြားချက်ကိုလေ့လာခြင်း (Water temperature control)
အခန်း(၁၄) ကော်ဖီနှင့်ရေထိတွေ့ခြင်း၊ ရေလှုပ်ခတ်မှုအရှိန်အကြောင်းလေ့လာခြင်း (Turbulence & agitation in Brewing)
အခန်း(၁၅) ကော်ဖီစေ့ကြိတ်ခွဲခြင်းနှင့် ကြိတ်ခွဲစက်အကြောင်း (Grinding of Coffee Bean & grinder)
အခန်း(၁၆) ကော်ဖီအမှုန့်အရွယ်ပမာဏပြောင်းလဲခြင်း၏ရလာဒ်များအကြောင်း (Grind Size Effect on Coffee)
အခန်း(၁၇) ကော်ဖီအမှုန်လေးများရေတွင်ပျော်၀င်နိုင်မှုအားတွက်ချက်ခြင်း (TDS calculate extraction)

Trainer: U Maung Maung Min Zin
🔸️Q Arabica Grader (CQI)
🔹️Q Processing Professional (CQI)
🔸️Chairman of Yangon Cluster
(Myanmar Coffee Association)
🔹️Cupping Competition Judge
(Myanmar Coffee Association)
🔸️Founder (Rio Grande Coffee Roaster & Flavour Specialty Coffee)

မှတ်ချက်
* သင်တန်းပြီးဆုံးလျှင်စာတွေ့လက်တွေ့ စာမေးပွဲဖြေဆိုပြီးမှသာ သင်တန်းအောင်လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။
* သင်တန်းပြီးသွားလည်း သိလိုသည်များကို Ph viber messenger များမှ ဆက်လက် မေးမြန်း လို့ရပါတယ်။ဒါကတော့ သင်တန်းမတက်လဲ မေးရင် ပြန်ဖြေပေးနေပါတယ်။
* သင်တန်းသားဦးရေကန့်သတ်ထားတာကြောင့်သင်တန်းကြေးကြိုသွင်းထားသူကို ဦးစားပေးသွားမှာဖြစ်တာမို့ လက်ငင်းငွေသား(သို့မဟုတ်) banking စနစ်ဖြင့်လည်း ကြိုတင်ငွေလက်ခံပါတယ်ရှင့်။

For schedule
📆 19-21 June 2026 (Fri-Sun)
⏰ 10:00 to 05:00 pm

Enroll :
🏠Flavour Specialty Coffee
အမှတ်၁၁၇၊ ၃၈လမ်း၊ မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား၊ ကျောက်တံတားမြို့နယ်။
(မဟာဗန္ဓုလလမ်းရဲ့ ပန်းဆိုးတန်းမှတ်တိုင်အနီး)

No.117, 38 St(Lower block), Kyauktada Tsp, Between Maharbandula and Konthae Road, Yangon.
Ph: 09250848637, 09-43093313
Email: [email protected]

🔎google map
https://maps.app.goo.gl/HJETVu87KPFvVkP67?g_st=com.google.maps.preview.copy

10/06/2026

Coffee-to-Water Ratio (အချိုးအစား ပုံသေနည်း)
> 🧪 **Golden Ratio: ကော်ဖီအရသာ ဘာလို့ အမြဲတမ်း တည်ငြိမ်နေရသလဲ?**
> ဆိုင်မှာ သောက်သောက်၊ အိမ်မှာပဲ ဖျော်ဖျော် ကော်ဖီအရသာ အမြဲတမ်း တည်ငြိမ်ပြီး ကောင်းမွန်နေဖို့အတွက် **Coffee-to-Water Ratio (Brew Ratio)** ကို သုံးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ Professional လောကမှာတော့ ဇွန်းတွေနဲ့ ခန့်မှန်းပြီး မတိုင်းဘဲ ဂရမ် (Gram) စကေးနဲ့ တိတိကျကျ တိုင်းတာပါတယ်။
> * **Filter Coffee (Pour Over) အတွက်:** အသုံးများတဲ့ အချိုးက 1:15 ကနေ 1:17 ဖြစ်ပါတယ်။ (ဥပမာ - ကော်ဖီမှုန့် ၁၅ ဂရမ် ဆိုရင် ရေနွေး ၂၂၅ ဂရမ် ကနေ ၂၅၀ ဂရမ် အထိ သုံးပြီး ဖျော်တာမျိုးပါ)

ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

**Coffee Grind Size**> 📐 **Grind Size (အနုအကြမ်း) က ကော်ဖီအရသာကို ပြောင်းလဲစေတယ်**> ကော်ဖီမှုန့်က အရမ်းနုလွန်းရင် Over-e...
09/06/2026

**Coffee Grind Size**
> 📐 **Grind Size (အနုအကြမ်း) က ကော်ဖီအရသာကို ပြောင်းလဲစေတယ်**
> ကော်ဖီမှုန့်က အရမ်းနုလွန်းရင် Over-extraction ဖြစ်ပြီး ခါးသက်သက်ကြီး ဖြစ်သွားတတ်ပါတယ်။ အရမ်းကြမ်းပြန်ရင်လည်း Under-extraction ဖြစ်ပြီး အရသာပေါ့ပျက်ပျက်နဲ့ ချဉ်စုတ်စုတ် ဖြစ်သွားတတ်ပါတယ်။ ကိုယ်သုံးမယ့် Brewing Method (V60, French Press, Espresso) အလိုက် မှုန့်ညက်မှုကို မှန်ကန်အောင် ချိန်ညှိဖို့ လိုအပ်ပါတယ်။

ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

**Storage Tips**> 🫙 **ကော်ဖီစေ့တွေကို လတ်ဆတ်အောင် ဘယ်လိုသိမ်းမလဲ?**> ကော်ဖီစေ့ရဲ့ ရန်သူ ၄ ယောက်ကတော့ **အလင်းရောင်၊ အောက်...
09/06/2026

**Storage Tips**
> 🫙 **ကော်ဖီစေ့တွေကို လတ်ဆတ်အောင် ဘယ်လိုသိမ်းမလဲ?**
> ကော်ဖီစေ့ရဲ့ ရန်သူ ၄ ယောက်ကတော့ **အလင်းရောင်၊ အောက်ဆီဂျင်၊ အပူချိန်နဲ့ စိုထိုင်းဆ** တို့ ဖြစ်ပါတယ်။ ကော်ဖီစေ့တွေကို ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ လေလုံပြီး အလင်းမဝင်တဲ့ ဘူး သို့မဟုတ် အိတ်ထဲထည့်ကာ နေရောင်ခြည်နဲ့ ဝေးတဲ့ အေးမြခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းပါ။

ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

Professional Coffee Making Tips (ကော်ဖီဖျော်စပ်မှုဆိုင်ရာ အကြံပြုချက်များ)Water Quality**> 💧 **ကော်ဖီအရသာ ကောင်းဖို့ ရေက...
08/06/2026

Professional Coffee Making Tips (ကော်ဖီဖျော်စပ်မှုဆိုင်ရာ အကြံပြုချက်များ)
Water Quality**
> 💧 **ကော်ဖီအရသာ ကောင်းဖို့ ရေက ဘယ်လောက်အရေးကြီးလဲ?**
> ကော်ဖီတစ်ခွက်ရဲ့ ၉၈% ကျော်က ရေ ဖြစ်ပါတယ်။ ဒါကြောင့် အနည်များတဲ့နေရာကလာတဲ့ ရေ သို့မဟုတ် သတ္တုဓာတ် (Minerals) များလွန်းတဲ့ ရေနဲ့ ဖျော်ရင် ကော်ဖီရဲ့ စစ်မှန်တဲ့ အရသာကို ပျက်စီးစေနိုင်ပါတယ်။ ကော်ဖီဖျော်ဖို့ အကောင်းဆုံးက အနံ့အသက်ကင်းပြီး သန့်စင်တဲ့ Filter စစ်ထားတဲ့ ရေ သို့မဟုတ် သောက်ရေသန့် ဖြစ်ပါတယ်။

ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

🌿 **Weekend Is For Coffee**> ပင်ပန်းခဲ့သမျှ တစ်ပတ်စာ စိတ်ဖိစီးမှုတွေကို စနေ၊ တနင်္ဂနွေမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ ...
06/06/2026

🌿 **Weekend Is For Coffee**
> ပင်ပန်းခဲ့သမျှ တစ်ပတ်စာ စိတ်ဖိစီးမှုတွေကို စနေ၊ တနင်္ဂနွေမှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ ဖြေဖျောက်လိုက်ပါ။ Happy Weekend ပါ အားလုံးပဲ။ 🥰

ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

🌟 **Specialty Coffee ဆိုတာ ဘာလဲ?**> ခြံထဲက ကော်ဖီအသီး ဆွတ်ခူးတာကနေ ခွက်ထဲက ကော်ဖီအရည် ဖြစ်လာတဲ့အထိ Process အဆင့်ဆင့်ကို ...
05/06/2026

🌟 **Specialty Coffee ဆိုတာ ဘာလဲ?**
> ခြံထဲက ကော်ဖီအသီး ဆွတ်ခူးတာကနေ ခွက်ထဲက ကော်ဖီအရည် ဖြစ်လာတဲ့အထိ Process အဆင့်ဆင့်ကို သေချာ ဂရုတစိုက် ထုတ်လုပ်ထားပြီး Specialty Coffee Association (SCA) သို့မဟုတ် CQI ရဲ့ Cup Score ၈၀ မှတ်နဲ့အထက် ရရှိတဲ့ အဆင့်မြင့် ကော်ဖီစေ့တွေကို ခေါ်တာ ဖြစ်ပါတယ်။ အရသာ ကွဲပြားဆန်းသစ်မှုကတော့ သာမန်ကော်ဖီတွေနဲ့ ယှဥ်ရင် အင်မတန် ထူးခြားပါတယ်။
PS : နောက်ပိုင်း Cupping ပုံစံများပြောင်းလဲမှုရှိပါသည်။
ကော်ဖီသင်တန်း
flavour specialty coffee
#ကော်ဖီစေ့



No117,38Th Street
Between Mahar Bandula and Marchant Road
Kyauk Ta Dar township
Yangon
ph;09250848637
Ph;0943093313

Address

No. 117, 38th Street, Between Maharbandula & Kone Thae Road, Kyauktada Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959250848637

Website

Alerts

Be the first to know and let us send you an email when Rio Grande Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rio Grande Coffee:

Share

Category