Lao Chong Qing 老重庆

Lao Chong Qing 老重庆 Authentic Chinese hotpot and stickpot. Restaurant

NOTICE မြန်မာပြည်ပြည်သူများကျန်းမာလုံခြုံရေးအတွက် Coronavirus Covid-19 အားထိရောက်စွာ ကာကွယ်ရန် Lao Chong Qing Hot Pot ဆိ...
30/03/2020

NOTICE
မြန်မာပြည်ပြည်သူများကျန်းမာလုံခြုံရေးအတွက် Coronavirus Covid-19 အားထိရောက်စွာ ကာကွယ်ရန် Lao Chong Qing Hot Pot ဆိုင်အား 1/4/2020 မှစပြီး စတင်ပိတ်ပင်သွားမည် ဖြစ်ပါသည်. ဆိုင်ပြန်လည် ဖွင့်မည့်ရက်အား ပြန်လည်အကြောင်းကြားပေးပါမည်.

Mixed Set Menu လာပါပြီ ချုံချင့်အရသာစစ်စစ်၊ စျေးတန်တန်နဲ့သုံးဆောင်ချင်ရင် LAO CHONG  QING Hot Pot မှ Set Menu Promotion ...
05/12/2019

Mixed Set Menu လာပါပြီ

ချုံချင့်အရသာစစ်စစ်၊ စျေးတန်တန်နဲ့သုံးဆောင်ချင်ရင် LAO CHONG QING Hot Pot မှ Set Menu Promotion အသစ်နဲ့ဖိတ်ခေါ်လိုက်တယ်နော်!

​အများကြိုက်တဲ့ pork belly နှင့် black chicken နှစ်မျိုးလုံးစားလို့ရတဲ့ Mixed Set Menu ကိုLao Chong Qing မှာရပါပြီ Set တပွဲမှာရုံနဲ့ လူသုံးယောက်မှလေးယောက်အထိသုံးဆောင်နိုင်ပါတယ်!

All set include
1. ဟင်းရည် (၂မျိုး)

2.ဝက်သုံးထပ်သား (၁ပွဲ)

3.တောကြက်မဲ (၁ပွဲ)

4.ပင်လယ်စားအသားလုံးစုံပွဲကြီး (၁) ပွဲ

5. စီချွမ်မာလာခေါက်ဆွဲ နှင့် ကြာဇံ(၁)ပွဲ

6.ဖက်ထုပ်(၁ပွဲ)

7.ရေညှိအသုပ်ပွဲအဝစား

8.ဖရဲသီးအဝစား

Address: Kandawgyi Nature Park
Contact No: 09- 777 400 808

14/02/2019

ကျန်းမာရေးအတွက် အသင့်တော်ဆုံး ဟော့ပေါ့ဟင်းလျာတွေနဲ့ ကိုလက်စထရောကျစေမယ့် ရေနွေးကြမ်းပူပူလေး အတူတွဲဖက်သုံးဆောင်ဖို့ အကောင်းဆုံးနေရာက…?

ကန်တော်ကြီးထဲက ငှက်လှောင်အိမ် ဟော့ပေါ့ဆိုင်လေး Lao Chong Qing ပဲပေါ့..

Reservation အတွက် ဖုန်းနံပါတ် 09- 777 400 808 ကိုဆက်သွယ်လိုက်နော်။

ဒီလအတွက် Lao Chong Qing ရဲ့ Chef Selection ကတော့ လူပြောများနေတဲ့ တောကြက်မဲ အသားလွှာလေးတွေပဲဖြစ်ပါတယ်။တောကြက်မဲကို ဘာကြောင...
11/02/2019

ဒီလအတွက် Lao Chong Qing ရဲ့ Chef Selection ကတော့ လူပြောများနေတဲ့ တောကြက်မဲ အသားလွှာလေးတွေပဲဖြစ်ပါတယ်။
တောကြက်မဲကို ဘာကြောင့်စားသင့်တာလဲ?
အမြင်အာရုံ၊ နှလုံးနဲ့ အရိုးအဆစ်တို့အတွက် အထူးကောင်းမွန်တဲ့အပြင် ဝိတ်ပါကျစေတယ်လေ..
ဒါဆို ရိုးရိုးကြက်သားထက် ၂ဆပိုနူးညံ့တဲ့ တောကြက်မဲအသားကို ပူပူစပ်စပ်နဲ့ နွေးနွေးထွေးထွေးဟော့ပေါ့အိုးလေးထဲ နှစ်စားလိုက်ဖို့ အဆင်သင့်ပြင်ထားလိုက်တော့နော်..

Hot Pot သောက်တိုင်း အရသာကို တမူထူးကဲစေတာ Hot Pot ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အသားလုံးတွေပါ။Lao Chong Qing မှာ လူသိများကြ...
31/01/2019

Hot Pot သောက်တိုင်း အရသာကို တမူထူးကဲစေတာ Hot Pot ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အသားလုံးတွေပါ။

Lao Chong Qing မှာ လူသိများကြတဲ့ အသားလုံးတွေဟာ ကိုယ်တိုင်လုပ်ထားတဲ့ အသားလုံးစစ်စစ်တွေ ဖြစ်တဲ့အပြင် လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိလွန်းတာကြောင့် ဆိုင်ကိုလာတိုင်း လူကြိုက်အများဆုံးထဲမှာ ပါဝင်ပါတယ်။

ဒီလို ချိုမြမြပြောင်းဖူးနဲ့ကြိတ်ထားတဲ့ကိုယ်တိုင်လုပ် အသားလုံးလေးတွေကို ဘယ်မှာမှမရနိုင်တဲ့အရသာနဲ့ တမူထူးခြားစွာစားဖို့ဆို Lao Chong Qing မှာပဲ သီးသန့်စားသုံးနိုင်တာမို့ လာရောက်စားသုံးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Lao Chong Qing ရဲ့ အစားတလိုင်းမိတ်ဆွေတို့ရေ..ဇန်နဝါရီလ ၂၈ရက်နေ့ဟာ Lao Chong Qing ဆိုင်လေးရဲ့သက်တမ်း တစ်နှစ်တင်းတင်းပြည့်...
28/01/2019

Lao Chong Qing ရဲ့ အစားတလိုင်းမိတ်ဆွေတို့ရေ..
ဇန်နဝါရီလ ၂၈ရက်နေ့ဟာ Lao Chong Qing ဆိုင်လေးရဲ့သက်တမ်း တစ်နှစ်တင်းတင်းပြည့်မြောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။
ဆိုင်တစ်နှစ်ပြည့်အထိမ်းအမှတ်လေးကို ယခုလာမယ့် တရုတ်နှစ်သစ်ကူးအချိန်အခါသမယနဲ့ ပေါင်းစပ်ပြီး အထူးအန်ပေါင်းလက်ဆောင်လေးတွေ ပြန်လည်ပေးအပ်သွားမှာပါ။
ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ ၃၀၀၀၀ကျပ်ဖိုးနဲ့အထက် လာရောက်စားသုံးသူများဟာ ၁၈၈၀၀ကျပ်အထိတန်ဖိုးရှိတဲ့ Discount များကို အန်ပေါင်းလက်ဆောင်အဖြစ် ဗလာမပါကံစမ်းနိုင်ကြမှာပဲဖြစ်ပါတယ်နော်။
ဒီတော့ မိတ်ဆွေအပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ချစ်ခင်ရသူတွေနဲ့အတူ အရသာပြည့်ဝတဲ့ ဟော့ပေါ့အမယ်တွေကို စားသုံးရင်း ပျော်ရွှင်စရာ တရုတ်နှစ်ကူးကို ကြိုဆိုနှုတ်ဆက်လိုက်ကြရအောင်။

အမျိုးအစားများစွာပါဝင်တဲ့ ဟော့ပေါ့မီနူးကို ကြည့်ပြီးမှာရတာက တစ်ခါတလေ ခေါင်းခြောက်ရတတ်ပါတယ်။အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟော့ေ...
24/01/2019

အမျိုးအစားများစွာပါဝင်တဲ့ ဟော့ပေါ့မီနူးကို ကြည့်ပြီးမှာရတာက တစ်ခါတလေ ခေါင်းခြောက်ရတတ်ပါတယ်။
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဟော့ပေါ့အိုးတစ်အိုးရလာဖို့က ကိုယ်ထည့်တဲ့ အသား၊ အသီးအရွက်တွေပေါ်မှာ မူတည်နေတာဆိုတော့ ရွေးချယ်ရလွယ်ကူအောင် Lao Chong Qing မှ အကြံပေးထားတာလေး ကြည့်ကြည့်ရအောင်..

- အမဲသားလွှာနဲ့ ဝက်သုံးထပ်သားလွှာတွေကတော့ အရသာကောင်းမွန်တဲ့ဟော့ပေါ့အဖြစ် သေချာဖန်တီးပေးတာမို့ အဲ့အသားတွေကို စားဖြစ်တယ်ဆိုရင်တော့ ဦးစားပေးရွေးချယ်သင့်ပါတယ်။ အမဲသားနဲ့ဝက်သားမစားတဲ့သူတွေအတွက်တော့ တောကြက်မဲအသားလွှာကိုရွေးချယ်လို့ရပါတယ်နော်။
- အပြောင်းအလဲလေးဖြစ်ချင်တယ်ဆိုရင်တော့ အမဲအူကြမ်း၊ ဘဲအူ စတဲ့ ဟင်းပွဲတွေကို ထည့်ကြည့်ပါ။
- ပုစွန်ချောင်း၊ ဂဏန်းနဲ့ အသားလုံး ငါးလုံးတွေကတော့ မထည့်မဖြစ်ပေါ့။
- ဟင်းရည်ကတော့ မိမိနှစ်သက်ရာ အချို/ အစပ် ရွေးချယ်မှာပါ။
- အသားကြီးပဲစားတာထက် မိုးကုတ်ကျောက်ဖရုံသီး၊ တောင်ကြီးကထွက်တဲ့ တာအိုး၊ ပေါ်ဆိုင်၊ ရွှေပဲညွှန့်၊ မုန်ညင်းဖြူ/စိမ်း နဲ့ အပ်မှိုတွေလို အသီးအရွက်တွေအပြင် တိုဟူးအေးနဲ့ အာလူးလို ဟင်းရည်အရသာကို ကောင်းကောင်းလေးစုပ်ယူနိုင်တဲ့ အမယ်တွေပါထည့်ရင် အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ ဟော့ပေါ့အိုးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

Hot Pot ရည်ထဲ ထည့်စားတိုင်း အရသာအရှိဆုံး အစားအစာတစ်မျိုးကိုညွှန်းပါဆိုရင် ပါးစပ်ဖျားကနေ လျှာပေါ်ထိ တပ်မက်စွဲလမ်းသွားစေမယ့်...
20/01/2019

Hot Pot ရည်ထဲ ထည့်စားတိုင်း အရသာအရှိဆုံး အစားအစာတစ်မျိုးကိုညွှန်းပါဆိုရင် ပါးစပ်ဖျားကနေ လျှာပေါ်ထိ တပ်မက်စွဲလမ်းသွားစေမယ့် ဘဲအူမျှင်လေးတွေပဲ ဖြစ်ပါတယ်။
ချုံချင့် မာလာ Hot Pot ရည်လေးနဲ့ဆို ပူပူစပ်စပ် လိုက်ဖက်လွန်းလို့ ထပ်ထပ်မှာစားချင်မိအောင် ကောင်းတဲ့အရသာပါပဲ။
Lao Chong Qing ရဲ့ ဘဲအူမျှင်လေးတွေကတော့ ကျန်းမာရေးအတွက်ကော၊ လျှာရင်းမြက်စေဖို့ကော.. ရဲရဲကြီးအာမခံပေးထားတဲ့အတွက် စိက်ချလက်ချ အားပေးသုံးဆောင်နိုင်ပါတယ်လို့ ..

ဟော့ပေါ့စားရင် နုနုထုပ်ထုပ်လေးတစ်ခုခုစားလိုက်ရမှ အာသာပြေပျောက်တယ်ဆိုရင်တော့ Lao Chong Qing ရဲ့အမဲအူကြမ်းလေးကို Recommend...
20/01/2019

ဟော့ပေါ့စားရင် နုနုထုပ်ထုပ်လေးတစ်ခုခုစားလိုက်ရမှ အာသာပြေပျောက်တယ်ဆိုရင်တော့ Lao Chong Qing ရဲ့အမဲအူကြမ်းလေးကို Recommend ပေးလိုက်ပြီနော်။

ချုံချင့်မာလာဟင်းရည်စပ်စပ်လေးနဲ့ပဲ တို့နှစ်စားမလား၊ အချိုဟင်းရည်လေးနဲ့တွဲပြီး တမြုံ့မြုံကိုက်ဝါးမလား.. စိတ်ကြိုက်တွေးထားပြီးမှလာခဲ့နော်။
ဆိုင်လေးက ကန်တော်ကြီးထဲမှာပဲဆိုတော့ ကန်တော်ကြီးရဲ့ ရှုမငြီးနိုင်တဲ့ သဘာဝ အလှလေးတွေခံစားရင်း လာရောက်သုံးဆောင်နိုင်ပါကြောင်း အသိပေးလိုက်ပါတယ်။

မာလာဟင်းရည်စစ်စစ်ဆိုတာမှ သဘောကျတတ်သူတွေအတွက် Lao Chong Qing ရဲ့ နာမည်ကြီး ချုံချင့်မာလာဟင်းရည်လေးရဲ့ ဖြစ်တည်ပုံကို ပြော...
16/01/2019

မာလာဟင်းရည်စစ်စစ်ဆိုတာမှ သဘောကျတတ်သူတွေအတွက် Lao Chong Qing ရဲ့ နာမည်ကြီး ချုံချင့်မာလာဟင်းရည်လေးရဲ့ ဖြစ်တည်ပုံကို ပြောပြပါရစေ။

တကယ် စစ်မှန်ပြီး ကျန်းမာရေးအတွက်အလွန်သင့်တော်တဲ့ ချုံချင့်မာလာဟင်းရည်ကိုရဖို့ သန့်စင်တဲ့ ငရုတ်နီတောင့်များစွာအပြင်၊သဘာဝဆေးဖက်ဝင် သစ်ဥသစ်မြစ်အမျိုး ၃၀ ကျော်ကို အချိုးကျပေါင်းစပ်ပြီး နေကြာဆီဖြင့်ကြော်ချက်ပြီး ထွက်လာတဲ့အဆီအနှစ်ကိုမှ ကျန်မာရေးနဲ့ညီညွှတ်အောင် ဟင်းချိုမှုန့် လုံးဝမပါတဲ့ နာရီပေါင်းများစွာပြုတ်ထားသောကြက်သားပြုတ်ရည်နဲ့ ပေါင်းစပ်ကာ သဘာဝအတိုင်း အရသာရှိတဲ့ ချုံချင့်မာလာဟင်းရည် စပ်စပ်လေးရဖို့ စိတ်ရှည်ရှည်ချက်ပေးရပါတယ်။

သူ့ရဲ့ သမိုင်းကြောင်းလေးကတော့ ၂၀ရာစုနှစ် အစောပိုင်းကာလ တရုတ်ပြည် အနောက်မြောက်ပိုင်း၊ ချုံချင့်ပြည်နယ်ထဲမှာစတင်ခဲ့တာပါ။
ရမ်ဇီမြစ်ကမ်းနားဘေးမှာ နေထိုင်ကြတဲ့ ဆိပ်ကမ်းလုပ်သားတွေ၊ တံငါသည်တွေဟာ ဈေးကြီးတဲ့ အသားငါးတွေကို ပုံမှန်မစားနိုင်ကြတဲ့အတွက် ဈေးချိုတဲ့ အသားလွှာ၊ ငါးလွှာတွေကို ဟင်းအိုးထဲ စုပြုံထည့်၊ နီနီရဲရဲ ရှူးရှူးရှဲရှဲနဲ့ ပူစပ်နေတဲ့ ဟင်းရည်ပူပူနဲ့အတူ ရောနှောစားသောက်ကြခဲ့တာပါတဲ့။ နောက်ပိုင်းမှာတော့ ဒီဟင်းရည်ဟာ ကမ္ဘာနဲ့အဝှမ်း နာမည်ရ ခေတ်စားလာပြီး နာမည်ကျော်လာတာဖြစ်ပါတယ်။

ဒီလို သွားရည်ယိုချင်စရာ ချုံချင့်မာလာဟင်းရည်ကို Lao Chong Qing မှာ အစပ် Level သုံးခုထဲက ကြိုက်သလို ရွေးချယ်မှာယူနိုင်တယ်ဆိုတော့ မာလာဟင်းရည်အရသာ စစ်စစ်ကိုမှ တောင့်တတဲ့ သူတွေကို Lao Chong Qing က မာလာဟင်းရည်စစ်စစ်လေးရဲ့ အရသာပူပူစပ်စပ်လေးက စောင့်ကြိုနေမှာပါ။

သင် ပုစွန်ချောင်း ဘယ်လောက်ကောင်းကောင်းထိ စားဖူးပါသလဲ?ချိုလတ်လွန်းတဲ့ ပုစွန်အသားကိုမှ စေးနေအောင်ကြိတ်ပြီး ပုစွန်ဥလေးတွေနဲ...
10/01/2019

သင် ပုစွန်ချောင်း ဘယ်လောက်ကောင်းကောင်းထိ စားဖူးပါသလဲ?

ချိုလတ်လွန်းတဲ့ ပုစွန်အသားကိုမှ စေးနေအောင်ကြိတ်ပြီး ပုစွန်ဥလေးတွေနဲ့ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ Lao Chong Qing ရဲ့ အကောင်းဆုံး ပုစွန်ချောင်းအရသာဟာ ဆောင်းနှင်းအေးအေး၊ မိုးပြေးပြေးမှာ Hot Pot ပူပူလေးနဲ့ လိုက်ဖက်မြိန်ဆုံးဖြစ်မှာ အသေအချာပါပဲ..

နှစ်သစ်သို့ကူးပြောင်းတဲ့ ၂၀၁၉ ခုနှစ်မှစပြီးလိုအင်ဆန္ဒများပြည့်ဝ၍ စီးပွားလာဘ်လာဘများ တိုးပွားပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမ...
01/01/2019

နှစ်သစ်သို့ကူးပြောင်းတဲ့ ၂၀၁၉ ခုနှစ်မှစပြီး
လိုအင်ဆန္ဒများပြည့်ဝ၍ စီးပွားလာဘ်လာဘများ တိုးပွားပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေလို့ Lao Chong Qing Hot Pot မှ တောင်းဆုခြွေလိုက်ရပါတယ်...

Address

Kandawgyi Nature Park
Yangon
11221

Opening Hours

Monday 11:00 - 22:00
Tuesday 11:00 - 22:00
Wednesday 11:00 - 22:00
Thursday 11:00 - 22:00
Friday 11:00 - 22:00
Saturday 11:00 - 22:00
Sunday 11:00 - 22:00

Telephone

09777400808

Website

Alerts

Be the first to know and let us send you an email when Lao Chong Qing 老重庆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lao Chong Qing 老重庆:

Shortcuts

Share