Zabu Tun

Zabu Tun SALE DRIVE MARKET

12/01/2026

'' မွေခံထိုက်စေ...''

အ​မေဆုံးတော့ ကျွန်တော်အနားမှာ မရှိပါဘူး။ ဒါပေမယ့် ​အမေ့ရဲ့ ဈာပနကို ဒေါ်လာ ၃,၀၀၀ တန် ဝတ်စုံအပြည့်နဲ့ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။

ဇိမ်ခံကားအနက်ကြီးကို စီးပြီး ကျွန်တော် ရုန်းထွက်လာခဲ့တဲ့၊ အိမ်ဟောင်းလေးဆီကို ရောက်လာခဲ့တာပါ။

မျက်ရည်တစ်စက်မှ မကျသေးတဲ့ မျက်လုံးတွေကို ဖုံးကွယ်ဖို့.....အမဲ​ရောင် တန်ဖိုးကြီးမျက်မှန်ကို တပ်ထားပါတယ်။

​ကျွန်တော့်ကိုယ်ကျွန်တော် "သူရဲကောင်း"၊ "မိသားစုကို ကယ်တင်တဲ့သူ"၊ "အောင်မြင်နေတဲ့ဘဝကို တည်ဆောက်နိုင်တဲ့သူ" လို့ ခံယူထားခဲ့တာပါ။

​လွန်ခဲ့တဲ့၁၅ နှစ်လုံးလုံး ချီကာဂိုမှာ နေထိုင်ပြီး၊ အပြောင်းအရွှေ့ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာပါ။

အောင်မြင်မှုလည်း အတော်အသင့်ရနေပါပြီ။ မြို့ငယ်လေးကနေ ထွက်လာကတည်းက အမေနဲ့အတူ ကျန်ခဲ့တဲ့ ညီဖြစ်သူ ''ဒေးဗစ်'' - David ဆီကို တစ်လ ဒေါ်လာ ၂,၀၀၀ ပုံမှန် ပို့ပေးခဲ့ပါတယ်။

" ​ငါ့ကြောင့် သူတို့ အိမ်သုံးစရိတ်တွေ ပူစရာမလိုတာ'' ၊ ''ငါ့ငွေတွေကြောင့် အမေလည်း အစားကောင်းတွေ စားရတာ'' ဆိုပြီး ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို "သားအလိမ္မာလေး" တစ်ယောက်လို့ ယုံကြည်နေခဲ့မိပါတယ်။

​ဈာပနပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ၊ ကျွန်တော့်ရဲ့ ညီဖြစ်သူကို အပြစ်ရှာတာတွေ စလာပါတော့တယ်။

ဒါကလည်း အိမ်ကနေထွက်သွားခဲ့တဲ့သူတွေ၊ အိမ်ပြန်ရောက်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်တစ်ခုပါပဲ။

ကိုယ်ထွက်လာခဲ့ရတဲ့ ကြမ်းတမ်းတဲ့ ဘဝ၊ အခြေအနေတွေကို သတိမရတော့ဘဲ၊ အခုမှ အလည်ရောက်လာတဲ့ လူတစ်ယောက်လို ဝေဖန်သုံးသပ်တဲ့ မျက်လုံးတွေနဲ့ အိမ်ကို ပြန်ကြည့်တတ်ကြတာပါ။

​"ဒေးဗစ်...'' မီးဖိုချောင်တံခါးပေါက်ကနေ အပြင်ကိုကြည့်ရင်း ကျွန်တော် ပြောလိုက်ပါတယ်။

" ခြံထဲမှာ ဘာလို့ ဒီလောက် ရှုပ်ပွနေတာလဲ ? မြက်တွေလည်း ခြောက်ကပ်နေတာပဲ။နွေရာသီတုန်းက ခြံပြင်ဖို့ အတွက် ငါပိုက်ဆံသပ်သပ် ပို့ပေးထားတယ် မလား...'' လို့ ကျွန်တော် ပြောလိုက်ပါတယ်။

​လူသွားလမ်းအနီးက အိမ်ရဲ့ နံရံကို လက်နဲ့ပွတ်ကြည့်လိုက်ရင်း.....

"ဆေးတွေလည်း ကွာကျနေပြီ။ လူခေါ်ပြီး ပြင်ခိုင်းပါလို့ ငါပြောထားတာ လပေါင်းတော်တော်ကြာနေပြီ။ ဘာမှလည်း ပြင်မထားဘူး။ ငါပို့လိုက်တဲ့ ပိုက်ဆံတွေ မင်း ဘာလုပ်ပစ်လိုက်လဲ...? "

​ပြီးတော့ အပြင်းထန်ဆုံးစကားကို ကျွန်တော် ပြောလိုက်မိလိုက်တယ်။

" အမေက ဆုံးတော့ ဘာလို့ ဒီလောက် ပိန်နေတာလဲ? အရိုးနဲ့ အရေပဲ ကျန်တော့တယ်။ ငါ အော်ဒါတင်ပေးထားတဲ့ စျေးကြီးတဲ့ အားဆေးတွေ မင်းဝယ်ရဲ့လား? ""

ဒေးဗစ်က စကားတစ်ခွန်းမှ ​ပြန်မပြောပါဘူး။ သူဟာ ခြစ်ရာတွေအမြောက်အများဖြစ်နေတဲ့ မီးဖိုချောင်ရဲ့စားပွဲဟောင်းမှာ ထိုင်နေပါတယ်။ သူဝတ်ထားတဲ့အင်္ကျီက သူ့ထက် နှစ်ဆိုဒ်လောက်ကြီးနေပြီး ကျွန်တော် ဝတ်ထားတဲ့ အဝတ်အစားနဲ့ ယှဥ်မယ်ဆို တော်တော် ဟောင်းနွမ်းနေပါပြီ။

သူ့မျက်လုံးအောက်မှာ ညိုမည်းနေတဲ့ အကွင်းကြီးတွေ ရှိနေပြီး လက်ဆစ်တွေကလည်း ရောင်ကိုင်းနေပါတယ်။

သူက ကျွန်တော့်ထက် ၃ နှစ်ငယ်ပေမဲ့ အခုချိန်မှာ ကျွန်တော့်ထက် ၁၀ နှစ်လောက် ပိုပြီး အသက်ကြီးပုံပေါက်နေပါတယ်။

​ကျွန်တော်က ပြောစရာရှိတဲ့စကားတွေ စပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူနဲ့မျက်နာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ စကားကို ပိုမိုပေါ်လွင်စေဖို့ အသံကို သတိထားပြောပါတယ်။

"ဒေးဗစ်ရေ...မိသားစုပိုင်ပစ္စည်း​တွေကိစ္စကို စကားပြောရအောင်။ အခု အိမ်ခြံမြေဈေးက ကောင်းနေတယ်။ အိမ်ကို မြန်မြန်ရောင်းပစ်တာက အကောင်းဆုံးလမ်းလို့ထင်တယ်။ 'လက်ရှိအတိုင်း' ရောင်းလိုက်ရင် ရတယ်။ ငါ့အတွက်တော့ ငွေမလိုဘူးဆိုတာ မင်းသိပါတယ်။ ဒါကြောင့် ၆၀-၄၀ ခွဲလိုက်မယ်။ မင်းက အိမ်မှာ နေပေးခဲ့တာ ဆိုတော့ မင်းဘက်က ပိုယူသင့်တယ်"

ကျွန်တော်က သဘောထားကြီးတတ်တဲ့ လူကြီးတစ်ယောက်လို ပြုံးပြလိုက်တယ်။ ကျွန်တော့်ရဲ့ ရက်ရောမှုကို သူ ကျေးဇူးတင်လိမ့်မယ်လို့ မျှော်လင့်နေမိတယ်။

​ဒေးဗစ်က ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်တယ်။ သူ့မျက်လုံးတွေမှာ ရီဝေနေပါတယ်။ အလင်းစူးစူးကို ရှောင်နေသလိုပါပဲ။

သူက လေးလံထိုင်းမှိုင်းနေပြီး အဘိုးကြီးတစ်ယောက်လို တုန်တုန်ချိချိနဲ့ ထသွားပါတယ်။ အမှိုက်တွေထည့်တဲ့ အံဆွဲထဲက စာအုပ်အစုတ်လေးတစ်အုပ် ထုတ်လာပါတယ်။

​အဲဒီစာအုပ်ကို ကျွန်တော်တို့နှစ်ယောက်ကြားက စားပွဲပေါ် ပစ်တင်လိုက်တယ်။
"ဖတ်ကြည့်လိုက်" လို့ သူ တိုးတိုးလေး ပြောပါတယ်။

ကျွန်တော် စာအုပ်ကို ဖွင့်ကြည့်လိုက်ပါတယ်။ ​အဲဒီစာအုပ်က အမေ့ကို ပြုစုခဲ့တဲ့ မှတ်တမ်းစာအုပ် ဖြစ်နေပါတယ်။

​အောက်တိုဘာ ( ၁၂ )။
အမေ ဒီညလည်း မအိပ်ပြန်ဘူး။ ၆ နာရီဆက်တိုက် အော်ဟစ်နေပြီး မိုက်ကယ် လို့ပဲ ခေါ်နေတယ်။ ငါကို သူ မသိတော့ဘူး။ ဒီည အမေ့အဝတ်အစားနဲ့ အိပ်ရာခင်းတွေကို ၅ ကြိမ်လဲပေးခဲ့ရတယ်။ အမေ့ကို ရေချိုးပေးဖို့ ကြိုးစားတော့ ငါ့လက်ကို အမေ ကိုက်လိုက်တယ်။ သွေးတွေ ထွက်နေပေမဲ့ အမေ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ဆေးခန်းသွားလို့ မဖြစ်ဘူး။

​နိုဝင်ဘာ ( ၃ )။
မိုက်ကယ် ပို့ပေးတဲ့ ပိုက်ဆံက အိမ်လခအတွက် လောက်ပေမဲ့ အမေ့သောက်မယ့် နှလုံးဆေးအသစ်အတွက် မလောက်ဘူး။ အာမခံကလည်း ငွေထုတ်မပေးပြန်ဘူး။ ဆေးဖိုးပေးဖို့ ငါ့ကားကို ဒီနေ့ ရောင်းလိုက်ရပြီ။ ဒီနေ့ကစပြီး ဈေးကို လမ်းလျှောက်သွားရတော့မယ်။

​ဒီဇင်ဘာ ၂၅ (ခရစ္စမတ်)။
အမေက... တစ်နေကုန် ငိုနေတော့တာပါပဲ။ သူ့ရဲ့ "အောင်မြင်နေတဲ့ သားကြီး" က ည ၈ နာရီအထိ ဖုန်းမဆက်လို့တဲ့။ အမေက သတိတွေ လွတ်နေပါပြီ။ အမေ စွပ်ပြုတ်လေး နည်းနည်းသောက်အောင် မိုက်ကယ် အရင်က ပို့ထားတဲ့ ''အသံဖိုင်'' လေးကို အထပ်ထပ် ဖွင့်ပြခဲ့ရတယ်။ အမေ ကြောက်မနေအောင် အမေ့ကုတင်ဘေးက ကြမ်းပြင်မှာပဲ ပေါင်မုန့်တစ်ချပ် ထိုင်စားခဲ့ရတယ်။

​ဇန်နဝါရီ ( ၁၅ )။
အမေ့ကို ရေချိုးကန်ထဲကနေ မတာ၊ ခါးနေရာက... အာရုံကြော ညှပ်သွားတယ်။ ဆရာဝန်က ခွဲစိတ်ဖို့ ပြောပေမဲ့ ငါ အချိန်မပေးနိုင်ဘူး။ ငါ မရှိရင် အမေ့ကို ဘယ်သူ ကြည့်မှာလဲ? အကိုက်အခဲပျောက်ဆေး သောက်ပြီးပဲ အမေ့အလုပ်တွေ ဆက်လုပ်နေရတယ်။

​ကျွန်တော် စာအုပ်ကို ပိတ်လိုက်တယ်။ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့သလို ခံစားရပြီး တံတွေးတောင် မျိုချလို့ မရတော့ပါဘူး။

​ဒေးဗစ်က ကျွန်တော့်ကို မျက်လုံးခြင်း စုံကြည့်ပြီး ပြောပါတယ်။

"မိုက်ကယ်၊ မင်းက တစ်လ ဒေါ်လာ ၂၀၀၀ ပို့ပေးခဲ့တယ်။ အဲဒါကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းက ပိုက်ဆံပို့နေတဲ့အချိန်မှာ တစ်ညကို ရှစ်နာရီ​ပြည့်​အောင် အိပ်နေခဲ့ရတယ်။"

​သူရဲ့တုန်ရင်နေတဲ့ လက်ညှိုးနဲ့ ကျွန်တော့်ကိုထိုးပြီး ဆက်ပြောပါတယ်။

​"မင်းမှာ ပိတ်ရက်တွေ ရှိတယ်၊ ဥရောပကို ခရီးသွားနိုင်ခဲ့တယ်၊ အပေါင်းအသင်းတွေနဲ့ ပျော်နိုင်ခဲ့တယ်။ မင်းမှာ ကိုယ်ပိုင်ဘဝ ရှိခဲ့တယ်"

​သူက သူ့ရင်ဘတ်ကို သူ့လက်နဲ့ပုတ်ပြီး...

​"ငါကတော့ လွန်ခဲ့တဲ့ ၄ နှစ်လုံးလုံး တစ်ညမှ ပြည့်ပြည့်ဝဝ မအိပ်ခဲ့ရဘူး။ အိမ်ကနေ ဘယ်မှထွက်မသွားနိုင်တဲ့အတွက် လက်ထပ်ဖို့ စေ့စပ်ထားတဲ့ မိန်းကလေးနဲ့ လမ်းခွဲခဲ့ရတယ်။ အမေ့ကို ဂေဟာ မပို့ချင်လို့ ငါ့ရဲ့ အင်ဂျင်နီယာ အလုပ်ကနေ ထွက်ခဲ့ရတယ်။ မင်းက ပြဿနာတွေကို ဖြေရှင်းဖို့ ငွေပို့ပေးတယ်၊ ဒါပေမဲ့ ငွေက မနက် ၃ နာရီမှာ အမေစွန့်တဲ့ အညစ်အကြေးတွေကို၊ မဆေးကြောပေးနိုင်ဘူး မိုက်ကယ်။ ငွေက အမေ့ရဲ့ စိတ်ဝေဒနာကြောင့် ပြောတဲ့ ဆဲဆိုမှုတွေကိုလည်း သည်းခံမပေးနိုင်ဘူး။ အမေ ကြောက်လို့ တုန်နေတဲ့အချိန်မှာလည်း ငွေက ဖက်မထားပေးနိုင်ဘူး။ '

​သူက ဒေါသတွေ၊ နာကျင်မှုတွေ ပြည့်နေတဲ့ အသံနဲ့ ဆက်ပြောပါတယ်။

​"အိမ်ကို ရောင်းချင်ရင် ရောင်းလိုက်ပါ။ ပိုက်ဆံ အကုန်လုံးကို မင်းပဲ ယူလိုက်ပါ။ငါ တစ်ပြားမှ မလိုချင်ဘူး။ ငါ ရဲ့ဝေစု မင်းကို ပေးခဲ့ပြီးပြီ။ ငါ့ရဲ့ ဘဝနဲ့ ရင်းပြီး ပေးခဲ့တာ။''

​သူ ကျွန်တော့်ကို ကျောခိုင်းပြီး အမေ့အခန်းထဲ ဝင်သွားပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အိပ်စက်ဖို့အတွက်ပေါ့။

​ကျွန်တော် တစ်ယောက်တည်း တိတ်ဆိတ်နေတဲ့ မီးဖိုချောင်ထဲမှာ ကျန်ခဲ့တယ်။ ကျွန်တော့်ရဲ့ တန်ဖိုးကြီး နာရီနဲ့ ဖိနပ်ကို ငုံ့ကြည့်မိတယ်။ အခုတော့ အဲဒါတွေအားလုံးဟာ အမှိုက်တွေလိုပါပဲ။

​ဟုတ်ပါတယ်၊ ကျွန်တော်က ငွေကြေးထောက်ပံ့သူ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူကမှ တကယ့် "သား" ပါ။ ကျွန်တော် ဆေးဖိုးပေးပေမဲ့ သူက အမေ့ပါးစပ်ထဲကို ဆေးထည့်ပေးခဲ့တာပါ။

ကျွန်တော်က အမေ့ရဲ့နာရေးအတွက် ငွေပို့ပေးခဲ့ပေမဲ့ သူက အမေ နောက်ဆုံးထွက်သက်အထိ လက်ကို ဆုပ်ကိုင်ထားပေးခဲ့တာ။

သူကမှ 'မွေခံထိုက်'တဲ့သားပါ။

​အဲဒီနေ့ နေ့လယ်မှာပဲ ကျွန်တော် ရှေ့နေရုံးကို သွားပြီး အိမ်နဲ့ မြေကွက်အားလုံးကို ဒေးဗစ် နာမည်နဲ့ အမည်ပေါက် ပြောင်းပေးခဲ့တယ်။

နောက် ၁၀ နှစ်စာ သူ့ရဲ့ နေထိုင်စရိတ်အားလုံးအတွက်လည်း ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့ပါတယ်။

​ဒါဟာ လက်ဆောင်ပေးတာမဟုတ်ပါဘူး၊ သူလုပ်ခဲ့တဲ့ အလုပ်အတွက် လုပ်ခ ပြန်ပေးတာပါ။ ကျွန်တော် မြို့ပေါ်ကို သက်သောင့်သက်နဲ့ ကားကိုပြန်မောင်းထွက်လာချိန်မှာ ကျွန်တော်အပေါ် သူ အကြွေးတင်နေသေးတယ်လို့ တွေးမိပါတယ်။

​ကျွန်ုပ်တို့အားလုံးအတွက် တွေးစရာလေးပါ။

​မိသားစုတော်တော်များများမှာ "ဂြိုဟ်ရံလို သားသမီး" နဲ့ "တောင်ဝှေးလို သားသမီး" ဆိုပြီး ရှိတတ်ကြပါတယ်။

​ဂြိုဟ်ရံနဲ့တူတဲ့ သားသမီး ဆိုတာက အဝေးကနေ ပတ်ချာလည်နေတဲ့ သူပါ။ သူတို့က တောက်ပတယ်၊ ငွေကြေးထောက်ပံ့တယ်၊ တစ်ခါတလေမှ လာကြည့်ပြီး လိုအပ်မယ်ထင်တာ ညွှန်ကြားတတ်ကြပါတယ်။

​တောင်ဝှေးလို သားလိုသမီး ကတော့ အနားမှာ အမြဲရှိနေတာပါ။ ပင်ပန်းမှုရဲ့အလေးချိန်ကို ထောက်ကန် ပေးထားတယ်။ သူတို့ ကျိုးပဲ့သွားတဲ့အထိ သူတို့အပေါ် မှီခို အားထားရတယ်။

​ငွေကြေးထောက်ပံ့မှုဟာ ပြုစုစောင့်ရှောက်သူထက် ပို​ပြီး တန်ဖိုးရှိတယ်လို့ မယုံကြည်မိဖို့ အရေးကြီးပါတယ်။ ဘဏ်ကနေ ငွေလွှဲပေးရုံနဲ့ လူကြီးတွေရဲ့ ညစ်ပေနေတဲ့ အဝတ်တွေ လဲပေးလို့မရပါဘူး။ အထီးကျန်မှုကို မကုသပေးနိုင်ပါဘူး။

​သင်က အဝေးရောက်နေသူဆိုရင်၊ အိမ်မှာ ကျန်ခဲ့တဲ့ သူ​တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ဖို့ မကြိုးစားပါနဲ့။

တကယ်လို့ မိသားစုရဲ့ပိုင်ဆိုမှုကို ခွဲဝေပေးဖို့ အချိန်ရောက်လာရင်လည်း သတိရကြပါ။ အနီးကပ်ပြုစုခဲ့တဲ့သူဟာ သူ့ရဲ့အချိန်တွေ၊ ကျန်းမာရေးတွေနဲ့ ဘဝတစ်ခုလုံးကို ရင်းပြီး စတေးခဲ့ရတာပါ။

အဲဒီလို ပေးဆပ်မှုမျိုးရဲ့ တန်ဖိုးဟာကြီးပါတယ်။ အိမ်ခြံမြေ၊ ပစ္စည်းဥစ္စာနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။

'​မိသားစုရဲ့တရားမျှတမှု'ဆိုတာ အရာအားလုံးကို အညီအမျှခွဲတာ မဟုတ်ပါဘူး။ 'ဘယ်သူက ဘာပေးဆပ်ခဲ့လဲ' ဆိုတာကို အသိအမှတ်ပြုတာပါ။

Saya U Khin Zaw ( ဘာသာပြန် )

Crd
အရမ်းတွေကြိုက်လို့ပြန်လည်မျှဝေပါသည်

09/11/2025

I miss you all ❤️❤️❤️

✅မအိုချင်ရင် စိတ်ပြုပြင်✅🌼🌼🌼🌼🌼🌼🌼🌼🌼🌼စိတ်ကို ချမ်းချမ်းသာသာ မနေတတ်သင့်တော်သလို နှလုံးမသွင်းတတ်လို့ စိတ် မချမ်းသာတာတွေ အားက...
25/08/2025

✅မအိုချင်ရင် စိတ်ပြုပြင်✅
🌼🌼🌼🌼🌼🌼🌼🌼🌼🌼

စိတ်ကို
ချမ်းချမ်းသာသာ မနေတတ်
သင့်တော်သလို နှလုံးမသွင်းတတ်လို့
စိတ် မချမ်းသာတာတွေ အားကြီးနေရင်
အိုလွယ်တယ် …

စိတ်ကြောင့်
ဖြစ်ပေါ်လာတဲ့ ရုပ်တွေကလဲ
စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုတာလို
မကောင်းတဲ့ ရုပ်တွေ
မချမ်းသာတဲ့ ခပ်အိုအို ရုပ်တွေပဲ ဖြစ်လာတယ် …

အဲဒါကြောင့်
စိတ်ကို ထိန်းသိမ်းပြီး
စိတ်ချမ်းသာအောင် မနေတတ်တဲ့ လူတွေဟာ သူများထက် ပိုပြီး အိုလွယ်တယ် …

ဒါကြောင့်
စိတ် မချမ်းသာစရာ ကိစ္စ
ပေါ်ပေါက်လာလို့ ရှိရင်
စိတ်ကို ထိန်းသိမ်းပြုပြင်နိုင်ရမယ် …

ကုသိုလ် ကောင်းမှုပြု
ဘုရားအာရုံပြု
ဘုရားရှိခိုး , တရားနှလုံးသွင်းနေရမယ် …

အဲဒီကောင်းတဲ့
စိတ်ချမ်းသာစရာ အလုပ်တွေ လုပ်နေရင်
စိတ်ဆင်းရဲစရာနဲ့ တွေ့လည်း
စိတ်မဆင်းရဲတဲ့အပြင်
နှလုံးသွင်းမှန်လို့ ငြိမ်းချမ်းနေတယ် …

စိတ်ကို
ချမ်းသာအောင် မထိန်းသိမ်းနိုင်ရင်တော့
ဆင်းရဲတဲ့ စိတ်တွေကြောင့်
ဆင်းရဲတဲ့ ရုပ်တွေ
ထပ်ကာထပ်ကာ အဖြစ်များလာတဲ့အတွက်
စိတ်ကြောင့် ရုပ်ဟာ မြန်မြန် အိုလာတော့တာပဲ …

သမုဒယတွေကြောင့် ဆင်းရဲရတယ်
ဇရာဒုက္ခရဲ့ အရင်းခံဟာ တဏှာပဲ …

ဒီရုပ်ဟာ -

🔹 ကံကြောင့်လည်း အိုလွယ်တယ်
🔹 အာဟာရကြောင့်လဲ အိုလွယ်တယ်
🔹 အပူ အအေးကို မဆင်ခြင်လို့
မနေတတ် မထိုင်တတ်တာတွေကြောင့်လဲ
အိုလွယ်ပါတယ် …

တဏှာအရင်းခံပြီး စားချင်ရာစား
အပူ အအေး အရသာတွေကို ဇိမ်ခံပြီး
နေချင်သလိုနေ …

လောကအလိုက်
ချမ်းချမ်းသာသာ နေတယ်
တရား နှလုံးမသွင်းဘူး
ပေါ့ပေါ့့ဆဆ နေတယ် …

ဒီတော့
ခန္ဓာဟာ မကျန်းမမာ ဖြစ်ပြီး
တဖြည်းဖြည်း ယိုယွင်းလို့
အိုသည်ဘက်ကို မြန်ဆန်လာတယ်ပေါ့ …

အဲဒါကြောင့် …

စိတ်ကို
ထိန်းနိုင်သမျှထိန်းပြီး ပြုပြင်ပေးမှ
ဒီဒုက္ခက သက်သာပေလိမ့်မယ် …

သက်သာအောင်လည်း
ငယ်စဉ် ကတည်းက စပြီး
အလေ့ကျင့် လုပ်ယူထားရမယ် …

#အရှင်_ဇနကာဘိဝံသ_ဆရာတော်

တဆင့်ပြန်ရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။




ဆုံမှတ်တစ်ခုရဲ့ဘဝကံတရားကျိုးပြန်ယူမှာလားပေးဆပ်ခဲ့မှာလားလူဆိုတာ ထင်မှတ်မထားတဲ့ဆုံမှတ် တစ်ခုပေါ်မှာဆုံတွေ့ခဲ့ကြတယ် ။တစ်ချိ...
23/08/2025

ဆုံမှတ်တစ်ခုရဲ့ဘဝကံတရားကျိုး
ပြန်ယူမှာလားပေးဆပ်ခဲ့မှာလား

လူဆိုတာ ထင်မှတ်မထားတဲ့
ဆုံမှတ် တစ်ခုပေါ်မှာ
ဆုံတွေ့ခဲ့ကြတယ် ။

တစ်ချို့က အကြွေးတွေကို
ဆပ် ထားခဲ့ကြသလို...

တစ်ချို့က အကြွေးတွေကို
တောင်းယူ သွားခဲ့ကြတယ် ။

တကယ်တော့ လူတစ်ဦးနဲ့
တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ....

သိပ်ပြီးတော့ မလွယ်ကူလှပါဘူး
အကြောင်းညီညွတ် မှသာ
တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။

ရေစက်ရှိလို့ ဆုံဖြစ်ကြတယ်
ရေစက်ကုန်တော့ သူ့အလိုလို
ကိုယ့်ရဲ့ဘေးနား ကနေပြီး
ထွက်ခွာသွားခဲ့ကြတယ် ။

တစ်ချို့က ကြည်နူးစရာတွေ
ပေးထားခဲ့ ကြတယ် ။

တစ်ချို့က နာကျင်စရာတွေနဲ့
နောင်တတွေကို ပေးထားခဲ့ကြတယ် ။

ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့
ကိုယ်က အကောင်းမွန်ဆုံး
ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။

တစ်ခါတလေ အတိတ်ကံကြောင့်
စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့
ဆုံဖြစ်ခဲ့ရင် ပေါ့.......

အော်..... ငါ အကြွေးတစ်ခု
ကျေသွားပြန်ပြီလို့ပဲ စေတနာ
မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။

တောက်ပတဲ့ ကြယ်ဟာ
တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး
ထုံးစံမရှိပါဘူး ။


 #သိတယ်မလုပ်ဘူးအရှိတရား ရဲ့ အမှန်ဆုံးပါ  #ငွေကဒုတိယဖန်တည်ရှင် ( တန်းခိုရှင် )ငွေရှာဖို့ မပျင်းလိုက်ပါနဲ့... ဘယ်လောက်ဘဲ သ...
15/08/2025

#သိတယ်မလုပ်ဘူး
အရှိတရား ရဲ့ အမှန်ဆုံးပါ

#ငွေကဒုတိယဖန်တည်ရှင် ( တန်းခိုရှင် )

ငွေရှာဖို့ မပျင်းလိုက်ပါနဲ့... ဘယ်လောက်ဘဲ သာယာတဲ့ မိသားစုဖြစ်နေပါစေ ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင် သာယာတဲ့ မိသားစုလဲ အလိုလို ပျာယာတက်ပါတယ်။

#ဓနအင်ပါယာ

ဘယ်လောက်ဘဲ နားလည်မူရှိတဲ့ မောင်နှမတွေဖြစ်နေပါစေ လိုအပ်တဲ့ ငွေကြောင့် ဖြစ်ပျက်လာတဲ့ ပြဿနာ တွေများလာရင် နားလည်မူတွေ ပျောက်ကွယ်သွားနိုင်တယ်။

#မိမိဘဝထက်မပို

ဘယ်လောက်ဘဲ ချစ်တယ် ချစ်နေတက်နေပါစေ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင် အချစ်တွေလဲ အလကားတွေ ဖြစ်လာတယ်

ဘယ်လောက်ဘဲ ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် သူလဲ သူ့အပူနဲ့ပါဘဲ ။

ဘယ်လောက်ဘဲ နီးကပ် တော်တဲ့ ဆွေမျိုးဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါဘဲ။

သာယာတဲ့ ဘဝ မိသားစု တွေကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ပေမယ့် ငွေမရှိပြန်တော့လဲ သာယာတဲ့ဘဝ သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။ (ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် သူငယ်ချင်း ငွေရှာဖို့မပျင်းပါနဲ့
အေးမြတဲ့အရိပ်ကအရိပ်ရှိတဲ့နေရာရှိမှအေးမြတာ
နေမင်းရဲ့အောက်မှာနေရင်အပူရှိန်ကိုသိရမယ်
ရေတစ်စက်ရဲ့ တန်ဖိုးက ရေငတ်တဲ့ အချိန်မှနားလည်နိုင်သလို။

ငွေတကျပ်ရဲ့ တန်ဖိုးလည်း ငွေပျက်တဲ့အချိန်မှ ပိုနားလည်ရပါလိမ့်မယ်။ ငွေရှာဖို့ မပျင်းလိုက်ပါနဲ့...။

ရရစာစားမနေပါနဲ့ ငွေကိုရှာပါ တကယ်လိုအပ်တာကိုသုံးပါ ရှာရသလောက်အကုန်မသုံးပါနဲ့ အထွှာမတူတဲ့သူနဲ့မိမိဘဝကိုမနှိူင်းယှဉ်ပါနဲ့

လိုတာကိုပဲအကုန်ကျခံပါ မလိုတာတွေအတွက်မကုန်ပါစေနဲ့ မဟုတ်ရင် တစ်ချိန်လိုတာတွေအတွက်သောကများရတတ်တယ်🙏🙏🙏

ထမင်းရှင်ကိုမမေ့ပါနဲ့ 🙏🙏🙏

#ဘဝကြီးကအတွက်အကြင်နာတရား
(၁၅.၈.၂၅)

မှားမှားမှန်မှန်နိမ့်ပါးချိန်မှာတော့ ခံဘက်ပေါ့ချိုချိုခါးခါးမကျန်းမာရင်တော့သောက်ရမှာပေါ့လိုလိုမလိုလိုပတ်ဝန်းကျင်ဆိုတာပေါ...
08/08/2025

မှားမှားမှန်မှန်
နိမ့်ပါးချိန်မှာတော့ ခံဘက်ပေါ့

ချိုချိုခါးခါး
မကျန်းမာရင်တော့သောက်ရမှာပေါ့

လိုလိုမလိုလို
ပတ်ဝန်းကျင်ဆိုတာပေါင်းတတ်ရမယ်

ကောင်းကောင်းမကောင်းကောင်း
အလုပ်သဘောအရပြုံးတတ်ရမယ်

ခေါ်ချင်မခေါ်ချင်
လိုအပ်ရင်တော့ခေါ်ရမှာပေါ့

မောမောမမောမော
ဘဝကြီးကအသက်ရှင်သ၍ အနာဂတ်အတွက်ကြိုးစားရမယ်😊

အတွေးတစ်စနဲ့ လူဘဝ
စိတ်ဓါတ်မကျအောင်တော့ နေတတ်ရမယ်
မွန်ကြပ်နေတဲ့စိတ်က အနာဂါတ်ရဲ့အတွေးကိုပျောက်ပျက်စေတယ် ဗျာ
ဪ ကိုယ်ကိုချစ်လို့ပူကြ လို့အသွားအလားအနေအထိုင်ကိုထိန်းချုပ်ခိုင်းတာ သူတို့ရဲ့စေတနာတွေပါ
သတိပေးပါများ‌ပြောပါများတော့ သောကများရပါလာဒေါသပွားရပါလား ဘယ်သူမှမဖြစ်ချင်တဲ့ရောဂါပါ အဆိုးဆုံးကိုကျော်ဖြတ်ပြီးအကောင်းဆုံးကိုသွားဖို့ပဲလိုချင်ကြတာပါ ။
သတ္တဝါအားလုံးကိုယ်စိတ်နှလုံးကျန်းမာကြပါစေ
ကပ်ရောဂါဘေးမှကင်းဝေကျပါစေလို့အကြိမ်ကြိမ်ဆုတောင်းပါတယ်🙏🙏🙏
8.8.25

လူပီသဖို့ အများကြီးမလိုပါဘူးစာနာတတ်တဲ့ နှလုံးသားလေးရှိရင်ကို ပြည့်စုံပါပြီ။လူပီသတဲ့လူတစ်ယာက်ဖြစ်ဖို့ အတွက်အဓိက လိုအပ်ချက...
12/04/2025

လူပီသဖို့ အများကြီးမလိုပါဘူး
စာနာတတ်တဲ့ နှလုံးသားလေးရှိရင်ကို
ပြည့်စုံပါပြီ။

လူပီသတဲ့လူတစ်ယာက်ဖြစ်ဖို့ အတွက်
အဓိက လိုအပ်ချက်ဟာ
ကိုယ်ချင်းစာ တရားပါပဲ။

လူထဲက လူပီသချင်ရင်
သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့
စိတ်ထားလေးထားရှိဖို့ လိုအပ်ပါတယ်။

လူဆိုတာ
စိတ်ကောင်း ရှိလာလေ
စာနာတတ် သီးခံတတ်လာလေပါပဲ။

စိတ်ယုတ်ရှိလာလေ
အငြှိုးကြီးတတ်
အာဃာတကြီးတတ်လာလေပါပဲ။

လူက မွေးလို့လူ ဖြစ်လာပေမဲ့
လူ ဖြစ်ပြီး လူလို မကျင့်ရင်
လူလို့ မခေါ်ထိုက်ပါဘူး။

လူပီသပြီး
လူသားဆန်တဲ့
လူကောင်းတစ်ယောက် ဖြစ်ဖို့အတွက်
ဘာအရည်အချင်းမှ ရှိနေဖို့မလိုပါဘူး။

ကိုယ့်ရင်ထဲမှာ
ကိုယ်ချင်းစာ တရားဆိုတဲ့
လူလူချင်း အပေါ်စာနာတတ်တဲ့
နှလုံးသားတစ်စုံ ရှိနေဖို့ပဲလိုတာပါ။

လူကတော့
အမျိုးမျိုး ရှိပါတယ်......

လူလိမ်
လူယုတ် မာ
လူကန့်လန့်
လူကောင်း
လူလိမ္မာ စသည်အားဖြင့်
လူမျိုးစုံ ရှိနေပါတယ်။

အဆိုးဆုံးက,လူယုတ်မာ ပါ။

အဲဒီလို လူတွေထဲမှာ
ကိုယ်ကလူယုတ်မာ မဖြစ်အောင်
ကြိုးစားနေထိုင်ရမယ်။

ဘဝမှာ,လူတော်တော်များများဟာ
ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့,ပိုင်ဆိုင်မှုတွေကို ကြည့်ပြီး
အပေါ်ယံ
အကဲဖြတ်ကာ
အဆင့်အတန်း ရှိတယ်လို့
သတ်မှတ်နေကြတယ်။

အမှန်တကယ်တော့
လူမပီသမှု ဆိုတာ

အပြစ်တင် ဝေဖန်တတ်သူ
အတ္တကြီးသူ
တစ်ကိုယ်ကောင်း ဆန်သူ
ငြူစူတတ်သူ
အတင်းအဖျင်း ပြောတတ်သူ
ခြယ်လှယ်တတ်သူ
အဲဒီလို လူတွေဟာ
လူမပီသတဲ့ လူတွေထဲမှာ ပါပါတယ်။

ဘယ်လောက်ပဲ ပညာတွေတတ်တတ်
ဘယ်လောက်ပဲ ပစ္စည်းဥစ္စာတွေပေါပေါ
လူပီသတဲ့ စိတ်မရှိရင်တော့
လူမပီသတဲ့
လူလို့ ခေါ်လို့ရပါတယ်။

ဒါပေမဲ့
စိတ်မပျက်ပါနဲ့။
အဲဒီလို လူတွေထဲမှာ
ကိုယ်မပါဘူးဆိုတာ
သင်ကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။

#ခွန်အားရှိသောစာတ်ိုများ
#စာပေဗဟုသုတများ

အခုနေအချိန်ခါမှာဝန်ထမ်းဘဝကိုသဘောမတွေ့ငြီးငွေ့နေရင်ကိုယ်ပိုင်အလုပ်လုပ်ကြည့်ပါလား အိပ်မပျော်တာပါဖြစ်သွားလိမ့်မယ်။ZABU tun ...
08/04/2025

အခုနေအချိန်ခါမှာ
ဝန်ထမ်းဘဝကိုသဘောမတွေ့ငြီးငွေ့နေရင်
ကိုယ်ပိုင်အလုပ်လုပ်ကြည့်ပါလား အိပ်မပျော်တာပါဖြစ်သွားလိမ့်မယ်။

ZABU tun ❤️

Tapper သံတို ကိုကျွန်တော် ရဲ့ဖေါက်သည်မိတ်ဆွေ အားလုံးအတွက် အရေးအတွက်တစ်ခုကိုကန့်သတ်ရောင်းပေးပါသည် လက်လီဆိုင်အဓိကရောင်းပေး...
01/04/2025

Tapper သံတို ကိုကျွန်တော် ရဲ့ဖေါက်သည်မိတ်ဆွေ အားလုံးအတွက် အရေးအတွက်တစ်ခုကိုကန့်သတ်ရောင်းပေးပါသည် လက်လီဆိုင်အဓိကရောင်းပေးခြင်းဖြစ်ပါသည် လက်ကားအတွက်ယ္ခုဈေးဖြင့်မရောင်းပါ
တစ်ဦးလျှင် ပါကင်25ထက်ပိုမရပါ ရောင်းဈေးမှာ 33500ပါ ပစ္စည်းရှိသလောက်တာ
ဇဗ္မူထွန်းရောင်းဝယ်ရေး(ကိုမောင်ထွေး)
Ph 09450202556/09404076048/095147391

❤️
18/03/2025

❤️

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး အထူးသဖြင့် ကိုယ့်ဘေးနားက လူတွေရဲ့ တန်ဖိုးကိုပေါ့ ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို ...
17/03/2025

လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး
အထူးသဖြင့် ကိုယ့်ဘေးနားက
လူတွေရဲ့ တန်ဖိုးကိုပေါ့

ကိုယ့်အပေါ် အမြဲကောင်းတဲ့သူကို
ကြာလာတော့
သာမှန်ဖြစ်စဉ်တစ်ခုလို
အရေးမကြီးသလို
သဘောထားမိကြတယ်

ဒါဟာ
သူ့စေတနာကို စော်ကားခြင်း တစ်မျိုးပဲ
တန်ဖိုးကို နားမလည်ဘူး

ကိုယ်ရင်ဖွင့်တိုင်း
နားထောင်ပေးတဲ့ သူ့ရဲ့တန်ဖိုး

ကိုယ်ခက်ခဲတိုင်း ကူညီတတ်တဲ့ သူ့ရဲ့တန်ဖိုး

ဒါတွေကို
လစ်လျှူရှုမိတယ်

ဒါဟာ နီးကပ်လွန်းလို့ မမြင်တာ
လွယ်လွယ်ရနေလို့ ပေါသွားတာလို့ပဲ ထင်ပါတယ်

ဒါ့ကြောင့်နဲ့ပဲ လူတွေဟာ
ကိုယ့်အပေါ် နှစ်တွေများစွာတိုင်
ကောင်းပေးခဲ့သူကို ပစ်ပြီး …
မနေ့တနေ့ကမှ တွေ့တဲ့ လူတစ်ယောက်ဆီ
ပါသွားတတ်ကြတယ်

ကိုယ်တိုင်ကရော အဲ့သလို လူမျိုးဖြစ်နေမလား
ကိုယ်စာပို့တိုင်း Reply တန်းပြန်ပေးတာဟာ
သူ့အတွက် အရေးကြီးလို့ မဟုတ်ဘူး
ကိုယ့်အပေါ် အလေးထားတဲ့စိတ်ရှိလို့
တန်ဖိုးထားလို့ပဲ

ကိုယ်ချိန်းတဲ့အခါတိုင်း
အမြဲလာတွေ့ပေးတာဟာ
သူအမြဲအားနေလို့ မဟုတ်ဘူး
သူ့ရဲ့ လုပ်စရာတစ်ချို့ကို ဖျက်ထား
ခဲ့ရတာလဲ ဖြစ်မှာပဲ ။

ကိုယ်လိုအပ်တိုင်း အကူညီပေးတာဟာ
သူသိပ်အဆင်ပြေနေလို့ မဟုတ်ဘူး
ကိုယ့်ကို အဆင်ပြေစေချင်တာ

ကိုယ်ပြောသမျှတိုင်း နားထောင်ပေးတာဟာ
သူ့မှာပြောစရာ မရှိလို့ မဟုတ်ဘူး
ကိုယ့်ရဲ့ မပြည့်ဝမှုတွေကို
သည်းခံပေးတာဟာ နုံအလို့ မဟုတ်ဘူး

ဆုံးရှုံးသွားမှ တန်ဖိုးနားလည်မဲ့သူ မဖြစ်စေနဲ့
ကိုယ်သိရှိနားလည်ချိန်ဆို သူတို့ဟာ
သင့်ဘေးနားမှာ
ရှိနေတော့မှာ မဟုတ်ဘူး

ကိုယ့်အတွက် အဖိုးတန်တဲ့ အရာတွေဟာ
ကိုယ့်ဘေးနားမှာပဲ ရှိနေတတ်ပါတယ်
ကိုယ့်အပေါ် ကောင်းပေးသူ
နွေးထွေးသူတွေကို
တန်ဖိုးထားဆက်ဆံပါ

ဒီလိုလူမျိုးဟာ
ဘဝမှာ များများစားစား မတွေ့ရတတ်ပါဘူး။


#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#ဘဝစာပေနှင့်ဗဟုသုတများ

ကိုယ့်အရွယ်ကို မမေ့နဲ့အသက်အရွယ်လေး ရလာပြီဆိုရင် တစ်ဦး တစ်ယောက် အတွက်အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်မဟုတ်တော့ဘူး ...
14/03/2025

ကိုယ့်အရွယ်ကို မမေ့နဲ့

အသက်အရွယ်လေး ရလာပြီဆိုရင်
တစ်ဦး တစ်ယောက် အတွက်
အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ဝမ်းနည်းနေရမယ့် အရွယ်
မဟုတ်တော့ဘူး ။

တစ်စုံတစ်ယောက်ကို နာကျည်းပြီး
မုန်းတီးနေရမဲ့ အရွယ် မဟုတ်တော့ဘူး ။

အရွယ်လေး ရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်
အလိုက်သင့်နေရမဲ့ အရွယ် ဖြစ်နေပြီ ။

အဆင်ပြေတာ မပြေတာ အပထား
ရင်ဘတ်ကြီးနဲ့ လိုက်မခံစားပဲ
ဘ၀ကို ပေါ့ပေါ့ ပါးပါး
ဖြတ်သန်းရမဲ့ အရွယ်
ဒီလူက ကိုယ့်ကို မချစ်ဘူး
မခင်တွယ်ဘူးမဟုတ်လား
ထားခဲ့လိုက်တော့ ။

ဒီလူက ကိုယ့်ကို
သံယောဇဉ်မရှိဘူး မဟုတ်လား
သူ့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့ ။

ကိုယ့်အပေါ်မှာ
နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေ မတွေးနဲ့တော့
လွှတ်ချထားခဲ့လိုက်ပါ

ဘာလို့လည်း သိလား
အချိန်တွေ သိပ်မရှိတော့ဘူး
အရွယ်တွေ ရလာပြီ
ကုသိုလ်တွေ လုပ်ရဦးမယ်လေ.......။

အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဘက်သတ်တွေ လိုက်ပြီး အမုန်းပွားနေရသေးရင် အရွယ်မြန်မြန်ကျတာဘဲအဖတ်တင်မယ်.... အကုသိုလ်တွေဖြစ်မယ်.....။

ဒီ အသက်အရွယ်ထိ
အသိ သတိမရှိဘူးဆိုရင်
နောင်တတွေရစရာဖြစ်နေလေအုန်းမယ်။

ဘာလို့လဲဆိုတော့ အသက် ၈၀ ကျော်ထိနေရရင်တောင်မှ ရက်ပေါင်း ၃ သောင်းမပြည့်ဘူးရယ် ဒါတောင်ကျန်းမာနေမှပါ....အသက်ရှည်ပြီး ကုတင်ပေါ်လဲနေရသူတွေက အများသား။

ကိုယ်ကို ချစ်တဲ့သူ မုန်းတဲ့သူ
လိုလားတဲ့သူ မလိုလားတဲ့သူတွေဆိုတာ
သူ့သဘာဝနဲ့သူ ရှိနေကြတာပါ......

အထီးကျန်နေတဲ့အခါ
ချစ်တဲ့သူတွေ ခင်တဲ့သူတွေ
ပျောက်သွားရင်တော့
လိုက်မရှာနဲ့တော့

ဒီအရွယ်က
အချစ်ပျောက်ကို
လိုက်ရှာရမဲ့အရွယ် မဟုတ်တော့ဘူး
အထီးကျန်တိုင်း အဖော်မက်ရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

အရွယ် မကျအောင်
စိတ်ဓာတ် မကျအောင်
စိတ်ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုနဲ့
ထိန်းရမဲ့အရွယ်။

ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ငြိမ်းချမ်းရမယ့်အရွယ် ဖြစ်နေပြီလေ..........
ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့
ပစ်စလက်ခတ်နေလို့ မရတော့ဘူး

လှလှပပ သပ်သပ်ရပ်ရပ်နဲ့
ကျော့ကျော့ ရှင်းရှင်း ၀တ်စားဆင်ရမယ်
အမြင်တင့်တယ်တဲ့ အရွယ် ။

ရောက်လာတဲ့ အကြောင်းတရားတွေကို အကောင်းမြင်စိတ်နဲ့
ကြိုဆိုရမဲ့ အရွယ်လေ
ခံစားချက်တွေ ဘေးဖယ်
ပျော်အောင်နေတတ်ရမဲ့ အရွယ် ။

ကိုယ့်အပေါ်
ချစ်သော ခင်သောသူများနဲ့
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ
စိတ်ကျန်းမာမဲ့ အရွယ်
စိတ်ကျန်းမာရေးကို ဂရုစိုက်ရမဲ့ အရွယ် ။

ဖြတ်သန်းရတဲ့ဘ၀က ကြမ်းရတဲ့အထဲ
လုပ်ကိုင် ရှာဖွေ စားဝတ်နေရေး ခက်ခဲရတဲ့အထဲ အဆင်မပြေရတဲ့ကြားထဲ
ကိုယ့်အပေါ်
မချစ်မနှစ်သက်တဲ့သူတွေအကြောင်း
ရင်ဘတ်ထဲသိမ်းထားပြီး
ခေါင်းထဲပြန်ထည့်
သွားလေရာ သယ်ဆောင်သွားရမဲ့အရွယ်
မဟုတ်တော့ဘူး ။

အသက်တွေ ကြီးလာပြီမို့
အချိန်တွေ မဖြုန်းနဲ့တော့
ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား

အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျှံတော့ဘူးမို့
သက်တမ်းအရ
ကိုယ်က အရင် သွားကြရမှာမို့
တစ်ပါးသူကို ချစ်ဖို့ထက်
ကိုယ့်ကိုယ်ကို ချစ်ရမဲ့အရွယ်ပါလို့
ပြောပြချင်တာပါ ။

ကိုယ်အရွယ်က ရှေးသို့ တရွေ့ရွေ့ သွားနေဆဲ ။

မူးရင်းစာ ရေးသူအား လေးစားစွာဖြင့်

Address

လမ်းမတော် ရန်ကုန်မြို့
Yangon

Website

Alerts

Be the first to know and let us send you an email when Zabu Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zabu Tun:

Share

Category