04/06/2026
Missing you all so much! 🍰✨
ရန်ကုန်ကနေ မန္တလေးကို ဆိုင်ပြောင်းရွှေ့လိုက်ရတဲ့အတွက် ရန်ကုန်က Customer ဟောင်းလေးတွေကို ခွဲခွာခဲ့ရလို့ မင်မင်လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်ရှင့်။
တကယ်တော့ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေရင်းနဲ့
မင်မင်ရဲ့သားသားလေးကိုပါ အချိန်ပေးပြုစုစောင့်ရှောက်နေရတာမို့ အချိန်လေး နည်းနည်း ပိုကြာနေရတာဖြစ်ပါတယ်။
မေမေတစ်ယောက်အနေနဲ့ သားသားကိုလည်း အချိန်ပေးချင်သလို၊ ချစ်ရတဲ့ ဝယ်သူလေးတွေအတွက်အစစအရာရာအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရဦးမှာမို့ အခုချိန်ထိမဖွင့်ဖြစ်သေးပဲ ခေတ္တခဏပိတ်ထားရတာ ဖြစ်ပါတယ်ရှင့်။
မင်မင်တို့ဆိုင်လေး မကြာမှီ ပြန်ဖွင့်နိုင်တဲ့နေ့မှာ ချစ်ခင်ရတဲ့ Customer အားလုံးနဲ့ နွေးထွေးစွာ ပြန်လည်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်နေမိပါတယ်ရှင့်။
ဆိုင်လေးခေတ္တပိတ်ထားစဉ်ကာလအတွင်း သတိရပေးကြလို့လည်းအားလုံးကို ကျေးဇူးတင်ပါတယ်နော် အခုထိလည်းလာမေးကြလို့အားနာရပါတယ်ရှင့် 🥹🥹🥰🥰🥰