02/11/2024
Asylum to Citizen ပျမ်းမျှကြာချိန်
********************************
Asylum pathway ကနေပြီးတော့ အမေရိကန် Citizen ရရှိဖို့ အချိန်ကာလ ဘယ်လောက်ကြာနိုင်သလဲ ဆိုတာလေး အကြမ်းဖြင်း အခြေအနေ တင်ပြပေးပါမယ်။
1️ ပထမဆုံး ရောက်တာနဲ့ Asylum application တင်မယ် ပဲ ဆိုပါတော့၊ အများစုက ဒီအဆင့်မှာ ဟိုစဥ်းစား ဒီစဥ်းစား နဲ့ ကြာနေတာတွေ၊ တင်ပေးမဲ့ ရှေ့နေ/အဖွဲ့အစည်းက ကြာနေတာတွေနဲ့ ၆ လ ဝန်းကျင် ကြာမှ တင်ဖြစ်တဲ့သူတွေလဲ အများကြီး ရှိတယ်။ ဆိုတော့ ဒီအဆင့်ကို ပျမ်းမျှ အခြေအနေကို 1-6 လ သတ်မှတ်လိုက်မယ်။
2️ Asylum Application တင်ပြီးသွားပြီဆိုရင် နောက်အဆင့်တွေက Biometric တွေ ရှိမယ်, ရက်ပေါင်း ၁၅၀ ကျော်ရင် EAD လျှောက်တာတွေ ရှိမယ်၊ ဒါတွေက အတိအကျခန့်မှန်းလို့ ရတာမျိုးမို့ Major step ထဲ မထည့်တော့ဘူး၊ Asylum စတင်တဲ့ အချိန်ကနေ Interview ရတဲ့ အထိ ကြာချိန်တွေက အချိန်ကာလ နဲ့ အခြေအနေ တွေအပေါ် အများကြီး မူတည်တာဆိုတော့ အတိကျ ပြောရခက်နိုင်တယ် ၁ နှစ်ကနေ ၇ နှစ်လောက်အထိ ကြာနေကြတာတွေ ရှိကြတယ်။ ဥပမာ ၂၀၂၁ ကာလ အာဏာသိမ်းခံရချိန်တွေ မှာ မြန်မာတွေရဲ့ Asylum Application တွေ အများစုဟာ မြန်လေ့ ရှိတယ်၊ ဒီချိန်မှာတော့ ယူကရိန်းတို့ အာဖဂန် တို့ရဲ့ application တွေ priority ဖြစ်နေတယ်။ ပျမ်းမျှတော့ ၁-၅ နှစ်ဝန်းကျင် အမျာစုကြာလေ့ ရှိကြတယ်။
3️ Interview ပြီးတဲ့ အချိန်မှာ Approval Result ဟာ ချက်ချင်း ရတာမျိုး မဟုတ်သေးဘူး၊ တချို့ဟာ ၂-၃ လ နဲ့ အဖြေရပြီး Approve ဖြစ်သွားတာ ရှိသလို အင်တာဗျူးတွေ ထပ်ခေါ် ရင်း အဖြေကို ၂-၃ နှစ်စောင့်နေရတဲ့ အခြေအနေတွေလဲ ရှိတယ်။ အဖြေရတဲ့အချိန်မှာ Approve ဖြစ်တာဆိုရင် Asylee ဖြစ်သွားပေမဲ့၊ Denied ဖြစ်သွားတာ ဆိုရင် တရားရုံးမှာ ဆက်ပြီး Defense လုပ်ရမယ် ဒီအဆင့်ဟာလဲ ၂-၃ နှစ်ကြာတတ်တယ်။
4️ Interview decision ရပြီးတော့ ဒီအဆင့်မှာ Approve ဖြစ်သွားလို့ Asylee အနေနဲ့ တနှစ် ပြည့်သွားရင် Green card လျှောက်လို့ ရပြီ လျှောက်တဲ့ အချိန်မှာလဲ တင်လိုက်တာနဲ့ ဖုန်းခနဲ့ Approve ဖြစ်လာတာ မဟုတ်သေးဘူး process ကာလ ၆-လ ကနေ ၁၈ လ ဝန်းကျင် ကြာတတ်ပါတယ်။
5️ ဒီအဆင့်မှာ Green Card ရသွားပီဆိုရင် နောက် ၄ နှစ်ပြည့်တဲ့အခါမှာ Naturalized Citizen လို့ခေါ် တဲ့ နိုင်ငံသား လျှောက်ထားမှု့ ပြုလုပ်လို့ မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာလဲ ၆-၁၂ လ ဝန်းကျင် ကြာတတ်တယ်။
📌အပေါ်မှာ ပြောခဲ့တဲ့ အဆင့်တွေ အားလုံးဟာ ပျမ်းမျှကြာမြင့်လေ့ ရှိတဲ့ကာလတွေ ဖြစ်ပါတယ်၊ တချို့ Applicant တွေဟာ အရမ်းမြန်တတ်ကြတာ ရှိသလို တချို့ Applicant တွေဟာ အရမ်းကြာသွားတတ်ကြတာလဲ ရှိလို့ ငါ့ တော့ ဒီလိုမြန်မယ် ငါတော့ ဒီလိုကြာမယ် ပုံသေ တွက်ဆလို့ မရနိုင်ကြောင်း တင်ပြလိုက်ပါတယ်။
____________________________________________
⚠️Disclaimer: This is just for knowledge-sharing purposes and should not be construed as legal advice.
#အမေရိကား