29/05/2022
"ဆိုးလ်ချစ်ခင်"
Reviews တွေမရေးဖြစ်တာကြာလို့
မေ့သွားလောက်ပြီထင်ပါတယ် ... စိတ်မပူပါနဲ့
Go & Eat မှာအကောင်းဆုံးအရာတွေကို
Recommend လုပ်ပေးဖို့ "အက်ဒမင်ကိုပျော်ကြီး" ပြန်လာပါပြီ။
"ဘယ်လောက်ဆိုးဆိုးချစ်ပြီဟေ့ဆိုရင်
အတိုင်းတာတခုထိခင်တတ်ကြတယ်မဟုတ်လား" ဆိုတဲ့စကားအတိုင်း
ဒီတခေါက်ညွှန်းပေးချင်တာကတော့ "ဆိုးလ်ချစ်ခင်" ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်။
စတာပါ .. "Seoul Chicken" ကိုပြောချင်တာပါ 😛
တော်တော်များလည်းညွှန်းပေးကြလို့ အက်ဒမင်ကိုပျော်ကြီးတယောက်
သွားစားကြည့်ဖို့ ဖြစ်လာပါတယ်။ မသွားခင်ကတည်းက
ကြိုပြီးစိတ်ကူးထားတဲ့ Menu အတိုင်း Spicy Noodle,
Boneless (small), French Fries (normal)
မှာစားဖြစ်ပါတယ်။
Spicy Noodle Box မှာ ခေါက်ဆွဲနဲ့အတူ ကြက်တုံးကြော်အချို
ရေညှိ, ကြက်ဥ, ကင်ချီနဲ့ မုန်ညှင်းစိမ်းလေးထည့်ပေးထားတာဖြစ်ပါတယ်။
ခေါက်ဆွဲအရသာက Spicy ဆိုပေမယ့် အက်ဒမင်ကိုပျော်ကြီးလို
အစပ်မစားနိုင်တဲ့သူအတွက်တောင် အဆင်ပြေတယ်လို့ ပြောရမယ်။
ခေါက်ဆွဲကို Box ထဲမှာထည့်ပေးထားတဲ့ဟာလေးတွေနဲ့ တလုတ်စီ
အရင်စားကြည့်လိုက်ရင် မတူညီတဲ့အရသာတခုစီရမှာဖြစ်သလို
စားရင်းနဲ့ စပ်လာရင်တောင် ပါလာတဲ့ ကြက်တုံးကြော်အချိုလေး
ကိုက်လိုက်တာနဲ့ အဆင်ပြေပါတယ်။
Boneless ကတော့ အရိုးမပါတဲ့ကြက်သားကြော်ဖြစ်ပြီး
ဆီလည်းအရမ်းမများပဲ ခပ်ပျော့ပျော့မို့ စားလို့ကောင်းပါတယ်။
French Fries ကတော့ normal အရသာမို့ထင်တယ်
အားလူးအရသာသက်သက်ပဲ ခံစားရတယ် .. ကြွပ်ပါတယ်။
Bone-in (အရိုးပါ), ကြက်ကောင်လုံးကြော်,ကြက်ဆီထမင်း
ကွကျဥ, Fried Chicken Sandwich စတဲ့
တခြား Menu တွေရနိုင်တဲ့အပြင် Combo Set တွေလည်းရှိပါတယ်။
ဆိုင်ခွဲတွေအနေနဲ့ကတော့ ကျောက်မြောင်း,စမ်းချောင်း,ဒဂုံမှာရှိပြီး
Delivery လည်းရှိသလို ကြိုပြီးမှာထားလို့ရပါတယ်။
အခုဆို Payment ကို Pay တွေနဲ့လည်း ရှင်းလို့ရနေပြီ။
အသေးစိတ်ကိုတော့ Seoul Chicken ရဲ့
pageမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
https://m.facebook.com/SeoulChickenMM/
(**No Sponsor Post**)
နောက်တခါက်မှာလည်း ဘယ်လိုမျိုးနေရာတွေ
ညွှန်းပေးဦးမလည်းဆိုတာ သိနိုင်ဖို့
Like and See First လေးလုပ်ထားလိုက်ပါ 🫡