28/09/2023
မင်မင်တို့လုပ်ငန်းလေးကို ခေတ္တရပ်နားထားတဲ့အတောအတွင်း ဖုန်းနဲ့ရော messengerကပါ တကူးတကလှမ်းမေး၊ ပြန်ဖွင့်ပေးပါဦး၊ Iceskimo ကရေခဲမုန့်လေးတွေလွမ်းနေပြီ၊ Iceskimoကမှ စားချင်တာ၊ ပြန်ရရင်ပြောနော်ဆိုတဲ့customerတိုင်းကို အရမ်းကျေးဇူးတင်ရပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ဒီကာလကြီးမှာ အစစအရာရာ၊စားရိတ်စားက ကြီးမြင့်တာကြောင့် မင်မင်တို့customerတွေကို စျေးမတန်တဆလဲ တင်ပြီးမရောင်းချင်သလို၊ မူလထုတ်လုပ်တဲ့နိုင်ငံကစျေးရင်းအတိုင်းရောင်းချခြင်တာကြောင့် မင်မင်တို့အခုချိန်ထိရပ်နားထားရတာပါ။
covidကာလထဲကဒီအချိန်ထိအားပေးလာတဲ့
Iceskimo Ice Cream Parlour ကိုချစ်တဲ့ customerတစ်ယောက်ချင်းစီတိုင်းကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်နော်။
အရင်လို သက်သာတဲ့နှုန်းထားနဲ့ပြန်ရောင်းနိုင်မယ့်အချိန်တစ်ခုရောက်ရင် မင်မင်တို့ပြန်လာခဲ့ပါမယ် 😊