14/09/2026
🤝 ARISTRO CAFE & WELLNESS × HYPE THINK EDUCATION
Learning, Lifestyle & Community — Better Together. 🤍
Aristro Cafe & Wellness မှ Hype Think Education နှင့် အထူး Partnership Agreement ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်။ 🎉
ဒီ Partnership မှတစ်ဆင့် Hype Think Education မှ သင်တန်းသူ/သင်တန်းသားများနှင့် Active Team Members များ အတွက် Aristro မှ အထူးခံစားခွင့်များ ပေးအပ်သွားမှာဖြစ်ပါတယ်။
✨ Hype Think Member Exclusive Benefit
Hype Think Education ရဲ့ Physical ID Card သို့မဟုတ် Digital ID Card ကို ပြသရုံနဲ့ Aristro Cafe & Wellness ရဲ့ မည်သည့် Menu ကိုမဆို 5% OFF ရရှိနိုင်ပါတယ်။ ☕🍰🌿
ဒါ့အပြင် Hype Think Education မှ ကျင်းပမယ့် Events, Community Activities နဲ့ Learning Programs များအတွက် Aristro Cafe & Wellness ရဲ့ Event Space ကို ပူးပေါင်းအသုံးပြုနိုင်ရေးနဲ့ နှစ်ဖက် Community တွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်အသစ်တွေကိုလည်း ဆက်လက်ဖန်တီးသွားမှာဖြစ်ပါတယ်။
Aristro Team အတွက်လည်း Hype Think Corporate Training Programs 10% OFF နှင့် Digital Products များအတွက် အထူးခံစားခွင့်များ ရရှိမှာဖြစ်ပါတယ်။ 📚✨
ဒီ Partnership ကနေတစ်ဆင့် ပညာရေး၊ Lifestyle နဲ့ Community ကို ချိတ်ဆက်ပြီး လူငယ်တွေအတွက် သင်ယူနိုင်မယ့်၊ တွေ့ဆုံနိုင်မယ့်၊ အကြံဉာဏ်အသစ်တွေ ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ 🤍
Aristro Cafe & Wellness × Hype Think Education
Learn. Connect. Create. Recharge.
📍 Aristro Cafe & Wellness
No. 24(B), Yadanar Street, Kanbae Road, Yankin.