03/05/2026
မင်္ဂလာပါ လူကြီးမင်းတို့ရှင့်..
ကျွန်မတို့ရဲ့ Golden Crab House စားသောက်ဆိုင် အား Customer များ၏အားပေးမှုကြောင့် ယနေ့ထိ ၁၅နှစ်တိုင် နာမည်ကောင်းရရှိစွာ ရပ်တည်ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ..
ကျွန်မတို့၏ စားသောက်ဆိုင်သည် ယနေ့လို အနေအထားသို့ ရောက်ရှိလာနိုင်ရန် အချိန်နှင့်အမျှ ဝန်ထမ်းများနှင့်အတူ ကြိုးပမ်းအားထုတ်မှုများစွာ ဖြတ်သန်းခဲ့ရပါတယ်..
၂၀၁၁ ခုနှစ် တွင် ဂဏန်းလုပ်ငန်း မှ စတင်ကာ ရှမ်းခေါက်ဆွဲနှင့်စားသောက်ဆိုင် အသေးစားလေးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဂဏန်းလုပ်ငန်းမှစတင်ခဲ့သောကြောင့် ရွှေဂဏန်းအိမ်စားသောက်ဆိုင်ရယ်လို့ ဖြစ်တည်လာခဲ့တာပါ။ ထို့နောက် (၅)နှစ် အတွင်း လူကြီးမင်းတို့၏ အားပေးမှုများနှင့် ယုံကြည်မှုများကြောင့် ယနေ့လို ဆိုင်ကြီးတစ်ဆိုင်အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယနေ့အချိန်တွင် ကျွန်မတို့၏ စားသောက်ဆိုင်သည် (၁၅) နှစ်တိုင်တိုင် လည်ပတ်လာနိုင်ခဲ့ပြီး၊ ဤအောင်မြင်မှုသည် အားပေးခဲ့ကြသော Customer များအားလုံး၏ အထောက်အပံ့ကြောင့်သာ ဖြစ်ပါသည်။
ထို့အပြင် ကျွန်မတို့၏ စားဖိုမှုးများ၏ လက်ရာနှင့် အရသာကောင်းမွန်မှု၊ ဝန်ဆောင်မှုများကြောင့်လည်း လူသိများလာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မတို့အနေဖြင့် အစားအသောက်အရည်အသွေး၊ သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုကိုအမြဲတမ်းအလေးထားဆောင်ရွက်လျက်၊ လိုအပ်ချက်များမဖြစ်ရအောင် ကြိုးစားလျက်ပါရှင်..
ရှေ့ဆက်လည်း ယုံကြည်စိတ်ချစွာ အားပေးနိုင်သော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်အောင် ဆက်လက် ကြိုးပမ်းသွားပါမယ်လို့ ပြောကြားလိုပါတယ်..
ယနေ့အထိယုံကြည်စွာအားပေးနေကြသော လူကြီးမင်းတို့အား (၁၅)နှစ်တာခရီး ကျေးဇူးတင်ခြင်းနှင့်အတူ အထူးကျေးဇူးတင်ရှိကြောင်း ရေးလိုက်ပါတယ်ရှင်..