EFG Preschool Parents group

EFG Preschool Parents group To Discuss each other about School process

စာမေးပွဲဖြေရမယ့် Kg ကလေးလေးတွေင်္အတွက် အိမ်ကသမီးလေးကို လုပ်ပေးထားတာလေး မျှဝေလိုက်ပါတယ်နော်။
04/11/2023

စာမေးပွဲဖြေရမယ့် Kg ကလေးလေးတွေင်္အတွက် အိမ်ကသမီးလေးကို လုပ်ပေးထားတာလေး မျှဝေလိုက်ပါတယ်နော်။

Group ထဲမေမေတို့ရေ မေမေတို့ကလေးလေးတွေရော အိမ်စာတွေရေးနေရပြီလားရှင်။
20/07/2023

Group ထဲမေမေတို့ရေ မေမေတို့ကလေးလေးတွေရော အိမ်စာတွေရေးနေရပြီလားရှင်။

!!! ​​ဖြစ်နိုင်ရင် ကလေးတွေကို ကျောင်းတပတ်လောက် နားစေချင်.....စိတ်ပူကြပြန်ပြီ…..မေးကြပြန်ပြီ……။အဲ့သည့်တော့လည်း ဖြေရပြန်ပါ...
12/07/2023

!!! ​​ဖြစ်နိုင်ရင် ကလေးတွေကို ကျောင်းတပတ်လောက် နားစေချင်.....

စိတ်ပူကြပြန်ပြီ…..
မေးကြပြန်ပြီ……။
အဲ့သည့်တော့လည်း ဖြေရပြန်ပါပြီ…….။

ဟုတ်ပါတယ်။
ခု ရက်ပိုင်း
ကလေးတွေ ဖျားကြပါတယ်။
ဖျားတဲ့ ကလေး အတော်များများ က
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ ပါ
ဖြစ်နေကြပါတယ်။

ရောဂါ ပုံစံ ကတော့
ကိုယ် ပူ ပါမယ်။
အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက် ကျော်ထိ
တက်နိုင်ပါတယ်။
ကိုယ် စ ပူပြီး သုံးရက် ဝန်းကျင် လောက်ထိ ပါပဲ။
နောက်ပိုင်း ရက်တွေ မှာတော့
ကိုယ်ပူတာ ဖြစ်လိုက် ကောင်းလိုက် ဆက်ရှိနေပေမယ့်
အပူကြီးတာ မျိုး မရှိတော့ဘဲ
အပူချိန် ၁၀၀ ကနေ ၁၀၁ ဒီဂရီ ဖာရင်ဟိုက် လောက် ထိ တော့ တက်ပါမယ်။
၇-၈ ရက် လောက်ထိ ကြာနိုင်ပါတယ်။

ချောင်းဆိုး ပါမယ်။
ချောင်းဆိုး တဲ့ အချိန် ဆက်တိုက် ဆိုးတာမျိုး ဖြစ်ပါမယ်။
မျက်လုံး ပြူး၊ လျှာထွက် တဲ့ ထိ ချောင်းဆိုး ပါမယ်။
လည်ချောင်းယားသလို၊
လည်ချောင်းခြစ်ခြစ် ဆိုးတာမျိုး ဖြစ်ပါမယ်။
(တကယ်တော့ မယားပါဘူး။)

နုံးခွေပါမယ်။
ငြိမ်သွားပါမယ်။
ဂျီကျပါမယ်။
စိတ်တိုတာ၊ စိတ်ဆိုးတာ၊ စိတ်အလိုမကျတာတွေ ဖြစ်ပါမယ်။
အစား သေချာ မစားတော့ပါဘူး။

အခြား လက္ခဏာတွေ
အနည်း အများ ရှိနိုင်သေးပေမယ့်
အဓိက လက္ခဏာ ကတော့
အဲ့သည့် လက္ခဏာတွေ ပါ။

ရောဂါ အကြောင်း
အခြေခံ သိထားရင် ကောင်းပါတယ်။

Bronchitis ဆိုတာ လေပြွန်ရောင် တာပါ။
အတိအကျ ပြောရရင်
လေပြွန် ရဲ့ အတွင်း နံရံတွေ ရောင်ပြီး ဖောင်းကြွ လာတာပါ။
အဲ့သည်တော့ လေပြွန် ထဲ ကို
လေ အဝင်အထွက် လုပ်ရမယ့် လမ်းကြောင်း
ကျဉ်း လာတာပေါ့။
(ပုံ ကို ကြည့်ရင် သိမှာပါ။)
အဲ့လို ကျဉ်းနေတဲ့ လေပြွန် လမ်းကြောင်း ထဲ
လေဝင် အောင် ပို အားစိုက် ပြီး ရှူသွင်း လို့ ရပေမယ့်
အဆုတ် ထဲ က လေဟောင်း တွေ ပြန်ထုတ် ဖို့ ကတော့
ကိုယ်ခန္ဓာ ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ
ချောင်းဆိုးပြီး ထုတ် ရပါတယ်။

အသက်ရှူ လမ်းကြောင်း စနစ် တစ်ခုလုံး က
သူ့ အထဲ မှာ လက်ခံ လို့ မရတဲ့ အရာ မှန်သမျှ ကို
ချောင်းဆိုးခြင်း အားဖြင့် ပြန်ထုတ်ပါတယ်။
ဒါကြောင့် တစ်ခုခု စားရင်း သောက်ရင်း သီးသွားရင်
အသက်ရှူ လမ်းကြောင်းထဲ ရောက် သွားလို့
ချောင်းဆိုး ရင် ပြန်ထွက်လာတာမျို ကြုံဖူး ကြမှာပါ။

အဆုတ် ထဲ မှာ ရှိနေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ပါ လေဟောင်းတွေ
အပြင် ကို ထွက်သွား ပြီးမှ
အောက်ဆီဂျင် ပါ လေသစ်တွေ
အဆုတ်ထဲ ပြန် ဝင် လာလို့ ရမှာပါ။
အဆုတ် ထဲ က
လေဟောင်းတွေ မထွက်ဘဲ ခံ နေသရွေ့
အဆုတ် ထဲ ကို
လေသစ် မဝင် နိုင်လို့
တဖြည်းဖြည်း အောက်ဆီဂျင် ရရှိမှု နည်းလာမှာပါ။

ပြောချင်တာ က
လေပြွန် ကျဉ်းနေတဲ့ အချိန်၊ ပိတ်နေတဲ့ အချိန် မျိုး မှာ
ချောင်းဆိုးတယ် ဆိုတဲ့ ဖြစ်စဉ် က
လိုအပ် လို့
ခန္ဓာကိုယ် က တုံ့ပြန်ပြုလုပ်တဲ့
ဇီဝကမ္မ ဖြစ်စဉ် ပါ။
အဲ့သည်လို အချိန်အခါ အခြေအနေမျိုး မှာ
ချောင်းဆိုးရပ်အောင် ချောင်းမဆိုးနိုင်အောင်
လုပ်လိုက်ရင်
အသက်ရှူ ရ ခက်တဲ့ ပြဿနာမျိုး၊
အောက်ဆီဂျင် ကျ သွားတဲ့ ပြဿနာမျိုး ဖြစ်နိုင်ပါတယ်။

အဓိက က
လေပြွန် ပြန်ကျယ်စေ၊ ပွင့်စေတဲ့ ဆေး နဲ့
လေပြွန် ရောင်တာ လျော့စေတဲ့ ဆေး၊
ကျဉ်းနေ တဲ့ လေပြွန်ထဲ မှာ ချွဲတွေ ပစ်ခဲ သွားလို့
ချွဲ ပျော်စေတဲ့ ဆေး၊
အဲ့ဒါတွေ သောက်တန်သောက် ရှူတန် ရှူ
လုပ်ဖို့ လိုအပ်ပါတယ်။
သောက်ပြီး ရှူပြီး ရင်
လေပြွန် ခဏ ပြန်ကျယ် သွားတဲ့ အတွက်
ပျော်ကျ လာတဲ့ ချွဲတွေ ကို အန် ထုတ် တတ်ပါတယ်။
အဲ့ဒါ အန်ထွက်တာ ဟာ
ကောင်းတဲ့ လက္ခဏာ ပါ။
စိုးရိမ် စရာ မဟုတ်ပါဘူး။
သတိထား ကြည့်ပါ။
အဲ့လို ချွဲတွေ အန်ထွက်ပြီးတဲ့ အချိန်
ချောင်းဆိုးတာ သိသိသာသာ လျော့သွားပါလိမ့်မယ်။
လေပြွန် ကျဉ်းပြီး ပိတ်နေတဲ့ ချွဲတွေ ထွက်သွားလို့ပါ။

အဲ့လို မှ မဟုတ်ဘဲ
ချောင်းဆိုးနေရင် ကို
စိတ်မချမ်းသာဘဲ စိုးရိမ် စိတ်ပူပြီး
ချောင်းမဆိုးအောင် ထိန်းချုပ်တဲ့
ချောင်းဆိုးရပ်အောင် လုပ်တဲ့ ဆေးမျိုး တိုက်မိရင်တော့
အသက်ရှူရ ခက်တာ၊ အောက်ဆီဂျင် ကျတာ ဖြစ်နိုင်ပြီး
အသက် အန္တရာယ် ပါ ရှိနိုင်ပါတယ်။

ခု ကြားနေ သိနေကြတဲ့
ဆေးရုံရောက်သွားပြီး အသက်ဆုံးရှုံးတဲ့ထိ ဖြစ်ရတာ
ရောဂါ ရဲ့ ပြင်းထန်မှု ကြောင့် ဆိုတာထက်
အဲ့သည့် နောက်ဆက်တွဲ ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်
မှန်ကန် သင့်လျော်တဲ့
ကုသမှု နဲ့ စီမံမှု ရရင်
Bronchitis ဆိုတဲ့ လေပြွန်ရောင်တာ
အုတ်အော်သောင်းနင်း
စိုးရိမ်စရာ တစ်ခုတော့ မဟုတ်ပါဘူး။

တစ်ယောက်ဆီကနေ တစ်ယောက်
အလွယ်တကူ အလျင်အမြန် ကူးစက်နိုင်တာ ဖြစ်လို့
လူအများ ကြား နေထိုင် သွားလာရတဲ့ ကိစ္စတွေ
တစ်ပတ် နှစ်ပတ် လောက် ရှောင်နိုင် ရင်တော့ ကောင်းပါမယ်။

အဓိက သတိပေးချင်တာ
ချောင်းဆိုးနေလို့ ဆိုပြီး
ကြုံရာ ရရာ ချောင်းဆိုးပျောက်ဆေး တွေ
အလွယ်တကူ မတိုက်မိဖို့ပါ။
အထူးသဖြင့်
ခုလို လေပြွန်ရောင် လေပြွန်ပိတ် တဲ့
အခြေအနေမျိုး မှာ
ဆေးပုလင်းပေါ် မှာ၊ ဆေးကဒ်ပေါ် မှာ
"Dextromethorphan" ဆိုတာ ပါရင်
(လုံးဝ) မတိုက်သင့် မသောက်သင့် ပါဘူး။ ။

(Bronchitis လေပြွန်ရောင်တာ ရဲ့ နောက်ဆက်တွဲ အဖြစ်
အဆုတ်ရောင်တာ အဆုတ်ခဲတာ ဖြစ်လာ နိုင်ပေမယ့်
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ နဲ့တော့
မတူ ပါဘူး။
Bronchiolitis ဆိုတဲ့ လေပြွန်မွှာလေးတွေ ရောင်တာ က
အသက် နှစ်နှစ် အောက် ကလေးတွေ မှာပဲ ဖြစ်လေ့ ရှိပြီး
အသင် တစ်နှစ် အောက် မှာပဲ အဖြစ်များပါတယ်။
အသက် ၆ လ အောက်မှာတော့
အသက် အန္တရာယ် ရှိတဲ့ အထိ ပြင်းထန်တတ်ပါတယ်။
သိ နားလည်မှု ရောထွေးနေမှာ စိုးလို့ပါ။)

မေတ္တာဖြင့်
ဒေါက်တာ ခန့်ဝင်း

Graphic Credit: study.com

11/07/2023
29/06/2023


ဖေဖေမေမေတို့ရှင် မိမိတို့၏ သားသမီး လေးများနှင့်ပတ်သတ်သော ပညာရေးဆိုင်ရာ ကိစ္စအဝဝကို လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ် နော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when EFG Preschool Parents group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category