Laminthar -thamine

Laminthar -thamine La min thar offer myanmar traditional food

28/12/2022

..ကမ္ဘာမှာ Nokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသား ဖြစ်မှာပါ။
...သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့
စကားလေးက သိပ်ကောင်းတယ် ။
...တွေးစရာ ကောင်းတယ် ။

"ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။

Rajeev Suri (CEO Nokia)
...တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး ....။
...ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။
...ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့

ယနေ့ခေတ်ကြီးမှာ ....,
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia က သက်သေပြလိုက်တာပဲ
အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။
...ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။
...မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။
....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။
....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။
...နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။

ီ_ဘာ_ဘာ

28/12/2022
28/12/2022

စျေးရောင်းတာက စီးပွားရေးရဲ့အခြေခံပဲ

ငယ်ငယ်က ရွာထဲမှာ စျေးပတ်ရောင်းခဲ့ရဖူးတယ်။ အိမ်က ပဲတောင့်ရှည်တို့၊ မုန်လာရွက်တို့လို ရာသီပေါ်ဟင်းသီးဟင်းရွက်တွေ စိုက်တော့ စားဖို့အပြင် ပိုလျှံတာလေးတွေ မိသားစုအပိုဝင်ငွေရအောင် ရောင်းတာ။ မှတ်မိသလောက် အဲဒီတုန်းက စျေးရောင်းခိုင်းရင် ကျွန်တော် လှည့်ပတ်ပြေးနေတာ။ ကိုယ်က ရှက်စိတ်၊ ကြောက်စိတ်ကြီးတော့ စျေးလိုက်ရောင်းတဲ့အလုပ်ကို မလုပ်ချင်ဘူး။ အော်ရောင်းရင် အသံကမထွက်၊ လည်ချောင်းမှာတင် တစ်နေတာ။

ဒါပေမဲ့ စျေးရောင်းရလို့ပျော်တဲ့အချိန်တစ်ချိန်တော့ရှိခဲ့တယ်။ ရောင်းလို့ကုန်သွားတဲ့အချိန်ပဲ။ စျေးရောင်းရတာသာရှက်တာ၊ မရောင်းရရင်လည်း စိတ်ကမကြည်ပြန်ဘူး။ ပြီးတော့ စျေးရောင်းရတဲ့အခါ မုန့်ဖိုးပိုရတော့လည်း ပျော်သားဗျ။ (နည်းနည်းပါးပါးစျေးရောင်းဖူးတဲ့ ငယ်ငယ်ကအတွေ့အကြုံလေးပါ။)

အခုနောက်ပိုင်း ကိုယ့်စီးပွားရေးကိုယ်လုပ်တော့မှ ကိုယ့်ကို စျေးရောင်းခိုင်းခဲ့တဲ့ မိဘတွေကို သိပ်ကျေးဇူးတင်တာ။ သူတို့က ကိုယ့်ကို ငယ်ငယ်ကတည်းက စီးပွားရေးပညာသင်ပေးခဲ့တာလို့ပြောလို့ရတယ်။ (ကိုယ်ကသာ သေသေချာချာ မယူတတ်ခဲ့တာ။ စျေးရောင်းတာက ကောင်းရောင်းကောင်းဝယ်ဆိုရင် ရှက်စရာမှမဟုတ်တာ)

စျေးရောင်းတာ (Sales) က စီးပွားရေး(Business) ရဲ့အခြေခံပဲဗျ။ ဘယ်စီးပွားရေးလုပ်လုပ် ခင်ဗျား တစ်ခုမဟုတ်တစ်ခုတော့ ရောင်းနေရတာပဲ။ Product ရောင်းမှာလား၊ Service ရောင်းမှာလား၊ B2C (Business to Consumer) လား၊ B2B (Business to Business) လား ဒါတွေပဲ ကွာတာ။ အနည်းဆုံးဗျာ ဝန်ထမ်းလုပ်ရင်တောင် ကိုယ့်ရဲ့ Skill ကိုတော့ ရောင်းရတာပဲ။

နောက်တစ်ခုက ငယ်ငယ်ကတည်းက အရောင်းအဝယ်အလုပ်လုပ်တာက ငွေရှာချင်တဲ့ဆန္ဒရှိဖို့၊ ငွေရှာတဲ့နည်းလမ်းကိုပိုမြင်တတ်ဖို့အပြင် ငွေကိုတန်ဖိုးထားတတ်အောင်လည်း လေ့ကျင့်ပေးရာရောက်ပါတယ်။ အောင်မြင်နေတဲ့လုပ်ငန်းရှင်တွေရဲ့ Story တွေကိုကြည့်ရင်လည်း ငယ်ငယ်ကတည်းက ကိုယ်တိုင်စျေးရောင်းရင်ရောင်း၊ ဒါမှမဟုတ် မိဘတွေရဲ့စျေးဆိုင်မှာ ကူရောင်းပေးခဲ့သူတွေများပါတယ်။

စျေးရောင်းတာက စီးပွားရေးလုပ်ခြင်းရဲ့ အခြေခံပဲ။ စျေးရောင်းသူတိုင်း မချမ်းသာပေမဲ့ ချမ်းသာသူတိုင်းကတော့ စျေးရောင်းသူတွေချည်းပဲ။



#စျေးရောင်းခြင်း

24/11/2022

သိထားဖို့လိုပါတယ်

ီ_ဘာ_ဘာ

We are serving myanmar traditional food also.
14/08/2020

We are serving myanmar traditional food also.

လမင်းသာ သမိုင်း စားဖွယ်စုံ မှ ကြို ဆို ပါ ၏
13/07/2020

လမင်းသာ သမိုင်း စားဖွယ်စုံ မှ ကြို ဆို ပါ ၏

13/07/2020

လမင်းသာ သမိုင်း စားဖွယ်စုံ မှ ကြို ဆို ပါ ၏

We are serving Myanmar Traditional Food avaliable
10/07/2020

We are serving Myanmar Traditional Food avaliable

09/06/2020

Address

Thamine Bu Tar Yon Road, Myanmar, Burma (Myanmar)
Yangon

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 11:00
Sunday 06:00 - 23:00

Telephone

+959401244247

Website

Alerts

Be the first to know and let us send you an email when Laminthar -thamine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laminthar -thamine:

Share

Category